ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၂/၁ စာ. ၃၀-၃၁
  • စာရှုသူများထံမှမေးခွန်းများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းများ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်ပရောဖက်ပြုချက် စကားတော်ကို အာရုံစိုက်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ကျွန်ုပ်တို့၏အဖိုးထိုက်သောယုံကြည်ခြင်းကို မြဲမြံစွာဆုပ်ကိုင်ထားကြစို့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ဘုရားသခင့်နိုင်ငံတော် ကြိုတင်မြင်ကွင်းများ အမှန်တကယ်ဖြစ်ပျက်လာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ယာကုပ်နှင့် ပေတရု၏စာများမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၂/၁ စာ. ၃၀-၃၁

စာရှုသူများထံမှမေးခွန်းများ

▪ ၂ ပေတရု ၁:၁၉ ကို New World Translation of the Holy Scriptures တွင်ပြန်ဆိုထားပုံသည် အခြားကျမ်းစာဘာသာပြန်များနှင့်အဘယ်ကြောင့်ကွာခြားရသနည်း။

ဘုရားသခင်၏မှုတ်သွင်းခံနှုတ်ကပတ်တော်တန်ဖိုးကို တမန်တော်ပေတရုသည် ဤသို့အလေးအနက်ပေါ်လွင်စေခဲ့သည်။ “ထိုမှတစ်ပါး သာ၍မြဲမြံသောအနာဂတ္တိစကားတော်သည် ငါတို့၌ရှိသေး၏။ စိတ်နှလုံးထဲ၌ အာရုဏ်တက်၍ ကြယ်နီပေါ်ထွက်သည်ကာလတိုင်အောင် ထိုအနာဂတ္တိစကားတော်ကိုမှောင်မိုက်အရပ်၌ ထွန်းလင်းသောဆီမီးကဲ့သို့မှတ်၍ သင်တို့သည်အမှီပြုသင့်ကြ၏။”—⁠၂ ပေတရု ၁:⁠၁၉။

New World Translation of the Holy Scriptures တွင် “အာရုဏ်တက်၍ ကြယ်နီပေါ်ထွက်သည်ကာလတိုင်အောင်” ကိုပုဒ်ဖြတ်ဖြင့်သီးခြားဖေါ်ပြသည်။ ကျမ်းစာဘာသာပြန်ကျမ်းအများက ဤသို့မဖေါ်ပြပါ။

ဥပမာ ဒေါက်တာဂျိမ်းမပ်ဖက်က ထိုအခန်းငယ်၏အဆုံးပိုင်းကို ဤသို့ပြန်ဆိုသည်။ “. . . သင်တို့နှလုံးတွင် မိုးလင်း၍ နံနက်ကြယ်ပေါ်သည်တိုင် မှောင်သည့်နေရာတွင် မီးခွက်ကဲ့သို့ထွန်းလင်းသည်။” ဤကဲ့သို့သောပြန်ဆိုပုံမျိုးကြောင့် ဝိညာဏအလင်းတစ်မျိုးမျိုးရရှိသည့်အခါတွင် ယုံကြည်သူများနှလုံး၌ မိုးသောက်ကြယ်ထွက်လာသည်ဟုအထင်ရှိစေ၏။

သို့ရာတွင် မောရှေလက်ထက်၌ပင် ‘ယာကုပ်အမျိုး၌ ကြယ်တစ်လုံးပေါ်ထွန်း’ မည်ဟုတင်ပြခဲ့သည်။ (တောလည်ရာ ၂၄:၁၇။ ဆာလံ ၈၉:၃၄-၃၇ နှင့်နှိုင်းယှဉ်) “ဒါဝိဒ်၏အနွယ်၊ ထွန်းတောက်သောမိုးသောက်ကြယ်” သည်မိမိကိုယ်တိုင်ပင်ဖြစ်ကြောင်း ယေရှုရှင်းလင်းစွာတင်ပြခဲ့သည်။—⁠ဗျာဒိတ် ၂၂:⁠၁၆။

“ကြယ်နီ” သို့မဟုတ် “မိုးသောက်ကြယ်” ကိုဤသို့ဖေါ်ပြခြင်းကား တမန်တော်ပေတရုဆွေးနွေးတင်ပြနေသည့်အကြောင်းနှင့် ကိုက်ညီပါသည်။ လွန်ခဲ့သောအနှစ် ၃၀ ခန့်ကသူတွေ့မြင်ခွင့်ရရှိခဲ့သော သဏ္ဌာန်ပြောင်းလဲခြင်းရူပါရုံကို သူညွှန်းပြီးခါစရှိသည်။ (မဿဲ ၁၆:၂၈—⁠၁၇:⁠၉) ထိုထွန်းလင်းသောရူပါရုံသည် ‘နိုင်ငံတော်တန်ခိုးဖြင့်ယေရှုကြွလာတော်မူ’ ၍နိုင်ငံတော်တန်ခိုးအာဏာဖြင့် ဘုန်းထင်ရှားမည့်အချိန်ကိုရည်ညွှန်းနေခြင်းဖြစ်သည်။ ပေတရုတွေ့မြင်ခဲ့သည့်အရာသည် ဘုရားသခင်၏နှုတ်ကပတ်တော်၏တန်ဖိုးကို အလေးအနက်ပေါ်လွင်စေသည်။ ထိုနည်းထပ်တူ ခရစ်ယာန်များသည် ယင်းအနာဂတ္တိစကားကို ဂရုပြုရကြမည်ဖြစ်သည်။

ယေဘုယျအားဖြင့်လူသားတို့၏နှလုံးသည် မှောင်မိုက်ကျနေဆဲရှိရာ ခရစ်ယာန်စစ်များအတွင်း ထိုသို့ဖြစ်စရာမလိုပါ။ သူတို့နှလုံးတွင် ဆီမီးလင်းနေဘိသကဲ့သို့ဖြစ်သည်။ ထိုသို့သာမဟုတ်လျှင် သူတို့နှလုံးမှောင်မိုက်နေလိမ့်မည်။ အလင်းပေးသောဘုရားသခင်၏အနာဂတ္တိစကားကို ဂရုပြုခြင်းအားဖြင့် ခရစ်ယာန်များသည် နေ့သစ်၏အရုဏ်ဦးကို တွေ့မြင်ရန်နိုးကြားနေလိမ့်မည်အကြောင်း ပေတရုသိရှိတော်မူသည်။ ထိုအချိန်ကား “ကြယ်နီ” သို့မဟုတ် “မိုးသောက်ကြယ်” နိုင်ငံတော်တန်ခိုးဖြင့် အမှန်အစိုးရမည့်အချိန်အခါဖြစ်သည်။

၂ ပေတရု ၁:၁၉ နှင့်ပတ်သက်၍ အီး၊ ဒဗလျူ၊ ဗူလင်္ကာ ဤသို့ရေးခဲ့ခြင်းကား စိတ်ဝင်စားစရာဖြစ်သည်။ “ဤတွင် ကွင်းစကွင်းပိတ်ရှိရမည်ကားထင်ရှားသည်။ အကြောင်းမူကား၊ အလင်းဖြစ်သည့်အနာဂတ္တိစကားသည် ထွန်းလင်းပေသည်။ ခရစ်တော်နှင့်ကိုယ်တော်၏ပေါ်ထွန်းခြင်းကား နံနက်ကြယ်နှင့်အရုဏ်ဦးတို့ဖြစ်ပေသည်။ ကျွန်ုပ်တို့နှလုံးတွင်း ခရစ်တော်ပေါ်ထွန်းသည်အထိ အနာဂတ္တိစကားကိုဂရုပြုရမည်ဟု မှာကြားခြင်းမဟုတ်နိုင်သည်ကားအမှန်။ ၄င်းအစား ဤအနာဂတ္တိစကားကို “မိုးသောက်ကြယ်” ဟုအမည်ရှိသော ခရစ်တော်ပေါ်ထွန်းခြင်းဖြင့် ပြည့်စုံလာသည့်တိုင် နှလုံးထဲမှတ်ကျုံးရမည်ကိုဆိုလိုခြင်းဖြစ်ရမည်။—⁠Figures of Speech Used in the Bible, 1898.

ထိုနည်းတူစွာ ကျမ်းစာဘာသာပြန်အမြောက်အမြားသည် ၂ ပေတရု ၁:၁၉ တွင်ကွင်းစကွင်းပိတ်ကိုအသုံးပြုထားသည်။aမူရင်းဂရိတွင်ပါသည့်အတိုင်း New World Translation of the Holy Scriptures ကဆက်တင်ပြထားပါသည်။ သို့သော် ‘မှောင်မိုက်အရပ်၌ ထွန်းလင်းသောဆီမီးကဲ့သို့ စိတ်နှလုံးထဲ၌’ စွဲမှတ်ရမည်ဟူသောသြဝါဒကို “အရုဏ်တက်၍ ကြယ်နီပေါ်ထွက်သည်ကာလတိုင်အောင်” မှသီးခြားဖေါ်ပြရန် ပုဒ်ဖြတ်များကိုအသုံးပြုထားသည်။

[အောက်ခြေမှတ်ချက်များ]

a ဥပမာအတွက် The Twentieth Century New Testament (1904 edition), The Emphatic Diaglott (1942 edition), Concordant Literal New Testament (1976) တို့ကိုကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ