ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၁/၁ စာ. ၃၀
  • ရထားလမ်းပေါ်၌ ဝေစာတစ်စောင်သူတွေ့ရှိ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရထားလမ်းပေါ်၌ ဝေစာတစ်စောင်သူတွေ့ရှိ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၁/၁ စာ. ၃၀

ရထားလမ်းပေါ်၌ ဝေစာတစ်စောင်သူတွေ့ရှိ

၁ ၉၂၁ ခုနှစ်ကဖြစ်သည်။ တောင်အာဖရိက၏နယ်တစ်ခုဖြစ်သော ထရန်စ်ဗားလ် ကုန်းမြင့်ဒေသများ၌ ရထားလမ်းထိန်းသိမ်းရေး အဖွဲ့တစ်ဖွဲ့သည် ရထားလမ်းတစ်လျှောက်အလုပ်လုပ်နေကြသည်။ အဖွဲ့ခေါင်းဆောင် ခရစ္စတီးအန်းဗင်တာအမည်ရှိသော အာဖကန္နာလူတစ်ယောက်သည် သံလမ်းအောက်တွင်ပိနေသည့် စာရွက်တစ်ရွက်ကိုသတိထားမိလိုက်သည်။ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသည့်ဝေစာလေးဖြစ်နေသည်။

ငယ်သားများအားရပ်တန့်စေပြီးနောက် ခရစ္စတီးအန်းသည် ထိုဝေစာကိုစိတ်ဝင်တစားဖတ်ရှုသည်။ ထိုနောက်သမက်ဖြစ်သူ အာဗြဟံစဲလီယာစ်ထံသို့ သုတ်ခြေတင်သွား၍ “အာဗြဟံ၊ ဒီနေ့အမှန်တရားကိုတွေ့ပြီ” ဟုအားတက်သရောပြောပြလေသည်။

များမကြာမီသူတို့သည် အကြောင်းစုံပိုမိုသိလိုသဖြင့် ဝေစာထုတ်ဝေသူများထံ စာရေး၍ဆက်သွယ်ရာ ကင်းမျှော်စင်အသင်း၏ တောင်အာဖရိကဌာနခွဲက သမ္မာကျမ်းစာစာပေကို ထပ်၍ပို့ပေးလိုက်သည်။ ထိုသူတို့သည်နေ့လည်စာစားချိန်နှင့် ညဉ့်နက်သန်းခေါင်အထိ ယင်းစာပေကို ဖတ်ရှုလေ့လာကြသည်။ မကြာမီမိတ်ဆွေတို့နှင့် သူစိမ်းတို့အားသမ္မာတရားကို စတင်ဝေမျှပေးလာကြသည်။

နောက်ဆုံး၌ ခရစ္စတီးအန်းနှင့်အာဗြဟံနှစ်ယောက်လုံးသည် ယေဟောဝါ၏အပ်နှံပြီးသော သက်သေများဖြစ်လာကြသည်။ သူတို့၏ဇွဲလုံ့လနှင့်သစ္စာရှိမှုကြောင့် တောင်အာဖရိကလူမျိုးအများအပြားသည် သမ္မာတရားကိုသိကျွမ်းခွင့်ရလာကြသည်။ ထိုမျှမက သူတို့၏သားမြေးတစ်ရာကျော်မှာလည်း ယနေ့တက်ကြွသော ယေဟောဝါသက်သေများ ဖြစ်နေကြသည်။ တစ်ဦးမှာ နယူးယောက်၊ ဘရွတ်ကလင်နယ်ရှိယေဟောဝါသက်သေများ၏ ဌာနချုပ်ရုံးတွင်လည်းကောင်း၊ အခြားတစ်ဦးမှာ တောင်အာဖရိကရှိ ကင်းမျှော်စင်အသင်းရုံးတွင်လည်းကောင်း၊ အသီးသီးအမှုတော်ထမ်းဆောင်နေကြသည်။

နှစ်ပေါင်း ၇၀ မျှကြာညောင်းခဲ့သည့်ယနေ့အချိန်၌လည်း သမ္မာကျမ်းဆိုင်ရာဝေစာများသည် နိုင်ငံတော်သတင်းတရားဖြန့်ချိရာတွင် အရေးပါသောကဏ္ဍမှ ဆက်လက်ပါဝင်လျက်ရှိပေသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ