ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၁၁/၁ စာ. ၂၃-၂၄
  • ဘုရားသခင့်သွန်သင်ချက်ကို တင့်တယ်စေသောအပြုအမူ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်သွန်သင်ချက်ကို တင့်တယ်စေသောအပြုအမူ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသင်းတော်သည် တည်ဆောက်ခြင်းရှိစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • အသင်းတော်တွင် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကို ထမ်းဆောင်ခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
  • အရာရာမှာ ရိုးသားပါ
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • အသင်းတော်ကို စီစဉ်ဖွဲ့စည်းထားပုံ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၁၁/၁ စာ. ၂၃-၂၄

ဘုရားသခင့်သွန်သင်ချက်ကို တင့်တယ်စေသောအပြုအမူ

များမကြာမီက ဗင်နီဇွဲလားနိုင်ငံ၊ ကာရကာ့စ်မြို့ရှိ ကုမ္ပဏီတစ်ခု၏ဦးစီးဌာနမှ ဝန်းကျင်ရှိယေဟောဝါသက်သေများ၏အသင်းတော်တစ်ခုရှိ အကြီးအကဲနှင့်ဓမ္မအမှုထမ်းများထံ စာတစ်စောင်ရောက်ရှိလာသည်။ ဤသို့ဆိုသည်။ “သင်တို့အသင်းရှိသူများ၏ တာဝန်သိတတ်စိတ်နှင့်ရိုးသားမှုအကြောင်း ထောက်ထံချက်များစွာရရှိထားသည်။ ယင်းကြောင့်သင်တို့ထံစာရေးရခြင်းဖြစ်သည်။ လက်ရှိလုပ်သားစုနည်းနေသည့်အတွက် အောက်ပါရာထူး၌ဝင်အမှုထမ်းရန် လူနှစ်ဦးကိုအရေးတစ်ကြီးလိုအပ်နေပါသည်။ တစ်ဦးကားယာဉ်မောင်းဖြစ်ပြီး အခြားတစ်ဦးမှာ ကျွန်ုပ်တို့၏ကုန်လှောင်ရုံမန်နေဂျာနေရာဖြစ်သည်။ သင့်အသင်းတော် သို့မဟုတ် အနီးတစ်ဝိုက်ရှိအသင်းတော်တစ်ခုမှ အလုပ်ဝင်လုပ်လိုသူတစ်ဦးဦးအကြောင်း သိလိုပါသည်။ အမှန်မှာသက်သေခံမဟုတ်သူကို အလုပ်မခန့်လိုပါ။ အလုပ်ဝင်လုပ်လိုသူမရှိလျှင်လည်း ကျေးဇူးပြု၍အကြောင်းကြားပေးပါ။ သင်တို့ထံမှအကြောင်းကြားစာရရှိပြီးနောက်မှသာ ဆက်စီစဉ်ပါမည်။”

နိုင်ငံတော်ခန်းမတံခါးဝအောက်တွင် ဤစာကိုတွေ့ရှိပြီးနောက်အသင်းတော်ကြီးကြပ်မှူးတစ်ဦးသည် အဆိုပါကုမ္ပဏီပိုင်ရှင်ထံသွားရောက်တွေ့ဆုံခဲ့သည်။ ယေဟောဝါသက်သေများနှင့်ထိုပိုင်ရှင်အဆက်အသွယ်ပြုခဲ့သည်မှာ ၁၅ နှစ်ရှိသွားပြီ။ သက်သေခံလုပ်သားများနှင့်တစ်ခါမျှ သူပြဿနာမတက်ခဲ့ကြောင်းပြောသည်။ ထိုသူများသည် အလုပ်ကိုလေးစား၊ တာဝန်သိတတ်၊ ရိုးသား၍ဝီရိယရှိသူများဖြစ်ကြောင်း ပြောပြသည်။ ထိုနောက်ဤသို့ထပ်ဆင့်ပြောဆိုသည်။ “အပြစ်ပြုသူများကို ခင်ဗျားတို့လျစ်လျူရှုမထားကြောင်း၊ သူတို့ကိုအသင်းမှနှင်ထုတ်တတ်ကြောင်း ကျွန်ုပ်တို့သိပါသည်။ ဤကဲ့သို့သောသူတို့နှင့် သင်တို့သည်အလိုတူအလိုပါမဖြစ်စေလိုကြကြောင်း ယင်းလုပ်ရပ်ကတင်ပြပါသည်။”

ဤသို့သောအပြုအမူသည် ဘုရားသခင့်သွန်သင်ချက်ကို တင့်တယ်စေသောအပြုအမူဖြစ်ပါသည်။ (တိတု ၂:၁၀) သမ္မာကျမ်းစာပါကျင့်စဉ်မူများအတိုင်းလိုက်လျှောက်ရန် စစ်မှန်သောစိတ်ဆန္ဒ၏အကျိုးရလဒ်ဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ