ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၁၂/၁ စာ. ၃
  • သမ္မာကျမ်းစာကို သင်ယုံကြည်နိုင် သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သမ္မာကျမ်းစာကို သင်ယုံကြည်နိုင် သလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရုံးတင်ခံရသည့်ဆင့်ကဲအယူဝါဒ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ဆင့်ကဲဖြစ်စဉ်ကို ယုံကြည်သင့်သလား
    လူငယ်များအမေး မေးခွန်း ၁၀ ခုအတွက် အဖြေများ
  • ဖန်ဆင်းခြင်းလား၊ ဆင့်ကဲဖြစ်စဉ်လား—အပိုင်း  ၁– ဘုရားသခင်ရှိတယ်လို့ ဘာကြောင့် ယုံကြည်ရ
    လူငယ်များအမေး
  • ဆင့်ကဲဖြစ်စဉ်ဝါဒ
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၁၂/၁ စာ. ၃

သမ္မာကျမ်းစာကို သင်ယုံကြည်နိုင် သလော

“ဓမ္မသစ်ကျမ်းပညာရှင်တို့သည် ရှေးခရစ်ယာန်စာပေများပါ ယေရှုကိုခရစ်ယာန်စိတ်ကူးယဉ်လုပ်ကြံဖန်တီးမှုဖြစ်ကြောင်း အတိုင်းထက်အလွန်သံသယဖြစ်စေခဲ့ကြပြီ။” ယင်းသည် The Weekend Australian စာစောင်မှဖော်ပြသည့် ဘာသာတရားလေ့လာမှုဆိုင်ရာတက္ကသိုလ်ပါမောက္ခနှင့် ဘာသာရေးဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုသည့် စာပေမြောက်မြားစွာရေးသားသူ ဒေါက်တာဖန့်ခ် (Dr. Robert W. Funk) ၏စကားများဖြစ်သည်။

ဒေါက်တာဖန့်ခ်သည် ယေရှုသုတေသနအဖွဲ့ဟု လူသိများသောကျမ်းစာပါ ယေရှု၏စကားများကို အတူတကွအသေးစိတ်ဆန်းစစ်လေ့လာကြသည့် ကျမ်းပညာရှင်တစ်ရာကျော်ပါဝင်သည့်အဖွဲ့စီမံကိန်းကို စတင်တည်ထောင်သူဖြစ်သည်။ အကြောင်းအရာများစွာအနက် သခင့်ဆုတောင်းပတ္ထနာသည် ယေရှုဖော်ပြခဲ့ရာမဟုတ် နူးညံ့သိမ်မွေ့သူသည် မြေကြီးကိုအမွေခံရမည် သို့မဟုတ် ရန်ငြိမ်းစေသောသူသည် ဘုရားသားတော်အခေါ်ခံရမည်တို့ကို ယေရှုမပြောခဲ့ “ငါသည်ထမြောက်ခြင်းအကြောင်း အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် . . . သေခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်မည်” ဟူသည့်စကားကို ယေရှုမပြောခဲ့ဟူ၍ သူတို့မှတ်ချက်ချကြသည်။—ယောဟန် ၁၁:၂၅၊ ၂၆။ မဿဲ ၅:၅၊ ၉။ ၆:၉၊ ၁၀။

သူတို့၏မှတ်ချက်များသည် သင့်ကိုတုန်လှုပ်စေမည်ဖြစ်သော်လည်း ယင်းတို့သည်အဆန်းမဟုတ်ပါ။ ယင်းတို့သည် ခေတ်သစ်ကျမ်းစာဝေဖန်ရေး၏ရလဒ်များဖြစ်ပြီး အလားတူအယူအဆများကို ဘာသာရေးကျောင်းများတွင်သင်ကြားပေးသည်။ ကျမ်းစာနှင့်ဆန့်ကျင်သည့်ပညာတတ်များ၏စကားများကို ဂရုမမူဘဲနေကောင်းနေမည်။ သို့သော်ဘာသာရေးခေါင်ဆောင်များက ကျမ်းစာမှတ်တမ်းပါအမှန်တရားများကို သံသယဖြစ်သည့်အတွက် သင့်အခြေအနေကိုသင်ပြန်စစ်ဆေးသင့်မည်လောဟုသင်သိလိုပေမည်။ ဘာသာရေးနယ်ပယ်ရှိ ပညာတတ်များစွာက ကျမ်းစာကိုမယုံကြောင်းထင်ရှားသဖြင့် ကျမ်းစာကိုယုံကြည်ရန်ယုတ္တိတန်ပါသလော။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ