စာရှုသူများထံမှ မေးခွန်းလွှာ
▪ စေ့စပ်မထားသောအပျိုကညာတစ်ဦးနှင့် လိင်ဆက်ဆံသောဣသရေလအမျိုးသားသည် သူမကို မပျက်မကွက်ထိမ်းမြား၍ သူမအားကွာစာလုံးလုံးမပေးရဟု ဘုရားသခင်၏ပညတ်တော်က အဘယ်ကြောင့်ဆိုသနည်း။
ထွက်မြောက်ရာ ၂၂:၁၆၊ ၁၇ နှင့် တရားဟောရာ ၂၂:၂၈၊ ၂၉ တွင် ဤပညတ်ချက်ကို ကျွန်ုပ်တို့တွေ့ရှိသည်။ အမျိုးသမီးများအတွက် စာနာမှုမရှိရာကျသည်ဟု ယင်းပညတ်ကိုအချို့အပြစ်ဆိုကြသည်။ အမှန်မှာ အမျိုးသားနှင့်အမျိုးသမီးများအတွက် အဆင့်မြင့်သီလစံချိန်ကို အားပေးနေခြင်းဖြစ်သည်။
တရားဟောရာ အခန်းကြီး ၂၂ က အိမ်တွင်းရေးဆိုင်ရာပညတ်ချက်အမျိုးမျိုးကို တင်ပြထားသည်။ ဥပမာ၊ မိမိဇနီးကိုမချစ်နိုင်တော့၍ သူ့အားအပျိုမစစ်ဟုအပြစ်တင်သည့်အခြေအနေမျိုးအကြောင်း တင်ပြနေသည်။ မတရားမေထုန်ပြုခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့်ပတ်သက်သည့် ဘုရားသခင့်ပညတ်ချက်များကိုလည်း တင်ပြပါသည်။ ထိုနောက်ကျွန်ုပ်တို့ဖတ်ရသည်ကား
“ယောက်ျားနှင့်မထိမ်းမြားမဆောင်နှင်းသေးသော အပျိုကညာကို အခြားသောယောက်ျားသည် တွေ့၍ ကိုင်ဆွဲသင့်နေသည်ကိုတွေ့မိလျှင်၊ ထိုယောက်ျားသည် မိန်းမ၏အဘအား ငွေငါးဆယ်ကိုလျော်ရမည်။ ထိုမိန်းမသည်လည်း သူ၏မယားဖြစ်ရမည်။ သူ့ကိုရှုတ်ချသောကြောင့် တစ်သက်လုံးမကွာရ။”—တရားဟောရာ ၂၂:၂၈၊ ၂၉။
ယင်းကား အတင်းအဓမ္မသွေးဆောင်ပြီးမတရားမေထုန်ကျင့်ခြင်း၊ သို့မဟုတ်မတရားမေထုန်ကျင့်ခြင်းကိစ္စဖြစ်သည်။ ကောက်ကျစ်သောသဘောရှိသည့် အမျိုးသားတစ်ဦးသည် အပျိုကညာနှင့် လိင်ဆက်ဆံလျှင်၊ သူမသည်အကျိုးရှုံးနိမ့်ရလိမ့်မည်။ သူမသည်တရားမဝင်သောကလေးရနိုင်မည်သာမက သတို့သမီးအနေနှင့် သူမ၏တန်ဖိုးကျဆင်းသွားမည်။ အကြောင်းမူကား သူမသည်အပျိုစင်မဟုတ်တော့၍ ဣသရေလအမျိုးသားအများသည် သူမအားထိမ်းမြားလိုကြတော့မည်မဟုတ်ပါ။ သို့သော် အပျိုစင်တစ်ဦးအားအခွင့်အရေးမယူရန် အမျိုးသားတစ်ဦးကို အဘယ်အရာက ဟန့်တားမည်နည်း။ ဘုရားသခင်၏ “သန့်ရှင်းဖြောင့်မတ်၍ကောင်းမြတ်သော” ပညတ်တော်ဖြစ်သည်။—ရောမ ၇:၁၂။
အကြောင်းအချို့အတွက် မိမိဇနီးကိုကွာနိုင်သည့်အကြောင်းပြချက်များ မောရှေပညတ်တွင်ပါသည်။ (တရားဟောရာ ၂၂:၁၃-၁၉၊ ၂၄:၁။ မဿဲ ၁၉:၇၊ ၈) သို့သော် ထွက်မြောက်ရာ ၂၂:၁၆၊ ၁၇ နှင့် တရားဟောရာ ၂၂:၂၈၊ ၂၉ တွင် ကျွန်ုပ်တို့ဖတ်ရသည့်စကားက မထိမ်းမြားမီ မတရားမေထုန်ပြုလျှင် ကွာရှင်းခွင့်မရရှိတော့ချေ။ ယင်းကြောင့် အမျိုးသားတစ်ဦး (သို့မဟုတ်အပျိုကညာ) အားမတရားမေထုန်ပြုရန် သွေးဆောင်ခံရခြင်းကို ရှောင်ကြဉ်စေမည်ဖြစ်သည်။ အမျိုးသားတစ်ဦးအနေနှင့် ‘သူမသည် လှပသည့်အပြင် စိတ်လှုပ်ရှားစရာဖြစ်သည့်အတွက် သူမသည် ကျွန်ုပ်လက်ထပ်ထိမ်းမြားလိုသည့်အမျိုးအစားမဟုတ်သော်လည်း သူနှင့်အတူနောက်ရွှတ်ကြည်ဆယ်ကစားဦးမည်’ ဟုစဉ်းစားနိုင်မည်မဟုတ်ပါ။ ထိုသို့ပြုစေမည့်အစား မတရားမေထုန်ပြုခြင်း၏အကျိုးဆက်ဖြစ်သည့် လိင်စပ်ယှက်ဘက်နှင့် တစ်သက်တာပေါင်းသင်းရမည်ကို ချိန်ဆတွေးတောခြင်းအားဖြင့် သီလယိုယွင်းမှုကို ဟန့်တားစေပါမည်။
ပညတ်တော်ကား တရားမဝင်သောသားဖွားခြင်းကိုလည်း လျော့နည်းစေသည်။ ဘုရားသခင်က “မျောက်မထား၍ရသောသားသည် ယေဟောဝါ၏ပရိသတ်တော်၌ အပါအဝင်မဖြစ်ရ။” (တရားဟောရာ ၂၃:၂) ထိုကြောင့် အပျိုကညာကိုသွေးဆောင်သောအမျိုးသားတစ်ဦးသည် သူမကိုထိမ်းမြားဆောင်နှင်းရမည်ဆိုလျှင် သူတို့၏မတရားမေထုန်ပြုခြင်းသည် ဣသရေလအမျိုးသားတွင် မျောက်မထား၍ရသောသား ဖြစ်တော့မည်မဟုတ်ပါ။
ခရစ်ယာန်များသည် ရှေးဣသရေလလူမျိုးများ၏အခြေအနေနှင့် ခြားနားသောလူမှုရေးအခြေအနေအောက်ရှိသည်ကားမှန်သည်။ မတရားမေထုန်ပြုသူနှစ်ဦး ထိမ်းမြားရမည်ဟူသောပညတ်ပါအပါအဝင် မောရှေ၏ပညတ်တရားအောက် ကျွန်ုပ်တို့မရှိကြတော့ချေ။ သို့ဆိုစေကာမူ မထိမ်းမြားမီ မတရားမေထုန်ပြုခြင်းသည် အသေးအမွှားကိစ္စဟူ၍ ကျွန်ုပ်တို့မယူမှတ်နိုင်ပါ။ ဤပညတ်ကြောင့် ဣသရေလလူမျိုးသည် ရေရှည်အကျိုးကိုထည့်စဉ်းစားတတ်ကြသည်နည်းတူ ခရစ်ယာန်များလည်း ရေရှည်အကျိုးဆက်တို့ကိုထည့်တွက်သင့်သည်။
အိမ်ထောင်မရှိသောသူတစ်ဦးကို သွေးဆောင်ဖြားယောင်းခြင်းသည် သန့်ရှင်းသောအပျိုကညာ (အမျိုးသား သို့မဟုတ် အမျိုးသမီး) အဖြစ် ခရစ်ယာန်ထိမ်းမြားမင်္ဂလာပြုခြင်းအခွင့်ကို ပျက်စီးစေသည်။ မထိမ်းမြားမီ မတရားမေထုန်ပြုခြင်းဖြင့်လည်း ထိုသူ၏အိမ်ထောင်ဖက်ဖြစ်လာမည့်သူ၏အခွင့်အရေးကို ထိပါးစေသည်။ ထိုသူသည် စင်ကြယ်သောခရစ်ယာန်တစ်ဦးနှင့် မထိမ်းမြားရတော့ချေ။ ထိုထက်ကား မတရားမေထုန်ကိုမှားယွင်းခြင်း၊ အပြစ်ဖြစ်သည်ဟု ဘုရားသခင်မိန့်တော်မူထားသဖြင့် ရှောင်ကြဉ်ရမည်။ တမန်တော်က လျောက်ပတ်စွာ ဤသို့ရေးသားခဲ့သည်။ “ဘုရားသခင်၏အလိုတော်ဟူမူကား သင်တို့သည် မတရားသောမေထုန်ကိုကြဉ်ရှောင်၍ သန့်ရှင်းစေခြင်းငှာ” တည်း။—၁ သက်သာလောနိတ် ၄:၃-၆။ ဟေဗြဲ ၁၃:၄။