ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၈/၁၅ စာ. ၈
  • သင်မှတ်မိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်မှတ်မိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမူအကျင့်ကောင်းများ—ဘုရားတရားကိုင်းရှိုင်းသူများ၏စရိုက်တစ်ခု
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • ဘုရားသခင်၏အမှုတော်ဆောင်များအနေဖြင့် အမူအကျင့်ကောင်းများတင်ပြခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • “ကျွန်တော့်ဆီ လာကြပါ။ ခင်ဗျားတို့ကို လန်းဆန်းစေမယ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ‘သင်တို့စိုးလ်များအတွက် လန်းဆန်းမှုတွေ့ရှိခြင်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၈/၁၅ စာ. ၈

သင်မှတ်မိသလော

မကြာမီကထုတ်ဝေခဲ့သော ကင်းမျှော်စင် များကိုဖတ်ပျော်ခဲ့ပါသလော။ သို့ဖြစ်လျှင် အောက်ပါမေးခွန်းများကို သင်ဖြေဆိုနိုင်မနိုင် စမ်းသပ်ကြည့်ပါ။

▫ အောင်မြင်သောအိမ်ထောင်တစ်ခုသည် အဘယ်အရာပေါ်အခြေပြုသနည်း။

အိမ်ထောင်ဖက်များသည် တစ်ဦးကိုတစ်ဦး မြတ်နိုးမှု၊ လေးစားမှု၊ သစ္စာရှိကြောင်းပြ၍ အချင်းချင်း၏ အရည်အချင်းကောင်းများကို တန်ဖိုးထားကာ အချင်းချင်း၏အားနည်းချက်များကိုလည်း လျစ်လျူရှုပြီး ခွင့်လွှတ်တတ်ရမည်။—၅/၁၅ စာမျက်နှာ ၁၂။

▫ ဣသရေလလူမျိုးအားပေးခဲ့သော ဘုရားသခင့်ပညတ်တော်များသည် သူတို့အားသန့်ရှင်းစေရန် မည်သို့အကူအညီပေးခဲ့သနည်း။

ယေဟောဝါ၏ပညတ်တော်များသည် ဣသရေလလူမျိုးအား ဝိညာဉ်ရေး၊ သီလရေး၊ စိတ်ဓာတ်ရေးရာ၊ ကာယရေးနှင့် အခမ်းအနားရေးရာဘက်တွင်လည်း သန့်ရှင်းစင်ကြယ်နေရန်အကူအညီဖြစ်စေသည်။ နောက်ဆုံးတစ်ခုသည် သူတို့၏ဝတ်ပြုရေးနှင့်စပ်လျဉ်းသည်။—wE 6/1, page 11.

▫ “စိတ်ဘက်ဆိုင်ရာကျန်းမာရေး” ဟုဆိုရာတွင် ဘာကိုဆိုလိုသနည်း။

“စိတ်ဘက်ဆိုင်ရာကျန်းမာရေး” မည်သည်ကား ‘လျောက်ပတ်သောအကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်’ များကိုသာ စဉ်းစားတွေးတောပြီး ‘ဤအရာများကို ဆက်နှလုံးသွင်းနေ’ ခြင်းဖြင့် စိတ်နှလုံးသန့်ရှင်းရန် ကြိုးစားအားထုတ်နေခြင်းဖြစ်သည်။ (ဖိလိပ္ပိ ၄:၈)—wE 6/1, page 16.

▫ ကိုယ်တော်ရောက်ရှိနေခြင်းသည် “ပြက်သောလျှပ်စစ်” နှင့်တူသည်ဟု ယေရှုအဘယ်ကြောင့်ဆိုသနည်း။ (လုကာ ၁၇:၂၄)

နိုင်ငံတော်တန်ခိုးဖြင့် ကိုယ်တော်ရောက်ရှိနေတော်မူခြင်းကို နေရာအနှံ့တွေ့မြင်နိုင်မည်ဖြစ်ပြီး တွေ့လိုသူများ သိကြလိမ့်မည်ဟု ယေရှုဤတွင်တင်ပြနေခြင်းဖြစ်သည်။—wE 6/15, page 8.

▫ ခရစ်ယာန်အပြုအမူများသည် ခရစ်ယာန်မေတ္တာနှင့် အဘယ်ကြောင့် တိုက်ရိုက်ဆက်နွယ်နေသနည်း။

ခရစ်ယာန်အပြုအမူများဖြစ်သည့် သူတစ်ထူးနှင့် ကျွန်ုပ်တို့ဆက်ဆံပုံ၊ ကျွန်ုပ်တို့၏ဟန်ပန်၊ ကျွန်ုပ်တို့နေထိုင်ပြုမူပုံနှင့် အကျင့်ဖြစ်နေသောအပြုအမူများသည် အခြားသူတို့ကို မည်မျှဂရုပြုကြောင်း ထင်ရှားစေသည်။ ကျွန်ုပ်တို့၏အပြုအမူအားဖြင့် သူတို့အပေါ် မည်မျှမေတ္တာထားကြောင်း တင်ပြသည်။ (ယောဟန် ၁၃:၃၅။ ၁ ကောရိန္သု ၁၀:၂၄; ၁၃:၄-၇)—wE 6/15, page 14.

▫ ယေရှုနှင့် သစ္စာရှိဘိသိက်ခံနောက်လိုက်များဖြစ်သည့် ၁၄၄၀၀၀ အဝင် “ကိုယ်တော်.သတို့သမီး” ၏မင်္ဂလာပွဲသည် အဘယ်အချိန်တွင်ကျင်းပမည်နည်း။

အာမဂေဒုန်စစ်ပွဲပြီးနောက် စာတန်ကိုတွင်းနက်ထဲချပစ်လိုက်ပြီးသည့်အခါ ဤမင်္ဂလာပွဲကျင်းပမည်ဖြစ်သည်။ ထိုအခါ ယေဟောဝါရှင်သည် ကမ္ဘာမြေကြီးပေါ်မှ ကိုယ်တော်.အုပ်ချုပ်မှုကို စိန်ခေါ်သူများအား ပယ်ရှင်းပစ်ခြင်းဖြင့်လည်းကောင်း၊ စာတန်နှင့် သူ၏နတ်ဆိုးများသြဇာကို ရှင်းထုတ်လိုက်ခြင်းဖြင့်လည်းကောင်း ကိုယ်တော်တိုင်၏ အချုပ်အခြာအာဏာတော်ကို သင်္ကာယနကင်းရှင်းပြီးဖြစ်မည်။—၇/၁၊ စာမျက်နှာ ၂၅။

▫ မဿဲ ၁၁:၂၉၊ ၃၀ တွင်ယေရှု၏စကားများတင်ပြသည့်အတိုင်း တပည့်ဖြစ်ခြင်းထမ်းဘိုးသည် လန်းဆန်းမှုမည်သို့ပေးနိုင်မည်နည်း။

ယေရှုသည် မတန်တဆခိုင်းတတ်သူမဟုတ်သဖြင့် ထမ်းပိုးတစ်ခုတည်းအောက် ကိုယ်တော်နှင့်တွဲထမ်းရခြင်းသည် လန်းဆန်းမှုပေးသည်။ ကျွန်ုပ်တို့တတ်နိုင်ရာများနှင့် အားနည်းချက်များကိုပါ ကိုယ်တော်ထည့်စဉ်းစားပါသည်။ ပရဒိသုတွင် ထာဝစဉ်မည်သို့အသက်ရှင်နိုင်မည်အကြောင်း အသိပေးခြင်းသည်လည်း လန်းဆန်းမှုပါတကား။—၇/၁၅၊ စာမျက်နှာ ၂၀။

▫ မဿဲ ၁၉:၂၈ တွင်ယေရှုမိန့်တော်မူသည့် “အသစ်ပြုပြင်ရာကာလ” ကားအဘယ်နည်း။

ကမ္ဘာပေါ်တွင် အခြေအနေအသစ်ပြုပြင်ရာကာလ ရောက်လာမည်။ ထိုအခါ အရာခပ်သိမ်းသည် ဧဒင်ဥယျာဉ်၌ကဲ့သို့ ဖြစ်လာမည်အကြောင်း ယေရှုဤတွင်ဖေါ်ပြတော်မူသည်။—၈/၁၊ စာမျက်နှာ ၁၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ