ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၅/၁ စာ. ၁၆-၁၇
  • ထမြောက်ခြင်းမျှော်လင့်ချက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ထမြောက်ခြင်းမျှော်လင့်ချက်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ထမြောက်ခြင်းမျှော်လင့်ချက်
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ရှင်ပြန်ထမြောက်အောင်လုပ်ပေးတဲ့သူ၊ အသက်ရစေတဲ့သူ”
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • “ကျွန်မ ယုံပါတယ်”
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • “ကျွန်မ ယုံပါသည်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၅/၁ စာ. ၁၆-၁၇

ယေရှု၏ ဘဝနှင့် ဓမ္မအမှု

ထမြောက်ခြင်းမျှော်လင့်ချက်

ယေရှုသည် နောက်ဆုံးတွင် ယေရုရှလင်မှ နှစ်မိုင်ခန့်ဝေးသော ဗေသနိရွာဆင်ခြေဖုံးသို့ ဆိုက်ရောက်လာသည်။ လာဇရုသေ၍ သင်္ဂြိုဟ်ပြီးသည်မှာ ရက်အနည်းငယ်သာ ရှိသေးသည်။ သူ၏ညီအစ်မများ မာရိနှင့်မာသသည် ပူဆွေးနေဆဲဖြစ်၍ အများသည်သူတို့အားနှစ်သိမ့်ရန် သူတို့အိမ်သို့လာကြ၏။

သူတို့ပူဆွေးနေစဉ် တစ်ယောက်ကမာသအား ယေရှုလာနေကြောင်း အကြောင်းကြားသည်။ သို့နှင့်သူမသည် မိမိ၏ညီမအား ပြောပုံမရဘဲထွက်ကာ ကိုယ်တော်အားတွေ့ရန် အမြန်သွားလေသည်။ ယေရှုထံရောက်လျှင် မာသသည်လွန်ခဲ့သောလေးရက်ခန့်က သူတို့ညီမနှစ်ဦး မကြာခဏပြောခဲ့မည်ဖြစ်သော စကားကိုထပ်ပြောလေသည်။ “သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင်မသေပါ။”

သို့သော်မာသကယေရှုသည် မိမိ၏မောင်အတွက် တစ်ခုခုလုပ်ပေးမည့်ပုံ အရိပ်အမြွက်ပြောကာ မျှော်လင့်ချက်တင်ပြလေသည်။ “ယခုသေလျက်ရှိသော်လည်း ကိုယ်တော်သည် ဘုရားသခင်ကိုဆုတောင်းတော်မူသမျှအတိုင်း ဘုရားသခင်ပေးတော်မူမည်ကို ကျွန်မသိပါသည်ဟုလျှောက်၏။”

“သင်၏မောင်သည် ထမြောက်လိမ့်မည်” ဟုယေရှုဂတိပေးသည်။

ယေရှုသည် အာဗြဟံနှင့်အခြားဘုရားကျေးကျွန်များ လှမ်းမျှော်ခဲ့သည့် အနာဂတ်မြေကြီးထမြောက်ခြင်းကို ပြောနေသည်ဟု မာသယူဆသည်။ သို့နှင့်သူမက “နောက်ဆုံးသောနေ့ ထမြောက်ရာကာလ၌ သူသည်ထမြောက်လိမ့်မည်ကို ကျွန်မသိပါသည်” ဟုဖြေလေသည်။

သို့သော်ယေရှုသည် ချက်ချင်းစိတ်သက်သာစေမည့် မျှော်လင့်ချက်ကိုပေး၍ ဖြေဆိုခဲ့သည်။ “ငါသည်ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏”။ ကိုယ်တော်ကမာသအား ဘုရားသည် မိမိအားသေသူများအပေါ်၌ တန်ခိုးပေးထားကြောင်းဆက်ပြောလေသည်။ “ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည် သေခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။”

ယေရှုက ထိုအချိန်တွင် အသက်ရှင်သောသစ္စာရှိသူများသည် ဘယ်တော့မျှ သေရတော့မည်မဟုတ်ဟု မာသအားပြောနေခြင်းမဟုတ်ချေ။ ကိုယ်တော်ဆိုလိုသည်မှာ မိမိအားယုံကြည်သူသည် ထာဝရအသက်ရမည်ဟူသော အချက်ဖြစ်သည်။ နောက်ဆုံးကာလတွင် လူတို့ထမြောက်ခံရခြင်းဖြင့် လူအများသည် ထိုသို့သော အသက်ကိုခံစားရမည်။ သို့သော်သစ္စာရှိသူ အခြားသူများသည် မြေကြီးပေါ်တွင် ဤအစီအစဉ်စနစ်များ ကုန်ဆုံးရာတွင် လွတ်မြောက်သွားပြီး သူတို့အတွက် ယေရှု၏စကားများသည် စာသားအတိုင်းပြည့်စုံပေမည်။ သူတို့ဘယ်တော့မျှ သေရတော့မည်မဟုတ်။ ဤမှတ်သားဖွယ်စကားပြောပြီးနောက် ယေရှုကမာသအား “ငါ့စကားကိုယုံသလော” ဟုမေးသည်။

“ဟုတ်ပါ၏သခင်” ဟုသူမဖြေသည်။ “ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဤလောကသို့ကြွလာတော်မူသော ဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ကို ကျွန်မယုံပါသည်။”

သို့နှင့်မာသသည် သူမ၏ညီမအား ဆင့်ခေါ်ရန် အမြန်ပြန်လာပြီး သူမအား “ဆရာရောက်လာပြီ၊ သင့်ကိုခေါ်သည်” ဟုသီးခြားပြောပြလေသည်။ ချက်ချင်းပင် မာရိသည်အိမ်မှ ထွက်လာသည်။ သူမထွက်သွားသည်ကို အခြားသူများမြင်လျှင် သင်္ချိုင်းသို့သွားမည်ဟုထင်၍ နောက်မှလိုက်ကြ၏။

ယေရှုထံရောက်လျှင် မာရိသည်ခြေတော်ရင်း၌ ပြပ်ဝပ်လျက်ငိုနေ၏။ “သခင်၊ ကိုယ်တော်ရှိလျှင်ကျွန်မ၏မောင်မသေပါ” ဟုသူမလျှောက်၏။ ယေရှုသည် မာရိနှင့်သူ့နောက်လိုက်သူများ ငိုကြွေးနေသည်ကိုမြင်လျှင် အလွန်ညှိုးငယ်လေ၏။ “အလောင်းကိုဘယ်မှာထားကြသနည်း” ဟုကိုယ်တော်မေးသည်။

“သခင်ကြွ၍ကြည့်တော်မူပါ” ဟုသူတို့ဖြေကြသည်။

ယေရှုလည်းမျက်ရည်ကျတော်မူ၍ ဂျူးများက “သူ့ကိုအလွန်ချစ်တော်မူပါသည်တကား” ဟုဆိုကြသည်။

အချို့က လအနည်းငယ်မတိုင်မီတွင် သကေနေပွဲ၌ ယေရှုသည်မွေးရာပါ မျက်စိကန်းသူတစ်ဦးအား ပျောက်ကင်းစေခဲ့သည်ကို အမှတ်ရကြပြီး “မျက်စိကန်းသူကို မြင်စေသော ဤသူသည်လာဇရုကို မသေစေခြင်းငှာ မတတ်နိုင်သလော” ဟုမေးကြသည်။ ယောဟန် ၅:၂၁၊ ၆:၄၀၊ ၉:၁-၇၊ ၁၁:၁၇-၃၇။

◆ နောက်ဆုံးတွင်ယေရှုသည် ဗေသနိရွာအနားသို့ ဘယ်သောအခါရောက်သွား၍ ထိုတွင်အခြေအနေကားမည်သို့နည်း။

◆ မာသသည်ထမြောက်ခြင်း၌ ယုံရန်မည်သည့်အခြေခံရှိသနည်း။

◆ ယေရှုသည် လာဇရု၏သေခြင်းကြောင့်မည်သို့ထိခိုက်ခဲ့သနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ