ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၀၇ စာ. ၄
  • သမ္မာကျမ်းစာကို ကျွန်ုပ်တို့ရရှိခဲ့ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သမ္မာကျမ်းစာကို ကျွန်ုပ်တို့ရရှိခဲ့ပုံ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • က၃ သမ္မာကျမ်းစာရရှိလာပုံ
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ကျမ်းစာသည် မည်သို့တည်တံ့ခဲ့သနည်း
    လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ်
  • ကျမ်းစာတွေ ဘာကြောင့် ဒီလောက်များရတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • သမ္မာကျမ်းစာ၏ရှင်သန်ရေးတိုက်ပွဲ
    သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
နဓ ၄/၀၇ စာ. ၄

သမ္မာကျမ်းစာကို ကျွန်ုပ်တို့ရရှိခဲ့ပုံ

(it–၁ စ. ၃၂၁–၃ မှ ရုပ်ပုံများကိုရှု)

ဘုရားသခင့်မှုတ်သွင်းခံနှုတ်မြွက်စကားတော် သမ္မာကျမ်းစာကို တိကျမှန်ကန်စွာကူးရေးပြီး ကျွန်ုပ်တို့ထံ လက်ဆင့်ကမ်းခဲ့ကြောင်း ခိုင်လုံသောသက်သေအထောက်အထားရှိသည်။ ထိုအထောက်အထားများတွင် ယနေ့ ရရှိနိုင်သော ရှေးလက်ရေးစာမူများဖြစ်သည့် ဟေဗြဲကျမ်း တစ်စောင်လုံးဖြစ်စေ၊ အစိတ်အပိုင်းများဖြစ်စေ ၆,၀၀၀ ခန့်နှင့် ခရစ်ယာန်ဂရိကျမ်းစောင်များမှ ၅,၀၀၀ ခန့်ပါဝင်သည်။

မူရင်းအရေးအသားများ– မူရင်းကျမ်းစာအရေးအသားများကို ကျူစက္ကူနှင့် သားရေပြားကဲ့သို့သော ပျက်စီးလွယ်သည့်အရာများပေါ်တွင် လက်ရေးဖြင့် မှတ်တမ်းတင်ခဲ့ကြသည်။ ယနေ့အချိန်တွင် မည်သည့် မူရင်းကျမ်းစာစောင်မျှ မရှိတော့ပေ။

ဟေဗြဲ သို့မဟုတ် ဂရိလက်ရေးစာမူများ– မူရင်းကျမ်းများရေးသားပြီးနောက် မကြာမီတွင် ကူးရေးထားသော လက်ရေးစာမူများကို ထုတ်ဝေခဲ့ကြသည်။ ကျမ်းကူးသူများသည် ကျမ်းစာသားများ တိကျမှန်ကန်ရေးကို အလွန်ဂရုစိုက်ခဲ့ကြသည်၊ မက်စရိများသည် သူတို့ကူးရေးသော အက္ခရာစာလုံးများကိုပင် ရေတွက်ထားကြသည်။

အစောပိုင်း ဘာသာပြန်ဆိုမှုများ– ကျမ်းစာကို အခြားဘာသာစကားများဖြင့် ရရှိနိုင်ရန် ယင်းကို ဘာသာပြန်ဖို့လိုအပ်သည်။ စက်ပ်တွားဂျင့် (ဘီစီ တတိယနှင့်ဒုတိယရာစုတွင် ဟေဗြဲကျမ်းစာကို ဂရိဘာသာဖြင့်ပြန်ဆိုသောကျမ်း) နှင့် ဂျရုမ်း၏ဗားလ်ဂိတ်ကျမ်း (ဟေဗြဲနှင့်ဂရိကျမ်းကို လက်တင်ဘာသာဖြင့်ပြန်ဆိုထားသောကျမ်းဖြစ်ပြီး အေဒီ ၄၀၀ တွင်ဦးဆုံးထုတ်ဝေ) ကဲ့သို့သော အစောပိုင်းဘာသာပြန်ကျမ်းများ၏ လက်ရေးစာမူများ ယနေ့ တည်ရှိသည်။

ပင်မကျမ်းများ–  ရာနှင့်ချီသော တည်ရှိဆဲ ကျမ်းစာလက်ရေးစာမူများကို နှိုင်းယှဉ်စစ်ဆေးပြီးနောက် ကျမ်းပညာရှင်များသည် ပင်မကျမ်းများကို စတင်ရေးသားကြသည်။ မူရင်းစကားများဖြင့် ရေးသားထားသော အဆိုပါပုံနှိပ်ကျမ်းစာများတွင် အကောင်းဆုံးအရေးအသားများကို ဖော်ပြသည်၊ ထို့ပြင် လက်ရေးစာမူအချို့တွင် တွေ့နိုင်သော ကွဲပြားမှုများကိုလည်း ဖော်ပြထားသည်။ ဂင်စ်ဘာ့ဂျ်နှင့် ကစ်တယ်ကဲ့သို့သော ကျမ်းပညာရှင်များသည် အောက်ခြေမှတ်ချက်တွင် ကျမ်းပြိုင်အရေးအသားများပါဝင်သော ဟေဗြဲကျမ်းစာများကို ပြုစုခဲ့ကြသည်။ ခရစ်ယာန်ဂရိကျမ်းစာ၏ ပင်မကျမ်းများတွင် ဝက်စ်ကော့တ်နှင့်ဟော့ထ်အပြင် နက်စတယ်နှင့်အာလန်တို့ ထုတ်ဝေသောကျမ်းများလည်း ပါဝင်သည်။

ခေတ်သစ်ဘာသာပြန်ဆိုမှုများ– ယနေ့ ကျမ်းစာဘာသာပြန်သူများသည် မူရင်းစကားဖြင့် ပင်မကျမ်းများကိုသာ အသုံးပြု၍ ဘာသာပြန်ဆိုလေ့ရှိသည်။

ဟေဗြဲကျမ်းစောင်များ– ပင်လယ်သေကမ်းခြေအနောက်မြောက်အနီး ကွမ်ရန်ဒေသရှိ လိုဏ်ဂူများအတွင်းမှ ရှေးဟောင်းကျမ်းလိပ်များစွာကို တွေ့ရှိခဲ့သည်။

ဟေရှာယပင်လယ်သေကျမ်းလိပ်၏ အပိုင်းတစ်ပိုင်း (ဘီစီ ဒုတိယရာစုအကုန်ပိုင်း ရက်စွဲတပ်ထား)။ နောက်ပိုင်း နှစ်ပေါင်းတစ်ထောင်ကျော်မှရေးသားသော မက်စိုရက်တစ်ကျမ်းနှင့်ယှဉ်လျှင် ကွဲပြားမှုအနည်းငယ်သာတွေ့ရပြီး အများစုမှာ သတ်ပုံအမှားဖြစ်သည်။

အလက်ပိုလက်ရေးစာမူအပိုင်း။ ဆာလံကျမ်း၏ အလယ်အက္ခရာစာလုံးကိုဖော်ပြရန် ထိုဟေဗြဲအက္ခရာစာလုံးကို အပေါ်မြှင့်၍ရေးထားကြောင်း သတိပြုပါ။ မက်စိုရက်တစ်ကျမ်း၏ အနားသတ်ကွက်လပ်မှတ်ချက်က ထိုအက္ခရာစာလုံးကို အထူးအာရုံစိုက်စေသည်။ အစောပိုင်းကျမ်းကူးသူများသည် သူတို့ကူးရေးသော အက္ခရာစာလုံးများကိုပင် ရေတွက်ခဲ့ကြ၏။

ခရစ်ယာန်ဂရိကျမ်းစောင်များ– ရိုင်လန်းစ်ကျူစာ ၄၅၇ (P52)—အေဒီဒုတိယရာစု၏ ပထမပိုင်းရာစုဝက်ရက်စွဲတပ်ထားသော ယောဟန်ခရစ်ဝင်ကျမ်းအပိုင်းအစနှစ်ဖက်။ ယင်းနေ့စွဲသည် မူရင်းရေးသားချိန်မှ ဆယ်စုနှစ်အနည်းငယ်သာကြာသည်။

ဆိုင်းနိုင်းတစ်ခ်လက်ရေးစာမူ—အေဒီလေးရာစုမှ သားရေလက်ရေးစာမူဖြစ်ပြီး ခရစ်ယာန်ဂရိကျမ်းစာတစ်အုပ်လုံးအပြင် ဟေဗြဲကျမ်းစောင်များ၏ ဂရိစက်ပ်တွားဂျင့်ဘာသာပြန်ကျမ်းတစ်စိတ်တစ်ပိုင်း ပါဝင်သည်။

သိနာတောင်ခြေရှိ စိန့်ကက်သရင်းဘုရားကျောင်း။ ထိုတွင် ဆိုင်းနိုင်းတစ်ခ်လက်ရေးစာမူကို ရှာဖွေတွေ့ရှိခဲ့သည်။ တိရှန်ဒေါ့ဖ်ကျမ်းအရ ဤအဖိုးတန်လက်ရေးစာမူ၏ စာရွက်အချို့ကို မီးရှို့ရန် အမှိုက်တောင်းထဲတွင် ပစ်ထားသည်။

ထောင်နှင့်ချီသော ရှေးလက်ရေးစာမူများကို နှိုင်းယှဉ်လေ့လာကြည့်ခြင်းဖြင့် ကျွန်ုပ်တို့လက်ဝယ်ရှိ သမ္မာကျမ်းစာကို ယုံကြည်စိတ်ချနိုင်ကြောင်း သက်သေထူသည်။ ဆာဖရက်ဒရစ်ခ်ကင်ညွန်က ဤသို့ဆို၏– “ထိုရှာဖွေလေ့လာမှုအားလုံး၏ ရလဒ်မှာ သမ္မာကျမ်းစာသည် ကျမ်းစစ်ကျမ်းမှန်ဖြစ်သည်ဟူသော အထောက်အထားကို ပို၍ခိုင်လုံစေသည်သာမက ကျွန်ုပ်တို့လက်ဝယ်တွင် အလွန်တိကျမှန်ကန်ပြီး စစ်မှန်သောဘုရားသခင့်နှုတ်ကပါဌ်တော်ရှိကြောင်း ပို၍စိတ်ချစေသည်။”—သမ္မာကျမ်းစာ၏သမိုင်း၊ ၁၉၃၇၊ စ. ၁၄၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ