နိဂုံး
ယေဟောဝါရဲ့ လူမျိုးနဲ့အတူ ရှိခဲ့တုန်းက ခံစားခဲ့ရတဲ့ ပျော်စရာအချိန်တွေကို သင် အမှတ်ရနေဆဲလား။ အဲဒီထဲမှာ အားသစ်လောင်းပေးတဲ့ အသင်းတော်အစည်းအဝေး၊ စိတ်လှုပ်ရှားဖွယ် ခရိုင်အစည်းအဝေး၊ အားရှိစရာ အမှုဆောင်လုပ်ငန်း တွေ့ကြုံမှု၊ ညီအစ်ကို/မတစ်ဦးနဲ့ စကားလက်ဆုံပြောတာတွေ ဖြစ်နိုင်တယ်။ ဒါဆို သင် ယေဟောဝါကို မမေ့သေးသလို ဘုရားလည်း သင့်ကို မမေ့ပါဘူး။ သင် သစ္စာရှိရှိ အမှုဆောင်ခဲ့တာကို မြတ်မြတ်နိုးနိုး အမှတ်ရနေဆဲပါ။ သင် ပြန်လာနိုင်အောင် ဝမ်းသာအားရ ကူညီပေးချင်ပါတယ်။
“ငါကိုယ်တိုင် ငါ့သိုးတွေကို လိုက်ရှာပြီး ဂရုတစိုက် စောင့်ရှောက်မယ်။ ကွဲလွင့်သွားတဲ့ သိုးတွေကို ရှာဖွေပြီး ကျွေးမွေးတဲ့ သိုးထိန်းလို ငါ့သိုးတွေကို ဂရုတစိုက် စောင့်ရှောက်မယ်။ . . . ကွဲလွင့်သွားကြပေမဲ့ အဲဒီနေရာတွေကနေ သူတို့ကို ငါကယ်တင်မယ်။”—ယေဇကျေလ ၃၄:၁၁၊ ၁၂။