ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၇၀ စာ. ၁၆၆-စာ. ၁၆၇ ပိုဒ်. ၂
  • မွေးရာပါ မျက်မမြင်တစ်ယောက်ကို ကုသပေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မွေးရာပါ မျက်မမြင်တစ်ယောက်ကို ကုသပေး
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဝမ်းတွင်းပါ မျက်မမြင်တစ်ဦးအား စက္ခုအလင်းရစေခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ခေါင်းမာလှသော ဖာရိရှဲတို့၏ မယုံကြည်မှု
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • မျက်မမြင်ဖြစ်ခဲ့ဖူးသူကို ဖာရိရှဲတွေ ခေါ်တွေ့
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ယေရှု ဥပုသ်နေ့မှာ ရောဂါကုပေး
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၇၀ စာ. ၁၆၆-စာ. ၁၆၇ ပိုဒ်. ၂
ရှိလောင်ရေကန်မှာ ရေဆေးပြီးနောက် မျက်မမြင် သူတောင်းစား မျက်စိမြင်လာ

အခန်း ၇၀

မွေးရာပါ မျက်မမြင်တစ်ယောက်ကို ကုသပေး

ယောဟန် ၉:၁-၁၈

  • မွေးရာပါ မျက်မမြင် သူတောင်းစားတစ်ယောက်ကို ကုသပေး

ဥပုသ်နေ့မှာ ယေရှုက ဂျေရုဆလင်မြို့မှာ ရှိနေတုန်းပဲ။ သူနဲ့ တပည့်တွေ မြို့ထဲလျှောက်သွားတဲ့အခါ မွေးရာပါ မျက်မမြင် သူတောင်းစားတစ်ယောက်ကို တွေ့တယ်။ ဒီအခါ တပည့်တွေက “ရဗ္ဗိ၊ သူ မျက်စိမမြင်ဘဲ မွေးလာတာ သူ့အပြစ်ကြောင့်လား။ မိဘရဲ့အပြစ်ကြောင့်လား” လို့မေးကြတယ်။—ယောဟန် ၉:၂။

လူတစ်ယောက် မမွေးဖွားလာခင်မှာ သူ့ဝိညာဉ်က တစ်နေရာရာမှာ ရှိခဲ့တယ်လို့ တပည့်တွေ မယုံကြည်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ဟာ အမေ့ဝမ်းထဲမှာ ရှိကတည်းက အပြစ်ရှိမရှိ သိချင်နေကြတာ။ ယေရှုက “သူ့အပြစ်ကြောင့် မဟုတ်ဘူး။ မိဘရဲ့အပြစ်ကြောင့်လည်း မဟုတ်ဘူး။ သူ အဲဒီလိုဖြစ်နေတာဟာ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုကို လူတွေ မြင်ခွင့်ရစေဖို့ပဲ” လို့ပြောတယ်။ (ယောဟန် ၉:၃) ဒါကြောင့် သူမျက်စိမမြင်တာ သူ့အပြစ်ကြောင့်လည်း မဟုတ်သလို သူ့မိဘရဲ့ အပြစ်ကြောင့်လည်း မဟုတ်ဘူး။ အဲဒီအစား အာဒံရဲ့အပြစ်ကြောင့် လူသားအားလုံးဟာ အပြစ်အနာအဆာတွေ၊ မျက်စိကန်းတာလိုမျိုး ချွတ်ယွင်းချက်တွေနဲ့ မွေးဖွားလာကြတာ ဖြစ်တယ်။ ဒါပေမဲ့ အဲဒီလူ မျက်စိမမြင်တာက ဘုရားသခင်ရဲ့ လုပ်ဆောင်မှုကို လူတွေမြင်အောင် ယေရှုလုပ်ပေးဖို့ အခွင့်အရေးရစေတယ်။ တခြားလူတွေရဲ့ အနာရောဂါကို ကုသပေးချိန်မှာလည်း အဲဒီလိုပဲ ယေရှုလုပ်ခဲ့တယ်။

ဘုရားခိုင်းတဲ့ အလုပ်ကိုလုပ်ဖို့ အရေးကြီးကြောင်း ယေရှု အခုလိုအလေးပေးတယ်– “ကျွန်တော့်ကို စေလွှတ်တဲ့အရှင်ရဲ့ အလုပ်ကို နေ့အချိန်မှာ ကျွန်တော်တို့ လုပ်ရမယ်။ ဘယ်သူမှ အလုပ်လုပ်လို့မရတဲ့ ညအချိန် ရောက်လာလိမ့်မယ်။ ကျွန်တော်ဟာ ဒီလောကမှာ ရှိနေသရွေ့ လောကရဲ့အလင်းပဲ။” (ယောဟန် ၉:၄၊ ၅) ယေရှုသေဆုံးချိန်မှာ သင်္ချိုင်းမှောင်မိုက်ထဲ ရောက်သွားမှာဖြစ်ပြီး အဲဒီမှာ သူဘာမှ မလုပ်နိုင်ဘူး။ အဲဒီအချိန် မရောက်သရွေ့ ယေရှုဟာ လောကရဲ့အလင်း ဖြစ်တယ်။

ယေရှုက မျက်မမြင်ရဲ့မျက်စိကို ရွှံ့လိမ်းပေးနေ

ဒါပေမဲ့ မျက်စိမမြင်တဲ့လူကို ယေရှု ကုသပေးမှာလား။ ဘယ်လို ကုသပေးမှာလဲ။ ယေရှုက မြေပေါ် တံတွေးထွေးပြီး တံတွေးနဲ့ ရွှံ့ဖြစ်အောင်လုပ်တယ်။ ရွှံ့ကို သူ့မျက်စိမှာ လိမ်းပေးပြီး “ရှိလောင်ရေကန်မှာ သွားဆေးလိုက်ပါ” လို့ပြောတယ်။ (ယောဟန် ၉:၇) ပြောတဲ့အတိုင်း သွားဆေးလိုက်တဲ့အခါ မျက်စိမြင်လာတယ်။ သူ့ဘဝမှာ ဦးဆုံးအကြိမ် မြင်ရလို့ ဘယ်လောက် ဝမ်းသာနေမလဲဆိုတာ စဉ်းစားကြည့်ပါ။

သူ မျက်စိမမြင်မှန်းသိနေတဲ့ အိမ်နီးချင်းတွေနဲ့ တခြားသူတွေလည်း သိပ်အံ့သြကြတာပေါ့။ ဒါကြောင့် “ဒီလူက ထိုင်ပြီးတောင်းစားနေတဲ့သူ မဟုတ်လား” ဆိုပြီး ပြောကြတယ်။ တချို့က “ဟုတ်တယ်။ အဲဒီလူပဲ၊” တချို့က “မဟုတ်ဘူး။ သူနဲ့တူတာ” လို့ တစ်ယောက်တစ်မျိုး ပြောကြတယ်။ သူကိုယ်တိုင်ကတော့ “ဟုတ်တယ်။ ကျွန်တော်ဟာ အဲဒီတစ်ယောက်ပါ” လို့ဝန်ခံတယ်။—ယောဟန် ၉:၈၊ ၉။

ဒါနဲ့ “မင်း ဘယ်လိုလုပ် မျက်စိမြင်လာတာလဲ” လို့မေးကြတော့ သူက “ယေရှုလို့ခေါ်တဲ့လူက ရွှံ့လုပ်ပြီး ကျွန်တော့်မျက်စိကို လိမ်းပေးတယ်။ ပြီးတော့ ‘ရှိလောင်ရေကန်မှာ သွားဆေးပါ’ ပြောလို့ သွားဆေးလိုက်တာ ကျွန်တော် မျက်စိမြင်လာတယ်” ဆိုပြီး ပြန်ဖြေတယ်။ “အဲဒီလူ ဘယ်မှာလဲ” လို့ သူတို့မေးတော့ သူတောင်းစားက “ကျွန်တော်မသိဘူး” လို့ဖြေတယ်။—ယောဟန် ၉:၁၀-၁၂။

ဒီအခါ အဲဒီလူကို ဖာရိရှဲတွေဆီ ခေါ်သွားကြတယ်။ ဖာရိရှဲတွေလည်း သူ့မျက်စိ ဘယ်လို ပြန်မြင်လာသလဲဆိုတာ သိချင်နေကြတယ်။ ဒါနဲ့ သူက “ကျွန်တော့်မျက်စိကို ရွှံ့နဲ့လိမ်းပေးတယ်။ ရေဆေးလိုက်တဲ့အခါ မျက်စိမြင်လာတယ်” လို့ဖြေတယ်။ တကယ်ဆို အဲဒီသူတောင်းစားနဲ့အတူ ဖာရိရှဲတွေလည်း ဝမ်းသာပေးရမှာ။ ဒါပေမဲ့ ဖာရိရှဲတချို့က ယေရှုကို အပြစ်တင်ကြတယ်။ “ဒီလူ ဥပုသ်ပညတ် ချိုးဖောက်တယ်ဆိုတော့ ဘုရားသခင်ဆီက လာတဲ့သူ မဖြစ်နိုင်ဘူး” လို့ပြောကြတယ်။ တချို့ကျတော့လည်း “အပြစ်သားဆိုရင် ဒီလိုအံ့ဖွယ်အမှုကို ဘယ်လုပ်နိုင်ပါ့မလဲ” လို့ပြောတယ်။ (ယောဟန် ၉:၁၅၊ ၁၆) ဒီလိုနဲ့ သူတို့အချင်းချင်း စိတ်ဝမ်းကွဲသွားတယ်။

ဒါနဲ့ မျက်မမြင်ဖြစ်ခဲ့ဖူးသူကို “မင်းကို မျက်စိမြင်အောင် သူလုပ်ပေးခဲ့တာဆိုတော့ မင်းပဲ ပြောကြည့်စမ်း။ သူ ဘယ်သူဖြစ်မလဲ” လို့ ထပ်မေးကြပြန်တယ်။ အဲဒီလူက ယေရှုနဲ့ပတ်သက်ပြီး သံသယမရှိတော့ “သူဟာ ပရောဖက်ပဲ” လို့ဖြေလိုက်တယ်။—ယောဟန် ၉:၁၇။

ဖာရိရှဲတွေကတော့ အဲဒါကို မယုံကြည်ဘူး။ ယေရှုနဲ့ ဒီလူ ပေါင်းပြီး လူတွေကိုလှည့်စားဖို့ ကြံစည်နေတာလို့ ထင်နေကြပုံပဲ။ ဒါကြောင့် သူ့မိဘတွေကိုခေါ်ပြီး သူတကယ် မျက်စိကန်းမကန်း မေးကြည့်တာ အကောင်းဆုံးပဲလို့ ယူဆကြတယ်။

  • လူတစ်ယောက် မျက်စိမမြင်တာ ဘာကြောင့်လဲ။ ဘာကြောင့် မဟုတ်ဘူးလဲ။

  • မျက်မမြင်ကို သိနေတဲ့လူတွေက သူ့မျက်စိ ပြန်မြင်လာတဲ့အခါ ဘယ်လို တုံ့ပြန်ကြသလဲ။

  • အဲဒီလူ မျက်စိပြန်မြင်လာတာနဲ့ ပတ်သက်ပြီး ဖာရိရှဲတွေ ဘယ်လို စိတ်ဝမ်းကွဲသွားကြသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ