ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၃၆ စာ. ၉၂-စာ. ၉၃ ပိုဒ်. ၇
  • ယုံကြည်ခြင်းခိုင်ခံ့တဲ့တပ်မှူး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယုံကြည်ခြင်းခိုင်ခံ့တဲ့တပ်မှူး
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • တပ်မှူး၏ ကြီးစွာသောယုံကြည်ခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ကျမ်းစာမှာ ရှေ့နောက်မညီညွတ်တဲ့ အကြောင်းအရာတွေ ရှိသလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • သင် သိပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • သနားကြင်နာသောရောမတစ်ရာတပ်မှူး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၃၆ စာ. ၉၂-စာ. ၉၃ ပိုဒ်. ၇
တပ်မှူးက အကြီးအကျယ်ဝေဒနာခံစားနေရတဲ့အစေခံကို ကြည့်နေ။ နောက်ခံပုံ-ဂျူးအကြီးအကဲတွေ ယေရှုဆီရောက်လာကြ

အခန်း ၃၆

ယုံကြည်ခြင်းခိုင်ခံ့တဲ့ တပ်မှူး

မဿဲ ၈:၅-၁၃ လုကာ ၇:၁-၁၀

  • တပ်မှူးရဲ့အစေခံ ရောဂါပျောက်သွား

  • သစ္စာရှိသူတွေ ကောင်းချီးခံစားရ

ဂျူးအကြီးအကဲတွေ ယေရှုဆီရောက်လာကြ

တောင်ပေါ်ဒေသနာကို ဟောပြောပြီးနောက် ယေရှုက ကပေရနောင်မြို့ကို သွားတယ်။ အဲဒီမှာ ဂျူးအကြီးအကဲတချို့ သူ့ဆီ ရောက်လာတယ်။ သူတို့နဲ့နောက်ခံမတူတဲ့ ရောမတပ်မှူး၊ စစ်သားတစ်ရာကို အုပ်ချုပ်တဲ့ တပ်မှူးတစ်ယောက်က သူတို့ကို လွှတ်လိုက်တာ။

တပ်မှူးချစ်တဲ့ အစေခံဟာ သေခါနီး အသည်းအသန် ဖြစ်နေတယ်။ တပ်မှူးဟာ လူမျိုးခြားဖြစ်ပေမဲ့ ယေရှုဆီ အကူအညီတောင်းတယ်။ သူ့အစေခံဟာ “လေဖြတ်ပြီး အိမ်မှာ လဲနေပါတယ်။ သူအကြီးအကျယ် ဝေဒနာ ခံစားနေရပါတယ်” လို့ ယေရှုကို ဂျူးတွေ ပြောပြတယ်။ (မဿဲ ၈:၆) ဂျူးအကြီးအကဲတွေက ဒီတပ်မှူးကို ကူညီထိုက်ကြောင်း ယေရှုကို အခုလိုပြောတယ်– “သူဟာ ကျွန်တော်တို့လူမျိုးကို ချစ်တယ်။ ကျွန်တော်တို့အတွက် တရားဇရပ်တောင် ဆောက်ပေးထားတယ်။”—လုကာ ၇:၄၊ ၅။

တပ်မှူးအိမ်နဲ့ မလှမ်းမကမ်းကိုရောက်တဲ့အခါ တပ်မှူးရဲ့မိတ်ဆွေတွေ ယေရှုကိုလာတွေ့ကြ

ယေရှုလည်း သူတို့နဲ့အတူ တပ်မှူးရဲ့အိမ်ကို လိုက်သွားတယ်။ အိမ်နဲ့မလှမ်းမကမ်းကို ရောက်တဲ့အခါ တပ်မှူးက သူ့မိတ်ဆွေတွေကိုလွှတ်ပြီး “ဆရာ၊ ဒုက္ခမခံပါနဲ့တော့။ ဆရာ့ကို အိမ်ထဲဖိတ်ဖို့ ကျွန်တော် မထိုက်တန်ပါဘူး။ ဆရာ့ကို လာတွေ့ဖို့လည်း မထိုက်တန်ဘူးလို့ ထင်ပါတယ်” ဆိုပြီး ပြောခိုင်းလိုက်တယ်။ (လုကာ ၇:၆၊ ၇) တခြားသူတွေကို အမိန့်ပေးရတဲ့သူက ဘယ်လောက်တောင် နှိမ့်ချလိုက်သလဲ။ ဒီတပ်မှူးဟာ ကျွန်တွေကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတဲ့ ရောမတွေနဲ့ မတူဘူး။—မဿဲ ၈:၉။

ဂျူးတွေဟာ ဂျူးမဟုတ်သူတွေနဲ့ အပေါင်းအသင်းမလုပ်မှန်း တပ်မှူး ကောင်းကောင်းသိထားတယ်။ (တမန်တော် ၁၀:၂၈) ဒါကြောင့်လည်း “ပျောက်စေလို့ ဆရာပြောလိုက်ရုံနဲ့ ကျွန်တော့်ကျွန်က ရောဂါပျောက်သွားမှာပါ” လို့ သူ့မိတ်ဆွေတွေကို ပြောခိုင်းတာဖြစ်မယ်။—လုကာ ၇:၇။

ဒီစကားကိုကြားတဲ့အခါ ယေရှု အံ့သြသွားပြီး “ကျွန်တော်ပြောမယ်။ ဒီလောက်ထိ ယုံကြည်ခြင်းခိုင်ခံ့တဲ့သူကို အစ္စရေးတွေထဲမှာတောင် မတွေ့ဖူးဘူး” လို့ပြောတယ်။ (လုကာ ၇:၉) တပ်မှူးရဲ့အိမ်ကို မိတ်ဆွေတွေ ပြန်ရောက်တဲ့အခါ အသည်းအသန် ဖြစ်နေတဲ့အစေခံ ကျန်းမာသွားမှန်း သိလိုက်ရတယ်။

ယေရှုက ကုသပေးပြီးတာနဲ့ ဒီဖြစ်ရပ်ကိုသုံးပြီး သစ္စာရှိ လူမျိုးခြားတွေ ကောင်းချီးခံစားရမယ်ဆိုတာ အခုလို အတည်ပြုပြောဆိုတယ်– “အရှေ့နဲ့ အနောက်အရပ်ကနေ လူအများကြီး ရောက်လာပြီး ကောင်းကင်နိုင်ငံမှာ အာဗြဟံ၊ အိဇက်၊ ယာကုပ်တို့နဲ့အတူ ထိုင်ပြီး စားသောက်ကြလိမ့်မယ်။” ဒါဆိုရင် သစ္စာမဲ့တဲ့ဂျူးတွေကော။ သူတို့ကတော့ “အပြင်ဘက် မှောင်မိုက်အရပ်ဆီ နှင်ထုတ်ခံရလိမ့်မယ်။ အဲဒီမှာ ငိုကြွေးပြီး အံကြိတ် ခံပြင်းနေကြလိမ့်မယ်။”—မဿဲ ၈:၁၁၊ ၁၂။

ခရစ်တော်နဲ့အတူ နိုင်ငံတော်ဝင်စားခွင့်ကို ဦးဆုံး ကမ်းလှမ်းခံရပေမဲ့ လက်မခံခဲ့တဲ့ ဂျူးတွေဟာ ငြင်းပယ်ခံရလိမ့်မယ်။ လူမျိုးခြားတွေကျတော့ ယေရှုရဲ့စားပွဲမှာထိုင်ပြီး စားသောက်ကြလိမ့်မယ်၊ တစ်နည်းအားဖြင့် “ကောင်းကင်နိုင်ငံမှာ” သူတို့ကို ကြိုဆိုလက်ခံပါလိမ့်မယ်။

  • လူမျိုးခြားတပ်မှူးအတွက် ဂျူးတွေ ဘာဖြစ်လို့ အသနားခံပေးတာလဲ။

  • တပ်မှူးက ယေရှုကို သူ့အိမ်ထဲ မဖိတ်ခေါ်တာ ဘာကြောင့် ဖြစ်နိုင်သလဲ။

  • လူမျိုးခြားတွေအတွက် ဘယ်အလားအလာရှိတယ်လို့ ယေရှုပြောသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ