ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၃၃ စာ. ၈၀-စာ. ၈၁ ပိုဒ်. ၁
  • ဟေရှာယပရောဖက်ပြုချက်ကို ပြည့်စုံစေခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဟေရှာယပရောဖက်ပြုချက်ကို ပြည့်စုံစေခြင်း
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဟေရှာယ ပရောဖက်ပြုချက်ကို ပြည့်စုံစေခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • အတောက်သေးသောမီးစာကို သင်ငြိမ်းသတ်မည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းကို မြတ်နိုးတော်မူသောယေဟောဝါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • “ငါနှစ်သက်မြတ်နိုးရာ၊ ငါရွေးချယ်သောသူ!”
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၃၃ စာ. ၈၀-စာ. ၈၁ ပိုဒ်. ၁
ကမ်းပေါ်မှာရှိတဲ့လူအုပ်ကို လှေငယ်တစ်စင်းပေါ်ကနေ ယေရှုသွန်သင်ပေးနေ

အခန်း ၃၃

ဟေရှာယ ပရောဖက်ပြုချက်ကို ပြည့်စုံစေခြင်း

မဿဲ ၁၂:၁၅-၂၁ မာကု ၃:၇-၁၂

  • ယေရှုကို လူအုပ် တွန်းတိုက်ကြ

  • ဟေရှာယ ပရောဖက်ပြုချက်ကို ပြည့်စုံစေ

ဖာရိရှဲတွေနဲ့ ဟေရုဒ်နောက်လိုက်တွေ မိမိကိုသတ်ဖို့ ကြံစည်နေမှန်း ယေရှုသိတော့ တပည့်တွေနဲ့အတူ ဂါလိလဲအိုင်ကို ထွက်သွားတယ်။ ဂါလိလဲပြည်၊ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တဲ့ တိုင်ရာနဲ့ ဆိုင်ဒုန်မြို့၊ ဂျော်ဒန်မြစ်အရှေ့ဘက်ကမ်း၊ ဂျေရုဆလင်မြို့၊ တောင်ဘက် အိဒုမဲပြည်မှာရှိတဲ့လူတွေ အုပ်လိုက်ကြီး ယေရှုနောက်ကို လိုက်လာကြတယ်။ လူတွေကို ကုသပေးတဲ့အခါ ရောဂါဝေဒနာ အပြင်းအထန် ခံစားနေရသူတွေက သူတို့ကို ယေရှု တို့ထိမယ့်အချိန်ထိ မစောင့်နိုင်ကြတော့ဘူး။ ဒါကြောင့် ယေရှုကို တို့ထိဖို့ အလုအယက် တိုးဝှေ့နေကြတယ်။—မာကု ၃:၉၊ ၁၀။

လူတွေများလွန်းလို့ ယေရှုက လူအုပ်တွန်းတိုက်တာ မခံရအောင်၊ ကမ်းကနေ ခွာနိုင်အောင် တပည့်တွေကို လှေငယ်တစ်စင်း အသင့်ပြင်ထားခိုင်းတယ်။ ဒီလိုနည်းနဲ့ လှေပေါ်ကနေ သွန်သင်ပေးနိုင်သလို ကမ်းခြေတစ်လျှောက်က လူတွေဆီသွားပြီး ကူညီပေးနိုင်တယ်။

တပည့်ဖြစ်သူမဿဲက ယေရှုရဲ့ လုပ်ဆောင်မှုတွေဟာ “ပရောဖက် ဟေရှာယကတစ်ဆင့် ပြောခဲ့တဲ့ ဒီစကားတွေ” ကို ပြည့်စုံစေတယ်လို့ ပြောခဲ့တယ်။ (မဿဲ ၁၂:၁၇) ဘယ်ပရောဖက်ပြုချက်ကို ယေရှုပြည့်စုံစေသလဲ။

“ငါ့ကျွန်၊ ငါရွေးချယ်တဲ့သူ၊ ငါချစ်မြတ်နိုးတဲ့သူကို ကြည့်ပါ။ သူ့အပေါ် ငါ့ရဲ့စွမ်းအားတော် သက်ရောက်စေမယ်။ လူမျိုးတွေကို တရားမျှတခြင်းအကြောင်း သူကြားသိစေမယ်။ သူဟာ ငြင်းခုံတာ၊ အော်ဟစ်တာတွေ လုပ်မှာမဟုတ်ဘူး။ လမ်းမတွေမှာ သူ့အသံကို ဘယ်သူမှ ကြားမှာမဟုတ်ဘူး။ နင်းခြေခံရတဲ့ ကျူပင်ကို ချိုးမှာ မဟုတ်ဘူး။ ငြိမ်းခါနီး မီးစာကိုလည်း ငြိမ်းသတ်မှာ မဟုတ်ဘူး။ တရားမျှတခြင်းကို သူအောင်ပွဲခံစေမယ့် အချိန် မရောက်မချင်းပေါ့။ သူ့နာမည်ဟာ လူမျိုးတွေကို မျှော်လင့်ချက် ပေးလိမ့်မယ်။”—မဿဲ ၁၂:၁၈-၂၁။ ဟေရှာယ ၄၂:၁-၄။

မှန်ပါတယ်၊ ယေရှုဟာ ဘုရားချစ်မြတ်နိုးတဲ့ ကျွန်ပါ။ အယူမှားဘာသာရေး ထုံးစံတွေရဲ့ ဖုံးကွယ်မှုကြောင့် မသဲမကွဲဖြစ်နေတဲ့ တရားမျှတမှု အစစ်အမှန်အကြောင်း ယေရှုဖော်ထုတ်တယ်။ ဖာရိရှဲတွေက ဘုရားပညတ်ကို ကိုယ့်နည်းကိုယ့်ဟန် အနက်ဖွင့်ပြီး တလွဲသုံးတဲ့အတွက် ဥပုသ်နေ့မှာ ဖျားနာသူကိုတောင် မကူညီပေးကြဘူး။ ယေရှုကတော့ ဘုရားရဲ့ တရားမျှတမှုကို ထင်ရှားစေပြီး သူ့အပေါ်မှာ ဘုရားရဲ့စွမ်းအားတော် သက်ရောက်ကြောင်း ဖော်ပြတယ်။ တရားမျှတမှုမရှိတဲ့ ထုံးစံတွေကြောင့် ၀န်ပိနေသူတွေကို သက်သာစေတယ်။ ဒါကြောင့် ဘာသာရေးခေါင်းဆောင်တွေက သူ့ကို သတ်ပစ်ချင်ကြတယ်။ တော်တော်ဆိုးတဲ့ လူတွေပဲ။

“ငြင်းခုံတာ၊ အော်ဟစ်တာတွေ လုပ်မှာမဟုတ်ဘူး။ လမ်းမတွေမှာ သူ့အသံကို ဘယ်သူမှ ကြားမှာမဟုတ်ဘူး” ဆိုတာ ဘာအဓိပ္ပာယ်လဲ။ လူတွေကို ကုသပေးတဲ့အခါ ယေရှုက “သူ့အကြောင်းကို လုံးဝ မပေါက်ကြားစေဖို့” မှာတယ်။ နတ်ဆိုးတွေကိုလည်း သူ့အကြောင်း ပြောခွင့်မပြုဘူး။ (မာကု ၃:၁၂) လမ်းတွေမှာ ဆူဆူညံညံ ပြောတဲ့စကားတွေ၊ စိတ်လှုပ်ရှားပြီး တစ်ဆင့်စကား တစ်ဆင့်ပြောတဲ့ မဟုတ်မမှန်သတင်းတွေကနေ သူ့အကြောင်းသိတာမျိုး မလိုချင်ဘူး။

ယေရှုက နင်းခြေခံရ၊ အချိုးခံရတဲ့ ကျူပင်နဲ့တူတဲ့ လူတွေကို နှစ်သိမ့်မှုပေးတဲ့သတင်း ဟောပြောတယ်။ သူတို့တွေဟာ ငြိမ်းခါနီးမီးစာနဲ့ တူတယ်။ သူတို့ဘဝရဲ့ နောက်ဆုံးမီးစာလေး ငြိမ်းခါနီးနေပြီ။ ယေရှုက နင်းခြေခံရတဲ့ ကျူပင်ကို မချိုးဘူး။ ငြိမ်းခါနီးမီးစာကိုလည်း မငြိမ်းသတ်ဘူး။ အဲဒီအစား နိမ့်ကျသူတွေကို မေတ္တာအပြည့်နဲ့ ညင်ညင်သာသာ ထူမပေးတယ်။ မှန်ပါတယ်၊ ယေရှုဟာ လူမျိုးတွေကို မျှော်လင့်ချက်ပေးနိုင်သူပါ။

  • လမ်းမတွေမှာ ငြင်းခုံတာ၊ အော်ဟစ်တာတွေမလုပ်ဘဲ တရားမျှတမှုကို ယေရှု ဘယ်လို ကြားသိစေသလဲ။

  • ဘယ်သူတွေက နင်းခြေခံရတဲ့ ကျူပင်၊ ငြိမ်းခါနီးမီးစာနဲ့ တူသလဲ။ သူတို့ကို ယေရှု ဘယ်လို ဆက်ဆံသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ