ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၂၇ စာ. ၆၈-စာ. ၆၉ ပိုဒ်. ၆
  • မဿဲကို ဖိတ်ခေါ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မဿဲကို ဖိတ်ခေါ်
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • မဿဲကို ခေါ်ခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • သင် သိပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ဘုရားသခင့်ကရုဏာတော်ကို ယနေ့အတုယူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • သင် သိပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၂၇ စာ. ၆၈-စာ. ၆၉ ပိုဒ်. ၆
မဿဲရဲ့အိမ်မှာ အခွန်ခံတွေ၊ အပြစ်သားတွေနဲ့အတူ ယေရှု စားသောက်နေတာကို ဖာရိရှဲတွေကြည့်နေ

အခန်း ၂၇

မဿဲကို ဖိတ်ခေါ်

မဿဲ ၉:၉-၁၃ မာကု ၂:၁၃-၁၇ လုကာ ၅:၂၇-၃၂

  • အခွန်ခံမဿဲကို ဖိတ်ခေါ်

  • အပြစ်သားတွေနဲ့ ပေါင်းသင်းပြီး ကူညီပေး

လေဖြတ်နေသူကို ကုသပေးပြီးနောက် ယေရှုက ဂါလိလဲအိုင်နား၊ ကပေရနောင်မြို့မှာ ဆက်နေတယ်။ လူတွေ ထပ်ရောက်လာတော့ စပြီး သွန်သင်ပေးတယ်။ ဒီနောက် ယေရှု ထွက်သွားတဲ့အခါ အခွန်ရုံးမှာ လေဝိလို့ခေါ်တဲ့ မဿဲ ထိုင်နေတာမြင်တော့ “ကျွန်တော့်နောက်လိုက် လုပ်ပါ” လို့ ဖိတ်ခေါ်လိုက်တယ်။—မဿဲ ၉:၉။

မဿဲလည်း ပေတရု၊ အန္ဒြေ၊ ယာကုပ်၊ ယောဟန်တို့လိုပဲ ယေရှုရဲ့ သွန်သင်ချက်တွေ၊ ဒီဒေသမှာလုပ်တဲ့ အံ့ဖွယ်အမှုတွေကို အတော်အသင့် ကြားထားလို့ သူတို့လိုပဲ ချက်ချင်း တုံ့ပြန်တယ်။ မဿဲက သူရေးတဲ့ ခရစ်ဝင်ကျမ်းမှာ “သူ [မဿဲ] က ထပြီး” ယေရှုနောက် “လိုက်လာတယ်” လို့ ဖော်ပြထားတယ်။ (မဿဲ ၉:၉) ဒီလိုနည်းနဲ့ မဿဲဟာ အခွန်ခံအလုပ်ကို စွန့်လွှတ်ပြီး ယေရှုရဲ့တပည့် ဖြစ်လာတယ်။

ယေရှုက အခွန်ရုံးမှာ မဿဲကို တွေ့တော့ သူ့နောက်လိုက်လုပ်ဖို့ ဖိတ်ခေါ်

နောက်ပိုင်းမှာ မဿဲက သူ့အိမ်မှာ စားသောက်ပွဲကြီး တည်ခင်းတယ်။ ယေရှုရဲ့ အထူးဖိတ်ခေါ်ချက်အတွက် ကျေးဇူးတင်လို့ဖြစ်မယ်။ အဲဒီမှာ ယေရှုနဲ့ တပည့်တွေအပြင် မဿဲရဲ့မိတ်ဆွေဟောင်း အခွန်ခံတချို့ကိုလည်း ဖိတ်ထားသေးတယ်။ သူတို့က ဂျူးတွေမုန်းတဲ့ ရောမအစိုးရအတွက် အခွန်ကောက်ပေးရတယ်။ ဆိပ်ကမ်းကပ်တဲ့သင်္ဘောတွေ၊ လမ်းမကြီးတွေမှာ သွားလာတဲ့ ကုန်သည်ယာဉ်တန်းတွေ၊ သွင်းကုန်ပစ္စည်းတွေအတွက် အခွန်ကောက်တာလည်း ပါတယ်။ အဲဒီအခွန်ခံတွေကို ဂျူးတွေ ဘယ်လို သဘောထားသလဲ။ သူတို့က သတ်မှတ်ထားတဲ့ အခွန်ငွေထက် ပိုတောင်းပြီး ငွေညှစ်တတ်လို့ သူတို့ကို ဂျူးတွေ တော်တော်အထင်သေးတယ်။ မကောင်းတာတွေလုပ်လို့ နာမည်ဆိုးထွက်နေတဲ့ ‘အပြစ်သားတွေ’ လည်း စားသောက်ပွဲမှာ ပါတယ်။—လုကာ ၇:၃၇-၃၉။

ကိုယ့်ကိုယ်ကိုယ် သူတော်ကောင်းလို့ထင်နေတဲ့ ဖာရိရှဲတွေက အဲဒီလိုလူတွေနဲ့ ယေရှု ပေါင်းသင်းနေတာကို မြင်တော့ “မင်းတို့ရဲ့ဆရာက ဘာလို့ အခွန်ခံတွေ၊ အပြစ်သားတွေနဲ့အတူ စားသောက်တာလဲ” လို့ တပည့်တွေကို မေးတယ်။ (မဿဲ ၉:၁၁) ဒါကို ကြားတော့ ယေရှုက “ကျန်းမာသူတွေအတွက် သမားတော် မလိုဘူး။ ဖျားနာသူတွေအတွက်ပဲ လိုတာ။ ‘ပူဇော်သက္ကာကို ငါမလိုချင်ဘူး။ သနားကြင်နာတတ်တာကိုပဲ လိုချင်တယ်’ ဆိုတဲ့ ကျမ်းစကားရဲ့ အဓိပ္ပာယ်ကို ခင်ဗျားတို့ သွားပြီး လေ့လာလိုက်ပါဦး။ ကျွန်တော်လာတာက ဖြောင့်မတ်သူတွေကို ခေါ်ဖို့ မဟုတ်ဘူး။ အပြစ်သားတွေကို ခေါ်ဖို့ပဲ” ဆိုပြီးပြောတယ်။ (မဿဲ ၉:၁၂၊ ၁၃။ ဟောရှေ ၆:၆) ဖာရိရှဲတွေက ယေရှုကို “ဆရာ” လို့ခေါ်ပေမဲ့ စိတ်ရင်းနဲ့ခေါ်တာ မဟုတ်ဘူး။ မှန်ကန်တဲ့အရာနဲ့ ပတ်သက်ပြီး ယေရှုဆီကနေ သင်ယူချင်စိတ် မရှိကြဘူး။

ယေရှု ဟောပြောတာကို နားထောင်စေချင်လို့၊ ပုံဆောင်ကုသမှု ခံယူစေချင်လို့ အခွန်ခံတွေ၊ အပြစ်သားတွေကို မဿဲ ဖိတ်ခေါ်ထားမှန်း သိသာပါတယ်။ ဒါကြောင့်လည်း “သူတို့ထဲက အများစုဟာ ယေရှုရဲ့ နောက်လိုက် ဖြစ်လာတယ်။” (မာကု ၂:၁၅) သူတို့တွေ ဘုရားနဲ့ဆက်ဆံရေး ပြန်ကောင်းလာအောင် ယေရှု ကူညီပေးချင်တယ်။ ကိုယ့်ကိုယ်ကိုယ် သူတော်ကောင်းလို့ ထင်နေတဲ့ ဖာရိရှဲတွေနဲ့ ယေရှု မတူဘူး။ အခွန်ခံတွေ၊ အပြစ်သားတွေကို အထင်မသေးဘူး။ ယေရှုမှာ သနားကြင်နာစိတ်၊ ကရုဏာစိတ် ရှိတယ်။ ဘုရားနဲ့ ဆက်ဆံရေးကောင်း မရှိသူတွေ၊ တစ်နည်းအားဖြင့် ပုံဆောင်သဘောအရ ဖျားနာနေသူအားလုံးကို ယေရှု ကုသပေးနိုင်တယ်။

အခွန်ခံတွေ၊ အပြစ်သားတွေကို ယေရှု ကရုဏာပြတာက သူတို့ကျူးလွန်တဲ့အပြစ်တွေကို လျစ်လျူရှုလိုက်တာ မဟုတ်ဘူး။ ကာယပိုင်း မကျန်းမာသူတွေကို သနားကရုဏာပြသလို အဲဒီ လူတွေကိုလည်း သနားကရုဏာပြတာ ဖြစ်တယ်။ အနာကြီးရောဂါသည်ကို လက်နဲ့ကိုင်ပြီး “ဆန္ဒရှိတာပေါ့။ သန့်ရှင်းစေ” လို့ပြောခဲ့တာကို ပြန်သတိရပါ။ (မဿဲ ၈:၃) ကျွန်တော်တို့လည်း အကူအညီ လိုအပ်နေသူတွေကို အဲဒီလို သနားကရုဏာပြသင့်တယ် မဟုတ်လား။ အထူးသဖြင့် သူတို့တွေ ဘုရားနဲ့ဆက်ဆံရေး ပြန်ကောင်းလာအောင် ကူညီပေးသင့်တယ် မဟုတ်လား။

  • မဿဲကို ယေရှု တွေ့တဲ့အချိန်မှာ မဿဲဘာလုပ်နေသလဲ။

  • ဂျူးတွေက အခွန်ခံတွေကို ဘာလို့ အထင်သေးသလဲ။

  • ယေရှုဟာ အပြစ်သားတွေနဲ့ ဘာလို့ ပေါင်းသင်းသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ