ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၁ စာ. ၁၀-စာ. ၁၁ ပိုဒ်. ၈
  • ဘုရားသခင်ဆီက သတင်းစကားနှစ်ခု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်ဆီက သတင်းစကားနှစ်ခု
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကောင်းကင်မှ သတင်းများ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဧလိရှဗက် သားတစ်ယောက် မွေးဖွား
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • “ဘုရားသခင်ရှေ့မှာ ဖြောင့်မတ်သူတွေ”
    ဘုရားသခင်နဲ့အတူ သတ္တိရှိရှိ လျှောက်လှမ်းပါ
  • အပြစ်တင်ခွင့်ကင်းစွာ ကျင့်ကြံပြုမူသောကြောင့် သူတို့ ဆုကျေးဇူးခံစားရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၁ စာ. ၁၀-စာ. ၁၁ ပိုဒ်. ၈
ဇာခရိဆီ ဂါဗြေလရောက်လာ၊ ဧလိရှဗက် ကိုယ်ဝန်ရှိလာ

အခန်း ၁

ဘုရားသခင်ဆီက သတင်းစကားနှစ်ခု

လုကာ ၁:၅-၃၃

  • နှစ်ခြင်းပေးသူယောဟန် မွေးဖွားမယ့်အကြောင်း ကောင်းကင်တမန် ဂါဗြေလ ကြိုပြော

  • ယေရှု မွေးဖွားမယ့်အကြောင်း မာရိကို ကောင်းကင်တမန်ဂါဗြေလ ကြိုပြော

ကျမ်းစာတစ်အုပ်လုံးကို ဘုရားသခင်ဆီက သတင်းစကားအဖြစ် ယူမှတ်နိုင်ပါတယ်။ ကောင်းကင်ဖခင်က ကျွန်တော်တို့ကို သွန်သင်လမ်းညွှန်ပေးဖို့ ကျမ်းစာပေးထားတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ အနှစ် ၂,၀၀၀ ကျော်က ပြောခဲ့တဲ့ အရေးကြီး သတင်းစကားနှစ်ခုအကြောင်း လေ့လာကြည့်ရအောင်။ အဲဒီသတင်းစကားတွေကို “ဘုရားသခင်ရှေ့မှာ ခစားရတဲ့” ကောင်းကင်တမန် ဂါဗြေလ ပြောခဲ့တယ်။ (လုကာ ၁:၁၉) ကောင်းကင်တမန်က ဒီအရေးကြီး သတင်းစကားတွေကို ဘယ်လို အခြေအနေမျိုးမှာ ပြောခဲ့သလဲ။

ပထမသတင်းစကားကို ဂါဗြေလ ဘယ်နေရာမှာ ပြောခဲ့တာလဲ။ ဘီစီ ၃ ခုနှစ်လောက်မှာပေါ့။ ဂျေရုဆလင်မြို့နဲ့ သိပ်မဝေးတဲ့ ယုဒတောင်တန်းဒေသမှာ ယေဟောဝါရဲ့ ပုရောဟိတ်ဖြစ်သူ ဇာခရိ နေထိုင်တယ်။ သူနဲ့ သူ့ဇနီး ဧလိရှဗက်တို့ဟာ အသက်ကြီးနေပြီ၊ သားသမီးလည်း မရှိဘူး။ ဇာခရိဟာ ဂျေရုဆလင်မြို့ ဘုရားသခင့်ဗိမာန်တော်မှာ ပုရောဟိတ်အဖြစ် အမှုဆောင်ဖို့ တာဝန်ကျတယ်။ သူအမှုဆောင်နေတုန်း နံ့သာပေါင်းပလ္လင်နားမှာ ဂါဗြေလ ရုတ်တရက် ပေါ်လာတယ်။

ဇာခရိ တအားလန့်သွားမှာပဲ။ ဒါပေမဲ့ သူကြောက်စိတ်ပြေသွားအောင် ကောင်းကင်တမန် အခုလိုပြောတယ်– “ဇာခရိ၊ မကြောက်ပါနဲ့။ ခင်ဗျား ဆုတောင်းတာကို ဘုရားသခင်ကြားတယ်။ ခင်ဗျားရဲ့ဇနီး ဧလိရှဗက်ဟာ သားလေး မွေးလိမ့်မယ်။ အဲဒီသားကို ယောဟန်လို့ နာမည်ပေးရမယ်။” ယောဟန်ဟာ “ယေဟောဝါရှေ့မှာ အရေးပါသူ” ဖြစ်ပြီး ယေဟောဝါဘုရားအတွက် လူမျိုးတစ်မျိုးကို အသင့် ပြင်ပေးလိမ့်မယ်လို့လည်း ဂါဗြေလ ပြောတယ်။—လုကာ ၁:၁၃-၁၇။

ဇာခရိ အမူအရာလုပ်ပြနေ

ဇာခရိအတွက်တော့ ဒီစကားတွေက မယုံနိုင်စရာပဲ။ သူနဲ့ ဧလိရှဗက်က အသက်ကြီးနေပြီ။ ဒါကြောင့် ဂါဗြေလ အခုလိုပြောတယ်– “အချိန်တန်ရင် ပြည့်စုံလာမယ့် ဒီစကားတွေကို ခင်ဗျား မယုံတဲ့အတွက် ဒီစကားတွေ ပြည့်စုံမယ့်နေ့ မရောက်မချင်း စကားမပြောနိုင်ဘဲ အနေလိမ့်မယ်။”—လုကာ ၁:၂၀။

အဲဒီအချိန်အတွင်း အပြင်မှာစောင့်နေတဲ့ လူတွေက ဇာခရိ ဘာလို့ ဒီလောက်ကြာနေတာလဲဆိုပြီး စဉ်းစားနေကြတယ်။ သူထွက်လာတဲ့အခါ စကားမပြောနိုင်တော့ဘူး။ အမူအရာပဲ ပြနိုင်တော့တယ်။ ဒါကြောင့် ဗိမာန်တော်ထဲမှာ စိတ်အာရုံမြင်ခဲ့မှန်း သိသွားကြတယ်။

ဗိမာန်တော်မှာ အမှုဆောင်ချိန် ပြီးသွားတဲ့အခါ ဇာခရိ အိမ်ပြန်သွားတယ်။ မကြာခင်မှာ ဧလိရှဗက် ကိုယ်ဝန်ရှိလာတယ်။ မီးမဖွားခင် ငါးလလုံးလုံး ဧလိရှဗက် အိမ်တွင်းအောင်းနေတယ်။

မာရိဆီ ဂါဗြေလရောက်လာ

အခု ဂါဗြေလ ဒုတိယအကြိမ် ရောက်လာပြန်တယ်။ ဘယ်သူ့ဆီကိုလဲ။ ဂျေရုဆလင်မြို့မြောက်ဘက်၊ ဂါလိလဲပြည်၊ နာဇရက်မြို့မှာနေတဲ့ အပျိုစင် မာရိဆီကိုပဲ။ ကောင်းကင်တမန် သူ့ကို ဘာပြောလဲ။ “ခင်ဗျားဟာ ဘုရားသခင့် မျက်နှာသာရသူပါ။ ခင်ဗျားမှာ ကိုယ်ဝန်ရှိလာပြီး သားလေး မွေးလိမ့်မယ်။ အဲဒီသားကို ယေရှုလို့ နာမည်ပေးရမယ်။ အဲဒီသားဟာ အရေးပါသူ ဖြစ်လိမ့်မယ်။ အမြင့်ဆုံးအရှင်ရဲ့ သားလို့ အခေါ်ခံရလိမ့်မယ်။ . . . သူက ယာကုပ်အမျိုးကို ထာဝစဉ် အုပ်စိုးလိမ့်မယ်။ သူ့ရဲ့အုပ်ချုပ်မှုဟာ အဆုံးတိုင်မှာ မဟုတ်ဘူး” လို့ဂါဗြေလ ပြောတယ်။—လုကာ ၁:၃၀-၃၃။

အဲဒီသတင်းစကား နှစ်ခုကို ပြောရတာ တကယ့် အခွင့်ထူးပဲလို့ ဂါဗြေလ ခံစားခဲ့ရမှာ သေချာပါတယ်။ ယောဟန်နဲ့ယေရှု အကြောင်း ဆက်လေ့လာသွားတဲ့အခါ ကောင်းကင်ကလာတဲ့ ဒီသတင်းစကားတွေ ဘာကြောင့် အရေးကြီးမှန်း ပိုသိလာပါလိမ့်မယ်။

  • ကောင်းကင်ကလာတဲ့ အရေးကြီး သတင်းစကား နှစ်ခုကို ဘယ်သူ ပြောခဲ့သလဲ။

  • ဒီသတင်းစကားနှစ်ခုကို ဘယ်သူတွေဆီ ပြောခဲ့သလဲ။

  • ကောင်းကင်ကလာတဲ့ သတင်းစကားနှစ်ခုကို ယုံရခက်တယ်လို့ ဘာကြောင့် ထင်သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ