ဘယ်– ၁၉၃၀ ပြည့်လွန်နှစ်နှောင်းပိုင်း၊ ယူအက်စ်အေ၊ အယ်လ်ဘားမားပြည်နယ်မှာ ညီအစ်မတစ်ဦးက ညီအစ်ကိုရပ်သဖော့ဒ်ရဲ့ ဟောပြောချက်ကို ဖွင့်ပြနေ
ညာ– ဆွစ်ဇလန်
အပိုင်း ၁
နိုင်ငံတော်နဲ့ပတ်သက်တဲ့ အမှန်တရား—အချိန်တန်အစာ ဝေပေးခြင်း
အခုလေးတင်ဖတ်လိုက်တဲ့ကျမ်းချက်ရဲ့အဓိပ္ပာယ်ကို ကျမ်းစာ သင်သားနားလည်လာတဲ့အခါ သူ့မျက်လုံးတွေ တောက်ပသွားတာကို သင်တွေ့လိုက်ရတယ်။ သူက “ဒါဆို ပရဒိသုဖြစ်လာမယ့် ဒီကမ္ဘာကြီးမှာ ကျွန်တော်တို့ ထာဝစဉ်နေနိုင်တယ်လို့ ကျမ်းစာသွန်သင်တာပေါ့၊ ဟုတ်လား” ဆိုပြီး ပြောတယ်။ သင်နဲ့အတူ လိုက်လာတဲ့ညီအစ်ကိုက ပြုံးလိုက်ပြီး “ကျမ်းစာမှာ အဲဒီလိုပဲဖတ်ရတယ်မဟုတ်လား” လို့မေးတယ်။ ဒီတော့ သင်သားဖြစ်သူက ခေါင်းတခါခါနဲ့ “ကျွန်တော် ဒါမျိုး တစ်ခါမှမကြားဖူးဘူး” လို့ အံ့သြတကြီးပြောတယ်။ မကြာသေးခင်တုန်းကလည်း ဘုရားသခင့်နာမည် ယေဟောဝါဆိုတာကို သူစသိတဲ့အခါ ဒီလိုပဲပြောခဲ့မှန်း သင်ပြန်သတိရမိတယ်။
ဒီလိုအဖြစ်မျိုး ကိုယ်တိုင်ကြုံဖူးသလား။ ဘုရားသခင့်လူမျိုး အများစုက ကြုံဖူးကြတယ်။ ဒီလိုအဖြစ်အပျက်မျိုးက အဖိုးတန် ဆုကျေးဇူးဖြစ်တဲ့ အမှန်တရားအသိပညာကို ကျွန်တော်တို့ ပိုင်ဆိုင်ထားမှန်း ကောင်းကောင်းအမှတ်ရစေတယ်။ အဲဒီ ဆုကျေးဇူးကို သင်ဘယ်လိုရခဲ့သလဲဆိုတာ ပြန်စဉ်းစားကြည့်ပါ။ ဒီအပိုင်းမှာ အဲဒီအကြောင်းကို ဆွေးနွေးပါမယ်။ အမှန်တရားဆိုင်ရာအသိပညာကို ဘုရားသခင့်လူမျိုး တစ်ဆင့်ပြီးတစ်ဆင့်ရရှိလာပုံက နိုင်ငံတော် တကယ်တည်ရှိတယ်ဆိုတာ ထင်ထင်ရှားရှား သက်သေထူတယ်။ အနှစ်တစ်ရာအတွင်းမှာ နိုင်ငံတော်ဘုရင်ယေရှုခရစ်က ဘုရားသခင့်လူမျိုးကို အမှန်တရားသွန်သင်ပေးဖို့ အသေအချာလုပ်ဆောင်လာခဲ့တယ်။