ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yp1 စာ. ၂
  • တာသွားသည့်အဖြေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တာသွားသည့်အဖြေ
  • လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
yp1 စာ. ၂

နိဒါန်း

တာသွားသည့်အဖြေ

‘မိဘတွေနဲ့ ငါဘယ်လိုစကားပြောနိုင်မလဲ။’ ‘သူငယ်ချင်းကောင်း ဘယ်လိုရနိုင်မလဲ။’ ‘ကြုံရာလူနဲ့လိင်ဆက်ဆံတာ မှားသလား။’ ‘ငါ ဘာလို့ ဒီလောက် ဝမ်းနည်းနေတာလဲ။’

သင့်ကိုယ်သင် အဲဒီမေးခွန်းတွေ မေးဖူးသလား။ လူငယ်တော်တော်များများ မေးကြတယ်။ အဖြေလည်း အမျိုးမျိုးပဲ။ လူငယ်တွေအတွက် စိတ်ချရတဲ့အကြံဉာဏ်တွေ ရရှိနိုင်ဖို့ ၁၉၈၂၊ ဇန်နဝါရီလကစပြီး နိုးလော့! မဂ္ဂဇင်းမှာ “လူငယ်များအမေး . . .” ဆိုတဲ့ ကျမ်းစာအခြေပြု အခန်းဆက်ဆောင်းပါးတွေကို ထည့်သွင်းခဲ့တယ်။ နောက်ပိုင်းနှစ်တွေတစ်လျှောက် အဲဒီအခန်းဆက်ဆောင်းပါးတွေကို လူကြိုက်များလာတာ အခုထိပဲ။ ဆောင်းပါးတစ်ခုစီကို သေချာရှာဖွေလေ့လာပြီးမှ ရေးသားထားတာ။ လူငယ်တွေရဲ့ အတွေးအမြင်၊ သဘောထား၊ ခံစားချက်တွေကိုသိရဖို့ ဆောင်းပါးရေးသူတွေဟာ ကမ္ဘာတစ်ဝန်းက လူငယ်များစွာကို မေးမြန်းခဲ့တယ်။ ပိုအရေးကြီးတာက “လူငယ်များအမေး” ဆောင်းပါးတွေမှာပါတဲ့ အကြံဉာဏ်တွေဟာ ဘုရားသခင့်စကားတော် သမ္မာကျမ်းစာအပေါ် အခြေခံတယ်။

ဒီစာအုပ်ကို ၁၉၈၉ ခုနှစ်တုန်းက ဦးဆုံးအကြိမ် ထုတ်ဝေခဲ့တယ်။ ဒါပေမဲ့ ဒီနေ့ခေတ်ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ စာအုပ်မှာပါတဲ့ အခန်းတွေကို အစအဆုံး ပြန်တည်းဖြတ်ခဲ့တယ်။ အခန်းပေါင်း ၃၀ ကျော်ကို ၂၀၀၄ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း ထုတ်ဝေခဲ့တဲ့ “လူငယ်များအမေး” ဆောင်းပါးတွေကနေ ယူထားတာဖြစ်တယ်။

လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁ မှာ သင့်ကို တာဝန်သိတတ်တဲ့လူကြီး ဖြစ်လာအောင် ကူညီပေးမယ့် အကြောင်းအရာတွေပါတယ်။ ဒီစာအုပ်မှာပါတဲ့ အကြံဉာဏ်တွေကို လက်တွေ့အသုံးပြုပါ။ ဒါဆိုရင် “မိမိတို့၏သိနားလည်နိုင်စွမ်းကို အသုံးပြုခြင်းဖြင့် အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်ရန် လေ့ကျင့်ထား” သူ လူကြီးလူငယ်တွေထဲမှာ သင်လည်း တစ်ဦးအပါအဝင် ဖြစ်ပါလိမ့်မယ်။—ဟေဗြဲ ၅:၁၄။

ထုတ်ဝေသူများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ