ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yp1 စာ. ၂၈၇
  • စံထားအပ်သူ— တိမောသေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စံထားအပ်သူ— တိမောသေ
  • လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • တိမောသေ—“ယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • “သခင်၌သစ္စာရှိသော ငါ၏ချစ်သား”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ပေါလုနဲ့ တိမောသေ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • တိမောသေ—အမှုဆောင်ရန် အဆင်သင့်ရှိပြီး အမှုဆောင်လိုစိတ် ရှိသူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
yp1 စာ. ၂၈၇

စံထားအပ်သူ— တိမောသေ

တိမောသေ အိမ်ကနေထွက်သွားတော့မယ်။ မိသားစုနဲ့အတူမနေချင်လို့ မဟုတ်ပါဘူး။ တမန်တော်ပေါလုရဲ့ သာသနာပြုအဖော်အဖြစ် လိုက်သွားဖို့ပါ။ အဲဒီအချိန်မှာ သူ့အသက်က ၂၀ ၀န်းကျင်လောက် ရှိနိုင်ပြီး “လုတ္တရမြို့၊ ဣကောနိမြို့၌ရှိသော ညီအစ်ကိုတို့တွင် အသရေရှိသူဖြစ်၏” လို့ပြောတဲ့အတွက် ယုံကြည်အားထားရတဲ့ လူငယ်တစ်ယောက် ဖြစ်နေပြီ။ (တမန်တော် ၁၆:၂) တိမောသေဟာ ဘုရားသခင့်လုပ်ငန်းတော်မှာ ကြီးမားတဲ့အရာတွေကို ပြီးမြောက်အောင် လုပ်နိုင်မယ်လို့ ပေါလုယုံကြည်တယ်။ တကယ်လည်း လုပ်နိုင်ခဲ့တယ်။ နောက်ပိုင်းနှစ်တွေတစ်လျှောက် တိမောသေဟာ ခရီးလှည့်လည်ပြီး အသင်းတော်အသစ်တွေ တည်ထောင်ခဲ့တယ်။ ညီအစ်ကိုညီအစ်မတွေကို ယုံကြည်ခြင်းခိုင်မြဲအောင် အားပေးခဲ့တယ်။ တိမောသေရဲ့အရည်အချင်းကောင်းတွေကို ပေါလု သဘောကျခဲ့တယ်။ ဒါကြောင့် ၁၁ နှစ်ကြာပြီးနောက် ပေါလုက ဖိလိပ္ပိအသင်းတော်ကို “ထိုသူကဲ့သို့ သင်တို့အကျိုးကို အမှန်လိုလားသော စိတ်ထားမျိုးရှိသူ တစ်ယောက်မျှ ငါ၌မရှိ” လို့ပြောခဲ့တယ်။—ဖိလိပ္ပိ ၂:၂၀။

ဘုရားအမှုတော်ဆောင်ခြင်းမှာ အသုံးတော်ခံဖို့ သင့်ကိုယ်သင် ပေးဆက်ထားသလား။ ပေးဆက်တယ်ဆိုရင် ကောင်းချီးတွေ အလျှံပယ်ခံစားရပါလိမ့်မယ်။ ယေဟောဝါဘုရားက ‘စေတနာစိတ်နဲ့ ကိုယ့်ကိုယ်ကိုယ်ပေးဆက်’ နေတဲ့လူငယ်တွေကို တကယ်တန်ဖိုးထားတယ်။ (ဆာလံ ၁၁၀:၃၊ ကဘ) ဒါ့အပြင် ယေဟောဝါဘုရားဟာ ‘သင်တို့၏လုပ်ရပ်များကို မေ့လျော့တော်မူသည်တိုင်အောင် မဖြောင့်မတ်’ တဲ့ဘုရား မဟုတ်ဘူးဆိုတာ စိတ်ချပါ။—ဟေဗြဲ ၆:၁၀။

လမ်းပိတ်ဆို့နေပေမဲ့ တခြားလမ်းကနေ ဆက်သွားနိုင်သလို သင်လည်း မိဘတွေနဲ့ ပြောဆိုဆက်သွယ်နိုင်မယ့်နည်းကို ရှာတွေ့နိုင်ပါတယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ