သင် ပိုမိုသိလိုပါသလော
ဤဘရိုရှာသည် သမ္မာကျမ်းစာပါသတင်းတရားကို အကျဉ်းချုံးဖော်ပြထားသည်။ ယင်းသည် ကဏ္ဍရပ်တိုင်းနှင့် ပတ်သက်၍ ကျမ်းစာတွင် အဘယ်အရာသွန်သင်သည်ကို အသေးစိတ်ရှင်းပြရန် မရည်ရွယ်ပါ။
ဥပမာ၊ အောက်ပါမေးခွန်းများနှင့်ပတ်သက်သော ကျမ်းစာအဖြေကို သင်သိလိုပေမည်– ဘုရားသခင်သည် ကျွန်ုပ်ကို အမှန်တကယ်ဂရုစိုက်သလော။ ကျွန်ုပ်တို့သေဆုံးသောအခါ မည်သို့ဖြစ်သွားသနည်း။ ဘဝတွင် ပျော်ရွှင်မှုကို မည်သို့ရှာတွေ့နိုင်သနည်း။
ထိုမေးခွန်းများနှင့် အခြားစိတ်ဝင်စားဖွယ်မေးခွန်းများ၏အဖြေတို့ကို ယေဟောဝါသက်သေများထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းဟူသောစာအုပ်တွင် ရှာတွေ့နိုင်သည်။ ထိုစာအုပ်သည် ကျမ်းစာကို အကြောင်းအရာအလိုက်လေ့လာနိုင်ရန် ရည်ရွယ်၍ ထုတ်ဝေထားခြင်းဖြစ်၏။ ထိုသို့လေ့လာခြင်းက သတ်သတ်မှတ်မှတ်အကြောင်းအရာတစ်ခုကို ရှင်းပြထားသော ကျမ်းချက်များကို ရှာတွေ့ရန် ကူညီပေးသည်။ ပူးတွဲပါကူပွန်ကိုဖြည့်စွက်ပြီး အောက်ပါသင့်လျော်ရာလိပ်စာသို့ပေးပို့ကာ စာအုပ်တစ်အုပ် မှာယူနိုင်ပါသည်။
□ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ကို မေတ္တာလက်ဆောင် ရယူလိုပါသည်။
□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု ပြုလိုပါသဖြင့် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။