ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bm အပိုင်း ၂၆ စာ. ၃၀
  • ပရဒိသု ပြန်လည်ရရှိခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပရဒိသု ပြန်လည်ရရှိခြင်း
  • သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဗျာဒိတ်ကျမ်းရဲ့ အဓိပ္ပာယ်က ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • အပေါကလစ်မှ‘ဝမ်းမြောက်ဖွယ်သတင်းများ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ယေရှုခရစ်ပေါ်ထွန်းချိန်၌ ကယ်တင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • အောင်ခြင်းတေးသစ် သီဆိုခြင်း
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
bm အပိုင်း ၂၆ စာ. ၃၀
ပလ္လင်ပေါ်ထိုင်နေတဲ့ ယေရှု

အပိုင်း ၂၆

ပရဒိသု ပြန်လည်ရရှိခြင်း

ယေဟောဝါသည် ခရစ်တော်အုပ်ချုပ်သောနိုင်ငံတော်အားဖြင့် မိမိနာမတော်ကို သန့်ရှင်းမြင့်မြတ်စေသည်၊ မိမိ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို သံသယကင်းရှင်းစေသည်၊ ဆိုးသွမ်းမှုအပေါင်းကို ဖယ်ရှားတော်မူသည်

ကျမ်းစာ၏နောက်ဆုံးကျမ်းစောင်ဖြစ်သော ဗျာ.ကျမ်း သို့မဟုတ် အပေါကလစ်ကျမ်းသည် လူခပ်သိမ်းကို မျှော်လင့်ချက်ပေးသည်။ တမန်တော်ယောဟန်မှတ်တမ်းတင်ခဲ့သော ထိုကျမ်းစောင်တွင် ယေဟောဝါ၏ရည်ရွယ်တော်မူချက်ကို အပြီးသတ်ပြည့်စုံစေမည့် စိတ်အာရုံများပါဝင်သည်။

ပထမစိတ်အာရုံတွင် ရှင်ပြန်ထမြောက်ပြီဖြစ်သောယေရှုက အသင်းတော်အတော်များများကို ချီးမွမ်းစကားဆိုပြီး ဆုံးမပဲ့ပြင်သည်။ နောက်စိတ်အာရုံတွင် ဘုရားသခင်၏ကောင်းကင်ပလ္လင်တော်ကို တွေ့မြင်ရပြီး ထိုတွင် နာမ်ဝိညာဉ်သတ္တဝါများသည် ကိုယ်တော်အား ချီးမွမ်းနေကြသည်။

ဘုရားသခင်၏ရည်ရွယ်တော်မူချက် ပြည့်စုံလျက်ရှိသည်နှင့်အမျှ သိုးသငယ်ယေရှုခရစ်သည် တံဆိပ်ခုနစ်ခုခတ်နှိပ်ထားသောစာလိပ်ကို ရရှိသည်။ ပထမတံဆိပ်လေးခုကို ဖွင့်လိုက်ရာ ပုံဆောင်မြင်းစီးသူရဲများပေါ်လာသည်။ ပထမမြင်းစီးသူရဲယေရှုသည် မြင်းဖြူစီးကာ ဘုရင်အဖြစ် သရဖူဆောင်းထားသည်။ ထို့နောက် လိုက်ပါလာသော မြင်းနီ၊ မြင်းနက်၊ မြင်းမွဲတို့သည် စစ်ပွဲ၊ အစာခေါင်းပါးခြင်းနှင့် ရောဂါထူပြောခြင်းတို့ကို ပုံဆောင်ပြီး ယင်းတို့အားလုံးသည် ဤလောကစနစ်၏ နောက်ဆုံးသောနေ့ရက်များအတွင်း ဖြစ်ပျက်သည်။ သတ္တမတံဆိပ်ကိုဖွင့်ခြင်းက ပုံဆောင်တံပိုးခုနစ်လက်မှုတ်ခြင်းသို့ ဦးတည်စေပြီး ယင်းက ဘုရားသခင်၏တရားစီရင်ချက်သတင်းများကြွေးကြော်ခြင်းကို ဖော်ပြသည်။ ယင်းက ဘုရားသခင့်အမျက်တော် ပုံဆောင်ကပ်ဘေးကြီးခုနစ်ခု ကျရောက်စေသည်။

ဖွားမြင်စသားယောက်ျားလေးအဖြစ် ပုံဖော်ထားသည့် ဘုရားသခင့်နိုင်ငံတော်သည် ကောင်းကင်တွင် တည်ထောင်သည်။ ကောင်းကင်တွင် စစ်ဖြစ်ပွားပြီးနောက် စာတန်နှင့်သူ၏ကောင်းကင်တမန်ဆိုးများ မြေကြီးပေါ်သို့ နှင်ချခံရသည်။ “မြေကြီး . . . သည် အမင်္ဂလာရှိ၏” ဟုကြီးသောအသံက ဆို၏။ စာတန်သည် မိမိအချိန် တိုတောင်းသည်ကိုသိ၍ ဒေါသကြီးစွာထွက်နေသည်။—ဗျာ. ၁၂:၁၂။

သိုးသငယ်ကိုကိုယ်စားပြုသော ယေရှုသည် လူသားများထဲမှရွေးချယ်ထားသော ၁၄၄,၀၀၀ နှင့်အတူ ကောင်းကင်တွင်ရှိနေသည်ကို ယောဟန်တွေ့မြင်သည်။ ထိုသူတို့သည် ယေရှုနှင့်အတူ “ဘုရင်များအဖြစ် . . . အုပ်စိုးရလိမ့်မည်။” ဤသို့ဖြင့် အမျိုးအနွယ်၏ဒုတိယအပိုင်းသည် အရေအတွက်အားဖြင့် စုစုပေါင်း ၁၄၄,၀၀၀ ရှိမည်ဖြစ်ကြောင်း ဗျာဒိတ်ကျမ်းက ဖော်ပြသည်။—ဗျာ. ၁၄:၁; ၂၀:၆။

ကမ္ဘာ့အုပ်စိုးရှင်များသည် ‘တန်ခိုးကြီးရှင် ဘုရားသခင်၏နေ့ကြီးတွင် တိုက်မည့်စစ်ပွဲ၊’ အာမဂေဒုန်တွင် စုဝေးကြသည်။ မြင်းဖြူစီး၍ ကောင်းကင်ဗိုလ်ခြေကိုဦးဆောင်သောယေရှုနှင့် သူတို့စစ်ဆင်နွှဲသည်။ ကမ္ဘာ့အုပ်စိုးရှင်အားလုံး ဖျက်ဆီးခံရသည်။ စာတန်သည် ချုပ်နှောင်ခံရပြီး ယေရှုနှင့် ၁၄၄,၀၀၀ သည် မြေကြီးကို “အနှစ်တစ်ထောင်” အုပ်စိုးကြ၏။ အနှစ်တစ်ထောင်ကုန်ပြီးနောက် စာတန်ဖျက်ဆီးခံရသည်။—ဗျာ. ၁၆:၁၄; ၂၀:၄။

ခရစ်တော်နှင့် ကိုယ်တော်နှင့်အတူတွဲဖက်အုပ်စိုးသူများ၏ အနှစ်တစ်ထောင်အုပ်ချုပ်မှုသည် နာခံမှုရှိသောလူသားများအတွက် အဘယ်အရာ ဆောင်ကြဉ်းပေးမည်နည်း။ ယောဟန် ဤသို့ရေးသည်– “[ယေဟောဝါသည်] သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။ ယခင်အရာများသည် ကွယ်ပျောက်လေပြီ။” (ဗျာ. ၂၁:၄) ကမ္ဘာတစ်ခွင် ပရဒိသုပြန်ဖြစ်လာလေပြီ။

သို့ဖြင့် ဗျာ.ကျမ်းသည် ကျမ်းစာသတင်းစကားကို အဆုံးသတ်ပေးသည်။ မေရှိယ၏နိုင်ငံတော်အားဖြင့် ယေဟောဝါ၏နာမ သန့်ရှင်းမြင့်မြတ်၍ ကိုယ်တော်၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုသည် ထာဝရကာလတစ်လျှောက် လုံးဝသံသယကင်းရှင်းသွားသည်။

—ဗျာဒိတ်ကျမ်းကို အခြေခံသည်။

  • ပုံဆောင်မြင်းစီးသူရဲများသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။

  • ဘုရားသခင်၏ရည်ရွယ်တော်မူချက် ပြည့်စုံနေသည်နှင့်အမျှ အဘယ်အရေးပါသောဖြစ်ရပ်များ ဖြစ်ပျက်နေသနည်း။

  • အာမဂေဒုန်ဟူသည် အဘယ်အရာနည်း။ ယင်း၏ရလဒ်ကား အဘယ်နည်း။

“မဟာဗာဗုလုန်”

ဗျာဒိတ်ကျမ်းတွင် စစ်မှန်သောဘုရားသခင်ကို ဆန့်ကျင်သော မှားယွင်းသည့် ဘာသာအားလုံးကို စုပေါင်း၍ “ပြည့်တန်ဆာကြီး” ဟုဖော်ပြထားသည်။ သူ့ကို “မဟာဗာဗုလုန်” ဟုလည်းခေါ်ထားသည်။ သူသည် ကမ္ဘာ့နိုင်ငံရေးအာဏာစက်များထံ မိမိကိုယ်ကိုရောင်းစားကာ ပြည့်တန်ဆာလုပ်နေသည်။ ယေဟောဝါဘုရားသခင် သတ်မှတ်ထားချိန်တွင် ထိုအာဏာစက်များသည် ထိုပြည့်တန်ဆာကြီးကို တိုက်ခိုက်ဖျက်ဆီးပစ်လိမ့်မည်ဟု ဗျာ.ကျမ်းကဆိုသည်။—ဗျာ. ၁၇:၁-၅၊ ၁၆၊ ၁၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ