ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bm အပိုင်း ၁ စာ. ၄
  • ဖန်ဆင်းရှင်သည် လူကို ပရဒိသုတွင် နေထိုင်စေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဖန်ဆင်းရှင်သည် လူကို ပရဒိသုတွင် နေထိုင်စေ
  • သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်ကို မည်သူဖန်ဆင်းသနည်း
    ကမ္ဘာသားဘဝ ထာဝရစံစားကြ!
  • လူသည် ပရဒိသုတွင် ဘဝကို ပျော်မွေ့ရန် ဘုရားသခင်ကြံရွယ်တော်မူ၏
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ပထမလူသားမောင်နှံထံမှ ကျွန်ုပ်တို့သင်ယူနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ဧဒင်ဥယျာဉ် အသက်တာ
    ဘုရားသခင့်စကား နားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
bm အပိုင်း ၁ စာ. ၄
တိရစ္ဆာန်တွေအစုံအလင်ရှိတဲ့ ဧဒင်ဥယျာဉ်ထဲက အာဒံနဲ့ ဧဝ

အပိုင်း ၁

ဖန်ဆင်းရှင်သည် လူကို ပရဒိသုတွင် နေထိုင်စေ

ဘုရားသခင်သည် စကြဝဠာနှင့် ကမ္ဘာမြေပေါ်မှသက်ရှိများကို ဖန်ဆင်းတော်မူသည်။ ကိုယ်တော်သည် စုံလင်သောယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးကိုလည်း ဖန်ဆင်းကာ လှပသောဥယျာဉ်တစ်ခုတွင် နေရာချပေးပြီးနောက် သူတို့လိုက်နာရမည့်ပညတ်များ ပေးအပ်တော်မူသည်

ဧဒင်ဥယျာဉ်ထဲက ခြင်္သေ့တွေ၊ ငှက်တွေနဲ့ သမင်

“အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။” ယင်းသည် ရေးသားခဲ့သမျှတွင် အကျော်ကြားဆုံးအဖွင့်စကားဖြစ်သည်။ (ကမ္ဘာဦး ၁:၁) ရိုးရှင်းပြီး ကြီးကျယ်ခမ်းနားလှသော ထိုဝါကျသည် သမ္မာကျမ်းစာတစ်အုပ်လုံးတွင် အရေးပါဆုံးပုဂ္ဂိုလ်ဖြစ်သော တန်ခိုးကြီးရှင် ယေဟောဝါဘုရားသခင်အကြောင်း ကျွန်ုပ်တို့ကို စတင်မိတ်ဆက်ပေးသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာမြေကြီးအပါအဝင် ကြီးမားကျယ်ပြန့်လှသော စကြဝဠာကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်ကြောင်း ထိုဦးဆုံးကျမ်းချက်က အထင်အရှားဖော်ပြသည်။ ဘုရားသခင်သည် နေ့ရက်များဟု တင်စားခေါ်ဝေါ်ထားသည့် ရှည်လျားသောအချိန်ကာလတစ်လျှောက်တွင် လူသားတို့အတွက် ကမ္ဘာမြေကြီးကို ပြင်ဆင်တော်မူပြီး သဘာဝလောက၏အံ့ဖွယ်ရာအားလုံးကို ဖြစ်ပေါ်လာစေသည်ဟု နောက်ကျမ်းချက်များတွင် ရှင်းပြထားသည်။

ကမ္ဘာမြေပေါ်တွင် ဘုရားသခင့်ဖန်ဆင်းရာများအနက် အထူးခြားဆုံးမှာ လူသားဖြစ်သည်။ ထိုသူသည် ယေဟောဝါ၏ပုံသဏ္ဌာန်နှင့်တူညီသူ၊ တစ်နည်းအားဖြင့် မေတ္တာနှင့်ဉာဏ်ပညာကဲ့သို့သော ကိုယ်တော်၏အရည်အသွေးများကို တင်ပြနိုင်စွမ်းရှိသူဖြစ်သည်။ ဘုရားသခင်သည် လူကို မြေမှုန့်ဖြင့်ဖန်ဆင်းတော်မူသည်။ ထို့နောက် သူ့ကို အာဒံဟုအမည်ပေးပြီး ဧဒင်ဥယျာဉ်ဟုခေါ်သော ပရဒိသုတွင် နေထိုင်စေသည်။ ထိုဥယျာဉ်တွင် လှပသော၊ အသီးအပွင့်များဝေဆာနေသော အပင်များကို ဘုရားသခင် ပေါက်စေသည်။

ထိုလူသားတွင် အဖော်အဖက်တစ်ဦးရှိလျှင် ကောင်းမည်ကို ဘုရားသခင်သိမြင်တော်မူသည်။ ထို့ကြောင့် ဘုရားသခင်သည် အာဒံ၏နံရိုးတစ်ချောင်းကိုအသုံးပြု၍ မိန်းမတစ်ဦးကို ဖန်ဆင်းပြီး အာဒံရှိရာသို့ ခေါ်ဆောင်လာကာ ဇနီးမယားအဖြစ် ပေးအပ်သည်။ နောက်ပိုင်းတွင် ထိုမိန်းမကို ဧဝဟုအမည်ပေးလိုက်သည်။ အာဒံသည် ဝမ်းသာပီတိဖြစ်ကာ “ယခု ဤသူသည် ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲကအသားဖြစ်၏” ဟု ကဗျာဆန်ဆန်ပြောလေသည်။ ဘုရားသခင်က “ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်” ဟုရှင်းပြတော်မူသည်။—ကမ္ဘာဦး ၂:၂၂-၂၄; ၃:၂၀။

ဘုရားသခင်သည် အာဒံနှင့်ဧဝကို ပညတ်နှစ်ခု ပေးသည်။ ပထမ၊ သူတို့သည် သားသမီးများမွေးဖွားပြီး ကမ္ဘာ့စံအိမ်ကို ပြုစုစောင့်ရှောက်ကာ နောက်ဆုံးတွင် ၎င်းတို့၏မျိုးဆက်များဖြင့် ကမ္ဘာကိုပြည့်နေစေရန် ဖြစ်သည်။ ဒုတိယ၊ သူတို့သည် ထိုဥယျာဉ်ကျယ်ကြီးထဲတွင်ရှိသမျှသောအပင်များအနက် “ကောင်းမကောင်းကိုသိကျွမ်းရာအပင်” ၏အသီးကိုသာ မစားရန်ဖြစ်သည်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) ထိုပညတ်နှစ်ခုကို မနာခံပါက သူတို့သေဆုံးရမည်။ ဘုရားသခင်သည် လူသားမောင်နှံနှစ်ဦးကို ထိုပညတ်နှစ်ခုအားဖြင့် အခွင့်အရေးတစ်ခုပေးသည်၊ ယင်းမှာ ကိုယ်တော့်ကို မိမိတို့အုပ်စိုးရှင်အဖြစ် လက်ခံကြောင်း သူတို့ဖော်ပြခွင့်ရခြင်းဖြစ်သည်။ သူတို့၏နာခံမှုသည် ဘုရားသခင်ကို သူတို့ချစ်မြတ်နိုးကြောင်း၊ ကျေးဇူးသိတတ်ကြောင်းလည်း ဖော်ပြရာရောက်ပေမည်။ သူတို့သည် ကိုယ်တော်၏မေတ္တာပါသောအုပ်ချုပ်မှုကို လက်မခံနိုင်စရာ အကြောင်းမရှိပါ။ စုံလင်သောထိုလူသားနှစ်ဦးသည် အပြစ်အနာအဆာ လုံးဝကင်းရှင်း၏။ “ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကိုကြည့်ရှုလျှင် အလွန်ကောင်းသည်ကိုမြင်တော်မူ . . . ၏” ဟု ကျမ်းစာတွင် ဖော်ပြထားသည်။—ကမ္ဘာဦး ၁:၃၁။

—ကမ္ဘာဦးအခန်းကြီး ၁ နှင့် ၂ ကိုအခြေခံသည်။

  • လူသားများနှင့်ကမ္ဘာမြေကို ဖန်ဆင်းခြင်းအကြောင်း ကျမ်းစာတွင် မည်သို့ဖော်ပြထားသနည်း။

  • လူယောက်ျားနှင့်လူမိန်းမအတွက် အဘယ်အသက်တာမျိုးရနိုင်ရန် ဘုရားသခင် ပြင်ဆင်ပေးသနည်း။

  • ပထမလူသားမောင်နှံအား အဘယ်ပညတ်များကို ဘုရားသခင် ပေးသနည်း။

ဘုရားသခင့်နာမတော်

သမ္မာကျမ်းစာတွင် ဘုရားသခင်ကို ဖန်ဆင်းရှင်၊ တန်ခိုး ကြီးရှင်စသော ဘွဲ့နာမအမျိုးမျိုးဖြင့် ခေါ်ဆိုထားသည်။ အချို့ဘွဲ့နာမများသည် သန့်ရှင်းခြင်း၊ တန်ခိုး၊ တရားမျှတမှု၊ ဉာဏ်ပညာနှင့် မေတ္တာစသော ကိုယ်တော်၏အရည်အသွေးများကို ပေါ်လွင်စေသည်။ သို့သော် ဘုရားသခင်သည် ယေဟောဝါဟူသော တစ်မူထူးခြားသည့်အမည်ဖြင့်လည်း မိမိကိုယ်ကို မှည့်ခေါ်သည်။ ဘုရားသခင်၏ထိုနာမတော်သည် မူရင်းဘာသာစကားဖြင့် ရေးသားထားသည့်ကျမ်းစာတွင် အကြိမ်ပေါင်း ၇,၀၀၀ ခန့်ပါဝင်ပြီး ကမ္ဘာဦး ၂:၄ တွင် ဦးဆုံးအကြိမ်ဖော်ပြထားသည်။ ယေဟောဝါဟူသောအမည်သည် “ကိုယ်တော် ဖြစ်လာစေသည်” ဟုအဓိပ္ပာယ်ရသည်။ ယင်းက ကျွန်ုပ်တို့ကို နှစ်သိမ့်မှုဖြစ်စေ၏၊ အကြောင်းမှာ ဘုရားသခင်သည် မိမိအလိုရှိရာရည်ရွယ်ချက်မှန်သမျှကို ဖြစ်မြောက်အောင်မြင်စေနိုင်ပြီး ပေးထားသောကတိတော်မှန်သမျှကို ပြည့်စုံစေနိုင်သည်ဟု ဆိုလိုသောကြောင့်ဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ