ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gf သင်ခန်းစာ ၁၈ စာ. ၃၀-၃၁
  • ဘုရားသခင်၏မိတ်ဆွေ ထာဝရဖြစ်ပါလေ!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်၏မိတ်ဆွေ ထာဝရဖြစ်ပါလေ!
  • သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
  • ဆင်တူတဲ့ အကြောင်းအရာ
  • လွတ်လပ်သောလူမျိုးဖြစ်သော်လည်း စာရင်းရှင်းရန်ရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ဘုရားပေးလွတ်လပ်မှု၏ရည်ရွယ်ချက်ကို လက်မလွတ်နှင့်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • လွတ်လပ်မှုရဲ့ ဘုရားသခင် ယေဟောဝါကို ဝတ်ပြုပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • စစ်မှန်တဲ့ လွတ်လပ်မှု ရနိုင်တဲ့နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
နောက်ထပ် ကြည့်ပါ
သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
gf သင်ခန်းစာ ၁၈ စာ. ၃၀-၃၁

အခန်း ၁၈

ဘုရားသခင်၏မိတ်ဆွေ ထာဝရဖြစ်ပါလေ!

မိတ်ဆွေဖွဲ့ရန် ကြိုးစားအားထုတ်ရ၏; မိတ်ဆွေမြဲရန် ကြိုးစားအားထုတ်ရ၏။ ဘုရားသခင့်မိတ်ဆွေဖြစ်လာပြီး မိတ်မြဲစေဖို့ သင်၏ကြိုးပမ်းမှုများသည် ကြွယ်ဝစွာကောင်းချီးခံစားရပါလိမ့်မည်။ ယေရှုအားယုံကြည်သူတို့ကို ကိုယ်တော်ကဤသို့မိန့်ဆိုခဲ့သည်– “သမ္မာတရားသည် သင်တို့ကိုလွှတ်လိမ့်မည်။” (ယောဟန် ၈:၃၂) ယင်းက အဘယ်အရာကိုဆိုလိုသနည်း။

ပရဒိသုမှ အမျိုးသားနှစ်ဦး

လွတ်လပ်မှုကို ယခုပင်သင်ခံစားနိုင်။ စာတန်ဖြန့်ထားသည့် မှားယွင်းသောသွန်သင်ချက်များနှင့် မုသာများမှသင်လွတ်မြောက်နိုင်၏။ ယေဟောဝါအားမသိကြသူ သန်းပေါင်းများစွာတို့၏ မျှော်လင့်ချက်ကင်းမဲ့သောအဖြစ်မျိုးမှ သင်လွတ်မြောက်နိုင်သည်။ (ရောမ ၈:၂၂) ဘုရားသခင့်မိတ်ဆွေများသည် “သေဘေးကိုကြောက်” ခြင်းမှပင် လွတ်မြောက်ကြ၏။—ဟေဗြဲ ၂:၁၄၊ ၁၅။

ဘုရားသခင့်ကမ္ဘာသစ်တွင် လွတ်လပ်မှုကိုသင်ခံစားနိုင်။ အနာဂတ်တွင် တကယ့်အံ့သြဖွယ်လွတ်လပ်မှုကို သင်ခံစားရပါမည်တကား! မြေကြီးပရဒိသုပေါ်တွင် စစ်၊ ဖျားနာခြင်းနှင့် ရာဇဝတ်မှုတို့မှ လွတ်မြောက်ကြလိမ့်မည်။ ဆင်းရဲခြင်းနှင့်ငတ်မွတ်ခြင်းမှလွတ်မြောက်မှု၊ အသက်ကြီးရင့်ခြင်းနှင့်သေခြင်းမှ လွတ်မြောက်မှု၊ ကြောက်ရွံ့ခြင်း၊ ဖိနှိပ်ခံရခြင်းနှင့် မတရားမှုမှ လွတ်မြောက်မှုတို့ရှိမည်။ ဘုရားသခင်နှင့်စပ်လျဉ်း၍ ကျမ်းစာကဤသို့ဆိုသည်– “လက်တော်ကိုဖွင့်၍ အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏။”—ဆာလံ ၁၄၅:၁၆။

ဘုရားသခင့်မိတ်ဆွေများ ထာဝစဉ်အသက်ရှင်ကြမည်။ ထာဝရအသက်ဟူသည် ဘုရားသခင်နှင့်မိတ်ဆွေဖွဲ့ရန် ကြိုးပမ်းကြသူအားလုံးကို ကိုယ်တော်ပေးမည့်အဖိုးတန်ဆုကျေးဇူးဖြစ်၏။ (ရောမ ၆:၂၃) အဆုံးမဲ့အသက်သည် သင့်အတွက်အဘယ်အဓိပ္ပာယ်ရှိမည်ကိုသာ စဉ်းစားကြည့်ပါလေ!

အမျိုးသားတစ်ဦးနှင့် မိန်းကလေးတစ်ဦး တိရစ္ဆာန်ကိုကြည့်နေ၊ အမျိုးသမီးတစ်ဦး ပန်းချီဆွဲနေ

အရာများစွာကိုပြုလုပ်ရန် အချိန်ရှိလိမ့်မည်။ သင်သည် တူရိယာတစ်မျိုးမျိုးကိုတီးတတ်ရန် သင်ယူလိုကောင်းသင်ယူလိုပေမည်။ သို့မဟုတ် ပုံဆွဲတတ်ရန် သို့မဟုတ် လက်သမားတစ်ဦးဖြစ်ရန် သင်ယူကောင်းသင်ယူလိုပေမည်။ တိရစ္ဆာန်များ သို့မဟုတ် အပင်များအကြောင်း သင်ယူလိုပေမည်။ သို့မဟုတ်လျှင် ဖြစ်နိုင်သည်မှာ ခရီးထွက်၍ နိုင်ငံနှင့်လူမျိုးအသီးသီးကို သင်တွေ့မြင်လိုပေမည်။ ထာဝရအသက်ရရှိထားခြင်းဖြင့် ဤအရာအားလုံးကို ပြုလုပ်နိုင်မည်တည်း!

လူများစွာနှင့်မိတ်ဖွဲ့ရန် အချိန်ရှိလိမ့်မည်။ ထာဝစဉ်အသက်ရှင်ခြင်းဖြင့် ဘုရားသခင့်မိတ်ဆွေဖြစ်လာသော အခြားသူများစွာကို သိလာနိုင်သည်။ သူတို့၏အစွမ်းအစများနှင့် အရည်အချင်းကောင်းများကို သင်သိလာနိုင်ပြီး သူတို့သည်လည်း သင့်မိတ်ဆွေများဖြစ်ကြမည်။ သူတို့ကိုသင်မေတ္တာရှိ၍ သူတို့ကလည်း သင့်ကိုမေတ္တာရှိလာကြလိမ့်မည်။ (၁ ကောရိန္သု ၁၃:၈) အဆုံးမဲ့အသက်ရရှိထားခြင်းက မြေကြီးပေါ်ရှိသူတိုင်းနှင့် မိတ်ဖွဲ့ဖို့အချိန်ရစေမည်တကား! အကောင်းဆုံးမှာ ယေဟောဝါနှင့်သင်၏မိတ်ဆွေဖြစ်ခြင်းသည် ရာစုနှစ်များကုန်လွန်သည်နှင့် သာ၍ခိုင်မြဲလာပါလိမ့်မည်။ အသင်သည် ဘုရားသခင်၏မိတ်ဆွေထာဝရဖြစ်ပါလေစေ!

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ