ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၁/၁၅ စာ. ၁၆
  • အပင်တွေရဲ့ သင်္ချာစွမ်းရည်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အပင်တွေရဲ့ သင်္ချာစွမ်းရည်
  • နိုးလော့!—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • လက်ရာ—အကြောင်းတရားကား အဘယ်နည်း
    သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
  • ဆင့်ကဲဖြစ်စဉ်—ဒဏ္ဍာရီနှင့် အဖြစ်မှန်
    သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော
နိုးလော့!—၂၀၁၅
န ၁၁/၁၅ စာ. ၁၆
မုန်ညင်းမျိုးဝင် အပင်တစ်မျိုး

ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား

အပင်တွေရဲ့ သင်္ချာစွမ်းရည်

အပင်တွေဟာ အလင်းရောင်ကနေ အစာချက်တဲ့အခါ အလင်းမှီသုံးအစာချက်နည်းကို အသုံးပြုကြတယ်။ အဲဒါက တကယ် ရှုပ်ထွေးတဲ့ဖြစ်စဉ်ပဲ။ အပင်မျိုးစိတ်တချို့ဟာ တစ်ညအတွင်း သင့်လျော်တဲ့နှုန်းနဲ့ အစာပမာဏ ဘယ်လောက် စုပ်ယူမလဲဆိုတာ တွက်ချက်နိုင်စွမ်းရှိတာကို လေ့လာတွေ့ရှိခဲ့ကြတယ်။

သုံးသပ်ကြည့်ပါ– အပင်တွေဟာ နေ့ပိုင်းမှာ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီး ကစီဓာတ်၊ သကြားဓာတ် အဖြစ် ပြောင်းလဲချက်လုပ်ကြတယ်။ အပင်မျိုးစိတ်များစွာဟာ ရှင်သန်ကြီးထွားဖို့ နေ့ပိုင်းမှာ ချက်လုပ်ထားတဲ့ ကစီဓာတ်တွေကို ညပိုင်းမှာ စားသုံးကြတယ်။ ဒါ့အပြင် သိုလှောင်ထားတဲ့ ကစီဓာတ်ကို မမြန်လွန်း၊ မနှေးလွန်းတဲ့ စားသုံးနှုန်းနဲ့ ပုံမှန်စားသုံးတဲ့အတွက် အရုဏ်တက်ချိန်မှာ ၉၅ ရာခိုင်နှုန်းလောက်ကို သုံးစွဲပြီးသားဖြစ်လို့ အစာပြန်ချက်နိုင်တယ်။

အဲဒါတွေက မုန်ညင်းမျိုးဝင် အပင်တစ်မျိုး (Arabidopsis thaliana) ကို လက်တွေ့စမ်းသပ်မှုပြုလုပ်ပြီး ရတဲ့တွေ့ရှိချက်တွေ ဖြစ်တယ်။ အရုဏ်တက်ဖို့ ကျန်ရှိတဲ့နာရီ ၈၊ ၁၂၊ ၁၆ ဖြစ်ပါစေ အဲဒီအတွက် ကျန်ရှိတဲ့အချိန်ပေါ်မူတည်ပြီး အစာဖယ်ထားတာကို သုတေသီတွေ တွေ့ရှိတယ်။ အရုဏ်တက်ချိန်အထိ ကျန်တဲ့ အချိန်ပိုင်းအပေါ်မူတည်ပြီး ဖယ်ထားတဲ့အစာကို သင့်တော်တဲ့နှုန်းနဲ့ သုံးစွဲသွားတယ်။

အပင်တွေဟာ ကစီဓာတ် ဘယ်လောက်ရှိတယ်ဆိုတာ ဘယ်လိုသိလဲ။ အချိန်ကို ဘယ်လို တွက်ချက်သလဲ။ ဘယ်နည်းလမ်းကိုသုံးပြီး တွက်ချက်သလဲ။ အဖြေရဖို့ ထပ်ပြီး ရှာဖွေလေ့လာဖို့ လိုပါလိမ့်မယ်။

သင် ဘယ်လိုထင်ပါသလဲ။ အပင်တွေရဲ့ သင်္ချာစွမ်းရည်ဟာ သူ့အလိုလို ဖြစ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပုံစံပြု ဖန်ဆင်းထားတာလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ