ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၄/၁၅ စာ. ၈-၉
  • ဟွန်ဒူးရပ်စ်သို့ အလည်တစ်ခေါက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဟွန်ဒူးရပ်စ်သို့ အလည်တစ်ခေါက်
  • နိုးလော့!—၂၀၁၅
နိုးလော့!—၂၀၁၅
န ၄/၁၅ စာ. ၈-၉
ဟွန်ဒူးရပ်စ် ကမ်းရိုးတန်း

သူတို့မြေ၊ သူတို့ဓလေ့

ဟွန်ဒူးရပ်စ်သို့ အလည်တစ်ခေါက်

ဟွန်ဒူးရပ်စ်နိုင်ငံပြ မြေပုံ

ဟွန်ဒူးရပ်စ်ဆိုတာဟာ စပိန်လို “ဇောက်နက်တယ်” လို့ အဓိပ္ပာယ်ရတယ်။ အဲဒီနိုင်ငံရဲ့ အတ္တလန္တိတ်သမုဒ္ဒရာ ကမ်းရိုးတန်းတစ်လျှောက်က ရေအတိမ်အနက်နဲ့ပတ်သက်ပြီး ခရစ္စတိုဖာ ကိုလံဘတ်စ် သုံးနှုန်းခဲ့တဲ့ စကားလုံးဖြစ်နိုင်တယ်။ ဒါနဲ့ပဲ ဟွန်ဒူးရပ်စ်ဆိုပြီး နာမည်တွင်ခဲ့တယ်လို့ တချို့က ပြောကြတယ်။

ဟွန်ဒူးရပ်စ်လူမျိုးတွေဟာ မိသားစုအတွင်းသစ္စာရှိမှုနဲ့ ပူးပေါင်းလုပ်ဆောင်မှုကို တန်ဖိုးထားကြတယ်။ ဥပမာ၊ ကလေးတွေရဲ့ ကျောင်းပညာရေး၊ အိမ်အသုံးစရိတ် စတဲ့ အရေးကြီးတဲ့ကိစ္စရပ်တွေကို ဇနီးမောင်နှံနှစ်ယောက်စလုံးက ပူးပေါင်းဆုံးဖြတ်ကြတယ်။

ဟွန်ဒူးရပ်စ်နိုင်ငံသား အများစုဟာ ဒေသခံတိုင်းရင်းသားနဲ့ ဥရောပလူမျိုးကနေ မွေးဖွားလာတဲ့ မက်စတီဇိုလူမျိုးတွေပါ။ ချော်တိလူမျိုးစတဲ့ တိုင်းရင်းသားတချို့တော့ ဆက်ရှိနေပါသေးတယ်။ ဂါရီဖူနာလူမျိုးစတဲ့ တခြားဟွန်ဒူးရပ်စ်လူမျိုးတွေရဲ့ ဘိုးဘေးတွေကိုလည်း ခြေရာကောက်နိုင်ကြတယ်။

ဂါရီဖူနာ ဂီတပညာရှင်တစ်ယောက် ဗုံတီးနေ

ဂါရီဖူနာ ဂီတပညာရှင်တစ်ယောက် ဗုံတီးနေ

ဂါရီဖူနာဆိုတာက စိန့် ဗင်းစဲန့်ကျွန်းမှာနေထိုင်တဲ့ ကရစ်ဘ် အင်ဒီးယန်း-အာဖရိကတိုက်သား ကပြားတွေကို ပြောတာပါ။ သူတို့တွေဟာ အစ်လာ့စ် ဒီ လာ ဘဟီယာ (ဘေ ကျွန်းစု) ကို ၁၇၉၇ ခုနှစ်လောက်မှာ ရောက်လာ ကြတယ်။ နောက်ပိုင်းမှာ အမေရိကတိုက်အလယ်ပိုင်း ကရစ်ဘီယံ ကမ်းရိုးတန်းတစ်လျှောက်မှာ အခြေချနေထိုင်ကြတယ်။ အဲဒီနောက်မှာ ဂါရီဖူနာတွေဟာ မြောက်အမေရိကနဲ့ အမေရိကတိုက်အလယ်ပိုင်း တခြားဒေသတွေမှာလည်း နေထိုင်လာကြတယ်။

ဂါရီဖူနာလူမျိုးတွေဟာ ဗုံတီးပြီး ကခုန်ရတာကို နှစ်သက်ကြတယ်။ သူတို့ရဲ့ယဉ်ကျေးမှုမှာ ပုံပြင်ပြောပြတာတွေ၊ အရောင်တောက်တောက် ရိုးရာဝတ်စုံတွေ၊ ပီလောပီနံနဲ့လုပ်တဲ့ အီရဲဘာလို့ခေါ်တဲ့မုန့်တွေ ပါဝင်တယ်။

ဟွန်ဒူးရပ်စ်နိုင်ငံမှာ ယေဟောဝါသက်သေတွေရဲ့ အသင်းတော် ၄၀၀ လောက်ရှိတယ်။ ဂါရီဖူနာ၊ စပိန်၊ မီစကီတို၊ မန်ဒရင်း တရုတ်၊ ဟွန်ဒူးရပ်စ် လက်သင်္ကေတပြ ဘာသာစကား၊ အင်္ဂလိပ် စတဲ့ ဘာသာစကားတွေနဲ့ အစည်းအဝေးတွေကို ကျင်းပကြတယ်။

အီရဲဘာလို့ ခေါ်တဲ့မုန့်

ပီလောပီနံနဲ့လုပ်ထားတဲ့ အီရဲဘာလို့ ခေါ်တဲ့မုန့်

အချက်အလက်အကျဉ်း

  • လူဦးရေ– ၈,၁၁၁,၀၀၀

  • မြို့တော်– တေဂူဆီဂါလ်ပါမြို့

  • အစိုးရ– ဒီမိုကရက်တစ် ပြည်သူ့သမ္မတ

  • ဘာသာစကား– စပိန်

  • ရာသီဥတု– သမပိုင်းရာသီဥတု၊ တောင်တန်းဒေသတွေမှာ အအေးပို

  • မြေမျက်နှာသွင်ပြင်– နိုင်ငံရဲ့ ၇၅ ရာခိုင်နှုန်းကျော်က တောင်တန်းဒေသဖြစ်၊ ကမ်းရိုးတန်းမြေနိမ့်လွင်ပြင်နဲ့ ကျွန်းတွေလည်းရှိ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ