ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁/၁၅ စာ. ၁၀-၁၁
  • ကော်စတာ ရီကာသို့ အလည်တစ်ခေါက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကော်စတာ ရီကာသို့ အလည်တစ်ခေါက်
  • နိုးလော့!—၂၀၁၅
နိုးလော့!—၂၀၁၅
န ၁/၁၅ စာ. ၁၀-၁၁
ကော်စတာ ရီကာကမ်းခြေကို ဝေဟင်မှမြင်ရပုံ

သူတို့မြေ၊ သူတို့ဓလေ့

ကော်စတာ ရီကာသို့ အလည်တစ်ခေါက်

ကော်စတာ ရီကာ တည်နေရာပြ ကမ္ဘာ့မြေပုံ

လွန်ခဲ့တဲ့နှစ်ပေါင်း ငါးရာလောက်တုန်းက စပိန်လူမျိုးတွေက အဲဒီနေရာကို ဦးဆုံးအကြိမ် ရောက်လာတယ်။ ရွှေရှိနိုင်တယ်လို့ သူတို့ထင်ပြီး အဲဒီနေရာကို ကော်စတာ ရီကာ (ချမ်းသာတဲ့ ကမ်းရိုးတန်း) ဆိုပြီး ခေါ်ကြတယ်။ ဒါပေမဲ့ ရွှေမရှိပါဘူး။ ဒီနေ့အချိန်မှာတော့ အဲဒီနေရာကို အဖိုးတန် သတ္တုသိုက်ရှိတဲ့ နေရာလို့မဟုတ်ဘဲ ကမ္ဘာ့သက်ရှိမျိုးကွဲတွေ အများကြီးရှိတဲ့နေရာလို့ လူသိများတယ်။

ကော်စတာ ရီကာမှာနေတဲ့သူတွေကို တိကို့စ် (Ticos) လို့ ခေါ်ကြတယ်၊ အကြောင်းကတော့ သူတို့တွေစကားပြောတိုင်း စကားလုံးနောက်မှာ “အိကို့” (-ico) ဆိုတဲ့ အသံထွက်ကို ထည့်ထည့်ပြောကြလို့ဖြစ်တယ်။ “မင်္ဂလာပါ၊” “ပြန်တွေ့မယ်” ဒါမှမဟုတ် သဘောတူတယ်၊ ကျေးဇူးတင်တယ်ဆိုပြီး သီးသန့်စကားလုံးတွေကို သုံးမယ့်အစား “ပူရ ဗီဒါ” (စင်ကြယ်တဲ့ဘ၀) ဆိုတဲ့ ဘုံစကားလုံးလေးကိုပဲ သုံးလေ့ရှိတယ်။

မျက်လုံးနီဖားပျံ

ကော်စတာရီကာသစ်တောတွေထဲမှာ သစ်ပင်နဲ့ တိရစ္ဆာန်မျိုးကွဲ အများကြီးရှိ၊ မျက်လုံးနီ ဖားပျံက တစ်ခုအပါအဝင်ဖြစ်

ကော့စတာ ရီကာလူမျိုးတွေ ကြိုက်တတ်တဲ့အစားအစာတစ်မျိုးက ဂါလို ပင်တို (“အပြောက်ပါတဲ့ ကြက်ဖ” လို့ အဓိပ္ပာယ်ရှိ) လို့ခေါ်တဲ့ ဟင်းလျာဖြစ်တယ်၊ ထမင်းနဲ့ပဲကို သတ်သတ်စီချက်ပြီးမှ အမွှေးအကြိုင်တွေထည့်ပြီး ပြန်ရောထားတဲ့ အစားအစာဖြစ်တယ်။ ဂါလို ပင်တို ကို မနက်စာ၊ နေ့လည်စာ၊ ညစာအနေနဲ့ စားသုံးကြတယ်။ ကာဖယ် ချော်ရယ်အာဒို ကို သောက်တဲ့ ထုံးစံရှိတယ်၊ အဲဒါက သစ်သားခုံမှာတပ်ထားတဲ့ ရေစစ်ထဲ ကော်ဖီမှုန့် ထည့်ပြီး ရေနွေးလောင်းချလို့ရလာတဲ့ ကော်ဖီဖြစ်တယ်။

ကော်စတာ ရီကာမှာ ယေဟောဝါသက်သေ အသင်းတော်ပေါင်း ၄၅၀ လောက်ရှိတယ်။ အစည်းအဝေးတွေကို ဘာသာစကားဆယ်မျိုးနဲ့ ကျင်းပတယ်၊ အဲဒီအထဲမှာ ကော်စတာ ရီကာ လက်သင်္ကေတပြဘာသာစကားနဲ့ ကော်စတာ ရီကာ တိုင်းရင်းသားစကား ဘရီဘရီနဲ့ ကာဘီကာ ဘာသာစကားတွေ ပါဝင်တယ်။

သိပါသလား။ ကော်စတာ ရီကာနိုင်ငံမှာ ဧရာမ ကျောက်ဂေါ်လီလုံးကြီး ရာနဲ့ချီ တွေ့ရတယ်။ အကြီးဆုံးက အချင်းရှစ်ပေရှိတယ်။ တချို့ဆိုရင် နှစ် ၁,၄၀၀ ကျော်သက်တမ်းရှိပြီလို့ ခန့်မှန်းကြတယ်။ အဲဒီဂေါ်လီလုံးကြီးတွေကို ဘာကြောင့်လုပ်ထားသလဲဆိုတာ ဘယ်သူမှ မသိကြဘူး။

ကျောက်ဂေါ်လီလုံးကြီးများ

ကျောက်ဂေါ်လီလုံးကြီးများ

အချက်အလက်အကျဉ်း

  • လူဦးရေ– ၄,၈၇၈,၀၀၀

  • မြို့တော်– စန် ဟိုစေး

  • ရုံးသုံးဘာသာစကား– စပိန်

  • မြေမျက်နှာသွင်ပြင်– ကမ်းရိုးတန်း လွင်ပြင်နဲ့ ကုန်းတွင်း တောင်တန်းဒေသ

  • အစိုးရ– ဒီမိုကရက်တစ် ပြည်သူ့သမ္မတ

ဉာဏ်စမ်းမေးခွန်း

ကော်စတာ ရီကာနိုင်ငံနဲ့သက်ဆိုင်တာ ဘာ ဖြစ်မလဲ။

  1. က။ ကမ္ဘာ့အနောက်ဘက်ခြမ်းက စာတတ်မြောက်သူအများဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်

  2. ခ။ စစ်ရေးကျွမ်းကျင်တဲ့ စစ်တပ်ရှိ

  3. ဂ။ ရတနာသိုက် ရှာဖွေသူအဖွဲ့ ၅၀၀ ကျော်ရောက်ခဲ့တဲ့ကျွန်း ရှိ

အဖြေ– က နဲ့ ဂ။ အဖြေ ဂ က ကိုးကို့စ်ကျွန်းကို ပြောတာဖြစ်ပြီး ပြည်မကြီးရဲ့ အနောက်ဘက် မိုင် ၃၅၀ နီးပါးမှာရှိတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ