ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၅/၁၀ စာ. ၅
  • အကူအညီရှာပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အကူအညီရှာပါ
  • နိုးလော့!—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခက်အခဲများအတွက် ကြိုတင်ပြင်ဆင်ပါ
    နိုးလော့!—၂၀၁၀
  • ဆေးလိပ်သောက်တာကို ဘုရား လက်ခံသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • သင်အောင်မြင်နိုင်သည်!
    နိုးလော့!—၂၀၁၀
  • သင့်စိတ်လှုံ့ဆော်မှုကို ပြင်းပြစေပါ
    နိုးလော့!—၂၀၁၀
နိုးလော့!—၂၀၁၀
န ၅/၁၀ စာ. ၅

အကူအညီရှာပါ

“လူတစ်ယောက်သည် တစ်ယောက်ကိုနိုင်လျှင် ထိုလူကို နှစ်ယောက်ဆီးတားနိုင်၏။” —ဒေ. ၄:၁၂။

အခြားသူများ၏အားပေးထောက်မမှုကို ကျွန်ုပ်တို့ရရှိသောအခါ ရန်သူသည် မည်သူ သို့မဟုတ် မည်သည့်အရာပင်ဖြစ်ပါစေ ထိုရန်သူကိုဆန့်ကျင်ခုခံရာတွင် ပို၍အနိုင်ရနိုင်စရာအကြောင်းရှိသည်။ ထို့ကြောင့် သင်သည် ဆေးလိပ်သောက်သည့်အကျင့်ကို အနိုင်ယူလိုပါက သင့်မိသားစုနှင့် မိတ်ဆွေများ သို့မဟုတ် အမှန်တကယ်ထောက်မနိုင်ပြီး စိတ်ရှည်မည့်သူတစ်ဦးဦး၏အကူအညီကိုရှာယူခြင်းသည် ပညာရှိရာကျပေမည်။

မိမိတို့ဘာသာ ဆေးလိပ်ဖြတ်ခဲ့ကြသူတို့ကိုရှာရန်စဉ်းစားပါ၊ သူတို့သည် သင့်ကို ကိုယ်ချင်းစာပေးနိုင်ရုံသာမက အကူအညီလည်းပေးနိုင်သောကြောင့်ဖြစ်သည်။ ဒိန်းမတ်နိုင်ငံရှိခရစ်ယာန်တစ်ဦးဖြစ်သူ တော်ဘန်ကဤသို့ပြောသည်– “တခြားသူတွေရဲ့ထောက်မပေးမှုဟာ ကျွန်တော့်အတွက် တန်ဖိုးဖြတ်မရဘူး။” အိန္ဒိယတွင်နေထိုင်သူ အေဗရန်ဟမ်က ဤသို့ရေးသည်– “ကျွန်တော့်မိသားစုနဲ့ခရစ်ယာန်ချင်းတွေပြသတဲ့ စစ်မှန်တဲ့မေတ္တာက ဆေးလိပ်ဖြတ်ဖို့ အကူအညီဖြစ်စေခဲ့တယ်။” သို့သော် မိသားစုနှင့် မိတ်ဆွေများ၏ထောက်မမှုပင်လျှင် တစ်ခါတစ်ရံမလုံလောက်ပါ။

“ကျွန်တော်ဆေးလိပ်သောက်ခဲ့တာ ၂၇ နှစ်ရှိပြီ၊ ဒါပေမဲ့ မသန့်ရှင်းတဲ့အကျင့်တွေအကြောင်း ကျမ်းစာပြောရာတွေကို သင်ယူရတဲ့အတွက် ဆေးလိပ်ဖြတ်ဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။ ဆေးလိပ်သောက်တာလျှော့ဖို့ ကျွန်တော်ကြိုးစားခဲ့တယ်။ အရင်တုန်းကအပေါင်းအသင်းတွေနဲ့မပေါင်းတော့ဘူး။ ကျွမ်းကျင်သူတွေရဲ့ လမ်းညွှန်မှုရယူတယ်။ ဒါပေမဲ့ ဘာတစ်ခုမှ အလုပ်မဖြစ်ခဲ့ဘူး။ နောက်ဆုံးတော့၊ တစ်ညမှာ ယေဟောဝါဘုရားသခင်ဆီ ရင်ဖွင့်ဆုတောင်းပြီး ဆေးလိပ်ဖြတ်နိုင်အောင်ကူညီပေးပါလို့ အသနားခံခဲ့တယ်။ အဲဒီနောက် ကျွန်တော် အောင်မြင်သွားခဲ့တယ်” ဟု ဘက်ဝန်ဒက်စ်အမည်ရှိ အမျိုးသားတစ်ဦးပြောသည်။

နောက်ထပ်ပြုလုပ်ရမည့်အရေးကြီးသည့်အရာမှာ သင်ရင်ဆိုင်ရဖွယ်ရှိသည့် အခက်အခဲများအတွက် ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်။ ယင်းတို့ကားအဘယ်နည်း။ နောက်ဆောင်းပါးက ရှင်းပြပါလိမ့်မည်။

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]

ဆေးဝါးများကို အသုံးပြုသင့်သလော

နီကိုတင်းအစားထိုးဆေးဝါးများကဲ့သို့သော ဆေးလိပ်ဖြတ်သူများကို အကူအညီဖြစ်စေသည့်ဆေးဝါးများသည် ဒေါ်လာသန်းပေါင်းများစွာကုန်ကျသောလုပ်ငန်းစုကြီးတစ်ခုဖြစ်လာနေပြီ။ ဆေးဝါးသုံးစွဲရန် သင်မဆုံးဖြတ်မီ အောက်ပါမေးခွန်းများကို သုံးသပ်ပါ–

အကျိုးကျေးဇူးများကားအဘယ်နည်း။ ကုသနည်းများစွာသည် သုံးစွဲခြင်းကို ရပ်လိုက်သောအခါ ဖြစ်ပေါ်လာသောဖျားနာမှုများဖြစ်သည့်ဆေးပြတ်လက္ခဏာများကို လျော့နည်းစေခြင်းဖြင့် ဆေးလိပ်ဖြတ်နိုင်ရန်အကြောင်းပိုများစေသည်ဟုဆိုကြသည်။ သို့သော် ယင်းဆေးဝါးများ၏ ရေရှည်ထိရောက်မှုနှင့်ပတ်သက်၍ ငြင်းခုံမှုတချို့ရှိနေသည်။

အန္တရာယ်များကားအဘယ်နည်း။ အချို့ဆေးဝါးများသည် အော့အန်ခြင်း၊ စိတ်ကျခြင်းနှင့် ကိုယ့်ကိုယ်သတ်သေရန်ကြံစည်ခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ဖွယ်ရှိသည်။ နီကိုတင်းအစားထိုးကုသနည်းများသည် နောက်ဆေးဝါးပုံစံတစ်မျိုးပေးခြင်းသာဖြစ်ပြီး ယင်းကြောင့် ကျန်းမာရေးထိခိုက်စေကြောင်းကိုလည်း စိတ်စွဲမှတ်ထားပါ။ ထို့ကြောင့် အဖြစ်မှန်မှာ ယင်းဆေးဝါးများကိုသုံးစွဲသူသည် ဆေးစွဲသည့်အခြေအနေတွင်ရှိနေဆဲဖြစ်သည်။

အဘယ်ရွေးချယ်စရာများရှိသနည်း။ လေ့လာမှုတစ်ခုတွင် အောင်မြင်စွာဆေးလိပ်ဖြတ်နိုင်သူ ၈၈ ရာခိုင်နှုန်းသည် ဆေးဝါးအကူအညီမပါဘဲ ဆေးလိပ်ကို ချက်ချင်းဖြတ်ခဲ့ကြကြောင်းဆိုခဲ့ ကြသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ