ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၀/၀၉ စာ. ၉
  • လျှို့ဝှက်ချက် ၇– ခိုင်ခံ့သောအုတ်မြစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လျှို့ဝှက်ချက် ၇– ခိုင်ခံ့သောအုတ်မြစ်
  • နိုးလော့!—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်ဟူ၍ ရှိပါသလော
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • အိမ်ထောင်ရေး ပြိုကွဲမှု—ကွာရှင်းခြင်းက ဆယ်ကျော်သက်များကို ထိခိုက်စေနိုင်ပုံ
    နိုးလော့!—၂၀၀၉
  • အိမ်ထောင်ရေးအကြောင်း ကျမ်းစာ ဘာပြောသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • အိမ်ထောင်ပြိုကွဲမှတ်သို့ရောက်သော်
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၉
န ၁၀/၀၉ စာ. ၉

လျှို့ဝှက်ချက် ၇– ခိုင်ခံ့သောအုတ်မြစ်

ဆိုလိုသည့်အရာ။ အိမ်တစ်လုံးသည် ၎င်းဘာသာ၎င်း ဆယ်စုနှစ်များစွာကြာသည့်အထိ တာရှည်မခံနိုင်သကဲ့သို့ ကြံ့ခိုင်သန်စွမ်းသော မိသားစုများသည်လည်း အလိုအလျောက် ကြံ့ကြံ့ခံ ရပ်တည်နိုင်ခြင်းမဟုတ်ပါ။ တောင့်တင်းခိုင်မာသော အဆောက်အအုံတစ်ခုသည် ခိုင်ခံ့သောအုတ်မြစ်လိုသည့်နည်းတူ ကြံ့ခိုင်သန်စွမ်းသော မိသားစုတစ်ခုအတွက်လည်း အလားတူပင်။ အောင်မြင်သောမိသားစုများသည် အကျိုးဖြစ်ထွန်းသော လမ်းညွှန်မှုရင်းမြစ်တစ်ခုအပေါ်အခြေခံ၍ တည်ဆောက်ထားကြသည်။

အရေးကြီးရသည့်အကြောင်းရင်း။ စာအုပ်များ၊ မဂ္ဂဇင်းများနှင့် တီဗွီအစီအစဉ်များတွင် မိသားစုဘ၀နှင့်ပတ်သက်သော အကြံဉာဏ်အမြောက်အမြားပါရှိသည်။ အိမ်ထောင်ရေးအကြံပေးပုဂ္ဂိုလ်အချို့သည် ပြဿနာကြုံနေသောမောင်နှံစုံတို့ကို အတူဆက်နေရန်တိုက်တွန်းကြသော်လည်း အခြားသူများမှာမူ ကွာရှင်းရန်တိုက်တွန်းပေမည်။ ကျွမ်းကျင်ပညာရှင်များပင် ယင်းကိစ္စနှင့်ပတ်သက်၍ ၎င်းတို့၏သဘောထားပြောင်းလဲသွားကြသည်။ ဥပမာ၊ ၁၉၉၄ ခုနှစ်တွင် မြီးကောင်ပေါက်တို့၏ပြဿနာများကို အထူးပြုလေ့လာသော ကျော်ကြားသည့်ပညာရှင်တစ်ဦးက “မသာယာသောအိမ်ထောင်ရှိ မိဘတို့နှင့်နေသည်ထက် ပျော်ရွှင်သော ကြင်ဖော်မဲ့မိဘတစ်ဦးနှင့်အတူနေရသည်က ကလေးများအတွက် ပိုကောင်းသည်။ မသာယာသောအိမ်ထောင်ရေးတွင် ရန်ဖြစ်နေသည်ထက် ကွာရှင်းရန် ရွေးချယ်လိုက်ခြင်းက ပိုကောင်းကြောင်း ကျွန်မထင်ခဲ့သည်” ဟု သူ့ယူဆချက်ကို ၎င်း၏လုပ်သက်အစောပိုင်းတွင် ရေးသားခဲ့သည်။ သို့သော် ဆယ်စုနှစ် နှစ်ခုကြာပြီးနောက် သူ့သဘောထားပြောင်းသွားသည်။ “ကွာရှင်းခြင်းက သားသမီးများကို ယူကျုံးမရဖြစ်စေသည်” ဟုသူဖော်ပြခဲ့သည်။

သဘောထားများသည် ပြောင်းလဲနိုင်သော်လည်း အကောင်းဆုံးအကြံဉာဏ်ကို ဘုရားသခင့်တရားစကားတော်သမ္မာကျမ်းစာပါမူများတွင် အမြဲတွေ့ရှိနိုင်ပါသည်။ ဤအခန်းဆက်ဆောင်းပါးကိုဖတ်သည့်အခါ စာမျက်နှာ ၃ မှ ၈ ၏ထိပ်ရှိကျမ်းစာမူများကို သင်သတိပြုမိပေမည်။ ယင်းမူများသည် မိသားစုများစွာကို စစ်မှန်သောအောင်မြင်မှုရရှိရန် အထောက်ကူပြုခဲ့သည်။ အခြားမိသားစုအားလုံးနည်းတူ သူတို့တွင်လည်းပြဿနာများရှိကြသည်။ ခြားနားချက်မှာ သမ္မာကျမ်းစာသည် အိမ်ထောင်ရေးနှင့်မိသားစုဘဝကို ခိုင်ခံ့သောအုတ်မြစ်တစ်ခုချနိုင်ရန် သူတို့ကိုထောက်ပံ့ပေးခဲ့သည်။ သမ္မာကျမ်းစာ၏အာဘော်ရှင်မှာ မိသားစုကိုအစပြုသော ယေဟောဝါဘုရားသခင်ဖြစ်သောကြောင့် ကျမ်းစာသည် မှန်ကန်ကြောင်း ယုံကြည်စိတ်ချနိုင်ပေသည်။—၂ တိမောသေ ၃:၁၆၊ ၁၇။

ဤအရာကိုကြိုးစားကြည့်ပါ။ စာမျက်နှာ ၃ မှ ၈ ၏ထိပ်တွင်ကိုးကားထားသော ကျမ်းချက်များကို စာရင်းပြုစုပါ။ သင့်အားအထောက်အကူပြုသော အခြားမည်သည့်ကျမ်းချက်ကိုမဆို ထပ်ဖြည့်ပါ။ ဤစာရင်းကိုအသင့်ဆောင်ထားပြီး မကြာခဏပြန်ကိုးကားပါ။

သန္နိဋ္ဌာန်ချထားပါ။ သင့် မိသားစုဘ၀တွင် ကျမ်းစာမူများကိုလက်တွေ့ကျင့်သုံးရန် ဆုံးဖြတ်ပါ။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

သင့်မိသားစုသည် ကျမ်းဆိုင်ရာခိုင်ခံ့သောအုတ်မြစ်ဖြင့် မုန်တိုင်းကဲ့သို့သော ဖိအားများကို ကြံ့ကြံ့ခံနိုင်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ