ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၈/၀၉ စာ. ၂၄
  • ‘ယေဟောဝါပဲဖွင့်နိုင်တဲ့ အံဆွဲတစ်ခု’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘ယေဟောဝါပဲဖွင့်နိုင်တဲ့ အံဆွဲတစ်ခု’
  • နိုးလော့!—၂၀၀၉
နိုးလော့!—၂၀၀၉
န ၈/၀၉ စာ. ၂၄

‘ယေဟောဝါပဲဖွင့်နိုင်တဲ့ အံဆွဲတစ်ခု’

◼ ၂၀၀၇ ခုနှစ်တွင် ခြောက်နှစ်အရွယ် အေရီကာနှင့် လေးနှစ်အရွယ် မတ်တီအာတို့သည် သူတို့၏ဖခင်အား သေခြင်းတွင် ဆုံးရှုံးခဲ့ရသည်။ သို့သော်၊ ကလေးများ၏ဝမ်းနည်းမှုသည် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကြောင့် သက်သာရာရခဲ့ကြသည်။—တမန်တော် ၂၄:၁၅။

အေရီကာသည် အခြားသူများအား မိမိ၏ကျမ်းစာအခြေပြု မျှော်လင့်ချက်ကို ဝေမျှလိုသည်၊ အထူးသဖြင့် စစ္စလီကျွန်းရှိ သူ၏ကျောင်းတွင်ဖြစ်သည်။ ဥပမာ၊ သူ့သူငယ်ချင်း ဘေအာထရီချာက အေရီကာ၏ဖခင်မှာ ယခုအချိန်တွင် ကောင်းကင်၌ရှိနေကြောင်းပြောရာ အေရီကာက ကျမ်းစာတွင် ထိုသို့မပြောထားကြောင်း ကြင်နာစွာ ပြန်ပြောပြသည်။ “ဒါဆို အခု သူဘယ်မှာလဲ” ဟု ဘေအာထရီချာက မေးသည်။

“သင်္ချိုင်းမှာ” ဟုအေရီကာက ပြန်ဖြေသည်။ ထိုအခါ ဘေအာ ထရီချာသည် သင်္ချိုင်းမှာ အဘယ်အရာဖြစ်ကြောင်း သိချင်ခဲ့သည်။

“အဲဒါဟာ ဖွင့်လို့၊ ပိတ်လို့ရတဲ့ အံဆွဲတစ်ခုနဲ့တူတယ်။ ဒါပေမဲ့ အဲဒီအံဆွဲပိတ်သွားပြီဆိုရင် နင်ဖွင့်လို့ရမှာမဟုတ်ဘူး။ ကမ္ဘာသစ်လာတဲ့အခါကျမှ ယေဟောဝါပဲ ဖွင့်ပေးနိုင်တယ်” ဟု အေရီကာကရှင်းပြသည်။

ထို့နောက် အေရီကာက ယေဟောဝါဟူသည် ဘုရားသခင်၏နာမတော်ဖြစ်ကြောင်း၊ ကိုယ်တော်သည် ကမ္ဘာမြေကြီးကို သာယာလှပသောနေရာတစ်ခုဖြစ်အောင် ပြန်လုပ်ပေးမည်ဖြစ်ကြောင်း၊ ထိုအချိန်တွင် ဖျားနာမှုရှိတော့မည်မဟုတ်ကြောင်းနှင့် လူသေများ အသက်ပြန်ရှင်လာကြမည်ဖြစ်ကြောင်း သူ့သူငယ်ချင်းအား ရှင်းပြခဲ့သည်။ ယင်းနောက် အေရီကာသည် ထိုအကြောင်းအရာများ ဆွေးနွေးထားသည့် စာအုပ်တစ်အုပ်ကို လက်ဆောင်အနေနှင့်ရယူရန် ဘေအာထရီချာ၏မိခင် ခွင့်ပြုပါမည်လောဆိုသည်ကိုသိရန် ဘေအာထရီချာအား မေးကြည့်စေသည်။

ဘေအာထရီချာ၏မိခင် ခွင့်ပြုကြောင်းသေချာသောအခါ အေရီကာသည် သူ့သူငယ်ချင်းအား ကြီးမြတ်သောဆရာထံမှသင်ယူလော့ စာအုပ်ကို လက်ဆောင်ပေးခဲ့သည်။ အေရီကာသည် ကျမ်းစာမှ သူသင်ယူသိရှိထားသည့် အကြောင်းအရာများကို အခြားသူများအား ဆက်လက်ဝေမျှနေပြီး သူ့ဆရာမကိုပင် အထက်ဖော်ပြပါစာအုပ် ဝေငှခဲ့သည်။

အေရီကာနှင့် သူ့မောင်လေးသည် ၎င်းတို့၏ဖခင်အား သေခြင်းတွင်ဆုံးရှုံးခဲ့ရသည့်အတွက် ဝမ်းနည်းသည့်အခိုက်အတန့်များ ရှိနေဆဲပင်။ သို့သော် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်က သူတို့အား စိတ်သက်သာစေသည်။ ထိုကလေးများသည် ကမ္ဘာတစ်ဝန်းမှအခြားသူများနည်းတူ စစ်မှန်သောနှစ်သိမ့်မှု၏ဘုရားသခင် ယေဟောဝါကို ကျေးဇူးတင်ကြသည်။—မဿဲ ၂၁:၁၆; ၂ ကောရိန္သု ၁:၃၊ ၄။

သင်သည် ဤမဂ္ဂဇင်းအရွယ်အစားရှိ လှပစွာသရုပ်ဖော်ထားသော စာမျက်နှာ ၂၅၆-မျက်နှာရှိ စာအုပ်တစ်အုပ်ကို မှာယူနိုင်ပါသည်။ ပူးတွဲပါကူပွန်ကိုဖြည့်၍ ဖော်ပြထားသောလိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏ စာမျက်နှာ ၅ ပါသင့်လျော်ရာလိပ်စာသို့ စာတိုက်မှပေးပို့ရုံသာဖြစ်သည်။

□ ဤတွင်ဖော်ပြထားသောစာအုပ်ကို မေတ္တာလက်ဆောင်ရလိုပါသည်။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု ပြုလိုပါသဖြင့် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ