ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၈/၀၇ စာ. ၄
  • မေတ္တာရိပ်မြုံဖြစ်စေပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေတ္တာရိပ်မြုံဖြစ်စေပါ
  • နိုးလော့!—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိဘတို့၊ ယေဟောဝါကို ချစ်လာအောင် သားသမီးတွေကို လေ့ကျင့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • “သားသမီးတွေဟာ ယေဟောဝါပေးတဲ့ အမွေပဲ”
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၆
  • ဝိညာဉ်ရေးခိုင်ခံ့သောမိသားစု တည်ဆောက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • မေတ္တာစစ်မွေးမြူနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၇
န ၈/၀၇ စာ. ၄

အဆင့် ၂

မေတ္တာရိပ်မြုံဖြစ်စေပါ

ယင်းသို့ပြုရန် အဘယ်ကြောင့် အရေးကြီးသနည်း။ သားသမီးများသည် မေတ္တာလိုအပ်ပြီး ယင်းမေတ္တာမရလျှင် မရှင်သန်နိုင်ကြချေ။ ၁၉၅၀ ပြည့်လွန်နှစ်များက မနုဿဗေဒပညာရှင် အက်ရှ်လေမွန်တဂူက ဤသို့ရေးသားခဲ့သည်– “လူသားတစ်ဦး ဖွံ့ဖြိုးကြီးထွားရန် အလိုအပ်ဆုံးအရာမှာ မေတ္တာဖြင့် ကျွေးမွေးပြုစုခံရခြင်းဖြစ်သည်။ လူသားအားလုံးနီးပါး၏ကျန်းမာရေးသည် မေတ္တာခံစားရခြင်းတွင် အရင်းခံ၏၊ အထူးသဖြင့် ဘဝအစပိုင်း ခြောက်နှစ်အတွင်းတွင်ဖြစ်သည်။” “သားသမီးများသည် မေတ္တာကို လုံလောက်စွာမခံစားရသောအခါ အကြီးအကျယ် ထိခိုက်ပျက်စီးရလေသည်” ဟူသော မွန်တဂူ၏ကောက်ချက်ကို ခေတ်သစ်သုတေသီများက သဘောတူကြသည်။

အဘယ်အရာက ခက်ခဲစေသနည်း– မေတ္တာခေါင်းပါး၍ တစ်ကိုယ်ကောင်းဆန်သော ဤလောကတွင် အသက်ရှင်နေထိုင်ရခြင်းက မိသားစုနှောင်ကြိုးကို ထိခိုက်စေသည်။ (၂ တိမောသေ ၃:၁-၅) သားသမီးပြုစုပျိုးထောင်ရေးအတွက် ငွေကြေးနှင့် စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်များက လက်ရှိအိမ်ထောင်ရေးပြဿနာများကို ကြီးထွားစေကြောင်း အိမ်ထောင်သည်မောင်နှံများ တွေ့ရှိကြပေမည်။ ဥပမာ၊ သားသမီးများကို မည်သို့ဆုံးမကာ ဆုချမည်နှင့်ပတ်သက်၍ အိမ်ထောင်သည်မောင်နှံစုံအကြား ကွဲလွဲသောယူဆချက်က ဆက်ဆံရေးမပြေပြစ်သော လူနှစ်ဦး၏အခြေအနေကို ပို၍တင်းမာစေပေမည်။

အဘယ်အရာက ကူညီပေးနိုင်သနည်း– မိသားစုလိုက် မှန်မှန်တွေ့ဆုံရန် အစီအစဉ်ဆွဲပါ။ အိမ်ထောင်သည်မောင်နှံများသည် မိမိတို့ချည်း အတူတကွရှိနေရန်လည်း ကြိုတင်စီစဉ်ထားဖို့လို၏။ (အာမုတ် ၃:၃) သားသမီးများ အိပ်ရာဝင်ပြီးနောက် အချိန်ကို ပညာရှိရှိအသုံးပြုပါ။ အဆိုပါတန်ဖိုးရှိအချိန်ကို တီဗွီကြောင့် အဆုံးရှုံးမခံလိုက်ပါနှင့်။ သင့်အိမ်ထောင်တွင် တစ်ဦးကိုတစ်ဦး ချစ်ခင်တွယ်တာကြောင်း စကားအားဖြင့်ဖြစ်စေ၊ အထူးသဖြင့် အပြုအမူအားဖြင့်ဖြစ်စေ မှန်မှန်ဖော်ပြပါ။ (သု. ၂၅:၁၁; ရှောလမုန်သီချင်း ၄:၇-၁၀) မိမိ၏အိမ်ထောင်ဖက်ကို တစ်ချိန်လုံး “အပြစ်” ရှာနေမည့်အစား ချီးမွမ်းရန်အခွင့်အရေးများ နေ့စဉ်ရှာယူပါလေ။—ဆာလံ ၁၀၃:၉၊ ၁၀; သု. ၃၁:၂၈။

သားသမီးများကို ချစ်မြတ်နိုးကြောင်း ပြောပါ။ ယေဟောဝါဘုရားသခင်သည် မိမိသားတော်ယေရှုကို ချစ်ခင်မြတ်နိုးကြောင်း ပွင့်ပွင့်လင်းလင်း ဖော်ပြခဲ့ခြင်းက မိဘများအတွက် စံနမူနာပင်။ (မဿဲ ၃:၁၇; ၁၇:၅) ဩစတြီးယားနိုင်ငံတွင်နေထိုင်သော ဖခင်တစ်ဦးဖြစ်သူ ဖလက်ခ်က ဤသို့ဆို၏– “သားသမီးတွေဟာ ပန်းကလေးတချို့နဲ့ တော်တော်လေးတူတယ်ဆိုတာ ကျွန်တော်သိလိုက်ရတယ်။ အဲဒီပန်းပင်လေးတွေဟာ အလင်းရောင်နဲ့ အနွေးဓာတ်ရဖို့ နေဘက်ကိုလှည့်ပေးရသလိုပဲ သားသမီးတွေကလည်း သူတို့ဟာ အဖိုးထိုက်တဲ့မိသားစုဝင်တွေဖြစ်တယ်ဆိုတဲ့ ယုံကြည်စိတ်ချမှုနဲ့ မေတ္တာကို မိဘတွေဆီကရဖို့ မျှော်လင့်ကြတယ်။”

သင်သည် အိမ်ထောင်သည်ဖြစ်စေ၊ ကြင်ဖော်မဲ့မိဘဖြစ်စေ သင့်မိသားစုအတွင်း အချင်းချင်းကိုချစ်ရန်နှင့် ဘုရားသခင်ကိုချစ်ရန် ကူညီပေးမည်ဆိုလျှင် သင်၏မိသားစုဘဝသည် တိုးတက်လာပါလိမ့်မည်။

သို့ဆိုလျှင် မိဘအခွင့်အာဏာကို အသုံးပြုခြင်းနှင့်ပတ်သက်၍ကော ဘုရားသခင့်နှုတ်မြွက်စကားတော်က အဘယ်သို့ဆိုသနည်း။

[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]

“မေတ္တာသည် . . . လုံးဝစည်းလုံး ညီညွတ်စေသတည်း။”—ကောလောသဲ ၃:၁၄၊ ခမ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ