ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၅ ၁၂/၈ စာ. ၂၀
  • ကျွန်ုပ်တို့၏ စာရှုသူများထံမှ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့၏ စာရှုသူများထံမှ
  • နိုးလော့!—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့၏ စာရှုသူများထံမှ
    နိုးလော့!—၂၀၀၄
နိုးလော့!—၂၀၀၅
န၀၅ ၁၂/၈ စာ. ၂၀

ကျွန်ုပ်တို့၏ စာရှုသူများထံမှ

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်း “ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မှု—ကမ္ဘာချီ ကြေကွဲဖွယ်ဖြစ်ရပ်ဆိုး” အခန်းဆက်ဆောင်းပါးတွေက ကျွန်မရဲ့နှလုံးကိုထိမိခဲ့တယ်။ (၂၀၀၅၊ မေ ၈) ကျွန်မ ၁၆ နှစ်အရွယ်မှာ ကိုယ်ဝန်ရှိခဲ့တယ်။ မိခင်ဖြစ်သူ ကို အထောက်အကူပေးခြင်းရဲ့ အရေးကြီးမှုနဲ့ ဘာအပြစ်မှမရှိတဲ့ကလေးကို ယေဟောဝါ ဂရုစိုက်တယ်ဆိုတဲ့အကြောင်း သင်တို့အလေးပေးဖော်ပြခဲ့တာကို ကျွန်မတန်ဖိုးထားတယ်။ ဒီလိုမျိုး နှစ်သက်စရာကောင်းတဲ့ ဆောင်းပါးအတွက် ကျေးဇူးတင်ပါတယ်။

အမ်. အာရ်.၊ အမေရိကန်နိုင်ငံ

အဲ့ဒီနိုးလော့!ကို အနီးအနားကဆေးခန်းရဲ့ သားဖွားဆရာမကြီးကို ကျွန်မဝေငှခဲ့တယ်။ ဆေးခန်းမှာ အရင်ကမဖြစ်ဖူးတဲ့ ၁၄၊ ၁၅ နှစ်အရွယ် မိန်းကလေးတွေ ကလေးမွေးနေကြတဲ့အကြောင်း သူပြောပြတယ်။ အဲ့ဒီမဂ္ဂဇင်းအစောင် ၂၀ ကို မြီးကောင်ပေါက်အရွယ်တွေနဲ့ သူတို့ရဲ့မိဘတွေကို သူပေးချင်လို့ ချက်ချင်းရနိုင်မလားလို့ တောင်းဆိုခဲ့တယ်။

အိုင်.အာရ်.၊ ဘီနင်နိုင်ငံ

ကျွန်မအသက် ၁၇ နှစ်ပြည့်ဖို့ တစ်လအလိုမှာ ကိုယ်ဝန်ရှိနေမှန်း သိလိုက်ရတယ်။ မိဘတွေကို ဖွင့်ပြောရတာ တကယ့်ကိုခက်ပြီး ဝမ်းနည်းကြေကွဲစရာအဖြစ်ဆုံးပါပဲ။ လူငယ်တွေ ဒီဆောင်းပါးကိုဖတ်ပြီး ဒီကိစ္စကိုအလေးအနက်ထားကြမယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ ကျွန်မ ဒီလိုအဖြစ်မျိုးကြုံရလိမ့်မယ်လို့ တစ်ခါမှမထင်မိခဲ့ဘူး။

ဒီ.စီ.၊ အမေရိကန်နိုင်ငံ

အသက် ၁၇ နှစ်အရွယ်မှာ ကျွန်မမိခင်တစ်ယောက် ဖြစ်ခဲ့ရတယ်။ ဒါနဲ့ အိမ်ထောင်ပြုလိုက်ရတယ်၊ မကြာခင်မှာဘဲ ပြန်ကွဲသွားကြတယ်။ အကျိုးဆက်တွေကိုမသိဘဲ မဆင်မခြင် လိင်ဆက်ဆံမိခဲ့တဲ့အတွက် အဲဒီနှစ်တွေမှာ ကျွန်မပြီးမြောက်အောင်မြင်နိုင်မယ့် အခွင့်အရေးတွေအများကြီး လက်လွတ်ဆုံးရှုံးလိုက်ရတာကို စဉ်းစားမိရင် စိတ်နာစရာပဲ။ လူငယ်တွေ ဒီလိုအမှားမျိုး မလုပ်မိကြဖို့ ကျွန်မအမြဲအကြံပေးတယ်။ အဲ့ဒီဆောင်းပါးအတွက် တကယ်ကျေးဇူးတင်ပါတယ်။

အန်.စီ.၊ ဟွန်ဒူးရပ်စ်နိုင်ငံ

“ယေဟောဝါ၊ ကိုယ်တော် ကျွန်မကိုတွေ့တော်မူပြီ!” ကျွန်မအသက် ၁၅ နှစ်ပါ၊ “ယေဟောဝါ၊ ကိုယ်တော် ကျွန်မကိုတွေ့တော်မူပြီ” (အောက်တိုဘာ ၈၊ ၂၀၀၄၊ [လိပ်]) ဆိုတဲ့ဆောင်းပါးကို ကျွန်မအရမ်းနှစ်သက်တယ်။ နယ်လီရဲ့တွေ့ကြုံမှုက ယာကုပ် ၄:၈ မှာပါတဲ့ “ဘုရားသခင်၌ချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ချဉ်းကပ်တော်မူလိမ့်မည်” ဆိုတဲ့စကားတွေကို ပိုပြီးအပြည့်အဝသဘောပေါက်စေဖို့ ကျွန်မကို အကူအညီပေးခဲ့တယ်။ ယုံကြည်ခြင်းခိုင်ခံ့စေတဲ့ ဆောင်းပါးအတွက် ကျေးဇူးတင်ပါတယ်!

ကေ.ပီ.၊ အမေရိကန်နိုင်ငံ

နယ်လီလဲန်ဇ်ရဲ့တွေ့ကြုံမှုက ယေဟောဝါဟာ မေတ္တာရှင်ဘုရားသခင်ဖြစ်ပြီး ကျွန်မတို့သာ ကိုယ်တော်ကိုဆက်ရှာမယ်ဆိုရင် ကိုယ်တော်အတွေ့ခံမယ်ဆိုတာကို ယုံကြည်စိတ်ချစေတယ်။

အမ်.ကေ.၊ ဂျပန်နိုင်ငံ

ယေဟောဝါရဲ့သိုးတွေအားလုံး ဘယ်နေရာမှာပဲရှိပါစေ သူတို့ဟာ ကိုယ်တော့်အတွက် အရမ်းတန်ဖိုးရှိတဲ့အပြင် သူတို့ကို ကိုယ်တော်သတိရပြီး သူတို့တစ်ယောက်စီကို ထောက်မပေးလိမ့်မယ်ဆိုတာ ဒီလိုဆောင်းပါးတွေကတစ်ဆင့် ယုံကြည်စိတ်ချစေတဲ့အတွက် နှစ်သိမ့်မှုခံစားရတယ်။

ဂျေ.ဂျီ.၊ ကနေဒါနိုင်ငံ

ဒီဆောင်းပါးကိုဖတ်ပြီး ကျွန်မမျက်ရည်ကျခဲ့တယ်။ ကျွန်မမိဘတွေက ယေဟောဝါသက်သေတွေ မဟုတ်ကြဘူး၊ ကျွန်မကိုအတိုက်အခံလုပ်ခဲ့ကြတယ်။ နယ်လီဟာ ယေဟောဝါအမှုတော်ဆောင်ဖို့ သူ့ရဲ့ဆုံးဖြတ်ချက်အတိုင်း စွဲစွဲမြဲမြဲရပ်တည်ခဲ့တဲ့အတွက် ကျွန်မဝမ်းသာတယ်။

ကေ.ဂျေ.၊ ဂျမေကာနိုင်ငံ

ကျွန်မအသက် ၁၂ နှစ်ပါ။ အိမ်မှာပြဿနာတွေ ဘယ်လောက်ပဲများနေပါစေ အဲဒါတွေကို ယေဟောဝါအမြဲကူညီပေးမယ်ဆိုတာ သိရလို့အရမ်းအားရှိစေတယ်။

ဂျေ.ဒဗလျူ.၊ အမေရိကန်နိုင်ငံ

နယ်လီကသူရဲ့တွေ့ကြုံမှုကို ကျွန်မတို့ကိုဝေမျှပေးခဲ့တာ သိပ်ကောင်းပါတယ်။ အဲဒါက အလားတူအခြေအနေတွေမှာ ကလေးတွေကို ကူညီပေးတယ်။ လူကြီးတွေအနေနဲ့လည်း ကလေးတွေကို သတိတရရှိဖို့ သိပ်အရေးကြီးပါတယ်။ အသင်းတော်မှာ သူတို့ အထူးလိုအပ်ချက်တွေရှိကြတယ်ဆိုတာ မေ့သွားဖို့ သိပ်လွယ်ကူတယ်။

အမ်.ကေ.၊ ဒိန်းမတ်နိုင်ငံ

တွေ့ကြုံမှုတစ်ခုကြောင့် ကျွန်မစိတ်ကိုဒီလောက်ထိမိစေခဲ့တာ တစ်ခါမှမရှိခဲ့ဖူးဘူး။ လူငယ်တစ်ယောက်အနေနဲ့ ကိုယ်ကိုယ်တိုင် သမ္မာတရားဘက်မှာ ရပ်တည်နိုင်ခြင်းက ဘာကိုဆိုလိုသလဲဆိုတာကိုလည်း ကျွန်မသိလာတယ်။ ကျွန်မအိမ်မှာ ယေဟောဝါအမှုဆောင်သူဆိုလို့ ကျွန်မတစ်ယောက်တည်း ရှိခဲ့တာလေးနှစ်ရှိပြီ။ နယ်လီအပေါ် ယေဟောဝါကိုယ်တော်တိုင်ရဲ့ ဂရုစိုက်စောင့်ရှောက်မှုအကြောင်းဖတ်ရတာ ကျွန်မကိုနှလုံးထိမိစေခဲ့တယ်။ တည်ဆောက်မှုဖြစ်စေတဲ့ တွေ့ကြုံမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်၊ နယ်လီ!

ဂျီ.ဒဗလျူ.၊ ဂျာမနီနိုင်ငံ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ