ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၅ ၇/၈ စာ. ၁၃
  • ပျက်ယွင်းနေသည့် ကျွန်ုပ်တို့၏ ကမ္ဘာမြေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပျက်ယွင်းနေသည့် ကျွန်ုပ်တို့၏ ကမ္ဘာမြေ
  • နိုးလော့!—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • လုံးပါးပါးလာသည့် မြေသယံဇာတများ
    နိုးလော့!—၂၀၀၅
  • ငါးအုပ်
    နိုးလော့!—၂၀၁၂
နိုးလော့!—၂၀၀၅
န၀၅ ၇/၈ စာ. ၁၃

ပျက်ယွင်းနေသည့် ကျွန်ုပ်တို့၏ ကမ္ဘာမြေ

စူးစမ်းရှာဖွေသူ မာရီဝဲသား လူးဝစ္စနှင့် ဝီလျံ ကလာ့ခ်တို့သည် ယခု အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်တွင်ရှိသည့် ကိုလံဘီယာမြစ်သို့ ၁၈၀၅ ခုနှစ်က ရောက်လာခဲ့ကြ၏။a ထိုမြစ်ထက် သူတို့၏အာရုံကို ဖမ်းစားထားသည့်အရာမှာ မြစ်ထဲမှ ဖွေးဖွေးလှုပ်နေသောဆာမန်ငါးများ ဖြစ်သည်။ “ငါးတွေပေါချက်ကတော့ မယုံနိုင်စရာပဲ၊ အဲဒီငါးတွေဟာ ရေစီးကြောင်းနဲ့အတူ မျောပါနေပြီး ကမ်းပေါ်တင်သွားတယ်၊ အင်ဒီးယန်းလူမျိုးတွေက ငါးတွေကိုကောက်၊ ဗိုက်ခွဲပြီး ကျပ်ခိုးစင်ပေါ်တင်၊ အခြောက်ခံကြတယ်” ဟု သူတို့၏နေ့စဉ်မှတ်တမ်းတွင် ရေးသားခဲ့သည်။ ဆာမန်ငါးများ ပေါများလွန်းရကား အင်ဒီးယန်းလူမျိုးတို့သည် ထိုငါးများကို ထင်းအဖြစ်အသုံးပြုရန် အခြောက်ခံခဲ့ကြသည်!

ယနေ့ အခြေအနေမှာ အတော်ကွာခြားနေသည်။ “ငါးများ မျိုးပွားနိုင်သည့်နှုန်းထက် သမုဒ္ဒရာမှဖယ်ရှားခံနေရသည့်နှုန်းက ပိုမြန်နေကြောင်း သိပ္ပံပညာရှင်များသိထားကြသည်မှာ ဆယ်နှစ်ကျော်ခဲ့ပြီ” ဟု နယူးစ်ဝိခ်တွင် ရေးသားထား၏။ ဥပမာ၊ မြောက်အတ္တလန္တိတ်တွင် ဆာမန်ငါးကောင်ရေ ၉၀ ရာခိုင်နှုန်း မျိုးပြုန်းသွားပြီဟု ခန့်မှန်းကြသည်။

သို့သော် ငါးများသာ နည်းပါးသွားခြင်းမဟုတ်ပါ။ လောင်စာဆီ၊ သတ္တု၊ သစ်တောထွက်ပစ္စည်းစသည့် သဘာဝသယံဇာတများကိုလည်း အံ့ဖွယ်နှုန်းဖြင့် သုံးစွဲနေကြသည်။ ၁၉၇၀ ပြည့်နှစ်မှ ၁၉၉၅ ခုနှစ်အတွင်းတွင် မြေကြီးသယံဇာတ၏ ၃၀ ရာခိုင်နှုန်း ဆုံးရှုံးသွားခဲ့ကြောင်း သဘာဝထိန်းသိမ်းရေးကမ္ဘာ့ရန်ပုံငွေအဖွဲ့က ဖော်ပြသည်။ မြေကြီးသယံဇာတများကို သိမ်းကျုံးယူနေခြင်းက အများအားဖြင့် ကောင်းကျိုးရော၊ ဆိုးကျိုးကိုပါဖြစ်စေသည်၊ အကြောင်းမှာ အသုံးပြုနေသောနည်းနာများသည် သဘာဝဇာတိမြေတို့ကို ဖျက်ဆီးနိုင်သောကြောင့်ဖြစ်၏။

ဤပြဿနာများကို လူသားတို့ဖန်တီးသောကြောင့် ယင်းကိုဖြေရှင်းနိုင်သည်ဟု လူအချို့ ယူဆကြသည်။ ဥပမာတစ်ခုကိုးကားရလျှင် မကြာသေးမီနှစ်များက စက်မှုမြို့ကြီးများစွာတွင် လေထုညစ်ညမ်းမှု လျော့နည်းသွားခဲ့ပြီ။ အဆိုပါအချက်လေးကြောင့် အခြေအနေကို လူသားတို့ထိန်းချုပ်နိုင်ပြီဟု ဆိုလိုပါသလော။

[အောက်ခြေမှတ်ချက်]

a လူးဝစ္စနှင့် ကလာ့ခ်တို့သည် မစ်စစ္စပီမြစ်၏အနောက်ပိုင်းနယ်မြေကို စူးစမ်းရှာဖွေပြီး မြေပုံဆွဲရန် စေလွှတ်ခံရခြင်းဖြစ်၏။

[Picture Credit Line on page 13]

© Kevin Schafer/CORBIS

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ