ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၅ ၅/၈ စာ. ၂၄
  • လူငယ်များ တကယ်လိုအပ်သည့်အရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူငယ်များ တကယ်လိုအပ်သည့်အရာ
  • နိုးလော့!—၂၀၀၅
နိုးလော့!—၂၀၀၅
န၀၅ ၅/၈ စာ. ၂၄

လူငယ်များ တကယ်လိုအပ်သည့်အရာ

လူငယ်များအမေး—တာသွားသည့်အဖြေစာအုပ်သည် လူငယ်များတကယ်သိဖို့လိုအပ်သည့်အရာကို ဖော်ပြပေးကြောင်း နှစ်ပေါင်းများစွာအတွင်း စာရှုသူကြီးငယ်မဟူတို့ ပြောဆိုနေခဲ့ကြပေပြီ။ မက္ကဆီကိုနိုင်ငံ၊ စီနာလိုအာပြည်နယ်မှ အသက်ဆယ့်ငါးနှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးက သူငယ်ချင်းတချို့အတွက် စာအုပ်ဆယ်အုပ် တောင်းခံခဲ့၏။ သူသည် ယေဟောဝါသက်သေတစ်ဦးမဟုတ်သော်လည်း ယင်းစာအုပ်ကို သူတကယ်သဘောကျကြောင်း၊ “သင်တို့ကို အလွန်လေးစားပါ” ကြောင်း ပြောဆိုခဲ့သည်။

သူက ဤသို့ဖော်ပြခဲ့၏– “ယနေ့ ဘဝအသက်တာနှင့်ပတ်သက်၍ မေးခွန်းများစွာရှိကြသည့် သူငယ်ချင်းများစွာ ကျွန်မမှာရှိပါသည်။ သူတို့ကို ယင်းစာအုပ်ပြကြည့်ခဲ့ရာ သူတို့အလွန်သဘောကျသွားကြ၏။ ယင်းစာအုပ်သည် အလွန်ကောင်းသောစာအုပ်ဖြစ်ပြီး လူငယ်တစ်ဦး သိလိုသည့်အရာမှန်သမျှ အကုန်ပါရှိသည်။” အဆိုပါစာအုပ်များကို နွေရာသီကျောင်းပိတ်ရက်မတိုင်မီ ပေးပို့၍ရမရ သူမေးမြန်းခဲ့လေသည်။

လူငယ်များအမေးစာအုပ်တွင် အခန်း ၃၉ ခန်းပါရှိသည်။ ယင်းတို့တွင် “မိဘတွေ ငါ့ကို လွတ်လပ်မှုပိုပေးနိုင်အောင် ဘယ်လိုလုပ်ရမလဲ” “မိတ်စစ်ဆွေစစ် ဘယ်လိုဖွဲ့နိုင်မလဲ” “လက်မထပ်ခင် သံဝါသပြုတာကို ဘယ်လိုပြောမလဲ” နှင့် “အချစ်စစ် အချစ်မှန်ဖြစ်မှန်း ငါဘယ်လိုလုပ်သိနိုင်မလဲ” ဟူသည့်အခန်းများ ပါဝင်လေသည်။ ပူးတွဲပါကူပွန်ဖြတ်ပိုင်းကို ဖြည့်စွက်၍ ဖြတ်ပိုင်းတွင်ပါရှိသည့် လိပ်စာသို့ဖြစ်စေ၊ ဤမဂ္ဂဇင်း စာမျက်နှာ ၅ တွင် ဖော်ပြထားသည့် သင့်လျော်ရာလိပ်စာတစ်ခုခုသို့ဖြစ်စေ စာတိုက်မှပေးပို့ကာ စာမျက်နှာ ၃၂၀-မျက်နှာရှိ ဤစာအုပ်တစ်အုပ်ကို သင်တောင်းဆိုနိုင်ပါသည်။

□ လူငယ်များအမေး—တာသွားသည့်အဖြေ စာအုပ်တစ်အုပ်ကို မေတ္တာ လက်ဆောင် ရလိုပါသည်။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုအတွက် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ