ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၅ ၁/၈ စာ. ၁၈
  • ကျွန်ုပ်တို့၏ အဖိုးတန် သဘာဝပတ်ဝန်းကျင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့၏ အဖိုးတန် သဘာဝပတ်ဝန်းကျင်
  • နိုးလော့!—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိုးသစ်တောများ—ယင်းတို့ကို မပျက်စီးစေဘဲ အသုံးပြုနိုင်သလော
    နိုးလော့!—၂၀၀၄
  • မိုးသစ်တောများ—ယင်းတို့ကို ကယ်တင်နိုင်သလော
    နိုးလော့!—၂၀၀၄
  • လုံးပါးပါးလာသည့် မြေသယံဇာတများ
    နိုးလော့!—၂၀၀၅
  • ကမ္ဘာမြေကြီးသည် အနာဂတ်လူမျိုးဆက်ကို ဆက်လက်ထောက်ပံ့ နိုင်ပါမည်လော
    နိုးလော့!—၂၀၀၈
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၅
န၀၅ ၁/၈ စာ. ၁၈

ကျွန်ုပ်တို့၏ အဖိုးတန် သဘာဝပတ်ဝန်းကျင်

မကြာသေးမီက သိပ္ပံပညာရှင်နှင့် စီးပွားရေးပညာရှင်များပူးပေါင်းကာ လူသားတို့၏အသုံးတော်ခံ၊ စီးပွားကွက်အဖြစ် အသွင်းပြောင်းခဲ့ရသည့် သဘာဝဒေသကြီးငါးခုကို လေ့လာမှုတစ်ရပ် ပြုလုပ်ကြသည်။ မလေးရှားနိုင်ငံရှိ အပူပိုင်းသစ်တောမှာ အလွန်အကျွံ သစ်ခုတ်ခြင်းကြောင့် တောပြုန်းခဲ့ရ၏၊ ကင်မရွန်းနိုင်ငံမှ အပူပိုင်းသစ်တောသည် ဆီအုန်းနှင့် ရော်ဘာခြံများဖြစ်သွားကာ ထိုင်းနိုင်ငံရှိ လမုတောမှာ ပုစွန်ကန်များဖြစ်သွားသည်၊ ကနေဒါနိုင်ငံရှိ စိမ့်မြေရေကောင်းရေသန့်ကို စိုက်ပျိုးရေးအတွက် သွယ်ယူလိုက်ပြီး ဖိလစ်ပိုင်နိုင်ငံရှိ သန္တာကျောက်တန်းမှာ မိုင်းခွဲငါးဖမ်းသည့်နေရာ ဖြစ်လာ၏။

သုတေသီများအတွက် အံ့ဖွယ်ကောင်းသောရလဒ်အချို့ ထွက်ပေါ်ခဲ့သည်။ ဤသဘာဝဒေသကြီးငါးခုကို အရိုင်းအတိုင်းထားလျှင် အများပြည်သူအတွက် ရေရှည်စီးပွားရေးတန်ဖိုးသည် အသွင်ပြောင်းလိုက်ပြီးနောက်ပိုင်းထက် ၁၄ မှ ၇၅ ရာခိုင်နှုန်း ပို၍ပေးဆောင်နိုင်သည်။ အမှန်မှာ ဂေဟစနစ်သည် လူတို့ကြောင့် ပျမ်းမျှအားဖြင့် ထက်ဝက်ဆုံးရှုံးနေပြီး ဝန်းကျင်ဆိုင်ရာအသွင်ပြောင်းလိုက်ခြင်းကြောင့် နှစ်စဉ် ဒေါ်လာဘီလီယံ ၂၅၀ ကုန်ကျနေသည်။ ယင်းနှင့်ခြားနားသည်မှာ သဘာဝစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ဒေါ်လာ ၄၅ ဘီလီယံသာ ကုန်ကျသည်။ အနည်းဆုံး ဒေါ်လာသန်းပေါင်း ၄.၄ သန်းတန် “ကုန်ပစ္စည်းနှင့်ဝန်ဆောင်ပေးမှုများ” ကို အစားအသောက်၊ ရေ၊ လေ၊ နေအိမ်၊ လောင်စာ၊ အဝတ်အစား၊ ဆေးဝါး၊ မုန်တိုင်းနှင့် ရေကြီးခြင်းကိုကာကွယ်ခြင်း ပုံစံဖြင့်ပြန်ရကြောင်း၊ အကျိုးအမြတ်-အကုန်အကျအချိုးမှာ ၁၀၀ အချိုး ၁ ဖြစ်သည်ဟု သုတေသီတို့ကဆိုကြောင်း လန်ဒန်၏ ဂါးဒီးယန်းသတင်းစာတွင် ဖော်ပြထားသည်။ ဤလေ့လာမှုကို ဦးဆောင်ခဲ့သော အင်္ဂလန်နိုင်ငံ၊ ကိန်းဘရစ်တက္ကသိုလ်မှ ဒေါက်တာ အင်ဒရူးဘဲလ်ဖော့ဒ်က ဤသို့ပြောသည်– “စီးပွားရေးအလားအလာ လုံးဝမကောင်းပါဘူး။ သဘာဝကို မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းဟာ ပိုပြီးအကျိုးအမြတ်ရှိမယ်လို့ ကျွန်တော်တို့ တွေးထင်ထားခဲ့ကြတယ်၊ ဒါပေမဲ့ ဒီလောက်ကြီးများတောင် အကျိုးပြုလိမ့်မယ်လို့ မမျှော်မှန်းခဲ့မိပါဘူး။”

ဝမ်းနည်းစရာမှာ ၁၉၉၂ ခုနှစ်တွင် ရီယို ဒီ ဂျနေရိုမြို့၌ မြေကမ္ဘာထိပ်သီးညီလာခံ ကျင်းပပြီးကတည်းကပင် ကမ္ဘာ့သဘာဝဝန်းကျင်၏ ၁၁.၄ ရာခိုင်နှုန်းသည် ဆုံးရှုံးမှုများကိုသတိမမူခြင်းနှင့် အချိန်တိုတိုနှင့် ငွေကြေးရလိုသည့်ဆန္ဒတို့ကြောင့် အကြီးအကျယ် အသွင်ပြောင်းသွားခဲ့လေပြီ။ ဆယ်နှစ်ကြာပြီးနောက် ဂျိုဟန်နက်စ်ဘာ့ဂ်မြို့တွင် ကျင်းပသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မြေကမ္ဘာထိပ်သီးညီလာခံတွင် အကျပ်ရိုက်မှုကိုဖြေရှင်းရန် နည်းလမ်းများ တိတိကျကျထွက်မလာခဲ့ပေ။ ဒေါက်တာ ဘဲလ်ဖော့ဒ်က ရတက်မအေးကြောင်း ဤသို့ပြောခဲ့၏– “ကျွန်တော်ကလေးဘဝ၊ ‘ထိန်းသိမ်းစောင့်ရှောက်ခြင်း’ ဆိုတဲ့စကားလုံးကို စကြားရကတည်းကဆိုရင် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ရဲ့ သုံးပုံတစ်ပုံ ပျက်စီးသွားခဲ့ပြီ။ ဒီစိတ်နဲ့ပဲ ညအိပ်မပျော်နိုင် ဖြစ်ခဲ့ရတယ်။”

သို့ရာတွင် သမ္မာကျမ်းစာဖတ်ရှုသူတို့သည် ဗျာ. ၁၁:၁၈ တွင်တွေ့ရှိရသည့် ဖန်ဆင်းရှင်၏ကတိတော်ကို စိတ်ချနိုင်ကြသည်။ ထိုတွင် ကိုယ်တော်သည် မကြာမီ “မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူ” မည်ဟုဖော်ပြထားသည်။ လူသားတို့၏ထာဝရအကျိုးအတွက် ကမ္ဘာဂြိုဟ်၏သဘာဝဂေဟစနစ်တို့သည် ပြန်လည်သက်ဝင် သစ်လွင်လာပါလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ