ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၄ ၁၂/၈ စာ. ၂၄
  • ‘ဒီထဲမှာ ရတနာတွေ အပြည့်ပဲ’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘ဒီထဲမှာ ရတနာတွေ အပြည့်ပဲ’
  • နိုးလော့!—၂၀၀၄
နိုးလော့!—၂၀၀၄
န၀၄ ၁၂/၈ စာ. ၂၄

‘ဒီထဲမှာ ရတနာတွေ အပြည့်ပဲ’

ယူ.အက်စ်.အေ.၊ အီလီနွိုက်ပြည်နယ်မှ နာတာရှည်ဆေးရုံ၏ ဒါရိုက်တာက သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ ဘရိုရှာအကြောင်း ထိုသို့ ဖော်ပြခဲ့၏။ ၎င်းဘရိုရှာနှင့် နိုးလော့! မဂ္ဂဇင်းတစ်စောင်ကို ယေဟောဝါသက်သေတစ်ဦးက သူ့ထံပို့ပေးခဲ့သည်၊ အကြောင်းမှာ သက်သေခံဖြစ်သူသည် ကိုယ့်ကိုယ်ကိုသတ်သေသူ သက်ကြီးရွယ်အို အလွန်များလာကြောင်း နိုးလော့! ကိုဖတ်၍ သိရသည့်အတွက် ဖြစ်သည်။ နာတာရှည်ဆေးရုံ၏ဒါရိုက်တာသည် ထိုစာပေကို လက်ခံရရှိသည်နှင့် ချက်ချင်းဖတ်ရှုပြီး စာပြန်ခဲ့သည်။

ထိုနာတာရှည်ဆေးရုံ ဒါရိုက်တာသည် သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ ဘရိုရှာတွင် ရတနာ အပြည့်ပါကြောင်း သတိပြုမိပြီး ဤသို့စာပြန်ခဲ့သည်– “ဒီဘရိုရှာမှာပါတဲ့ လက်တွေ့ကျအကြံပြုချက်တွေနဲ့ ကျမ်းစာကိုးကားချက်တွေ၊ ဆွေးနွေးတင်ပြပုံတွေကနေ နှစ်သိမ့်မှုရရှိအောင် မိသားစုတွေဆီကို ကျွန်တော် ပို့ပေးချင်တယ်။”

သက်သေခံဖြစ်သူသည် ဒါရိုက်တာထံ ချက်ချင်းဖုန်းဆက်၍ သူနှင့်တွေ့ဆုံရန် ချိန်းချက်လိုက်သည်။ ထိုဒါရိုက်တာသည် ဘရိုရှာအစောင် ၂၀ တောင်းခံ၍ စာစောင်များကိုပြန်၍ဖြည့်ပေးရန် နာတာရှည်ဆေးရုံကို နှစ်လ၊ သုံးလတစ်ခါ ဆက်သွယ်ဖို့ မေတ္တာရပ်ခံသည်။

သင် သို့မဟုတ် သင့်အသိတစ်ဦးတစ်ယောက်သည်လည်း ၃၂–မျက်နှာရှိ ဤဘရိုရှာကိုဖတ်ပြီး နှစ်သိမ့်မှုရရှိလိုပေမည်။ ပူးတွဲပါကူပွန်ကိုဖြည့်စွက်ပြီး ထိုတွင်ပါလိပ်စာအတိုင်း သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၅ ပါသက်ဆိုင်ရာလိပ်စာအတိုင်း စာတိုက်မှပို့ခြင်းဖြင့် ဤဘရိုရှာတစ်စောင်ကို သင်တောင်းခံနိုင်ပါသည်။

□ သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ ဘရိုရှာတစ်စောင်ကို မေတ္တာလက်ဆောင် ရရှိလိုပါသည်။

□ အခမဲ့အိမ်တွင်း ကျမ်းစာသင်အံမှု ပြုလိုပါသဖြင့် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ