ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၄ ၁၀/၈ စာ. ၂၄
  • သင့်ကလေး မည်မျှ သင်ယူနိုင်စွမ်းရှိသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ကလေး မည်မျှ သင်ယူနိုင်စွမ်းရှိသနည်း
  • နိုးလော့!—၂၀၀၄
နိုးလော့!—၂၀၀၄
န၀၄ ၁၀/၈ စာ. ၂၄

သင့်ကလေး မည်မျှ သင်ယူနိုင်စွမ်းရှိသနည်း

လူကြီးတို့သည် ကလေးတစ်ဦး၏ သင်ယူနိုင်စွမ်းကို သတိမမူမိတတ်ကြချေ။ သို့ရာတွင် ကလေးများသည် ဘာသာစကားအသစ်တစ်ခုကို သင်ယူရာတွင် များသောအားဖြင့် သူတို့၏မိဘများထက် ပို၍အတတ်မြန်လေ့ရှိကြသည်။ ကလေးများသည် အသက်လေးနှစ်အရွယ်ရောက်သော် ဘာသာစကားနှစ်မျိုး သို့မဟုတ် ထို့ထက်ပိုပြီး ပြောဆိုနိုင်ကြလေပြီ။ ကလေးများ၏သင်ယူနိုင်စွမ်းကို သံသယဝင်ခဲ့သူ ယူ.အက်စ်.အေ. ဝါရှင်တန်၊ အမ်ဘန်မှ ရွန်ဒါအမည်ရှိအမျိုးသမီးတစ်ဦးသည် လွန်ခဲ့သည့်နှစ်က ဤသို့ရေးခဲ့သည်– “ကျွန်မ လုံးဝမှားသွားတယ်ဆိုတာ ဝန်ခံစကားပြောခွင့်ပြုလို့ ကျေးဇူးတင်ပါတယ်။”

ရွန်ဒါသည် ကျွန်ုပ်တို့၏လက်စွဲမဂ္ဂဇင်းဖြစ်သည့် ၁၉၈၉၊ ဩဂုတ် ၁ ရက်ထုတ် ကင်းမျှော်စင်ဆောင်းပါးမှ တွေ့ကြုံမှုကို ဖတ်ရှုခဲ့ရကြောင်းပြောပြီး ဤသို့ရေးသားခဲ့၏– “စာမျက်နှာ ၁၃ မှာ မိခင်တစ်ယောက်က ကျွန်ုပ်တို့၏ကျမ်းစာပုံပြင်စာအုပ်ကို ဖတ်ပြပြီး ခဏရပ်လိုက်တဲ့အခါ သူရဲ့လေးနှစ်ခွဲသားလေးက စာလုံးတစ်လုံးချင်းကို ဆက်ပြောသွားတယ်ဆိုတဲ့ မှတ်ချက်ပါတယ်။ သူ့ရဲ့သားလေးက ခက်ခဲတဲ့နေရာအမည်၊ လူနာမည်တွေအပါအဝင် အစပိုင်းပုံပြင် ၃၃ ပုဒ်ကို အလွတ်ရနေတယ်လို့ သူထပ်ပြောသေးတယ်။ အဲဒီတုန်းကတော့ မဖြစ်နိုင်ပါဘူးလို့ ကျွန်မထင်ခဲ့တယ်။ ကျွန်မ မှားသွား တယ်။ အခု ကျွန်မဟာ ကျမ်းစာပုံပြင်စာအုပ်ထဲက ပုံပြင်တွေအများကြီးကို အလွတ်ရတဲ့ လေးနှစ်ခွဲ အရွယ်သမီးလေးရဲ့အမေ ဖြစ်နေပါပြီ။”

သင့်ကလေးကို သင်ယူရန်အားပေးဖို့ ဘာလုပ်ဆောင်နိုင်သနည်း။ သင်သည် ကျမ်းစာထဲမှ ထင်ရှားသည့်ပုဂ္ဂိုလ်နှင့် အဖြစ်အပျက် ၁၁၆ ခုပါဝင်သည့် စာမျက်နှာ ၂၅၆ မျက်နှာပါရှိသော ကျွန်ုပ်တို့၏ကျမ်းစာပုံပြင်စာအုပ် တစ်အုပ်ကို တောင်းခံနိုင်ပါသည်။ ပူးတွဲပါ ကူပွန်ကိုဖြည့်စွက်ပြီး ကူပွန်တွင်ဖော်ပြထားသည့်လိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၅ တွင်ပါသော သင့်လျော်သည့်လိပ်စာဖြင့် စာတိုက်မှတစ်ဆင့် ပေးပို့ပါ။

□ ကျွန်ုပ်တို့၏ကျမ်းစာပုံပြင်စာအုပ်တစ်အုပ်ကို မေတ္တာလက်ဆောင် ရလိုပါသည်။

□ အခမဲ့ အိမ်တွင်းကျမ်းစာ သင်အံမှုပြုလိုပါသဖြင့် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ