ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၁ ၂/၈ စာ. ၂၄
  • “နိုးလော့! သည် ပြည့်စုံသောစာစောင်ဖြစ်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “နိုးလော့! သည် ပြည့်စုံသောစာစောင်ဖြစ်”
  • နိုးလော့!—၂၀၀၁
နိုးလော့!—၂၀၀၁
န၀၁ ၂/၈ စာ. ၂၄

“နိုးလော့! သည် ပြည့်စုံသောစာစောင်ဖြစ်”

အာဖရိကနိုင်ငံဖြစ်သော နိုင်ဂျီးရီးယား၊ ဘီနင်မြို့မှ ၁၆ နှစ်အရွယ် . . . အမျိုးသားတစ်ဦးက အထက်ပါအတိုင်းမှတ်ချက်ချခဲ့သည်။ နိုင်ဂျီးရီးယားမှ ယေဟောဝါသက်သေတို့၏ဌာနခွဲရုံးသို့ စာရေးရာတွင် သူဤသို့ ရှင်းပြခဲ့သည်–

“မိတ်ဆွေတစ်ဦး၏အိမ်တွင် နိုးလော့! ကိုတွေ့ ရှိခဲ့ပြီး ကိုးစောင်ငှားဖတ်ကြည့်ခဲ့သည်။ ယင်းတို့အားလုံးကို တစ်နေ့တည်းအစအဆုံးဖတ်လိုက်သည်။ နိုးလော့! ကိုဖန်တီးထုတ်ဝေကြသူအားလုံး—ယေဟောဝါအပါအဝင်—အား အကောင်းဆုံးလုပ်ဆောင်မှုအတွက် ချီးမွမ်းလို၍ ကျွန်တော်ရေးသားရခြင်းဖြစ်သည်! ပတ်ဝန်းကျင်မှကိစ္စရပ်များကို သမ္မာကျမ်းစာ၊ ဘုရားသခင်နှင့်ဆက်စပ်ပေးပုံကို ကျွန်တော်အထူးချီးမွမ်းလိုသည်။ နိုင်ဂျီးရီးယားဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဝင်တစ်ဦးအနေနှင့် ပတ်ဝန်းကျင်/သဘာဝဆိုင်ရာ ကိုယ်ပိုင်စာကြည့်တိုက်အတွက် စာစောင်များကို ကျွန်တော်ရှာဖွေနေခဲ့သည်။ နိုးလော့! သည် ပြည့်စုံသောစာစောင်ဖြစ်ကြောင်း ယခုကျွန်တော်သိမြင်လာပြီ။ လစဉ် နိုးလော့! နှစ်စောင်ကို သင်တို့ထံမှ မည်သို့တိုက်ရိုက်ရယူနိုင်ကြောင်း ကျေးဇူးပြု၍အသိပေးပါ။”

ဤစာစောင်မတိုင်မီက နိုးလော့! ကိုသင်ဖတ်ဖူးချင်မှဖတ်ဖူးမည်။ နောက်တစ်စောင်ကိုသင်ရလိုလျှင် ကျေးဇူးပြု၍ ကင်းမျှော်စင်၊ ၉၄-ခ၊ အင်းယားလမ်း၊ ရန်ကုန်မြို့၊ သို့မဟုတ် စာမျက်နှာ ၅ ပါသင့်လျော်ရာလိပ်စာသို့ စာရေးဆက်သွယ်ပါ။ သင့်ထံသို့နောက်တစ်စောင်ပို့ပေးပါမည် သို့မဟုတ် သင်ခေါ်ဖိတ်မည်ဆိုလျှင် ကျွန်ုပ်တို့အသက်ရှင်နေသော အရေးပါသည့်အချိန်အကြောင်းကို သင်နှင့်အတူဆင်ခြင်သုံးသပ်ရန် သင့်အိမ်သို့ တစ်ဦးတစ်ယောက်လာပါမည်။

◻ ယခုလထုတ် နိုးလော့! တစ်စောင်ပို့ပေးပါ။

◻ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုနှင့်ပတ်သက်ပြီး ကျေးဇူးပြု၍ ကျွန်ုပ်ကိုဆက်သွယ်ပါ။

[Picture Credit Line on page 24]

ကမ္ဘာလုံး– Courtesy of Replogle Globes, Inc.

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ