ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၉/၈ စာ. ၂၄
  • ယင်းက မျှော်လင့်ချက်ကို ပြန်လည်ရှင်သန်စေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယင်းက မျှော်လင့်ချက်ကို ပြန်လည်ရှင်သန်စေ
  • နိုးလော့!—၁၉၉၈
နိုးလော့!—၁၉၉၈
န၉၈ ၉/၈ စာ. ၂၄

ယင်းက မျှော်လင့်ချက်ကို ပြန်လည်ရှင်သန်စေ

ယင်းသည် နိုင်ငံတော်သတင်းဟုခေါ်သော စာမျက်နှာလေးမျက်နှာရှိ ဝေစာတစ်စောင်ကို လက်ခံရရှိခဲ့သော အမျိုးသားတစ်ဦး၏ ခံစားချက်ဖြစ်သည်။ ယင်း၏ခေါင်းစဉ်မှာ “ဘဝသည် အဘယ်ကြောင့်ပြဿနာများနှင့် ဤမျှပြည့်နှက်နေသနည်း” ဖြစ်သည်။ ယင်းနှင့်စပ်လျဉ်း၍ အမျိုးသား၏စာကို ကိုလံဘီယာ၊ ဘိုဂိုးတား၏ အယ်လ်တမ်ပို သတင်းစာတွင် ဖော်ပြခဲ့သည်။ သူဤသို့ရေးသားခဲ့သည်–

“အရာရာသည် အကြမ်းဖက်မှုနှင့် ယိုယွင်းနေပုံရသည့်ဤအချိန်တွင် ကျွန်တော်တို့၏မျှော်လင့်ချက် ကုန်ခန်းနေပြီဟုခံစားရစဉ် ယင်းက ကျွန်တော်တို့၏ယုံကြည်ချက်ဆက်ပြီးရှင်သန်စေရန် ဝိညာဉ်ရေးလေကို ရှာဖွေဖို့သင့်လျော်စေပါသည်။ ဤသည်မှာ ကျွန်တော့်ကိုကမ်းခဲ့သည့် စာသားအတိုချုပ်ဖြစ်ပါသည်–

“‘ဘုရားသခင်သည် လူမှုရေးရာများတွင် ယေရှုခရစ်လက်ဝယ်ရှိ မိမိ၏ကောင်းကင်အစိုးရအားဖြင့် ကြားဝင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကျမ်းစာတွင်ဖွင့်ဆိုထားသည်။ နိုင်ငံတော်သည် ကမ္ဘာပေါ်ရှိ ဖောက်ပြန်ယိုယွင်းမှုများကို ချိုးဖဲ့ဖျက်ဆီးမည်ဖြစ်သည်။ ဤလောကဆုံးသောအခါ ကပ်ကျော်သူများရှိမည်လော။ ဤကပ်ကျော်သူများသည် မည်သည့်နေရာတွင် ထာဝစဉ်နေထိုင်ကြမည်နည်း။ ဖြောင့်မတ်သောသူတို့သည် မြေကြီးကိုအမွေခံရမည်။ ဘုရားသခင့်ကမ္ဘာသစ်တွင် သေဘေးရှိတော့မည်မဟုတ်။ ရာဇဝတ်မှု၊ ဆင်းရဲနွမ်းပါးမှု၊ ဆာလောင်မွတ်သိပ်မှု၊ ဖျားနာမှု၊ ဝမ်းနည်းပူဆွေးမှုနှင့် သေခြင်းတို့ရှိတော့မည်မဟုတ်။ လူသေများ ပြန်အသက်ရှင်လာမည်ဖြစ်ပြီး ကမ္ဘာမြေကြီးသည် ပကတိပရဒိသုအဖြစ်သို့ ပြောင်းလဲသွားမည်။’”

ယေဟောဝါသက်သေများသည် ကျမ်းစာအသိပညာတိုးတက်လိုသူများကို ကူညီပေးရန် လိုလိုလားလားရှိကြသည်။သင်သည် ထပ်မံသိရှိလိုပါက ကင်းမျှော်စင်အသင်း၊ ၉၄-ခ၊ အင်းယားလမ်း၊ ရန်ကုန်မြို့သို့မဟုတ် စာမျက်နှာ ၅ မှ အနီးဆုံးလိပ်စာသို့ စာရေးဆက်သွယ်ပါ။

[စာမျက်နှာ ၂၄ ပါ လေးထောင့်ကွက်]

ဘဝသည် အဘယ့်ကြောင့် ပြဿနာများနှင့် ဤမျှပြည့်နှက်နေသနည်း

ဒုက္ခကင်းဝေးသည့် ပရဒိသုတစ်ခု ဖြစ်နိုင်ပါမည်လော

[စာမျက်နှာ ၂၄ ပါ လေးထောင့်ကွက်]

ဒုက္ခကင်းဝေးသည့် ပရဒိသုသည် မုချဖြစ်မည်

သင်တတ်နိုင်ပါက လူသားများအပေါ်ကျရောက်နေသည့် ပြဿနာရှိရှိသမျှကို ဖြေရှင်းမည်မဟုတ်လော။ အမှန်ပင် သင်ဖြေရှင်းပေမည်! လူ့ပြဿနာများကို ဖြေရှင်းရန် တန်ခိုးနှင့် ဉာဏ်ပညာရှိသည့်တစ်ပါးတည်းသောပုဂ္ဂိုလ် ကျွန်ုပ်တို့၏မေတ္တာရှိသောဖန်ဆင်းရှင်သည် မဖြေရှင်းဘဲနေမည်ဟု ကျွန်ုပ်တို့ထင်မှတ်သင့်သလော။

ဘုရားသခင်သည် လူ့ရေးရာများတွင် ယေရှုခရစ်လက်ဝယ်ရှိ မိမိ၏ကောင်းကင်အစိုးရအားဖြင့် ကြားဝင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကျမ်းစာတွင် ဖွင့်ဆိုထားသည်။ ယင်းသည် ကမ္ဘာပေါ်ရှိ ဖောက်ပြန်ယိုယွင်းမှုများကို “ချိုးဖဲ့ဖျက်ဆီး” မည်ဖြစ်သည်။ (ဒံယေလ ၂:၄၄; မဿဲ ၆:၉၊ ၁၀) အဘယ့်ကြောင့်နည်း။ ဘုရားသခင်ကို ဦးတိုက်၍ ဆာလံဆရာ ဤသို့ဖြေဆိုသည်– “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ဟူ၍နာမတော်ရှိသော ကိုယ်တော်တစ်ပါးတည်းသာလျှင် မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရားဖြစ်တော်မူကြောင်းကို သိကြပါစေသော။”—ဆာလံ ၈၃:၁၈။

ဤလောက အဆုံးတိုင်သည့်အခါ ကပ်ကျော်သူများ ရှိမည်လော။ “ဤလောကနှင့် လောကီတပ်မက်ခြင်းသည် ကွယ်ပျောက်ဆဲဖြစ်၏။ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်သောသူမူကား နိစ္စထာဝရတည်၏” ဟုကျမ်းစာကဆိုထားသည်။ (၁ ယောဟန် ၂:၁၇၊ သမ္မာ) ဤကပ်ကျော်သူများသည် မည်သည့်နေရာတွင် ထာဝစဉ်နေထိုင်ကြမည်နည်း။ “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [မြေကြီး၊ ကဘ] ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်” ဟု ကျမ်းစာက အဖြေပေးသည်။—ဆာလံ ၃၇:၉-၁၁၊ ၂၉; သု. ၂:၂၁၊ ၂၂။

ဘုရားသခင့်ကမ္ဘာသစ်တွင် “သေဘေးမရှိရ၊ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိ။” (ဗျာဒိတ် ၂၁:၄) ရာဇဝတ်မှု၊ ဆင်းရဲနွမ်းပါးမှု၊ ဆာလောင်မွတ်သိပ်မှု၊ ဖျားနာမှု၊ ဝမ်းနည်းပူဆွေးမှုနှင့် သေခြင်းတို့ ရှိတော့မည်မဟုတ်! လူသေများပင် ပြန်အသက်ရှင်လာကြမည်တည်း! “သေခြင်းမှ ထမြောက်ကြလိမ့်မည်။” (တမန်တော် ၂၄:၁၅) မြေကြီးကိုယ်နှိုက်သည် ပကတိပရဒိသုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားမည်။—ဟေရှာယ ၃၅:၁၊ ၂; လုကာ ၂၃:၄၃။

ဘုရားသခင့်ကမ္ဘာသစ်တွင် ဝင်စားလိုလျှင် ကျွန်ုပ်တို့ဘာလုပ်ရမည်နည်း။ ယေရှုဤသို့ မိန့်ဆိုခဲ့သည်– “ထာဝရအသက်ဟူမူကား မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။” (ယောဟန် ၁၇:၃) ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသော နှလုံးရိုးဖြောင့်သူများသည် ဤအသိပညာကို ရယူနေကြသည်။ ယင်းက ကိုယ်ရေးကိုယ်တာပြဿနာများကို ယခုပင်ဖြေရှင်းစေနိုင်သည့်အပြင် ပို၍အရေးကြီးသည်ကား မိမိတို့၏အစွမ်းဖြင့် ဖြေရှင်း၍မရနိုင်သော ပြဿနာများကို ဘုရားသခင့်ကမ္ဘာသစ်တွင် လုံးလုံးလျားလျားပပျောက်စေမည်ဟူသည့် အပြည့်အဝယုံကြည်စိတ်ချမှုကို ရရှိစေသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ