နေထိုင်မှုအတွက်ပညာရေးအထောက်အကူ
အာဖရိက၊ ဇင်ဘာဘွေနိုင်ငံရှိ ကျောင်းဆရာတစ်ဦးသည် သူသင်ကြားပေးနေသော ညာတစီမီကောလိပ်တွင် “နေထိုင်မှုအတွက် ပညာရေး” ဟူသောဘာသာရပ်ကို ပို့ချကြောင်း သတိပြုမိခဲ့သည်။ သူတွေ့ကြုံခဲ့သည့် မိသားစုပြဿနာများကိုဖော်ပြပြီးနောက် ၎င်းတို့ကိုဖြေရှင်းရာတွင် သူသည် အကူအညီလိုအပ်ခဲ့ကြောင်း အသိအမှတ်ပြုခဲ့ပါသည်။
သူကိုယ်နှိုက် အိမ်ထောင်ပြုပြီးနောက်ပိုင်း မည်သို့ဖြစ်ပျက်ခဲ့ကြောင်းကို ရှင်းပြကာ ဤသို့ဆိုသည်– “ချက်ချင်းဆိုသလိုပါပဲ ပြဿနာတွေစခဲ့ပြီး ၁၉၈၉၊ နိုဝင်ဘာမှာ လမ်းခွဲလိုက်ကြဖို့ ကျွန်တော်တို့ဆုံးဖြတ်တဲ့အထိ ဖြစ်လာတယ်။” အခြားပြဿနာများလည်းရှိသေးသည်။ သူက ဤသို့ရေးသားခဲ့သည်– “ကျွန်တော်ဟာ အဖေ့ရဲ့ပထမမိန်းမဖြစ်တဲ့ အမေ့သားတွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ ဆရာဖြစ်သင်တန်း ဒုတိယနှစ်မှာ ကျွန်တော့်ရဲ့အဖေသေဆုံးသွားပြီး ကျွန်တော့်အောက်က မောင်နှမ ၁၆ ယောက်ရဲ့တာဝန်ကို ကျွန်တော်ထမ်းခဲ့ရတယ်။”
ယေဟောဝါသက်သေများနှင့် သမ္မာကျမ်းစာကိုလေ့လာခြင်းက ဤကျောင်းဆရာ၏ပြဿနာများကိုဖြေရှင်းနိုင်ရန် ထောက်ကူပေးခဲ့သည်။ သူနှင့် သူ့ဇနီးတို့သည် ပြန်လည်ပေါင်းသင်းကြပြီး ပျော်ရွှင်နေကြပါသည်။ သူက ဤသို့ရေးသားခဲ့သည်– “ဘုရားသခင်ကို အမှီအခိုမပြုဘဲ မိမိတို့ရဲ့ပြဿနာတွေကို လူသားကြိုးစားဖြေရှင်းကြတာဟာ အချည်းနှီးပဲဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ရဲ့ အထိနာတဲ့တွေ့ကြုံမှုကနေတစ်ဆင့် ကျွန်တော်တို့ဇနီးမောင်နှံ သိရှိခဲ့ကြတယ်။” သူ၏ကျောင်းသားများကို သူတို့ပြဿနာများဖြေရှင်းရန် ကူညီပေးခြင်းနှင့်ပတ်သက်၍ကော မည်သို့နည်း။
“ကျွန်တော်တို့ရဲ့ကျောင်းအုပ်ဆရာကြီးနဲ့ တခြားကျောင်းဆရာတွေကို သင့်တော်တဲ့ကျောင်းသုံးစာအုပ်အဖြစ် လူငယ်များအမေး—တာသွားသည့်အဖြေ စာအုပ်ကို အကြံပြုတယ်” ဟုသူရေးခဲ့သည်။ “သူတို့အားလုံးသဘောတူကြပြီး ကျောင်းအတွက် ၅၆ အုပ်မှာလို့ ကျွန်တော်ပို့ပေးပြီးပါပြီ။”
ဤဆွဲဆောင်မှုရှိသောပုံများပါရှိသည့် စာမျက်နှာ ၃၂၀ ရှိ ပညာရေးဆိုင်ရာအထောက်အကူမှ အသင်လည်း အကျိုးများစွာရရှိမည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။ ယင်းကို သင်ရရှိလိုလျှင်လည်းကောင်း၊ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု လက်ခံသင်ကြားလိုလျှင်လည်းကောင်း ကင်းမျှော်စင်၊ ၉၄-ခ၊ အင်းလျားလမ်း၊ ရန်ကုန်မြို့၊ သို့မဟုတ် စာမျက်နှာ ၅ ပါသင့်လျော်သောလိပ်စာသို့ စာရေးဆက်သွယ်ပါ။