“လူသားများကို ကြီးစွာကျေးဇူးပြု”
“သင်တို့သည် ဤစာအုပ်ကိုထုတ်ဝေခြင်းဖြင့် လူသားများကို ကြီးစွာကျေးဇူးပြုခဲ့ပြီ။ အံ့သြဖွယ်ဖြစ်သည်။ အလွန်ကောင်းစွာ စုဆောင်းပြုစုထားသည့်စာအုပ်ဖြစ်သည်။ ကျေးဇူးတင်လေးမြတ်ထိုက်သည်။
“ဤစာအုပ်၏ကောင်းမွန်မှုမှာ ဘာသာတရားတိုင်းကို အဘက်ဘက်မှတင်ပြထားကာ တစ်ဆက်တည်းတွင် အပြစ်ရှာဝေဖန်ခြင်းမပြုရန် ဂရုတစိုက်ရေးသားထားခြင်းဖြစ်သည်။ အလွန်ကောင်းမွန်သော စာအုပ်တစ်အုပ်ဖြစ်သည်။ အမှန်ပင် ထူးခြားသောစာအုပ်ဖြစ်သည်။”
ဤစာကို ရေးသားခဲ့သူ အိန္ဒိယနိုင်ငံ၊ တီရပ်ချီရက်ပလီမှ ပါရဂူသည် မည်သည့်စာအုပ်ကို ရည်ညွှန်းနေသနည်း။ ကမ္ဘာပေါ်ရှိ ဘာသာကြီး—ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ တာအိုဘာသာ၊ ကွန်ဖြူးရှန်းဘာသာ၊ ရှင်တိုဘာသာ၊ ယုဒဘာသာ၊ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာ—တို့၏ မူလအစနှင့် သွန်သင်ချက်များကို စုဆောင်းပြုစုထားသော စာမျက်နှာ ၃၈၄ မျက်နှာရှိ ဘုရားသခင်ကိုလူသားများရှာပုံတော် [လိပ်] စာအုပ်ဖြစ်သည်။ နောက်ဆုံးအခန်းကြီးများတွင် မျက်မှောက်ခေတ် ယုံကြည်မှုကင်းမဲ့ခြင်းနှင့် စစ်မှန်သောဘုရားသခင်ထံ ပြန်လှည့်လာခြင်းတို့ကို ရှင်းပြထားသည်။ ဤစာအုပ် ၁၆ သန်းကျော်ကို ဘာသာစကား ၃၇ ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေခဲ့ပြီ။
ငှားထားသောစာအုပ်ကို ထိုပါရဂူဖတ်ခဲ့သည်။ သူ့ကိုယ်ပိုင် တစ်အုပ်ရချင်ခဲ့သည်။ အကယ်၍ သင်သည် ရုပ်ပုံများပါသော ဤစာအုပ်ကို သင်ကိုယ်နှိုက်ဆန်းစစ်လေ့လာလိုလျှင် သင့်ဒေသရှိ ယေဟောဝါသက်သေများနှင့် ကျေးဇူးပြု၍ဆက်သွယ်ပါ၊ သို့မဟုတ် ဤမဂ္ဂဇင်း၏ စာမျက်နှာ ၅ မှအနီးဆုံးလိပ်စာသို့ စာရေးပါ။