သေသူများသည် ရှင်သူများကို အမှန်ကူညီပေးနိုင်သလော
အမေရိကန်ပြည်ထောင်စု၊ ကင်တပ်ကီပြည်နယ်၊ လူဝီဗီးလ်မြို့ရှိ မားသား အော့ဖ် ဂွဒ် ကောင်ဆယ်လ်ကက်သလစ်ချာ့ချ်ရှေ့ ဖြတ်သန်းမောင်းနှင်သွားကြသူတို့သည် ၁၉၉၄ ခုနှစ်၏နွေဦးရာသီတွင် အထက်ပါအတိုင်းကောက်ချက်ချမိပေမည်။ အကြောင်းမှာ ထိုနေရာတွင် ဤပုံတွင်တွေ့ရသည့်ဆိုင်းဘုတ်ကို ဖတ်မိခဲ့ပေမည်–
“သင်ချစ်မြတ်နိုးရသော ကွယ်လွန်သူတို့ထံ ဆုတောင်းပါ။ သူတို့အကူအညီပေးနိုင်သည်။”
သေသူများသည် ရှင်သူများကို အကူအညီပေးနိုင်သည်ဟု သမ္မာကျမ်းစာက သင်ကြားပါသလော။ သေလွန်သူများသည် အမြင်အားဖြင့်သာသေသော်လည်း အခြားသဏ္ဌာန်တစ်မျိုးဖြင့် အသက်ရှင်နေကြပါသလော။ သူတို့သည် တစ်နေရာရာတွင် အမှန်ပင်အသက်ရှင်နေကြပါသလော။ ကျွန်ုပ်တို့ကိုကူညီပေးနိုင်စွမ်း ရှိကြပါသလော။
အထက်ပါမေးခွန်းများကို ချစ်မြတ်နိုးရသောသေလွန်သူများအတွက် မည်သည့်မျှော်လင့်ချက်ရှိသနည်း အမည်ရှိဝေစာတွင် အဖြေပေးထားပါသည်။ ဤဝေစာတစ်စောင် ရရှိလိုလျှင်လည်းကောင်း၊ အခမဲ့ အိမ်တွင်းကျမ်းစာသင်အံမှု လက်ခံသင်ကြားလိုလျှင်လည်းကောင်း စာမျက်နှာ ၅ မှသင့်တော်ရာလိပ်စာဖြင့် ကင်းမျှော်စင်အသင်းသို့ စာရေးဆက်သွယ်ပါ။