MAY 18-24, 2026
LA 35 ‘ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိပါ’
Na Lungsim Heikawi Kei-in
“Topa[Jehovah] in bang a sem dingin hong deih ahi hiam, ci-in kan un.”—EFE. 5:17.
အာရုံစိုက်ရာ
အာရုံပျံ့လွင့်စရာ အခြေအနေတွေ ပေါ်လာရင်တောင် ဝတ်ပြုရေးကို ဘယ်လို ဦးစားထားနိုင်သလဲ။
1-2. A thupite lakpan koi bangin lungsim ki heikawi thei i hiam?
သင် အာရုံပျံ့လွင့်ဖူးသလား။ ကားမောင်းနေတုန်း ဖုန်းဝင်လာတယ်ဆိုပါစို့။ အရေးကြီးတဲ့ဖုန်း ဖြစ်နိုင်ပေမဲ့ ဖုန်းဖြေလိုက်ရင် အာရုံပျံ့လွင့်သွားနိုင်တယ်။ ဒီအချိန်မှာ အရေးကြီးဆုံးက ကားမောင်းတာကို အာရုံစိုက်ဖို့ပဲ။ တစ်ခုခုကြောင့် လုပ်လက်စအလုပ်ကနေ အာရုံလွဲသွားပြီး ဘယ်တစ်ခုကို ဦးစားပေးမလဲဆိုတာ ဆုံးဖြတ်ရမယ့် အခြေအနေတွေ အများကြီး ပေါ်လာတတ်တယ်။
၂ ဘဝမှာ အရေးကြီးတာတွေကတော့ အများကြီးပါပဲ။ အဲဒီထဲမှာမှ ဝတ်ပြုရေး လုပ်ငန်းဆောင်တာတွေaဟာ အရေးကြီးဆုံး ဖြစ်မှန်း ကျွန်တော်တို့ သိကြတယ်။ (မ. ၆:၃၃) ယေဟောဝါဘုရားရဲ့ ကျေးကျွန်တွေဟာ ဘဝခရီးလမ်းမှာ ရှေ့တည့်တည့်ကို စူးစိုက်ကြည့်ရာကနေ ဘာတွေကြောင့် အာရုံပျံ့လွင့်သွားနိုင်တယ်ဆိုတာ ပိုင်းခြားသိဖို့ ကြိုးစားကြတယ်။—ပညာ. ၄:၂၅။ မ. ၆:၂၂။
3. Hih sin ding thu ah bang thu kikum ding i hiam?
၃ ဘယ်သူမှတော့ ဝတ်ပြုရေး လုပ်ငန်းဆောင်တာတွေကနေ အာရုံပျံ့လွင့်မသွားချင်ပါဘူး။ ဒါပေမဲ့ အလွယ်တကူ အာရုံပျံ့လွင့်သွားစေနိုင်တဲ့ အခြေအနေတွေ ပေါ်လာတတ်တယ်။ (လု. ၂၁:၃၄-၃၆) ဒါကြောင့် ဝတ်ပြုရေးကို အာရုံစိုက်နေနိုင်ဖို့ မေးခွန်းတချို့ ဆွေးနွေးကြရအောင်။ (၁) ဘာတွေကြောင့် အာရုံပျံ့လွင့်သွားနိုင်သလဲ။ (၂) အာရုံမပျံ့လွင့်ဖို့ ယေရှု ဘာလုပ်သလဲ။ (၃) အာရုံမပျံ့လွင့်ဖို့ ကျွန်တော်တို့ ဘာလုပ်ရမလဲ။
LUNGSIM HEIKAWI LO DINGIN JESUH IN BANG SEM?
4-6. Bangte hangin lungsim ki heikawi kha thei a hiam?
၄ ကျွန်တော်တို့ အာရုံစိုက်ဖို့ လိုတဲ့ ကိစ္စတော်တော်များများ ရှိတယ်။ ဥပမာ၊ ကျန်းမာရေးကိစ္စ၊ မိသားစုကိစ္စ၊ ကိုယ်ရေးကိုယ်တာကိစ္စတို့ ဖြစ်တယ်။ သိပ်အရေးကြီးပြီး အာရုံစိုက်ရမယ့် ကိစ္စတွေပါပဲ။ ဒါပေမဲ့ စားလည်း ဒီစိတ်၊ သွားလည်း ဒီစိတ် ဖြစ်လာပြီး အချိန်ကုန် လူပင်ပန်းလာပြီဆိုရင် အရေးကြီးပါတယ်ဆိုတဲ့ အဲဒီအရာတွေဟာ အာရုံပျံ့လွင့်စရာ ဖြစ်လာမယ်။
၅ ဒါ့အပြင် ညီအစ်ကို/မ တော်တော်များများဟာ နိုင်ငံရေး မငြိမ်သက်တဲ့၊ စီးပွားရေး ကျဆင်းနေတဲ့၊ ရောဂါထူပြောတဲ့၊ ရာဇဝတ်မှု များတဲ့ ဒေသတွေမှာ နေထိုင်ကြတယ်။ (၂ တိ. ၃:၁) ဒါကြောင့် တခြားဘာကိုမှ မတွေးနိုင်တဲ့အထိ အစိုးရိမ်လွန်လာနိုင်တယ်။
၆ အဖြစ်ဆိုးတွေကြောင့် ဘဝ ကပြောင်းကပြန် ဖြစ်သွားသူတွေကို ကျွန်တော်တို့ သိကြမှာပါ။ အဲဒီလိုဖြစ်ရင် စိတ်ချုံးချုံးကျတာ သဘာဝပါပဲ။ လူတွေ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ အသက်ရှင်ဖို့ဟာ ဘုရားသခင့်ရည်ရွယ်ချက် မဟုတ်ဘူး။ ဒါကြောင့်လည်း ဒုက္ခတွေပဲ ခါးစည်းခံနေရလို့ လူဖြစ်ရှုံးတယ်ဆိုပြီး တချို့ ခံစားလာကြတယ်။ စိတ်ဖိစီးမှုကို ဖြေဖျောက်ဖို့ ပျော်မယ်ထင်တာတွေကို လုပ်ကြတယ်။ ကိုယ်လည်း အဲဒီလိုဖြစ်လာပြီဆိုတာ ရိပ်မိရင် ဘာလုပ်နိုင်သလဲ။ ဝတ်ပြုရေးကနေ အာရုံပျံ့လွင့်မသွားဖို့ ယေရှု လုပ်ခဲ့တာတွေကနေ သင်ယူကြရအောင်။
LUNGSIM HEIKAWI LO DINGIN JESUH IN BANG SEM?
7. Bangte hangin Jesuh lungsim heikawi kha thei a hiam?
၇ ယေရှုခေတ်မှာ လူများစွာဟာ ဆင်းရဲကြတယ်၊ ရောဂါဝေဒနာ ခံစားနေကြရတယ်။ (မ. ၁၄:၁၄။ မာ. ၁၄:၇) ရောမတွေ ဖိနှိပ်တာကော ဂျူးအချင်းချင်း အနိုင်ကျင့်တာပါ ခံကြရတယ်။ ဒါကြောင့်လည်း ယေရှု အံ့ဖွယ်အမှုတွေ လုပ်နိုင်တာ လူတွေမြင်တော့ သူ့ကို ဘုရင်မြှောက်ချင်ကြတယ်။ (ယော. ၆:၁၄၊ ၁၅) ဒီလို လူမှုရေး၊ နိုင်ငံရေးကိစ္စတွေကြောင့် ယေရှု အာရုံပျံ့လွင့်ချင်ရင် ပျံ့လွင့်သွားနိုင်တယ်။ ဒါ့အပြင် ဖြတ်လမ်းနည်းနဲ့ လောကအုပ်စိုးရှင် ဖြစ်လာဖို့ ယေရှုကို စာတန် သွေးဆောင်တယ်။ (မ. ၄:၈၊ ၉) “သခင်၊ ကိုယ့်ကိုယ်ကိုယ် သက်ညှာပါဦး” ဆိုပြီး မိတ်ဆွေရင်း တမန်တော် ပေတရုတောင် ယေရှုကို ပြောခဲ့တာ။—မ. ၁၆:၂၁၊ ၂၂။
8. Lungsim heikawi lo dingin Jesuh in bang sem a hiam?
၈ အာရုံမပျံ့လွင့်ဖို့ ယေရှု ဘာလုပ်သလဲ။ ပထမ၊ ယေဟောဝါ စဉ်းစားသလို စဉ်းစားတယ်။ (ယော. ၈:၂၈။ ၁၄:၉) ဒုတိယ၊ ဟောပြောသွန်သင်ခြင်းလုပ်ငန်းကို အာရုံစိုက်တယ်။ (မ. ၉:၃၅) တတိယ၊ တကယ် အရေးကြီးတာကို ရှင်းရှင်းလင်းလင်း သိတယ်။ (ယော. ၄:၃၄) ဒါကြောင့် စာတန့်သွေးဆောင်မှုတွေကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့တယ်။ စေတနာနဲ့ ပြောပေမဲ့ အဖအလိုတော်နဲ့ လွဲနေတဲ့ ပေတရုစကားတွေကြောင့် စိတ်ယိမ်းယိုင်မသွားခဲ့ဘူး။ (မ. ၄:၁၀။ ၁၆:၂၃) လူတွေရဲ့ အတွေးအခေါ်၊ အပြောအဆို၊ လုပ်ရပ် တစ်ခုခုကြောင့် ဘုရားအလိုတော်ဆောင်ခြင်းကနေ ယေရှု အာရုံလွဲမသွားဘူး။ ယေရှုကို အာရုံပျံ့လွင့်စေတဲ့အရာတွေနဲ့ ကျွန်တော်တို့ကို အာရုံပျံ့လွင့်စေတဲ့အရာတွေ တူချင်မှ တူမယ်။ ဒါပေမဲ့ ကျွန်တော်တို့လည်း အာရုံပျံ့လွင့်တာမျိုးမဖြစ်အောင် ယေရှုကို အတုယူနိုင်ပါတယ်။
အာရုံမပျံ့လွင့်ဖို့ ကျွန်တော်တို့ ဘာလုပ်ရမလဲ
9. Lungsim heikawi lo dingin bang sem ding i hiam? (Efesa 5:17)
၉ ယေဟောဝါ စဉ်းစားသလို စဉ်းစားပါ။ ကျမ်းစာဖတ်ပြီး တွေးတောဆင်ခြင်တဲ့အခါ ယေဟောဝါ ဘာနှစ်သက်တယ်၊ ဘာမနှစ်သက်ဘူးဆိုတာ သိလာနိုင်တယ်။ (ဧဖက် ၅:၁၇ ကို ဖတ်ပါ။) ကိုယ့်အခြေအနေနဲ့ပတ်သက်ပြီး ကျမ်းစာမှာ သတ်သတ်မှတ်မှတ် ဖော်ပြမထားရင်တောင် “ယေဟောဝါရဲ့ အလိုတော်ကို သိနားလည်အောင် အမြဲကြိုးစား” နိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။ ယေဟောဝါရဲ့ တွေးခေါ်ပုံနဲ့ အကျွမ်းတဝင်ရှိခြင်း၊ သိလာတဲ့အတိုင်း လက်တွေ့ကျင့်သုံးခြင်း အားဖြင့်ပါ။
10. Jehovah ngaihsut dan i theihtel nading bang sem thei i hiam?
၁၀ ယေဟောဝါရဲ့ တွေးခေါ်ပုံနဲ့ အကျွမ်းတဝင်ရှိဖို့ ဘာလုပ်နိုင်သလဲ။ လူတွေကို ယေဟောဝါ ဘယ်လို ဆက်ဆံသလဲဆိုတာ ကျမ်းစာကနေ လေ့လာနိုင်တယ်။ (ယေ. ၄၅:၅) ကျမ်းမှတ်တမ်းတွေ ဖတ်တဲ့အခါ ‘ဒီမှတ်တမ်းကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။ ယေဟောဝါ စဉ်းစားသလို စဉ်းစားတတ်လာဖို့ ငါ ဘာတွေ ပြောင်းလဲရမလဲ’ လို့ ဆန်းစစ်ပါ။ ကျွန်တော်တို့ရဲ့ အတွေးအခေါ်ထက် ယေဟောဝါရဲ့ အတွေးအခေါ် ပိုမြင့်မားတယ်။ (ဟေရှာ. ၅၅:၉) ဒါကြောင့် အလိုတော်အတိုင်း လုပ်ဆောင်နိုင်ဖို့ သင်ကြားပေးပါလို့ ဆုတောင်းပါ။ (ဆာ. ၁၄၃:၁၀) ယေဟောဝါ စဉ်းစားသလို စဉ်းစားတတ်လာဖို့လည်း ဆုတောင်းပါ။—၁ ယော. ၅:၁၄။
11. Jehovah in bangci hong om sak nuam a hiam?
၁၁ အဆုံးရောက်လာတဲ့အခါ ကျွန်တော်တို့ကို ယေဟောဝါ အသင့်ဖြစ်နေစေချင်တယ်။ အာရုံမပျံ့လွင့်စေချင်ဘူး။ (မ. ၂၄:၄၄) စိုးရိမ်ပူပန်စရာတွေကြောင့် စိတ်နှလုံး ဝန်ပိမနေစေချင်ဘူး။ (မ. ၆:၃၁၊ ၃၂) ဒါကြောင့် ကျန်းမာရေး၊ အလုပ်အကိုင်၊ အိမ်၊ တခြားကိုယ်ရေးကိုယ်တာကိစ္စ၊ မိသားစုကိစ္စတွေကြောင့် စိုးရိမ်ပူပန်လာတဲ့အခါ ဘာလုပ်ရမလဲဆိုတာ အကြံဉာဏ်ကောင်း ပေးထားတယ်။ ဘာလုပ်ရမလဲ။ အခက်အခဲတွေ ရင်ဆိုင်နိုင်ဖို့ လိုအပ်တဲ့ ဉာဏ်ပညာ၊ ခွန်အားပေးဖို့ ယေဟောဝါဆီ တောင်းခံရမယ်။—ဆာ. ၅၅:၂၂။ ပညာ. ၃:၅-၇။
12. Leitung dinmunte hangin lungsim heikawi lo dingin bang sem thei i hiam? (Matthai 5:3)
၁၂ ဝတ်ပြုရေး လုပ်ငန်းဆောင်တာတွေကို အာရုံစိုက်ပါ။ ကမ္ဘာ့အခြေအနေ ဆိုးလာလို့ ကျွန်တော်တို့အားလုံး စိုးရိမ်ပူပန်ကြတယ်။ ဒါပေမဲ့ ကိုယ်ဖြေရှင်းနိုင်တဲ့ ကိစ္စမှ မဟုတ်ပဲ။ ဝတ်ပြုရေး လုပ်ငန်းဆောင်တာတွေကို အာရုံစိုက်မယ်ဆိုရင် ကိုယ်မတတ်နိုင်တဲ့ ကိစ္စကြောင့် အာရုံပျံ့လွင့်တာမျိုး မဖြစ်တော့ဘူး။ ဘုရားကို မှီခိုဖို့ လိုအပ်ချက်နဲ့ ဖန်ဆင်းခံထားရတဲ့အတွက် ဝတ်ပြုရေး လုပ်ငန်းဆောင်တာတွေကို အာရုံစိုက်တာက ပျော်ရွှင်စေတယ်။ (မဿဲ ၅:၃ ကို ဖတ်ပါ။) ဒါကြောင့် ကျမ်းစာကို နှံ့နှံ့စပ်စပ် လေ့လာပြီး ယေဟောဝါကို သိကျွမ်းဖို့ ကြိုးစားပါ။ အမှုတော်မှာ တတ်စွမ်းသလောက် ပါဝင်ပါ။ ဒီနည်းနဲ့ အချိန်ကို အကျိုးရှိရှိ အသုံးချရင် ယေဟောဝါ သိပ်ဝမ်းသာမယ်။—ပညာ. ၂၃:၁၅။
13. I hun neih khempeuh a hoih lamin koi bangin zang thei ding i hiam?
၁၃ “အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ” လို့ ကျမ်းစာ ဆိုတယ်။ (ဧ. ၅:၁၅၊ ၁၆) နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက် အချိန်ခန့်ခွဲတတ်ဖို့ပဲ ပြောနေတာ မဟုတ်မှန်း ကျွန်တော်တို့ သိကြတယ်။ ဒီလောကစနစ်ကို ယေဟောဝါ အဆုံးတိုင်ပစ်မယ့်အချိန် မရောက်ခင် ကိုယ့်အချိန် သုံးစွဲပုံကို ဂရုစိုက်ဖို့ အားပေးနေတာပါ။ ဒါဆိုရင် အချိန်ကို ဘယ်လို အကျိုးရှိရှိ အသုံးချနိုင်သလဲ။ သတင်းဆိုးတွေပဲ တစ်ချိန်လုံး အမီလိုက်ဖတ်နေမယ်၊ လိုက်ကြည့်နေမယ်ဆိုရင် အာရုံပျံ့လွင့်လာမယ်၊ စိတ်ဖိစီးလာမယ်၊ ဝတ်ပြုရေးဘက် သိပ်အားမထုတ်နိုင်ဘဲ ဖြစ်လာမယ်။ ဒါကြောင့် သတင်းဖတ်မယ့်၊ ကြည့်မယ့်အချိန် ကန့်သတ်ထားပါ။ ဒါမှ ဝတ်ပြုရေး လုပ်ငန်းဆောင်တာတွေအတွက် အချိန်နဲ့ ခွန်အား ကျန်မယ်။ ဒါ့အပြင် ပြန်လည်ပတ်မှုများများ သွားတာလိုမျိုး အမှုဆောင်လုပ်ငန်း တိုးချဲ့နိုင်မယ့်နည်းတွေ စဉ်းစားကြည့်ပါ။ လူတွေ ‘ကယ်တင်ခြင်းရပြီး အမှန်တရားအကြောင်း တိကျမှန်ကန်စွာ သိရှိလာအောင်’ အခွင့်အရေးတိုင်းကို အမိအရယူဖို့ ဘယ်လောက် အရေးကြီးမှန်း ကျွန်တော်တို့ သိကြတယ်။—၁ တိ. ၂:၄။
14. Pasian nasep i mitsuanna-in bang hamphatna om a hiam? (Lim zong en in.)
၁၄ ဝတ်ပြုရေး လုပ်ငန်းဆောင်တာတွေကို အာရုံစိုက်တာက ဘယ်လို ခေတ်ကာလမှာ ကိုယ်အသက်ရှင်နေသလဲဆိုတာ မမေ့ဖို့ ကူညီပေးတယ်။ နိုင်ငံရေးကိစ္စတွေ ပိုရှုပ်ထွေးလာတာ၊ စီးပွားရေး ပိုကျပ်တည်းလာတာ၊ ရောဂါပိုထူပြောလာတာကို ကျွန်တော်တို့ မအံ့ဩကြဘူး။ ကျမ်းစာကြိုဟောချက် ပြည့်စုံနေတာ ဖြစ်မှန်း သိကြတယ်။ ဒီဒုက္ခတွေကို မကြာခင် ယေဟောဝါ အဆုံးတိုင်စေပြီး ကမ္ဘာသစ် ဆောင်ကြဉ်းပေးမယ်ဆိုတာ ယုံကြည်ကြတယ်။ အဲဒီအချိန် မရောက်ခင်ထိ ခံနိုင်ရည် ရှိနေဖို့ ကူညီပေးမယ်ဆိုတာလည်း စိတ်ချကြတယ်။—ဆာ. ၁၆:၈။ ၁၁၂:၁၊ ၆-၈။
ကမ္ဘာ့အခြေအနေ ဘယ်လောက် ဆိုးနေပါစေ ဝတ်ပြုရေး လုပ်ငန်းဆောင်တာတွေကို အာရုံစိုက်ပါ (စာပိုဒ် ၁၄ ကို ကြည့်ပါ)b
15. 1 Peter 4:7-ah a gen bangin bang i sep kul a hiam? Bang hang hiam?
၁၅ တကယ် အရေးကြီးတာကို ရှင်းရှင်းလင်းလင်း သိပါ။ ဒီနေ့ခေတ် လူများစွာဟာ အဆုံးရောက်လာတော့မယ်ဆိုတာ မသိဘဲ အပျော်အပါးကိုပဲ စိတ်ရောက်နေကြတယ်။ ပျော်ချင်တာ မမှားပေမဲ့ ကျွန်တော်တို့ကတော့ လောကက လူတွေနဲ့ မတူဘဲ “ချင့်ချိန်တတ်သူတွေ” ဖြစ်ရမယ်။ (၁ ပေတရု ၄:၇ ကို ဖတ်ပါ။) ဘာကို ဆိုလိုသလဲ။ အပျော်အပါး မမက်ဖို့၊ ချင့်ချိန်မှုရှိဖို့၊ ဆုံးဖြတ်ချက်ကောင်း ချတတ်ဖို့ ဆိုလိုတာပါ။ ချင့်ချိန်မှု ရှိတာဟာ ယေဟောဝါ စဉ်းစားသလို စဉ်းစားကြောင်း၊ တကယ် အရေးကြီးတာကို ရှင်းရှင်းလင်းလင်း သိကြောင်း ပြရာရောက်တယ်။—၂ တိ. ၁:၇။
16. A sihma deuha zong Jesuh in bang mitsuan a hiam?
၁၆ ဘာက အရေးကြီးဆုံးအရာ ဖြစ်မှန်း ယေရှု အမြဲ ရှင်းရှင်းလင်းလင်း သိတယ်။ မသေဆုံးခင်လေးမှာတောင် ယေဟောဝါအပေါ် သစ္စာရှိနေဖို့၊ အလိုတော် ပြီးမြောက်ဖို့ပဲ အပြည့်အဝ အာရုံစိုက်တယ်။ တပည့်တွေ “ဝမ်းနည်းလွန်းလို့ နွမ်းလျပြီး” အိပ်ပျော်သွားချိန်မှာတောင် ယေရှု ပြင်းပြင်းပြပြ ဆုတောင်းနေခဲ့တယ်။—လု. ၂၂:၃၉-၄၆။ ယော. ၁၉:၃၀။
17. Mi a tamzawin bang hang internet zang uh a hiam? Ahih hang bang piang thei a hiam? (Lim zong en in.)
၁၇ နောက်ဆုံးကာလမှာ စိုးရိမ်ပူပန်စရာတွေ များလွန်းလို့ ယေရှုတပည့်တွေလိုပဲ ကျွန်တော်တို့ တစ်ခါတလေ နွမ်းလျလာနိုင်တယ်။ ဒီနေ့ခေတ် လူတော်တော်များများ စိတ်ထွက်ပေါက်အနေနဲ့ လူမှုမီဒီယာ သုံးကြတယ်။ အင်တာနက်ကတစ်ဆင့် မိတ်ဆွေတွေ၊ မိသားစုဝင်တွေဆီ ဓာတ်ပုံတွေ ပို့တယ်။ သူတို့ဘာတွေလုပ်နေတယ်ဆိုတာ ပြောပြကြတယ်။ ရုပ်ရှင်ကြည့်တယ်၊ ဂိမ်းဆော့တယ်။ ဒါပေမဲ့ အင်တာနက်မှာ ကြည့်စရာတွေ များလွန်းလို့ အချိန်ကုန်မှန်းမသိ ကုန်လာနိုင်တယ်။ လူလည်း နုံးလာနိုင်တယ်။ အဲဒီလိုမဖြစ်ရအောင် ‘ငါ အင်တာနက် သုံးနေပုံက အကျိုးရှိရဲ့လား။ ဒါမှမဟုတ် တကယ် အရေးကြီးတာတွေကနေ အာရုံလွဲသွားစေသလား’ လို့ စဉ်းစားကြည့်ပါ။
လူမှုမီဒီယာ၊ ဖျော်ဖြေရေး၊ အပန်းဖြေမှုကြောင့် အာရုံမပျံ့လွင့်ဖို့ ချင့်ချိန်မှု ရှိရမယ် (စာပိုဒ် ၁၇ ကို ကြည့်ပါ)
18. Hun awl bangci zang ding cih khensatna ah thu ngaihsut siamna bang hang kisam a hiam?
၁၈ ရုပ်ရှင်တွေ၊ တီဗီဇာတ်လမ်းတွဲတွေ၊ အွန်လိုင်းဗီဒီယို အတိုအထွာလေးတွေ ကြည့်တာ၊ ဗီဒီယိုဂိမ်း ဆော့တာက ပျော်စရာကောင်းသလို စိတ်အပန်းပြေစေတာ မှန်ပါတယ်။ ဒါပေမဲ့ ဘာကို ဘယ်လောက် ကြည့်သလဲ၊ ဆော့သလဲဆိုတာ ချင့်ချိန်ရမယ်။ ဥပမာ၊ အင်တာနက်မှာ ဗီဒီယိုတစ်ခု ကြည့်ပြီးရင် နောက်တစ်ခု တက်လာလို့ အရှိန်သတ်လို့ မရတော့ဘဲ ကြည့်မိသွားနိုင်တယ်။ အဲဒီထဲမှာ အကြမ်းဖက်တဲ့၊ လိင်အကျင့်ပျက်တဲ့ ဗီဒီယိုတွေ ပါလာနိုင်တယ်။ အာရှမှာနေတဲ့ ညီအစ်ကိုတစ်ယောက် အဲဒီလိုကြုံခဲ့တယ်။ အစကတော့ အင်တာနက်မှာ ရုပ်ရှင်အတိုလေးတွေပဲ ကြည့်တာပါ။ ဒါပေမဲ့ ထပ်တက်လာတာတွေ ကြည့်ရင်းကြည့်ရင်း လိင်အကျင့်ပျက် ပြကွက်တွေ ပါလာတယ်။ နောက်တော့ ညစ်ညမ်းဗီဒီယိုတွေပါ ညီအစ်ကို စကြည့်လာတယ်။ အကြီးအကဲတွေ၊ မိတ်ဆွေရင်းချာတွေရဲ့ အကူအညီနဲ့ အဲဒီအကျင့် ဖြတ်လိုက်နိုင်လို့ တော်သေးတယ်။ ဖုန်းကနေ အဲဒီ အက်ပ်တွေ ဖျက်လိုက်တယ်။ ဖုန်းသုံးတဲ့အချိန် ကန့်သတ်လိုက်တယ်။ အားလပ်ချိန်ကို ဘယ်လို သုံးမလဲ ဆုံးဖြတ်ရာမှာ ချင့်ချိန်မှုရှိဖို့ သိပ်လိုအပ်မှန်း ဒီတွေ့ကြုံမှုက ဖော်ပြနေတယ်။
19. Gualnopna bekbek i ngaihsut le bang piang thei a hiam?
၁၉ ရံဖန်ရံခါ အလုပ်နားပြီး အပန်းဖြေတာက အကျိုးရှိပြီး ကျန်းမာရေးလည်း ကောင်းစေတယ်။ ဒါပေမဲ့ ချင့်ချိန်မှု ရှိရမယ်။ အပန်းဖြေဖို့ပဲ တစ်ချိန်လုံး အာရုံရောက်နေရင် ပိုအရေးကြီးတဲ့အရာတွေ လုပ်ဖို့ အချိန်မကျန်ဘဲ ဖြစ်သွားမယ်။ (ဖိ. ၁:၁၀) ဘာလုပ်မယ်၊ အချိန်ဘယ်လောက် သုံးမယ်ဆိုတာ လူတိုင်း ကိုယ်ပိုင် ဆုံးဖြတ်ရမယ်။ ‘အပန်းဖြေဖို့၊ ခရီးထွက်ဖို့ ဆုံးဖြတ်တဲ့အခါ ငါ ချင့်ချိန်မှု ရှိသလား။ တကယ် အရေးကြီးတာကို ဦးစားထားရဲ့လား။ “အရာခပ်သိမ်းရဲ့ အဆုံး” အတွက် အသင့်ဖြစ်နေရဲ့လား’ လို့ စဉ်းစားကြည့်ပါ။
20. Lungsim ki heikawi lo dingin hanciamna in bang hamphatna om a hiam?
၂၀ ဝတ်ပြုရေး လုပ်ငန်းဆောင်တာတွေကနေ အာရုံမပျံ့လွင့်သွားဖို့ ကြိုးစားတာ အကျိုးရှိပါတယ်။ (ဟေရှာ. ၄၈:၁၇) ဘာအကျိုးတွေလဲ။ ယေဟောဝါရဲ့ အကူအညီနဲ့ ဘဝပြဿနာတွေကို ခံရပ်နိုင်မယ်။ ကမ္ဘာ့အခြေအနေတွေကြောင့် မတုန်လှုပ်တော့ဘူး။ အပန်းဖြေတာနဲ့ပဲ အချိန်ကုန်တာမျိုး မဖြစ်တော့ဘူး။ ဒါကြောင့် ယေဟောဝါ စဉ်းစားသလို စဉ်းစားဖို့၊ ဝတ်ပြုရေး လုပ်ငန်းဆောင်တာတွေကို အာရုံစိုက်ဖို့၊ တကယ် အရေးကြီးတာကို ရှင်းရှင်းလင်းလင်း သိဖို့ ဆုံးဖြတ်ထားကြရအောင်။ ဒါဆိုရင် အခုအချိန်မှာ ယေဟောဝါကို ဦးစားထားနိုင်မယ်။ “စစ်မှန်တဲ့အသက်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ဟာ အမြဲရှင်သန်နေလိမ့်မယ်။”—၁ တိ. ၆:၁၉။
LA 129 ခံရပ်နေမယ်
a စကားလုံး ရှင်းလင်းချက်။ ဝတ်ပြုရေး လုပ်ငန်းဆောင်တာဆိုတာ ကျမ်းစာလေ့လာတာ၊ အစည်းအဝေးတက်တာ၊ မိသားစုဝတ်ပြုမှု လုပ်တာ၊ ဟောပြောတာ စတဲ့ ဝတ်ပြုရေးနဲ့ ဆက်နွှယ်နေတာ မှန်သမျှကို ရည်ညွှန်းပါတယ်။ အစည်းအဝေးခန်းမ ထိန်းသိမ်းတာ၊ ဆောက်လုပ်တာ၊ ကယ်ဆယ်ရေးလုပ်ငန်းကို ထောက်မတာ၊ အစည်းအဝေးကြီးတွေမှာ စေတနာ့ဝန်ထမ်းလုပ်တာ၊ ဗေသလမှာ အမှုဆောင်တာလည်း ယေဟောဝါကို ဝတ်ပြုနေတာပါပဲ။
b ပုံအညွှန်း– မောင်နှံတစ်စုံဟာ ကမ္ဘာ့အခြေအနေကြောင့် အာရုံပျံ့လွင့်မနေဘဲ ဟောပြောခြင်းလုပ်ငန်းကို အာရုံစိုက်နေ။