MAY 25-31, 2026
LA 135 ယေဟောဝါရဲ့ မေတ္တာရပ်ခံချက်– ‘ငါ့သား၊ ပညာရှိပါ’
Theihsiamna A Neite A Maa Vang Ding Uh Hi”
“Thu khat peuh ah theihsiamna a nei mi-in a maa vang ding hi.”—PAU. 16:20.
အာရုံစိုက်ရာ
အခက်အခဲတွေကို အောင်အောင်မြင်မြင် ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ထိုးထွင်းသိမြင်မှုက ဘယ်လို ကူညီပေးနိုင်သလဲ။
1-2. Theihsiamna nei cihin bang a hiam? Koi bangin hong huh thei ding a hiam?
ကိုယ့်ကို တစ်ယောက်ယောက် မလေးမစားဆက်ဆံတာ၊ မတရားဆက်ဆံတာ၊ အထင်လွဲတာမျိုး ကြုံဖူးသလား။ ဒါမှမဟုတ် ထိတ်လန့်စရာ အခြေအနေမျိုး ကြုံဖူးသလား။ ကြုံဖူးတယ်ဆိုရင် အဲဒီလိုအခြေအနေတွေမှာ ပြောမှားဆိုမှား၊ လုပ်မှားကိုင်မှား မဖြစ်ဖို့ ဘယ်လောက် ခက်သလဲဆိုတာ သိမှာပါ။ ဒါပေမဲ့ အဲဒီလိုအခြေအနေတွေမှာကော တခြားအခြေအနေတွေမှာပါ အကူအညီ ဖြစ်စေမယ့် အရည်အသွေးတစ်ခုအကြောင်း ကျမ်းစာမှာ ဖော်ပြထားတာ ကျေးဇူးတင်စရာပါပဲ။ ဘာအရည်အသွေးလဲ။ ထိုးထွင်းသိမြင်မှုပါ။
၂ ထိုးထွင်းသိမြင်မှုဆိုတာ မြင်သာတဲ့အချက်တွေလောက်ကို မဟုတ်ဘဲ မမြင်သာတဲ့အချက်တွေကိုပါ အခြေခံပြီး ဆုံးဖြတ်နိုင်တဲ့အစွမ်း ဖြစ်တယ်။ တစ်ခုခု ဖြစ်လာတယ် ဒါမှမဟုတ် တစ်ယောက်ယောက်က တစ်ခုခု လုပ်တယ်ဆိုရင် နောက်ကွယ်က အကြောင်းရင်းကို အရင်ဆုံး စဉ်းစားတတ်တာ ထိုးထွင်းသိမြင်မှုရှိသူပဲ။ ရလဒ်အနေနဲ့ မဆင်မခြင် မပြောမိ မလုပ်မိတော့ဘူး။ ဥပမာ၊ ထိုးထွင်းသိမြင်မှုက “နှုတ်စောင့်စည်း” ဖို့၊ “ဆိတ်ငြိမ်စွာ နေ” ဖို့ ကူညီပေးနိုင်တယ်။ (ပညာ. ၁၀:၁၉။ ဆာ. ၄:၄) ဒေါသထိန်းချုပ်ဖို့၊ ဗွေမယူဖို့ ကူညီပေးတယ်။ အကြံပေးတည့်မတ်တာကို လက်ခံဖို့လည်း ကူညီပေးတယ်။ (ပညာ. ၁၉:၂၀) ကျွန်တော်တို့ ထိုးထွင်းသိမြင်မှုရှိရင် ကိုယ်တိုင်ကော ကိုယ်နဲ့ ပြောဆိုဆက်ဆံသူတွေပါ ပျော်ရွှင်မယ်။ ယေဟောဝါဘုရားလည်း ဝမ်းသာမယ်။ အထူးသဖြင့် ခံစားချက် မထိန်းချုပ်ဘဲ စိတ်လိုက်မာန်ပါ ပြောမိလုပ်မိစေနိုင်တဲ့ အခြေအနေမျိုးမှာ ထိုးထွင်းသိမြင်မှုရှိဖို့ သိပ်အရေးကြီးတယ်။ နှိမ့်ချနေဖို့၊ စိတ်အေးအေးထားဖို့၊ ယေဟောဝါကို အပြည့်အဝ အားကိုးဖို့ ထိုးထွင်းသိမြင်မှုက ကူညီပေးနိုင်ကြောင်း ဖော်ပြတဲ့ ကျမ်းမှတ်တမ်းသုံးခုကို သုံးသပ်ကြည့်ရအောင်။
KIPHATSAKNA LUNGSIM TAWH HILO-IN KINIAMKHIATNA LUNGSIM TAWH THUKKIK IN
3. Naaman in kua a hiam?
၃ အပြောအဆို၊ အပြုအမူ မမှားဖို့ဆိုရင် နှိမ့်ချမှု ရှိရမယ်။ (၁ ပေ. ၅:၅) နှိမ့်ချမှု ရှိဖို့ ထိုးထွင်းသိမြင်မှုက ကူညီပေးနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။ နေမန်အကြောင်း စဉ်းစားကြည့်ပါ။ နေမန်ဟာ အစ္စရေးပြည်မြောက်ဘက်မှာရှိတဲ့ ဆီးရီးယားပြည်မှာ နေတယ်။ ဆီးရီးယားတပ်ရဲ့ ဗိုလ်ချုပ်ဖြစ်ပြီး သိပ်အရေးပါသူ ဖြစ်တယ်။ ဒါပေမဲ့ အနာကြီးရောဂါ စွဲနေရှာတယ်။—၂ ဘု. ၅:၁။
4. Naaman in theihsiamna nei cih bangci lak a hiam?
၄ သခင့်ကို ရောဂါကုပေးနိုင်တဲ့ ပရောဖက်တစ်ယောက် အစ္စရေးပြည်မှာ ရှိတယ်ဆိုပြီး နေမန်ရဲ့ ဇနီးကို အစ္စရေးအစေခံမလေး ပြောတယ်။ (၂ ဘု. ၅:၂၊ ၃) ‘ရန်သူတိုင်းပြည်က ခေါ်လာတဲ့ အစေခံမလေး ပေါက်တတ်ကရတွေ ပြောနေတာများလား’ လို့ နေမန် တွေးချင်ရင် တွေးနိုင်တယ်။ ဒါပေမဲ့ မာနတစ်ခွဲသားနဲ့ မငြင်းပစ်ဘဲ အစေခံမလေး ပြောတာကို နှိမ့်ချမှုရှိရှိ အရေးတယူ စဉ်းစားတယ်။ အစ္စရေးပြည် သွားပြီး ရောဂါကုသဖို့ ဆီးရီးယားဘုရင်ကိုယ်တိုင် ခွင့်ပြုပေးလိုက်တယ်။—၂ ဘု. ၅:၄၊ ၅။
5. Naaman Israel atun ciang bang tuakkha a hiam?
၅ အနာကြီးရောဂါ ပျောက်ကင်းဖို့ မျှော်လင့်ချက်နဲ့ အစ္စရေးဘုရင် ယောရံဆီ နေမန် ရောက်လာတယ်။ ဒါပေမဲ့ ယောရံက ဆီးရီးယားဘုရင် ရန်ရှာနေတာပဲလို့ ထင်သွားတယ်။ ဒီအကြောင်း ပရောဖက် ဧလိရှဲ ကြားတော့ မိမိဆီ နေမန်ကို လွှတ်လိုက်ဖို့ ယောရံကို ပြောတယ်။ (၂ ဘု. ၅:၆-၉) တကယ်တမ်း ဧလိရှဲဆီ သွားတော့ နေမန် မျှော်လင့်ထားသလို ဆက်ဆံမခံရဘူး။ ဧလိရှဲက အိမ်ထဲကနေတောင် ထွက်မတွေ့ဘူး၊ ထွက်မနှုတ်ဆက်ဘူး။ ရောဂါပျောက်ချင်ရင် ဘာလုပ်ရမယ်ဆိုတာ လူလွှတ်ပြီးတော့ပဲ ပြောခိုင်းလိုက်တယ်။—၂ ဘု. ၅:၁၀။
6. (a) Elisha a sawl kamtai pa ii agen te bang hangin Naaman in lungkim lo a hiam? (b) Naaman nungzuite-in theihsiamna a neihlam bangci lak uh a hiam? Bang hamphatna ngah uh a hiam? (2 Kumpi 5:13, 14)
၆ ဧလိရှဲ လွှတ်လိုက်တဲ့ လူကိုကော ပါးလိုက်တဲ့ စကားကိုပါ စစချင်းတော့ နေမန် သဘောမကျဘူး။ “တအားဒေါသထွက်ပြီး” “စိတ်ဆိုးဆိုးနဲ့ ထွက်သွားတယ်။” (၂ ဘု. ၅:၁၁၊ ၁၂) ဘာကြောင့်လဲ။ မိမိလို လူလေးစားခံရတဲ့ ဆီးရီးယားဗိုလ်ချုပ်ကို ဧလိရှဲ မလေးစားဘူးလို့ ခံစားသွားတာ ဖြစ်နိုင်တယ်။ ဒါ့အပြင် ဆီးရီးယားပြည်ကို မခန့်လေးစားလုပ်တယ်လို့ ခံစားသွားတာလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ရောဂါကုသမခံတော့ဘဲ အိမ်ပြန်ဖို့တောင် နေမန် လုပ်နေပြီ။ ဒါပေမဲ့ ဧလိရှဲ တကယ်ကုသပေးချင်မှန်း ထိုးထွင်းသိမြင်တဲ့ နောက်လိုက်တွေက နေမန်ကို ဝိုင်းဖျောင်းဖျကြတယ်။ နေမန်လည်း မာနကို ခဝါချပြီး ဧလိရှဲ ပြောတဲ့အတိုင်း နှိမ့်ချမှုရှိရှိ လုပ်လိုက်တယ်။ ဒီလိုနဲ့ ရောဂါပျောက်ကင်းသွားတယ်။—၂ ဘုရင်များ ၅:၁၃၊ ၁၄ ကို ဖတ်ပါ။
7. Naaman tuahkhakna pan bang sinthei i hiam? (Paunak 22:4) (Lim zong en in.)
၇ ဘာသင်ယူနိုင်သလဲ။ ထိုးထွင်းသိမြင်မှု ရှိသူဟာ မြင်သာတဲ့အချက်၊ အပြင်ပန်းကိုပဲ ကြည့်ပြီး မဆုံးဖြတ်ဘူး။ စိတ်အလိုမလိုက်ဘူး။ နှိမ့်ချမှု ရှိတယ်။ ကိုယ်မသိတာတွေ ရှိတယ်ဆိုတာ အသိအမှတ်ပြုတယ်။ မသိတာတွေ သိလာဖို့ တခြားသူတွေ၊ အထူးသဖြင့် ယေဟောဝါဆီက အကူအညီ ကျွန်တော်တို့ လိုအပ်တယ်။ နေမန်ဟာ ယေဟောဝါကို ကိုးကွယ်သူ မဟုတ်ဘူး။ ဒါပေမဲ့ အစ္စရေးအစေခံမလေးရဲ့စကား၊ နောက်လိုက်တွေရဲ့စကား၊ ယေဟောဝါရဲ့ ကိုယ်စားလှယ် ဧလိရှဲပြောတဲ့စကားကို နှိမ့်ချမှုရှိရှိ နားထောင်တယ်။ ထိုးထွင်းသိမြင်မှု ရှိကြောင်း ပြလိုက်တာပါပဲ။ မာနထိခိုက်တယ်ဆိုပြီး တင်းခံမနေဘူး။ ဒါကြောင့် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်ပြီး ရောဂါပျောက်ကင်းသွားတာ။ ကျွန်တော်တို့လည်း ကျမ်းစာအခြေခံပြီး တစ်ယောက်ယောက် ပေးလာတဲ့ အကြံဉာဏ်ကို သဘောမကျတဲ့အခါ၊ အဖွဲ့အစည်းညွှန်ကြားချက်ကို နားမလည်တဲ့အခါ ဘာလုပ်သင့်သလဲ။ ကိုယ်ပြောမယ့်စကား၊ ကိုယ့်တုံ့ပြန်ပုံမှာ မာန ထင်ဟပ်နေသလား၊ နှိမ့်ချမှု ရှိရဲ့လားဆိုတာ အရင် စဉ်းစားသင့်တယ်။—ပညာအလိမ္မာ ၂၂:၄ ကို ဖတ်ပါ။
အကြံပေးတည့်မတ်ခံရတဲ့အခါ၊ ကြုံနေရတဲ့ပြဿနာအကြောင်း တစ်ယောက်ယောက် လာပြောပြတဲ့အခါ၊ အဖွဲ့အစည်းလမ်းညွှန်ချက် ရလာတဲ့အခါ နေမန်လိုပဲ နှိမ့်ချမှုရှိရှိ နားထောင်သင့် (စာပိုဒ် ၇ ကို ကြည့်ပါ)
HEHNA TAWH HILO-IN DAI TAKIN DAWNGKIK IN
8. Koi bang dinmun te-ah lungsim daihsak ding haksa thei a hiam?
၈ စိတ်အေးအေးထားဖို့၊ ဒေါသတကြီး မတုံ့ပြန်မိဖို့ ထိုးထွင်းသိမြင်မှုက ကူညီပေးနိုင်တယ်။ တစ်ယောက်ယောက် မဆင်မခြင်၊ မထောက်မထား ပြောဆိုပြုမူလာတဲ့အခါ ဒေါသထွက်မိတတ်လို့ စိတ်အေးအေးထားဖို့ အမြဲ မလွယ်ဘူး။ (ဧ. ၄:၂၆) ဒါပေမဲ့ အခြေအနေ တင်းမာနေချိန်မှာ ဒါဝိဒ်နဲ့ အဘိဂဲလ ထိုးထွင်းသိမြင်မှု ရှိကြောင်း ဘယ်လို ပြခဲ့သလဲ သုံးသပ်ကြည့်ရအောင်။
9. Nabal in David koi bangin thusim lo a hiam?
၉ ဒါဝိဒ်နဲ့ သူ့လူတွေဟာ ရှောလုလက်ကနေ ထွက်ပြေးပုန်းရှောင်ရင်း ပါရန်တောကန္တာရမှာ ရောက်နေကြတယ်။ (၁ ရှ. ၂၅:၁) အဲဒီမှာရှိနေချိန်တစ်လျှောက်လုံး နာဗလလို့ ခေါ်တဲ့ သူဌေးတစ်ယောက်ရဲ့ သိုးတွေ၊ သိုးထိန်းတွေကို ဒါဝိဒ်နဲ့ သူ့လူတွေ စေတနာနဲ့ ကာကွယ်ပေးကြတယ်။ (၁ ရှ. ၂၅:၁၅၊ ၁၆) ဒီလိုနဲ့ သိုးမွေးညှပ်ပွဲ ရောက်လာတော့ ဒါဝိဒ်က နာဗလဆီ တမန်တွေ လွှတ်ပြီး နှုတ်ခွန်းဆက်တယ်။ ပိုလျှံတာလေးတွေ ပေးဖို့ တလေးတစား တောင်းဆိုတယ်။ (၁ ရှ. ၂၅:၆-၈) ဒါပေမဲ့ ဒါဝိဒ်နဲ့ သူ့လူတွေ ကူညီပေးထားတာတွေကို နာဗလ မထောက်ထားတဲ့အပြင် လုံးဝ ကျေးဇူးမသိတတ်ဘူး။ ဒါဝိဒ်ရဲ့ လူတွေကို ရိုင်းရိုင်းစိုင်းစိုင်း အော်ထုတ်ပြီး မချေမငံ ပြောလွှတ်တယ်။—၁ ရှ. ၂၅:၁၀၊ ၁၁။
10. David le Abigail te-in theihsiamna a neihlam koi bangin lak uh a hiam? (1 Samuel 25:32, 33) (Lim zong en in.)
၁၀ သင်သာ ဒါဝိဒ်နေရာမှာဆိုရင် ဘယ်လို နေမလဲ။ ဒါဝိဒ် ဘာကြောင့် အကြီးအကျယ် ဒေါသထွက်သလဲဆိုတာ နားလည်နိုင်မှာပါ။ နာဗလကို သတ်ပစ်ချင်တဲ့အထိ ဒါဝိဒ် ဒေါသထွက်သွားတာ။ (၁ ရှ. ၂၅:၁၃၊ ၂၁၊ ၂၂) တကယ်လည်း နာဗလကို သတ်မယ်ဆိုပြီး ထွက်လာတယ်။ ဒါပေမဲ့ လမ်းမှာ နာဗလရဲ့ ဇနီး အဘိဂဲလနဲ့ ဆုံတယ်။ အဘိဂဲလဟာ ထိုးထွင်းသိမြင်မှု ရှိတယ်။ ဒါဝိဒ် အကြီးအကျယ် ဒေါသထွက်နေပေမဲ့ လူကောင်း ဖြစ်မှန်း သိတယ်။ ဒါကြောင့် ဒါဝိဒ် ဒေါသထိန်းနိုင်ဖို့၊ စိတ်အေးအေးထားနိုင်ဖို့ အစွမ်းကုန် ကူညီပေးချင်တယ်။ ဒါနဲ့ လက်ဆောင်တွေ အများကြီး ယူလာပေးတယ်။ ဒါဝိဒ်ကို အကြံဉာဏ်ကောင်း ပေးတယ်။ (၁ ရှ. ၂၅:၁၈၊ ၂၃-၃၁) အဘိဂဲလရဲ့ စကားတွေဟာ ယေဟောဝါရဲ့ အတွေးအခေါ်နဲ့ ကိုက်ညီတယ်ဆိုတာ ဒါဝိဒ် ထိုးထွင်းသိမြင်ပြီး အကြံပေးတာကို နားထောင်ခဲ့တယ်။ ဒါကြောင့် စိတ်အေးအေးထားနိုင်သွားပြီး ကြီးလေးတဲ့အမှား မကျူးလွန်မိတောဘူး။—၁ ရှမွေလ ၂၅:၃၂၊ ၃၃ ကို ဖတ်ပါ။
ဒါဝိဒ်နဲ့ အဘိဂဲလ ထိုးထွင်းသိမြင်မှုရှိလို့ လူ့အသက်သတ်မိနိုင်တဲ့ အဖြစ်ကို ရှောင်နိုင်ခဲ့ (စာပိုဒ် ၁၀ ကို ကြည့်ပါ)
11. I heh hun ciang theihsiamna neihna-in koi bangin hong huh ding a hiam? (Paunak 19:11)
၁၁ ဘာသင်ယူနိုင်သလဲ။ ဒေါသထွက်စရာ အကြောင်းရင်း ခိုင်လုံရင်တောင် စိတ်အေးအေးထားပြီး တုံ့ပြန်နိုင်ဖို့ ထိုးထွင်းသိမြင်မှုက ကူညီပေးနိုင်တယ်။ ဒါ့အပြင် ကိုယ့်စကားနဲ့ လုပ်ရပ်ရဲ့ အကျိုးဆက်ကို စဉ်းစားဖို့လည်း ကူညီပေးနိုင်တယ်။ (ပညာအလိမ္မာ ၁၉:၁၁ ကို ဖတ်ပါ။) သူ့လုပ်ရပ်ကြောင့် ယေဟောဝါ ဘယ်လို ခံစားရမယ်ဆိုတာ အဘိဂဲလ သတိပေးလို့ ဒါဝိဒ် ဒေါသချုပ်တည်းနိုင်သွားတယ်။ ကျွန်တော်တို့လည်း ဒေါသထွက်စရာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာ ကြုံလာတဲ့အခါ မဆင်မခြင် ဒေါသတကြီး မတုံ့ပြန်ပါနဲ့။ (ယာ. ၁:၁၉) ယေဟောဝါဆီ ဆုတောင်းပါ။ ကိုယ့်လုပ်ရပ်ကြောင့် ယေဟောဝါ ဘယ်လို ခံစားရမလဲဆိုတာ အချိန်ယူ စဉ်းစားပါ။ ဒါဆို စိတ်တည်တည်ငြိမ်ငြိမ်နဲ့ တုံ့ပြန်နိုင်မယ်။
12. Theihsiamna neih ding le lungsim daih thei nading midangte’n bangci hong huh thei ding a hiam?
၁၂ ဒါဝိဒ် စိတ်ထိန်းနိုင်ဖို့၊ ဘုရားရဲ့အမြင်ကို နားလည်ဖို့ အဘိဂဲလကို ယေဟောဝါ သုံးခဲ့သလို ကျွန်တော်တို့ ထိုးထွင်းသိမြင်မှု ရှိလာဖို့ တခြားသူတွေကို သုံးနိုင်တယ်။ ဒါကြောင့် စိတ်အနှောင့်အယှက်ဖြစ်စရာ ကြုံလာတဲ့အခါ ကိစ္စရပ်နဲ့ပတ်သက်ပြီး ယေဟောဝါ မြင်သလို မြင်တတ်လာအောင် ကူညီပေးမယ့် ရင့်ကျက်တဲ့ ညီအစ်ကို/မတစ်ယောက်နဲ့ တိုင်ပင်ပါ။ (ပညာ. ၁၂:၁၅။ ၂၀:၁၈) တကယ်လို့ ကိုယ်က အဲဒီလိုကြုံနေရတဲ့ မိတ်ဆွေတစ်ယောက်ကို ကူညီပေးရတယ်ဆိုရင် အဘိဂဲလကို အတုယူပါ။ ကိစ္စရပ်နဲ့ပတ်သက်ပြီး ယေဟောဝါ မြင်သလို သူ မြင်တတ်လာအောင် ကူညီပေးပါ။ တခြားသူတွေ ထိုးထွင်းသိမြင်မှု ရှိလာဖို့၊ စိတ်အေးအေးထားနိုင်ဖို့ သင် ကူညီပေးတာကို ယေဟောဝါ သေချာပေါက် ကောင်းချီးပေးမယ်။
LAUHNA LUNGSIM TAWH HILO-IN JEHOVAH MUANG NA LUNGSIM TAWH DAWNGKIK IN
13. A lauhuai dinmunte i tuahkhak ciang theihsiamna neihna in bangci hong huh thei ding a hiam?
၁၃ ကြောက်လန့်စရာ အခြေအနေတွေနဲ့ ကျွန်တော်တို့ ကြုံရနိုင်တယ်။ ဒါပေမဲ့ ဘယ်အရာထက်မဆို၊ ဘယ်သူ့ထက်မဆို ယေဟောဝါ ပိုတန်ခိုးကြီးတယ်ဆိုတာ သတိရပါ။ ဒါက ကြောက်လန့်မနေဘဲ ယေဟောဝါကို အားကိုးဖို့ ကူညီပေးနိုင်တယ်။ (ဆာ. ၂၇:၁) ဖြေရှင်းနည်း မရှိပုံ ပေါက်နေရင်တောင် ရင်ဆိုင်နိုင်ဖို့ ယေဟောဝါ ကူညီပေးမယ်။ ပရောဖက် ယောနအဖြစ်ကို စဉ်းစားကြည့်ပါ။ ယေဟောဝါကို ယောန သိပ်ချစ်တယ်။ ဒါပေမဲ့ ခက်ခဲတဲ့တာဝန် ကျေပွန်နိုင်ဖို့ ထိုးထွင်းသိမြင်မှု လိုအပ်ခဲ့တယ်။
14. Jehovah piak tavuan pen Jonah in bang hang sang ngam lo a hiam?
၁၄ နိနဝေမြို့သားတွေကို တရားစီရင်မယ့်အကြောင်း ကြေညာဖို့ ယောနကို ယေဟောဝါ တာဝန်ပေးတယ်။ (ယောန ၁:၁၊ ၂) သင်သာ အဲဒီတာဝန်မျိုး ရရင် ဘယ်လို နေမလဲ။ အစ္စရေးပြည်ကနေ အဆီးရီးယားမြို့တော် နိနဝေကို ရောက်ဖို့ တစ်လလောက် ခြေကျင်လျှောက်ရမယ်။ ဒါ့အပြင် အဆီးရီးယားတွေဟာ ရန်လိုကြတယ်၊ အကြမ်းဖက်တယ်ဆိုတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတယ်။ နိနဝေမြို့ကို “လူသတ်မှု ကျူးလွန်တဲ့မြို့” လို့တောင် ခေါ်ကြတယ်။ (နာ. ၃:၁၊ ၇) တာဝန်ကို လက်မခံဘဲ ယောန ထွက်ပြေးတော့တယ်။—ယောန ၁:၃။
15. Jonah in Jehovah bangci muang ngam a hiam? (Jonah 2:6-9)
၁၅ နိနဝေမြို့နဲ့ ဝေးရာကို သင်္ဘောနဲ့ ထွက်ပြေးတဲ့လမ်းမှာ ယောန အသက်အန္တရာယ် ကြုံလာတယ်။ ဒါပေမဲ့ အံ့ဖွယ်နည်းနဲ့ ယေဟောဝါ ကယ်တင်ခြင်းအားဖြင့် မိမိ ဘယ်လောက် တန်ခိုးကြီးကြောင်း ယောနကို အမှတ်ရစေတယ်။ (ယောန ၁:၁၅၊ ၁၇) ယောန သင်ခန်းစာ ရသွားတယ်။ ဘယ်လို အန္တရာယ်ကနေမဆို ယေဟောဝါ ကယ်တင်နိုင်တယ်ဆိုတဲ့ အချက်ကို ယောန အာရုံစိုက်မိသွားတယ်။ နိနဝေမြို့မှာ တရားစီရင်ခြင်းသတင်း ကြေညာဖို့ဆိုတဲ့ တာဝန်ဟာ အဲဒီလောက်ကြောက်လန့်စရာ မကောင်းမှန်း သိသွားတယ်။ (ယောန ၂:၆-၉ ကို ဖတ်ပါ။) ဒီလိုနဲ့ ယေဟောဝါ အခွင့်အရေး နောက်တစ်ကြိမ် ပေးချိန်မှာ ယောန မဆိုင်းမတွ လက်ခံပြီး နိနဝေမြို့ကို သွားတယ်။ သူ ဟောပြောတာကို မြို့သားတွေ နားထောင်ကြလို့ ဖျက်ဆီးမခံရတော့ဘူး။—ယောန ၃:၅။
16. A lauhuai dinmunte i tuahkhak ciang theihsiamna neihna in bangci hong huh thei ding a hiam? (Paunak 29:25) (Lim zong en in.)
၁၆ ဘာသင်ယူနိုင်သလဲ။ လူကိုကြောက်တဲ့စိတ်ကြောင့် ယေဟောဝါကို ဝတ်မပြုဘဲ မနေသင့်ဘူး။ (ပညာအလိမ္မာ ၂၉:၂၅ ကို ဖတ်ပါ။) တာဝန်နဲ့ပတ်သက်ပြီး တွေးမကြောက်ဖို့၊ ယေဟောဝါရဲ့ ထောက်မနိုင်စွမ်းကို အာရုံစိုက်ဖို့ ထိုးထွင်းသိမြင်မှုက ယောနကို ကူညီပေးခဲ့တယ်။ ကျွန်တော်တို့လည်း ကိုယ့်ကို အရင်က ယေဟောဝါ ဘယ်လို ကူညီပေးခဲ့တယ်၊ ကာကွယ်ပေးခဲ့တယ်ဆိုတာ စဉ်းစားရင် တွေးကြောက်နေတော့မှာ မဟုတ်ဘူး။ ဒါ့အပြင် ယေဟောဝါကို ကိုးစားရင်း ကြောက်လန့်စရာ အခြေအနေတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နေကြတဲ့၊ ခက်ခဲတဲ့ တာဝန်တွေ ကျေပွန်နေကြတဲ့ ညီအစ်ကို/မတွေရဲ့ စံနမူနာကို တွေးတောနိုင်တယ်။a (ဟီ. ၁၃:၆) ယေဟောဝါကို အပြည့်အဝ ကိုးစားခြင်း၊ တခြားသူတွေလည်း ကိုးစားတတ်လာအောင် ကူညီပေးခြင်းအားဖြင့် ထိုးထွင်းသိမြင်မှု ရှိကြောင်း ပြကြရအောင်။
ဘုရားညွှန်ကြားချက်ကို လိုက်နာဖို့၊ အခက်အခဲတွေကို အောင်အောင်မြင်မြင် ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ထိုးထွင်းသိမြင်မှုက အကူအညီပေးနိုင်ကြောင်း ယောနအဖြစ်ကနေ သိရ (စာပိုဒ် ၁၆ ကို ကြည့်ပါ)
THEIHSIAMNA NEI TAWNTUNGIN
17. Koi bangin theihsiamna nei semsem thei ding i hiam?
၁၇ ဆွေးနွေးခဲ့တဲ့အတိုင်း၊ ထိုးထွင်းသိမြင်မှု ရှိရင် အခက်အခဲတွေ ကြုံလာတဲ့အခါ နည်းမှန်လမ်းကျ ဖြေရှင်းနိုင်မယ်။ ထိုးထွင်းသိမြင်မှု ဘယ်လို ပိုရှိလာနိုင်သလဲ။ ယေဟောဝါဟာ ထိုးထွင်းသိမြင်မှုရဲ့ ရင်းမြစ် ဖြစ်တယ်။ ကျွန်တော်တို့ ထိုးထွင်းသိမြင်မှု ရှိလာဖို့ ကျမ်းစာ၊ သန့်ရှင်းသောစွမ်းအားတော်ကတစ်ဆင့် ကူညီပေးတယ်။ (နေ. ၉:၂၀။ ဆာ. ၃၂:၈) ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့၊ ခံစားချက် ထိန်းချုပ်နိုင်ဖို့ အကြံဉာဏ်တွေ ပေးတယ်။ (ဆာ. ၁၁၉:၉၇-၁၀၁) ဒါကြောင့် ကျမ်းစာကို နှံ့နှံ့စပ်စပ် လေ့လာတဲ့အခါ၊ သန့်ရှင်းသောစွမ်းအားတော် တောင်းခံတဲ့အခါ ထိုးထွင်းသိမြင်မှု ရှိလာမယ်။ ထိုးထွင်းသိမြင်မှု ရှိလာရင် ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ယေဟောဝါ မြင်သလို မြင်တတ်လာမယ်။ ယေဟောဝါ တုံ့ပြန်စေချင်တဲ့နည်းအတိုင်း တုံ့ပြန်တတ်လာမယ်။—ပညာ. ၂၁:၁၁။
18. Bang sem dingin khensat na hiam?
၁၈ ယေဟောဝါဆီက ထိုးထွင်းဉာဏ်ကို ဆက်ရှာဖွေကြရအောင်။ (ဆာ. ၁၄:၂) ဒါမှ ထိုးထွင်းဉာဏ် မသုံးတဲ့ လူစားမျိုး မဖြစ်မှာ။ (ပညာ. ၂၁:၁၆) အချိန်တိုင်း၊ အခြေအနေတိုင်း ထိုးထွင်းသိမြင်မှုရှိကြောင်း ပြဖို့ ဆုံးဖြတ်ထားကြရအောင်။ ဒါဆိုရင် ‘အောင်မြင်ပါလိမ့်မယ်။’
LA 42 ဘုရားသခင့် ကျေးကျွန်ရဲ့ ဆုတောင်းစကား
a ဥပမာ၊ JW Library® ဒါမှမဟုတ် jw.org ထဲက “ယေဟောဝါသက်သေများရဲ့ ဘဝအတ္ထုပ္ပတ္တိ” မှာ ပါတဲ့ ဂီအိုဂျီ ပေါ်ချောလ်ယန်ရဲ့ တွေ့ကြုံမှုကို ဖတ်ကြည့်ပါ။