SIN DING THU 26
Jehovah’ Ni Adingin A Kigingsa-in Om Un
“Topa hong pai ding Ni pen zan a gutate bangin theihkholh lohin hong tung ding hi.”—1 THE. 5:2.
LA 143 ဆက်မှုတော်ဆောင်ကာ စောင့်ဆိုင်းနေပါ
အကြိုသုံးသပ်ချက်a
1. Jehovah’ ni-ah i suahtak nadingin bang i sep ding kisam a hiam?
ကျမ်းစာမှာ “ယေဟောဝါရဲ့ နေ့” လို့ ပြောတဲ့အခါ ရန်သူတွေကို တရားစီရင်ပြီး မိမိလူမျိုးကို ကယ်လွှတ်ပေးတဲ့ အချိန်ကို ဆိုလိုတယ်။ အတိတ်တုန်းက ယေဟောဝါ အဲဒီလို တရားစီရင်ခဲ့တဲ့ အချိန်တွေ ရှိတယ်။ (ဟေရှာ. ၁၃:၁၊ ၆။ ယေဇ. ၁၃:၅။ ဇေ. ၁:၈) ကျွန်တော်တို့ခေတ်မှာလည်း “ယေဟောဝါရဲ့ နေ့” ဟာ မဟာဗာဗုလုန် ဖျက်ဆီးခံရခြင်းနဲ့ စတင်ပြီး အာမဂေဒုန် စစ်ပွဲမှာ အဆုံးသတ်မယ်။ အဲဒီ “နေ့” မှာ လွတ်မြောက်ဖို့ အခုကတည်းက ကျွန်တော်တို့ ပြင်ဆင်ထားရမယ်။ “ကြီးစွာသောဒုက္ခ” အတွက် အသင့်ပြင်ထားရုံ မဟုတ်ဘဲ “အသင့်ရှိနေကြ” ဖို့ ယေရှု သင်ပေးတယ်။ တောက်လျှောက် အသင့်ရှိနေဖို့ ပြောနေတာ။—မ. ၂၄:၂၁။ လု. ၁၂:၄၀။
2. Thesalonika Masa laibu pan hamphatna bang hangin ngah thei i hiam?
၂ ယေဟောဝါရဲ့ တရားစီရင်ရာ နေ့ကြီးအတွက် ခရစ်ယာန်တွေ အသင့်ဖြစ်နေအောင် ကူညီပေးဖို့ ခိုင်းနှိုင်းချက် အများကြီးကို သက်သာလောနိတ် ပထမစောင်မှာ တမန်တော် ပေါလု သုံးထားတယ်။ သူတို့ခေတ်မှာ ယေဟောဝါရဲ့ နေ့ ရောက်လာမှာ မဟုတ်မှန်း ပေါလု သိတယ်။ (၂ သက်. ၂:၁-၃) ဒါပေမဲ့ မနက်ဖြန်ပဲ ရောက်လာတော့မယ့် ပုံစံမျိုးနဲ့ ပြင်ဆင်ထားကြဖို့ ညီအစ်ကို/မတွေကို တိုက်တွန်းထားတယ်။ ဒီတိုက်တွန်းချက်က ကျွန်တော်တို့နဲ့လည်း သက်ဆိုင်တယ်။ (၁) ယေဟောဝါရဲ့ နေ့ ဘယ်လို ရောက်လာမလဲ၊ (၂) အဲဒီနေ့မှာ ဘယ်သူတွေ မလွတ်မြောက်ဘူးလဲ၊ (၃) လွတ်မြောက်ဖို့ ဘယ်လို ပြင်ဆင်ထားနိုင်သလဲဆိုတာနဲ့ပတ်သက်ပြီး ပေါလုရဲ့ ရှင်းပြချက်ကို လေ့လာကြည့်ရအောင်။
JEHOVAH’ NI KOI BANGIN HONG TUNG DING A HIAM?
သက်သာလောနိတ် ပထမစောင်မှာ ပေါလု သုံးထားတဲ့ ခိုင်းနှိုင်းချက်တွေကနေ ကျွန်တော်တို့ အကျိုးရနိုင် (စာပိုဒ် ၃ ကို ကြည့်ပါ)
3. Jehovah’ ni pen koi bang danin zan a gutate bangin hong tung ding a hiam? (Lim zong en in.)
၃ “ညအချိန်မှာ သူခိုး လာသလို။” (၁ သက်. ၅:၂) ဒါဟာ ယေဟောဝါရဲ့ နေ့ ဘယ်လို ရောက်လာမယ်ဆိုတာ ဖော်ပြတဲ့ ခိုင်းနှိုင်းချက် သုံးခုထဲက ပထမတစ်ခုပါ။ သူခိုးတွေဟာ လူတွေ အငိုက်မှာ မှောင်ရိပ် ခိုပြီး လှုပ်ရှားတတ်ကြတယ်။ အဲဒီလိုပဲ ယေဟောဝါရဲ့ နေ့ ရုတ်တရက် ရောက်လာလို့ လူအများစု အံ့ဩသွားကြမယ်။ အဖြစ်အပျက်တွေ မြန်ဆန်လွန်းလို့ ခရစ်ယာန်စစ်တွေတောင် အံ့ဩသွားရနိုင်တယ်။ ဒါပေမဲ့ ဆိုးညစ်သူတွေလိုတော့ ဖျက်ဆီးခံရမှာ မဟုတ်ဘူး။
4. Jehovah’ ni pen nausuak natna tawh koici kibang ding a hiam?
၄ “ကိုယ်ဝန်ဆောင် မိန်းမက သားဖွားဝေဒနာ ရုတ်တရက် ခံစားရသလို။” (၁ သက်. ၅:၃) ကိုယ်ဝန်ဆောင် မိခင်ဟာ ဘယ်အချိန် သားဖွားဝေဒနာ စခံစားရမယ်ဆိုတာ အတိအကျ မသိဘူး။ ခံကို ခံရမယ်ဆိုတာတော့ သိတယ်။ သားဖွားဝေဒနာဟာ စပြီဆိုရင် ရုတ်တရက် စတယ်။ နာကျင်တယ်။ သားဖွားဖြစ်စဉ် တစ်ခုပြီး တစ်ခု ဆက်တိုက် လိုက်လာတယ်။ အဲဒီလိုပဲ ယေဟောဝါရဲ့ နေ့ စမယ့် နေ့နဲ့ အချိန်ကို ကျွန်တော်တို့ မသိကြဘူး။ ဒါပေမဲ့ ရောက်ကို ရောက်လာမယ်၊ ဆိုးညစ်သူတွေအပေါ် တရားစီရင်ခြင်းဘေး ရုတ်တရက် ကျရောက်မယ်၊ ဘယ်နည်းနဲ့မှ သူတို့ လွတ်မြောက်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ သေချာပေါက် သိကြတယ်။
5. Gimna lianpi pen zingsang khuavak tawh koici kibang a hiam?
၅ အရုဏ်ဦးလို။ တတိယ ခိုင်းနှိုင်းချက်မှာလည်း ညအချိန် သူခိုး ခိုးတဲ့အကြောင်း ပေါလု ထပ်ဖော်ပြတယ်။ ဒီတစ်ခေါက်တော့ ယေဟောဝါရဲ့ နေ့ကို အရုဏ်ဦးနဲ့ ခိုင်းနှိုင်းထားပုံပဲ။ (၁ သက်. ၅:၄) သူခိုးတွေဟာ ညအချိန် ခိုးရင်း အချိန် ကုန်မှန်း မသိ ဖြစ်သွားလို့ အရုဏ်တက်ချိန်မှာ လူမိပြီး ပေါ်သွားတတ်ကြတယ်။ အဲဒီလိုပဲ ဘုရား မကြိုက်တာတွေ တောက်လျှောက် လုပ်ရင်း အမှောင်ထဲမှာ ကျင်လည်နေသူတွေ၊ သူခိုးလို လူတွေဟာ ကြီးစွာသောဒုက္ခ ရောက်တဲ့အခါ ဘူးပေါ်သလို ပေါ်လာကြလိမ့်မယ်။ ကျွန်တော်တို့ကတော့ ယေဟောဝါ မကြိုက်တာတွေ ရှောင်နေမယ်၊ ‘ကောင်းမြတ်ခြင်းအမျိုးမျိုး၊ ဖြောင့်မတ်ခြင်း၊ အမှန်တရား’ နဲ့ ဆိုင်တဲ့ အကျင့်တွေ ကျင့်နေမယ်ဆိုရင် အသင့်ဖြစ်နိုင်တယ်။ (ဧ. ၅:၈-၁၂) ယေဟောဝါရဲ့ နေ့မှာ မလွတ်မြောက်မယ့်သူတွေအကြောင်း ဖော်ပြဖို့ နောက်ထပ် ခိုင်းနှိုင်းချက် နှစ်ခု ပေါလု သုံးထားသေးတယ်။
JEHOVAH’ NI-AH KUATE SUAKTA LO DING A HIAM?
6. Mi a tamzawte koi bang danin ihmu uh a hiam? (1 Thesalonika 5:6, 7)
၆ “အိပ်တဲ့သူတွေ။” (၁ သက်သာလောနိတ် ၅:၆၊ ၇ ကို ဖတ်ပါ။) ယေဟောဝါရဲ့ နေ့မှာ မလွတ်မြောက်မယ့်သူတွေကို အိပ်ပျော်နေသူတွေနဲ့ ပေါလု ခိုင်းနှိုင်းထားတယ်။ အိပ်ပျော်နေသူဟာ ပတ်ဝန်းကျင်ကိုကော အချိန်ကိုပါ သတိမမူမိလို့ ဘာတွေ ထူးသလဲ၊ ဘာလုပ်ရမလဲ မသိကြဘူး။ ဒီနေ့ခေတ် လူအများစုဟာ အိပ်မောကျနေသူတွေနဲ့ တူတယ်။ (ရော. ၁၁:၈) “နောက်ဆုံးကာလ” ရောက်နေပြီ၊ ကြီးစွာသောဒုက္ခ မကြာခင် ရောက်လာတော့မယ်ဆိုတဲ့ အထောက်အထားတွေကို မသိကျိုးကျွန် ပြုထားကြတယ်။ တချို့က ကမ္ဘာ့အပြောင်းအလဲကြီးတွေကြောင့် နိုးလာပြီး နိုင်ငံတော်သတင်း စိတ်ဝင်စားလာကြတယ်။ ဒါပေမဲ့ ဆက်နိုးကြားမနေဘဲ ပြန်အိပ်ပျော်သွားကြတာ များတယ်။ တချို့ကျတော့ တရားစီရင်ရာနေ့ ရောက်လာမယ်ဆိုတာ ယုံပေမဲ့ လိုပါသေးတယ်လို့ ထင်နေကြတယ်။ (၂ ပေ. ၃:၃၊ ၄) ဒါပေမဲ့ တစ်ရက်ပြီး တစ်ရက် ကုန်သွားတိုင်း နိုးနိုးကြားကြား ရှိနေဖို့ ပိုအရေးကြီးလာတယ်ဆိုတာ ကျွန်တော်တို့ အသိအမှတ်ပြုကြတယ်။
7. Pasian’ hehna a thuak ding mite pen koi bang danin zukhamte tawh kibang uh a hiam?
၇ “မူးယစ်တဲ့သူတွေ။” ဘုရားအမျက်တော် သင့်မယ့်သူတွေကို မူးယစ်တဲ့သူတွေနဲ့ ပေါလု ခိုင်းနှိုင်းထားတယ်။ အရက်မူးနေသူတွေဟာ တုံ့ပြန်မှု နှေးကွေးကြတယ်။ အမှားမှားအယွင်းယွင်း ဆုံးဖြတ်မိတတ်ကြတယ်။ အဲဒီလိုပဲ ဆိုးညစ်သူတွေဟာ ဘုရား သတိပေးနေပါလျက်နဲ့ ပြောင်းလဲစရာ ရှိတာ မပြောင်းလဲကြဘူး။ ပျက်စီးရာ ပျက်စီးကြောင်း လမ်းပဲ ရွေးကြတယ်။ ခရစ်ယာန်တွေကတော့ သတိရှိဖို့၊ အသိကပ်ဖို့ အားပေးခံရကြတယ်။ (၁ သက်. ၅:၆) အသိကပ်တယ်ဆိုတာ “ကိစ္စရပ်တွေကို တည်တည်ငြိမ်ငြိမ်၊ အေးအေးဆေးဆေး ချင့်ချိန်အကဲဖြတ်ပြီး ဆုံးဖြတ်ချက်အမှန် ချနိုင်ခြင်း” ဖြစ်တယ်လို့ ကျမ်းပညာရှင်တစ်ယောက် ပြောတယ်။ ကျွန်တော်တို့ ဘာကြောင့် တည်တည်ငြိမ်ငြိမ်၊ အေးအေးဆေးဆေး ရှိဖို့ လိုသလဲ။ လောက နိုင်ငံရေး၊ လူမှုရေး ကိစ္စတွေမှာ ဝင်မပါမိဖို့ပါ။ ယေဟောဝါရဲ့ နေ့ နီးလာတာနဲ့အမျှ အဲဒီကိစ္စတွေမှာ ဝင်ပါမိဖို့ ဖိအား ပိုများလာမယ်။ ဘယ်လို တုံ့ပြန်ရမလဲဆိုတာ တွေးပူစရာတော့ မလိုပါဘူး။ တည်ငြိမ်အေးဆေး နေဖို့၊ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့ စွမ်းအားတော် ကူညီပေးနိုင်တယ်။—လု. ၁၂:၁၁၊ ၁၂။
JEHOVAH’ NI-AH SUAHTAK NADINGIN KOICI KIGINGKHOL THEI I HIAM?
လူများစွာ သတိမဲ့နေကြပေမဲ့ ကျွန်တော်တို့ကတော့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်း ရင်အုပ်တန်ဆာ ဝတ်ဆင်ထားပြီး မျှော်လင့်ခြင်း သံခမောက် ဆောင်းထားခြင်းအားဖြင့် ယေဟောဝါရဲ့ နေ့အတွက် အသင့်ရှိနေကြ (စာပိုဒ် ၈၊ ၁၂ ကို ကြည့်ပါ)
8. Thesalonika Masa 5:8 ah khua phawkin pilvang taka om theih nadinga hong huh ding pianziate tawh kisai bangci gen a hiam? (Lim zong en in.)
၈ ‘ရင်အုပ်တန်ဆာ ဝတ်ဆင်ထားပါ။ သံခမောက် ဆောင်းထားပါ။’ နိုးနိုးကြားကြား ရှိနေပြီး တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေတဲ့ စစ်သားနဲ့ ကျွန်တော်တို့ကို ပေါလု ခိုင်းနှိုင်းထားတယ်။ (၁ သက်သာလောနိတ် ၅:၈ ကို ဖတ်ပါ။) ရှေ့တန်း ရောက်နေတဲ့ စစ်သားဟာ တိုက်ပွဲအတွက် အချိန်ပြည့် အသင့်ဖြစ်နေရတယ်။ ကျွန်တော်တို့လည်း ယုံကြည်ခြင်းနဲ့ ချစ်ခြင်းကို ရင်အုပ်တန်ဆာလို ဝတ်ဆင်ထားပြီး မျှော်လင့်ချက်ကို သံခမောက်လို ဆောင်းထားခြင်းအားဖြင့် ယေဟောဝါရဲ့ နေ့အတွက် အသင့်ဖြစ်နေကြတယ်။ ဒီအရည်အသွေးတွေက တကယ် အကျိုးရှိတယ်။
9. Upna in koi bangin hong dal a hiam?
၉ ရင်အုပ်တန်ဆာက စစ်သားရဲ့ နှလုံးကို ကာကွယ်ပေးသလို ယုံကြည်ခြင်းနဲ့ ချစ်ခြင်းက ကျွန်တော်တို့ရဲ့ စိတ်နှလုံးကို ကာကွယ်ပေးတယ်။ ယေဟောဝါကို ဆက်ဝတ်ပြုနေဖို့၊ ယေရှုနောက် ဆက်လိုက်ဖို့ ကူညီပေးတယ်။ ယုံကြည်ခြင်းက ယေဟောဝါကို စိတ်နှလုံး အကြွင်းမဲ့ ရှာဖွေသူတွေ ဆုချခံရမယ်ဆိုတာ စိတ်ချစေတယ်။ (ဟီ. ၁၁:၆) အခက်အခဲတွေ ကြုံရရင်တောင် ခေါင်းဆောင် ယေရှုကို ဆက်သစ္စာရှိနေဖို့ လှုံ့ဆော်ပေးတယ်။ ယုံကြည်ခြင်း တိုးများအောင် ဘာတွေ လုပ်နိုင်သလဲ။ နှိပ်စက်ညှဉ်းပန်းမှု၊ စီးပွားရေး အခက်အခဲတွေ ရှိပေမဲ့ သမာဓိ စောင့်ထိန်းတဲ့ ခေတ်သစ် စံနမူနာရှင်တွေအကြောင်း လေ့လာနိုင်တယ်။ နိုင်ငံတော် အကျိုးစီးပွားကို ဦးစားထားဖို့ ဘဝကို ရိုးရှင်းစေသူတွေကို အတုယူနိုင်တယ်။ ဒါဆိုရင် ရုပ်ဝါဒ ထောင်ချောက်ကို ရှောင်နိုင်ပါလိမ့်မယ်။b
10. Pasian le mite i itna in taangko nasepna-ah thuakzawhna nei dingin koi bangin hong huh a hiam?
၁၀ နိုးနိုးကြားကြား သတိရှိနေဖို့ မေတ္တာကလည်း ကူညီပေးတယ်။ (မ. ၂၂:၃၇-၃၉) ဟောပြောလို့ အခက်အခဲတွေ ကြုံရရင်တောင် ဘုရားကို ချစ်တဲ့ မေတ္တာက ခံနိုင်ရည် ရှိစေတယ်။ (၂ တိ. ၁:၇၊ ၈) ကိုယ်နဲ့ ယုံကြည်ခြင်း မတူတဲ့သူတွေကိုလည်း ကျွန်တော်တို့ ချစ်ကြတယ်။ တစ်နေ့၊ သူတို့ ပြောင်းလဲလာပြီး မှန်ရာ လုပ်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆက်ဟောပြောကြတယ်။ ဖုန်းဆက်၊ စာရေး သက်သေခံကြတယ်။—ယေဇ. ၁၈:၂၇၊ ၂၈။
11. Unaute i itna in koi bangin hong huh a hiam? (1 Thesalonika 5:11)
၁၁ ညီအစ်ကို/မတွေကိုလည်း ကျွန်တော်တို့ ချစ်ကြတယ်။ “အချင်းချင်း ဆက်ပြီး နှစ်သိမ့်အားပေး” ခြင်းအားဖြင့် ချစ်ကြောင်း ပြကြတယ်။ (၁ သက်သာလောနိတ် ၅:၁၁ ကို ဖတ်ပါ။) အတူတူ တိုက်ပွဲဝင်တဲ့ စစ်သားတွေလို အချင်းချင်း အားပေးကြတယ်။ စစ်သားတစ်ယောက်ဟာ တိုက်ပွဲမှာ ဇောကပ်နေလို့ ကိုယ့်ရဲဘော်ရဲဘက် မတော်တဆ ဒဏ်ရာ ရအောင် လုပ်မိသွားနိုင်တယ်။ တမင်သက်သက်တော့ လုပ်မှာ မဟုတ်ဘူး။ ကျွန်တော်တို့လည်း ညီအစ်ကို/မတွေ ထိခိုက်အောင် သိသိကြီးနဲ့ မလုပ်ကြဘူး။ ကိုယ့်ကို ထိခိုက်လာတဲ့အခါ လက်တုံ့မပြန်ကြဘူး။ (၁ သက်. ၅:၁၃၊ ၁၅) အသင်းတော်မှာ ဦးဆောင်နေတဲ့ ညီအစ်ကိုတွေကို လေးစားခြင်းအားဖြင့်လည်း မေတ္တာ ပြကြတယ်။ (၁ သက်. ၅:၁၂) သက်သာလောနိတ် အသင်းတော်ဆီ ပေါလု ဒီစာရေးတုန်းက အသင်းတော် တည်ထောင်တာ တစ်နှစ် မပြည့်သေးဘူး။ ဒါကြောင့် ခန့်အပ်ခံ အမျိုးသားတွေ အတွေ့အကြုံ နည်းနေသေးပုံရတယ်။ အမှားတွေ လုပ်မိပုံရတယ်။ ဒါပေမဲ့ လေးစားခံထိုက်ကြတယ်။ ကြီးစွာသောဒုက္ခ နီးလာတာနဲ့အမျှ အသင်းတော် အကြီးအကဲတွေရဲ့ ညွှန်ကြားချက်ကို ကျွန်တော်တို့ အခုထက် ပိုအားထားလာရနိုင်တယ်။ ကမ္ဘာ့ဌာနချုပ်၊ ဌာနခွဲရုံးနဲ့ အဆက်အသွယ် ပြတ်သွားနိုင်တယ်။ ဒါကြောင့် အခုကတည်းက ကိုယ့်အကြီးအကဲတွေကို လေးစားချစ်ခင်တတ်ဖို့ သိပ်အရေးကြီးတယ်။ ဘာတွေပဲ ဖြစ်လာပါစေ ကျွန်တော်တို့ သတိရှိနေရမယ်။ အကြီးအကဲတွေရဲ့ အမှားတွေကို အာရုံမစိုက်ပါနဲ့။ ခရစ်တော်ကတစ်ဆင့် သူတို့ကို ယေဟောဝါ လမ်းညွှန်နေတယ်ဆိုတဲ့ အချက်ကိုပဲ အာရုံစိုက်ပါ။
12. Lametna in i ngaihsutna koi bangin kemcing a hiam?
၁၂ သံခမောက်က စစ်သားရဲ့ ခေါင်းကို ကာကွယ်ပေးသလို ကယ်တင်ခြင်း ရမယ်ဆိုတဲ့ မျှော်လင့်ချက်က ကျွန်တော်တို့ရဲ့ အတွေးအခေါ်ကို ကာကွယ်ပေးတယ်။ မျှော်လင့်ချက်သာ ခိုင်မာနေရင် လောက ကမ်းလှမ်းသမျှ အချည်းနှီးပဲဆိုတာ ကျွန်တော်တို့ အသိအမှတ်ပြုမှာ ဖြစ်တယ်။ (ဖိ. ၃:၈) တည်ငြိမ်အေးဆေးနေဖို့လည်း မျှော်လင့်ချက်က ကူညီပေးတယ်။ အာဖရိကမှာ ဗေသလအိမ်သားတွေအဖြစ် အမှုဆောင်နေတဲ့ ဝေါလေ့စ်နဲ့ လော်ရင်ဒါ အဲဒီလို ကြုံခဲ့ကြရတယ်။ ဝေါလေ့စ်ရဲ့ အဖေနဲ့ လော်ရင်ဒါရဲ့ အမေ သုံးပတ်အတွင်း ရှေ့ဆင့်နောက်ဆင့် ဆုံးသွားကြတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မိသားစုဆီ ဝေါလေ့စ်တို့ မပြန်နိုင်ကြဘူး။ “သူတို့ရဲ့ နောက်ဆုံး နေ့ရက်တွေအကြောင်း မဟုတ်ဘဲ ကမ္ဘာသစ်မှာ အသက်ပြန်ရှင်လာမယ့် ဦးဆုံး နေ့ရက်တွေအကြောင်း စဉ်းစားမိဖို့ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်က ကူညီပေးတယ်။ မျှော်လင့်ချက်ကြောင့် ဝမ်းနည်းမှု၊ ဆုံးရှုံးမှုတွေကို တည်တည်ငြိမ်ငြိမ် ခံရပ်နိုင်ခဲ့တယ်” လို့ ဝေါလေ့စ် ပြောတယ်။
13. Kha siangtho i ngah nadingin bang i sep ding kisam a hiam?
၁၃ “စွမ်းအားတော်မီးကို မငြိမ်းစေနဲ့။” (၁ သက်. ၅:၁၉) သန့်ရှင်းသော စွမ်းအားတော်ကို ကျွန်တော်တို့ ကိုယ်တွင်းထဲက မီးနဲ့ ပေါလု ခိုင်းနှိုင်းထားတယ်။ ဘုရားစွမ်းအားတော်သာ ရှိနေရင် ကျွန်တော်တို့ မှန်ရာ လုပ်ချင်စိတ် တောက်လောင်နေကြမယ်။ အင်တိုက်အားတိုက် အမှုဆောင်ကြမယ်။ (ရော. ၁၂:၁၁) ဒါဆိုရင် သန့်ရှင်းသော စွမ်းအားတော် ရဖို့ ဘာလုပ်ရမလဲ။ ဆုတောင်းနိုင်တယ်။ စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးထားတဲ့ ကျမ်းစာ ဖတ်နိုင်တယ်။ စွမ်းအားတော် လမ်းညွှန်နေတဲ့ အဖွဲ့အစည်းနဲ့ ပူးပေါင်းနိုင်တယ်။ ဒါဆိုရင် “စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ” ရှိလာပါလိမ့်မယ်။—ဂလ. ၅:၂၂၊ ၂၃။
‘ဘုရားစွမ်းအားတော် ဆက်ရချင်ကြောင်း ငါ့လုပ်ရပ်တွေက ဖော်ပြနေရဲ့လား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ (စာပိုဒ် ၁၄ ကို ကြည့်ပါ)
14. Kha siangtho i ngah den nadingin bangteng i kidop ding kisam a hiam? (Lim zong en in.)
၁၄ ဘုရားဆီက သန့်ရှင်းသော စွမ်းအားတော် ရထားပြီးပြီဆိုရင် “စွမ်းအားတော်မီးကို” ‘မငြှိမ်း’ မိဖို့ ကျွန်တော်တို့ သတိထားကြရမယ်။ ဘုရားက အတွေးအခေါ်၊ လုပ်ရပ် သန့်ရှင်းနေသူတွေကိုပဲ စွမ်းအားတော် ပေးတယ်။ မသန့်ရှင်းတဲ့ အတွေးတွေ တွေးနေမယ်၊ မသန့်ရှင်းတဲ့ အကျင့်တွေ ကျင့်နေမယ်ဆိုရင် စွမ်းအားတော် ဆက်မပေးဘူး။ (၁ သက်. ၄:၇၊ ၈) ဒါ့အပြင် သန့်ရှင်းသော စွမ်းအားတော် ဆက်ရနေဖို့ဆိုရင် “ပရောဖက်ပြုချက်တွေကို မထီမဲ့မြင် မလုပ်” မိဖို့လည်း လိုတယ်။ (၁ သက်. ၅:၂၀) “ပရောဖက်ပြုချက်” လို့ ပြောတဲ့အခါ စွမ်းအားတော်ကတစ်ဆင့် ဘုရား ပေးတဲ့ သတင်းစကားတွေကို ဆိုလိုတယ်။ အဲဒီထဲမှာ ယေဟောဝါရဲ့ နေ့၊ ကျွန်တော်တို့ ခေတ်ကာလရဲ့ အရေးကြီးမှုနဲ့ပတ်သက်တဲ့ သတိပေးချက်တွေ ပါတယ်။ ကိုယ့်ခေတ်မှာ အာမဂေဒုန် ရောက်လာဦးမှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ မတွေးကြဘူး။ အဲဒီနေ့ ရောက်လာတော့မယ်ဆိုတဲ့ စိတ်နဲ့ နေ့တိုင်း သန့်ရှင်းတဲ့ အမူအကျင့်တွေ ကျင့်ကြံနေကြတယ်။ “ဘုရားတရား ကိုင်းရှိုင်း” နေကြတယ်။—၂ ပေ. ၃:၁၁၊ ၁၂။
“THU KHEMPEUH ENTEL PHA UN”
15. A man lo thute le dawite’ khemna i thuak loh nadingin bang sem thei i hiam? (1 Thesalonika 5:21)
၁၅ သိပ်မကြာခင် “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ ဘုရားကို ဆန့်ကျင်သူတွေ တစ်နည်းနည်းနဲ့ ကြေညာကြမယ်။ (၁ သက်. ၅:၃) နတ်ဆိုးတွေရဲ့ ဝါဒ ပျံ့သွားလို့ လူအများစု လမ်းလွဲသွားကြမယ်။ (ဗျာ. ၁၆:၁၃၊ ၁၄) ကျွန်တော်တို့ကော။ “အရာရာကို မှန်မမှန် အသေအချာ စစ်ဆေး” မယ်ဆိုရင် လှည့်စားခံရမှာ မဟုတ်ဘူး။ (၁ သက်သာလောနိတ် ၅:၂၁ ကို ဖတ်ပါ။) “စစ်ဆေး” လို့ ပြန်ဆိုထားတဲ့ ဂရိ ဝေါဟာရကို ကျောက်မြတ်ရတနာတွေ စစ်တာနဲ့ ဆက်စပ်သုံးလေ့ရှိတယ်။ ကျွန်တော်တို့ ကြားရတာ၊ ဖတ်ရတာတွေ မှန်မမှန် စစ်ဆေးဖို့ ပြောနေတာ။ သက်သာလောနိတ် အသင်းသားတွေတောင် အဲဒီလို စစ်ဆေးခဲ့ရရင် ကြီးစွာသောဒုက္ခ နီးကပ်လာတဲ့ ကာလမှာ အသက်ရှင်နေတဲ့ ကျွန်တော်တို့ ပိုလို့တောင် စစ်ဆေးကြရမယ်။ တခြားသူတွေ ပြောသမျှ မျက်စိမှိတ် ယုံမယ့်အစား ကိုယ်ကြားရတာ၊ ဖတ်ရတာတွေဟာ ကျမ်းစာမှာ ပြောတာ၊ အဖွဲ့အစည်း ပြောတာနဲ့ ကိုက်မကိုက် စဉ်းစားဆင်ခြင်နိုင်စွမ်း သုံးပြီး စစ်ဆေးကြရမယ်။ ဒါဆိုရင် နတ်ဆိုးတွေရဲ့ ဝါဒဖြန့်မှု၊ အလိမ်အညာတွေကြောင့် လှည့်စားခံရမှာ မဟုတ်ဘူး။—ပညာ. ၁၄:၁၅။ ၁ တိ. ၄:၁။
16. Lametna kician bang nei i hiam? Bang thu i khensat ding kisam a hiam?
၁၆ ကြီးစွာသောဒုက္ခမှာ ဘုရားကျေးကျွန်တွေ အုပ်စုလိုက်အနေနဲ့ လွတ်မြောက်မယ်ဆိုတာ ကျွန်တော်တို့ သိကြတယ်။ တစ်ယောက်ချင်းစီအနေနဲ့တော့ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ မသိကြဘူး။ (ယာ. ၄:၁၄) ကြီးစွာသောဒုက္ခကို ကပ်ကျော်သည်ဖြစ်စေ၊ အဲဒီမတိုင်ခင် သေသွားသည်ဖြစ်စေ သစ္စာရှိနေမယ်ဆိုရင် ထာဝရအသက် ဆုချခံရမယ်။ ဘိသိက်ခံတွေက ကောင်းကင်မှာ ခရစ်တော်နဲ့အတူ အုပ်ချုပ်ကြရမယ်။ တခြားသိုးတွေက ပရဒိသု ကမ္ဘာမြေမှာ အသက်ရှင်ကြရမယ်။ အဲဒီမျှော်လင့်ချက်ကို အာရုံစိုက်ရင်း ယေဟောဝါရဲ့ နေ့အတွက် အသင့်ရှိနေကြရအောင်။
LA 150 ကယ်တင်ခံရဖို့ ဘုရားသခင်ကို ရှာပါ
a ရောက်လာတော့မယ့် ယေဟောဝါရဲ့ နေ့နဲ့ပတ်သက်ပြီး ခိုင်းနှိုင်းချက် အများကြီးကို သက်သာလောနိတ် ပထမစောင် အခန်းကြီး ၅ မှာ တွေ့ရတယ်။ အဲဒါ ဘာ “နေ့” လဲ။ ဘယ်လို ရောက်လာမလဲ။ ဘယ်သူတွေ လွတ်မြောက်မလဲ။ ဘယ်သူတွေ မလွတ်မြောက်ဘူးလဲ။ အဲဒီနေ့အတွက် ဘယ်လို ပြင်ဆင်ထားနိုင်သလဲ။ တမန်တော် ပေါလုရဲ့ စကားတွေကို ဆန်းစစ်ရင်း ဒီမေးခွန်းတွေရဲ့ အဖြေ ရှာသွားကြပါမယ်။
b “ကိုယ့်ကိုယ်ကိုယ် တလိုတလား ပေးဆက်ကြသူများ” ဆောင်းပါးတွေကို ကြည့်ပါ။