SIN DING THU 25
Upate Aw—Gideon Tung Pan Sin Un
“Gideon thu i gen nading hun a kicing kei hi.”—HEB. 11:32, Zokam Standard Version.
LA 124 သစ္စာမြဲပါ
အကြိုသုံးသပ်ချက်a
1. Peter Masa 5:2-a a gen bangin, upate in bang tavuan nei uh a hiam?
ယေဟောဝါဘုရားရဲ့ အဖိုးတန် သိုးတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ဆိုတဲ့ တာဝန် ခရစ်ယာန် အကြီးအကဲတွေ ရထားကြတယ်။ ဒီတာဝန်ကို သူတို့ တန်ဖိုးထားကြတယ်။ ‘တကယ် ထိန်းကျောင်းတဲ့ သိုးထိန်းတွေ’ ဖြစ်ဖို့၊ သိုးထိန်းကောင်း ပီသဖို့ ကြိုးစားကြတယ်။ (ယေ. ၂၃:၄။ ၁ ပေတရု ၅:၂ ကို ဖတ်ပါ။) အသင်းတော်မှာ ဒီလိုအကြီးအကဲတွေ ရှိနေတာ ကျေးဇူးတင်စရာပါပဲ။
2. Upa pawlkhat in bang haksatna tuak uh a hiam?
၂ အကြီးအကဲတွေဟာ တာဝန် ထမ်းဆောင်ရင်း အခက်အခဲ အမျိုးမျိုး ကြုံကြရတယ်။ အခက်အခဲ တစ်ခုကတော့ အသင်းတော်ကို ထိန်းကျောင်းဖို့ လုပ်စရာတွေ များနေတာပဲ။ တာဝန် ဘယ်လောက် လက်ခံမလဲ ဆုံးဖြတ်တဲ့အခါ ကျိုးနွံမှု ပိုရှိဖို့ အမေရိကန် ပြည်ထောင်စုမှာ နေတဲ့ အကြီးအကဲ တိုနီ သင်ယူခဲ့ရတယ်။ “ကိုဗစ်-၁၉ ကပ်ရောဂါ စတော့ အစည်းအဝေး၊ အမှုဆောင်အတွက် အစီအစဉ်တွေ ဆွဲဖို့ ကျွန်တော် တာဝန် အများကြီး ထပ်ထပ် ယူတယ်။ ဒါပေမဲ့ ဘယ်လောက် လုပ်လုပ် လုပ်စရာ ထပ်ပေါ်လာတယ်။ ဒီလိုနဲ့ ကျမ်းစာ ဖတ်ဖို့၊ ကိုယ်ပိုင် လေ့လာမှု လုပ်ဖို့၊ ဆုတောင်းဖို့ အချိန် သိပ်မရှိတော့ဘူး” လို့ ပြောတယ်။ ကိုဆိုဗိုနိုင်ငံက အကြီးအကဲ အယ်လာလည်း အခက်အခဲ နောက်တစ်ခု ကြုံရတယ်။ စစ်ဖြစ်တဲ့ ဒေသမှာ နေတုန်းက အဖွဲ့အစည်း လမ်းညွှန်ချက်တွေ နာခံဖို့ အယ်လာ အခက်တွေ့ခဲ့တယ်။ “အန္တရာယ် များတဲ့ ဒေသက ညီအစ်ကို/မတွေကို ကူညီဖို့ ဌာနခွဲရုံးက တာဝန်ပေးလာချိန်မှာ ကျွန်တော် သတ္တိ ရှိမရှိ ပေါ်တော့တာပဲ။ ကျွန်တော် ကြောက်တယ်။ လမ်းညွှန်ချက်တွေကလည်း လက်တွေ့ကျပုံမှ မပေါ်တာ” လို့ ပြောတယ်။ အာရှမှာ နေတဲ့ သာသနာပြု တင်မ်ကျတော့ တစ်နေ့ တစ်နေ့ လုပ်စရာတွေ အလျဉ်မီအောင် လုပ်ဖို့ကို လုံးပန်းနေရတယ်။ “တစ်ခါတလေ စိတ်ပန်း၊ လူပန်း ဖြစ်တယ်” လို့ ပြောတယ်။ အဲဒီလိုအခက်အခဲ ကြုံနေရတဲ့ အကြီးအကဲတွေကို ဘာက ကူညီပေးနိုင်သလဲ။
3. Thukhen pa Gideon ii etteh ding lim pan hamphatna koici ngah thei i hiam?
၃ တရားသူကြီး ဂိဒေါင်ဆီကနေ အကြီးအကဲတွေ သင်ယူနိုင်တယ်။ (ဟီ. ၆:၁၂။ ၁၁:၃၂) ဘုရားလူမျိုးကို ဂိဒေါင် ထိန်းကျောင်း၊ ကာကွယ်ပေးတယ်။ (သူကြီး. ၂:၁၆။ ၁ ရာ. ၁၇:၆) ဂိဒေါင်လိုပဲ အကြီးအကဲတွေလည်း ခေတ်ပျက်ကြီးထဲမှာ ဘုရားလူမျိုးကို ကြည့်ရှုစောင့်ရှောက်ဖို့ တာဝန် ရထားကြတယ်။ (တ. ၂၀:၂၈။ ၂ တိ. ၃:၁) တာဝန် ထမ်းဆောင်ချိန်မှာ ကျိုးနွံမှု၊ နှိမ့်ချမှု၊ နာခံမှု၊ ခံနိုင်ရည် ပြခဲ့တဲ့ ဂိဒေါင်ဆီကနေ အကြီးအကဲတွေ သင်ယူနိုင်တယ်။ အကြီးအကဲ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဂိဒေါင်ရဲ့ စံနမူနာကို လေ့လာတဲ့အခါ အကြီးအကဲတွေရဲ့ ကြိုးစားလုပ်ဆောင်မှုအတွက် ပိုကျေးဇူးသိတတ်လာနိုင်တယ်။ သူတို့ကို ပိုထောက်မတတ်လာနိုင်တယ်။—ဟီ. ၁၃:၁၇။
KINIAMKHIAT DING LE KINUAIKOIH DING A HAKSAT CIANGIN
4. Gideon in a kiniamkhiatlam le a kinuaikoihlam koici lakkhia a hiam?
၄ ဂိဒေါင်ဟာ နှိမ့်ချကျိုးနွံတယ်။b အင်အားကြီး မိဒျန်လူတွေ လက်ကနေ အစ္စရေးလူမျိုးကို ကယ်ဖို့ ရွေးချယ်ခံရတဲ့အကြောင်း ယေဟောဝါရဲ့ ကောင်းကင်တမန် လာပြောချိန်မှာ “ကျွန်တော့်ဆွေမျိုးစုဟာ မနာရှေအနွယ်မှာ အနိမ့်ကျဆုံးပါ။ ကျွန်တော်ကလည်း မိသားစုထဲမှာ အရေးမပါတဲ့လူပါ” လို့ ဂိဒေါင် နှိမ့်ချမှု ရှိရှိ ပြန်ပြောတယ်။ (သူကြီး. ၆:၁၅) ကိုယ့်ကိုယ်ကိုယ် အရည်အချင်း မပြည့်မီဘူးလို့ ဂိဒေါင် မြင်ပေမဲ့ ယေဟောဝါကတော့ အဲဒီလို မမြင်ဘူး။ ဘုရားအကူအညီကြောင့် ဂိဒေါင် အောင်အောင်မြင်မြင် တာဝန် ထမ်းဆောင်နိုင်ခဲ့တယ်။
5. Koi bang dinmunte-ah upate adingin kiniamkhiat ding le kinuaikoih ding haksa thei a hiam?
၅ ကိစ္စရပ်တိုင်းမှာ နှိမ့်ချကျိုးနွံဖို့ အကြီးအကဲတွေ အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ (မိ. ၆:၈။ တ. ၂၀:၁၈၊ ၁၉) ကိုယ်ဘာလုပ်နိုင်တယ်၊ ဘာလုပ်ခဲ့တယ်ဆိုတာ ပုံကြီးချဲ့ မပြောဘူး။ အမှားလုပ်မိတဲ့အခါလည်း ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို့ တွေးမပစ်ဘူး။ ဒါပေမဲ့ နှိမ့်ချကျိုးနွံဖို့ ခက်တဲ့အချိန်တွေ ရှိနိုင်တယ်။ ဥပမာ၊ တာဝန် အများကြီး လက်ခံထားပြီး မနိုင်မနင်း ဖြစ်နေနိုင်တယ်။ ဒါမှမဟုတ် တာဝန် ထမ်းဆောင်ပုံနဲ့ပတ်သက်ပြီး ပြစ်တင်ဝေဖန်ခံရနိုင်တယ်၊ ချီးမွမ်းခံရနိုင်တယ်။ အဲဒီလိုအခြေအနေမျိုးမှာ ဂိဒေါင်ဆီကနေ အကြီးအကဲတွေ ဘာသင်ယူနိုင်သလဲ။
ဂိဒေါင်ကို အတုယူတဲ့အနေနဲ့ ကျိုးနွံမှု ရှိတဲ့ အကြီးအကဲတစ်ယောက် အများရှေ့ သက်သေခံခြင်းအတွက် အစီအစဉ် ဆွဲဖို့ အကူအညီ တောင်းနေ (စာပိုဒ် ၆ ကို ကြည့်ပါ)
6. Gideon ii kiniamkhiatna pan upate in bang sin thei uh a hiam? (Lim zong en in.)
၆ အကူအညီ တောင်းပါ။ ကျိုးနွံသူဟာ ကိုယ်မတတ်နိုင်တာတွေ ရှိတယ်ဆိုတာ အသိအမှတ်ပြုတယ်။ တခြားသူတွေဆီကနေ အကူအညီ တောင်းခြင်းအားဖြင့် ကျိုးနွံမှု ရှိကြောင်း ဂိဒေါင် ပြတယ်။ (သူကြီး. ၆:၂၇၊ ၃၅။ ၇:၂၄) ဂိဒေါင်ကို အကြီးအကဲတွေ အတုယူကြတယ်။ “ကြီးပြင်းလာပုံ နောက်ခံကြောင့် တာဝန်တွေကို ကျွန်တော် နိုင်တာထက် ပိုလက်ခံမိတတ်တယ်။ ဒါကြောင့် မိသားစု ဝတ်ပြုမှုမှာ ကျိုးနွံမှုအကြောင်း ဆွေးနွေးဖို့၊ ကျွန်တော်နဲ့ပတ်သက်ပြီး ဇနီးရဲ့ အမြင်ကို မေးကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ယေရှုကို တုပတဲ့အနေနဲ့ တခြားသူတွေကို လေ့ကျင့်ပေးပါ၊ ယုံကြည်စိတ်ချပါ၊ အခွင့်အာဏာ အပ်နှင်းပါ ဆိုတဲ့ ဗီဒီယိုကိုလည်း jw.org မှာ ပြန်ကြည့်တယ်” လို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ တိုနီ ပြောတယ်။ နောက်ပိုင်း၊ တာဝန်တွေ ဝိုင်းလုပ်ဖို့ တခြားသူတွေကို တိုနီ အကူအညီ တောင်းတယ်။ ဘာရလဒ် ရသလဲ။ “အသင်းတော် တာဝန်လည်း ပြီးတယ်။ ကိုယ့်ယုံကြည်ခြင်း ခိုင်ခံ့အောင် လုပ်ဖို့ အချိန်လည်း ပိုရလာတယ်” လို့ ပြောတယ်။
7. Upate in mawhsakna a thuak uh ciangin Gideon koici etteh thei uh a hiam? (James 3:13)
၇ ပြစ်တင်ဝေဖန်ခံရတဲ့အခါ စိတ်မဆိုးပါနဲ့။ ပြစ်တင်ဝေဖန်ခံရတာကလည်း အကြီးအကဲတွေအတွက် စမ်းသပ်မှုတစ်မျိုးပဲ။ ဒီကဏ္ဍမှာလည်း ဂိဒေါင်ဆီကနေ သင်ယူနိုင်ပါတယ်။ ကိုယ်တိုင် အမှားမကင်းသူ ဖြစ်မှန်း ဂိဒေါင် အသိအမှတ်ပြုတဲ့အတွက် ဧဖရိမ် အမျိုးသားတွေ ပြစ်တင်ဝေဖန်လာချိန်မှာ အေးအေးဆေးဆေး တုံ့ပြန်တယ်။ (သူကြီး. ၈:၁-၃) ဒေါသနဲ့ မတုံ့ပြန်ဘူး။ သူတို့ ပြောတာ နားထောင်ပေးတယ်။ စိတ်ပြေမယ့် စကားမျိုး ပြောတယ်။ ဒီနည်းနဲ့ နှိမ့်ချမှု ရှိကြောင်း ပြတယ်။ အကြီးအကဲတွေလည်း ပြစ်တင်ဝေဖန်ခံရတဲ့အခါ တစ်ဖက်က ပြောတာကို ဂရုတစိုက် နားထောင်ခြင်း၊ နူးနူးညံ့ညံ့ တုံ့ပြန်ခြင်းအားဖြင့် ဂိဒေါင်ကို အတုယူကြတယ်။ (ယာကုပ် ၃:၁၃ ကို ဖတ်ပါ။) ဒီလိုနည်းနဲ့ အသင်းတော်မှာ ငြိမ်သက်မှု တိုးပွားစေကြတယ်။
8. Upate in phatna a ngah uh ciangin koi banga a thukkik ding uh kisam a hiam? Gentehna pia in.
၈ ယေဟောဝါကို ဂုဏ်တင်ပါ။ မိဒျန်လူတွေကို အနိုင်ရလို့ လူတွေ ဝိုင်းမြှောက်စားတဲ့အခါ ယေဟောဝါကိုပဲ ဂိဒေါင် ဂုဏ်တင်တယ်။ (သူကြီး. ၈:၂၂၊ ၂၃) ဂိဒေါင်ကို အကြီးအကဲတွေ ဘယ်လို အတုယူနိုင်သလဲ။ ကိုယ့်ပြီးမြောက်အောင်မြင်မှုတွေအတွက် ယေဟောဝါကို ဂုဏ်တင်ခြင်းအားဖြင့်ပါ။ (၁ ကော. ၄:၆၊ ၇) ဥပမာ၊ ကိုယ့်သွန်သင်ပုံကြောင့် ချီးမွမ်းခံရတဲ့အခါ ‘ကျမ်းစာမှာ ပါတဲ့အတိုင်းပဲ ပြောတာပါ။ ယေဟောဝါရဲ့ အဖွဲ့အစည်း လေ့ကျင့်ပေးလို့ပါ’ စသဖြင့် ပြောနိုင်တယ်။ ဒါ့အပြင် ‘ယေဟောဝါကို ဂုဏ်တင်ရာ မရောက်ဘဲ ငါ ဂုဏ်တက်မယ့် နည်းနဲ့ သွန်သင်နေသလား’ လို့ မကြာခဏ ဆန်းစစ်နိုင်တယ်။ အကြီးအကဲ တီမသီအကြောင်း စဉ်းစားကြည့်ပါ။ အကြီးအကဲ ဖြစ်ခါစမှာ ဟောပြောချက်တွေ ပေးရတာ သိပ်ကြိုက်တယ်။ “ပရိသတ် ‘ဟာခနဲ၊ ဟင်ခနဲ’ ဖြစ်သွားမယ့် ပုံစံမျိုးနဲ့ နိဒါန်းပျိုးတယ်။ ခပ်မြင့်မြင့် ဥပမာတွေ ထည့်ဟောတယ်။ ဒါကြောင့် ခဏခဏ ချီးကျူးခံရတယ်။ ဒါပေမဲ့ ပရိသတ်က ကျမ်းစာထက်၊ ယေဟောဝါထက် ကျွန်တော့်ကိုပဲ ပိုအာရုံစိုက်လာကြတယ်” လို့ ပြောတယ်။ ကိုယ့်ကို အာရုံစိုက်စေမယ့် နည်းနဲ့ မဟောမိဖို့ ဟောပြောပုံ ပြောင်းမှ ဖြစ်တော့မယ်ဆိုတာ တီမသီ သိလာတယ်။ (ပညာ. ၂၇:၂၁) ဘာရလဒ် ရသလဲ။ “ကျွန်တော့်ဟောပြောချက်ကြောင့် အခက်အခဲတွေ ရင်ဆိုင်သွားနိုင်တယ်၊ ခံရပ်သွားနိုင်တယ်၊ ယေဟောဝါနဲ့ ပိုရင်းနှီးလာတယ်လို့ ညီအစ်ကို/မတွေ လာပြောကြတယ်။ အရင်တုန်းက ကိုယ့်ကို ဦးတည်ပြီး ချီးမွမ်းခံရလို့ ပျော်တာထက် အခု ပိုပျော်တယ်” လို့ ပြောတယ်။
THUMANG DING LE HANGSAN DING A HAKSAT CIANGIN
ဘုရားကို နာခံပြီး ဂိဒေါင် စစ်သည်အင်အား လျှော့ချ။ သတိရှိတဲ့ လူ ၃၀၀ ကို ရွေး (စာပိုဒ် ၉ ကို ကြည့်ပါ)
9. Thumangna le hangsanna tawh kisai-in Gideon in koi bang ze-etna thuak a hiam? (Laibu mai-a lim en in.)
၉ တရားသူကြီးအဖြစ် ခန့်အပ်ခံရပြီးနောက် နာခံမှု၊ သတ္တိ ရှိမရှိ ဂိဒေါင် စမ်းသပ်ခံရတယ်။ ဖခင်ရဲ့ ဗာလ ယဇ်ပလ္လင်ကို ဖြိုချဖို့ဆိုတဲ့ အန္တရာယ် များတဲ့ တာဝန် ရတယ်။ (သူကြီး. ၆:၂၅၊ ၂၆) နောက်ပိုင်း၊ စုဆောင်းထားတဲ့ စစ်သည်အင်အား လျှော့ချဖို့ နှစ်ကြိမ် ညွှန်ကြားခံရတယ်။ (သူကြီး. ၇:၂-၇) နောက်ဆုံးမှာ ရန်သူ့တပ်စခန်းကို ညသန်းခေါင် ဝင်တိုက်ရတယ်။—သူကြီး. ၇:၉-၁၁။
10. Thumangna neih leh neih tawh kisai-in upate in koi bang ze-etna thuak khathei uh a hiam?
၁၀ အကြီးအကဲတွေဟာ “နာခံဖို့ အသင့်ရှိ” သင့်တယ်။ (ယာ. ၃:၁၇) နာခံမှု ရှိတဲ့ အကြီးအကဲဟာ ကျမ်းစာနဲ့ အဖွဲ့အစည်းရဲ့ လမ်းညွှန်ချက်တွေကို ချက်ချင်း လိုက်နာတယ်။ တခြားသူတွေကို စံနမူနာ ပြတယ်။ ဒါပေမဲ့ နာခံဖို့ ခက်တဲ့အချိန်တွေ ရှိနိုင်တယ်။ ဥပမာ၊ လမ်းညွှန်ချက်တွေ များလွန်းလို့၊ ပြောင်းလွန်းလို့ လိုက်လုပ်ဖို့ မမီတာ ဖြစ်နိုင်တယ်။ လမ်းညွှန်ချက်တွေ တကယ်ကော လက်တွေ့ကျရဲ့လား၊ ပညာရှိရာ ရောက်ရဲ့လားလို့ တစ်ခါတလေ တွေးမိနိုင်တယ်။ အဖမ်းခံရကိန်း ဆိုက်သွားနိုင်တဲ့ တာဝန် ရတာ ဖြစ်နိုင်တယ်။ အဲဒီလိုအခြေအနေတွေမှာ ဂိဒေါင်ရဲ့ နာခံမှုကို အကြီးအကဲတွေ ဘယ်လို အတုယူနိုင်သလဲ။
11. Upate in a thumangna uh koi bangin lakkhia thei uh a hiam?
၁၁ လမ်းညွှန်ချက်တွေကို တစ်သဝေမတိမ်း နာခံလိုက်လျှောက်ပါ။ ဖခင်ရဲ့ ယဇ်ပလ္လင်ကို ဘယ်လို ဖျက်ဆီးရမယ်၊ ယေဟောဝါအတွက် ပလ္လင်အသစ် ဘယ်မှာ တည်ရမယ်၊ ဘာတိရစ္ဆာန် ပူဇော်ရမယ်ဆိုတာ ဂိဒေါင်ကို ဘုရား ညွှန်ကြားတယ်။ ဂိဒေါင် အတွန့်မတက်ဘူး။ ခိုင်းတဲ့အတိုင်း အတိအကျ လုပ်တယ်။ ဒီနေ့လည်း ညီအစ်ကို/မတွေ ဘေးကင်းအောင်၊ ယုံကြည်ခြင်း ခိုင်ခံ့နေအောင် ကူညီပေးဖို့ စာ၊ ကြေညာချက်၊ လမ်းညွှန်ချက်တွေအားဖြင့် အကြီးအကဲတွေကို အဖွဲ့အစည်း ညွှန်ကြားနေတယ်။ ညွှန်ကြားချက်တွေ တစ်သဝေမတိမ်း လိုက်နာနေတဲ့ အကြီးအကဲတွေကို ကျွန်တော်တို့ သိပ်ချစ်ကြတယ်။ သူတို့ကြောင့် အသင်းတော် တစ်ခုလုံး အကျိုးရနေတာ။—ဆာ. ၁၁၉:၁၁၂။
12. Kikhelna bawl dingin pawlpi in hong lamlah ciangin upate in Hebru 13:17 pen koi bangin zui thei uh a hiam?
၁၂ လိုလိုလားလား ပြောင်းလဲပါ။ စစ်သည် အားလုံးနီးပါး အိမ်ပြန်ခိုင်းဖို့ ဂိဒေါင်ကို ယေဟောဝါ ပြောတယ်။ (သူကြီး. ၇:၈) ‘အဲဒီလောက်ကြီး လျှော့လိုက်ဖို့ လိုလို့လား။ အလုပ်ကော ဖြစ်ပါ့မလား’ လို့ ဂိဒေါင် တွေးမိနိုင်တယ်။ ဒါပေမဲ့ ဘုရားကို နာခံတယ်။ ဒီနေ့လည်း အပြောင်းအလဲ တစ်ခုခု လုပ်ဖို့ အဖွဲ့အစည်း လမ်းညွှန်လာတဲ့အခါ နာခံမှု ပြခြင်းအားဖြင့် ဂိဒေါင်ကို အကြီးအကဲတွေ အတုယူကြတယ်။ (ဟီဘရူး ၁၃:၁၇ ကို ဖတ်ပါ။) ဥပမာ၊ ၂၀၁၄ မှာ အုပ်ချုပ်ရေးအဖွဲ့က နိုင်ငံတော် ခန်းမ၊ စည်းဝေးပွဲ ခန်းမ ဆောက်လုပ်ရေး စီမံကိန်းတွေအတွက် အလှူငွေ အသုံးပြုပုံ ပြောင်းလိုက်တယ်။ (၂ ကော. ၈:၁၂-၁၄) အရင်တုန်းကဆိုရင် ခန်းမ ဆောက်ဖို့ အသင်းတော်တွေက အဖွဲ့အစည်းဆီကနေ ချေးငွေ ယူပြီး နောက်မှ ပြန်ဆပ်ကြရတယ်။ အခုဆိုရင် ဒေသခံ အသင်းတော်မှာ ရန်ပုံငွေ နည်းနည်းပဲ ရှိရင်တောင် လိုအပ်တဲ့ နေရာမှာ ခန်းမ ဆောက်ဖို့ ကမ္ဘာချီ အလှူငွေထဲကနေ သုံးခွင့် ပြုလိုက်ပြီ။ ဒီအပြောင်းအလဲအကြောင်း ကြားတော့ ‘နိုင်ငံတော် ခန်းမ တစ်လုံးတောင် ဆောက်နိုင်မှာ မဟုတ်ဘူး။ ဒီဘက်ခေတ်မှာ ဒီပုံစံနဲ့ အလုပ်မဖြစ်ပါဘူး’ လို့ ဟိုဆေး စဉ်းစားမိတယ်။ လမ်းညွှန်ချက်ကို ထောက်ခံဖို့ ဟိုဆေးကို ဘာက ကူညီပေးသလဲ။ “ယေဟောဝါကို ယုံကြည်ကိုးစားပါဆိုတဲ့ ပညာအလိမ္မာ ၃:၅၊ ၆ က ကျွန်တော့်အတွက် သတိပေးချက်ပါပဲ။ ရလဒ်တွေက သိပ်အံ့ဩဖို့ကောင်းတယ်။ နိုင်ငံတော် ခန်းမ အများကြီး ဆောက်နိုင်တယ်။ အလှူငွေ အသုံးပြုပုံ နည်းလမ်းသစ်ကြောင့် အားလုံး သာတူညီမျှ ဖြစ်သွားလို့ သိပ်အကျိုးရှိတယ်” လို့ ပြောတယ်။
လုပ်ငန်း ပိတ်ပင်ခံထားရရင်တောင် သတ္တိရှိရှိ၊ ထိထိရောက်ရောက် သက်သေခံနိုင် (စာပိုဒ် ၁၃ ကို ကြည့်ပါ)
13. (a) Gideon in bang pen muang a hiam? (b) Upate in Gideon koici etteh thei uh a hiam? (Lim zong en in.)
၁၃ သတ္တိရှိရှိ ဘုရားအလိုတော် ဆောင်ပါ။ ကြောက်ပေမဲ့၊ စွန့်စားရပေမဲ့ ဂိဒေါင် နာခံမှု ရှိတယ်။ (သူကြီး. ၉:၁၇) ယေဟောဝါဆီက အာမခံချက် ရပြီးနောက် လူမျိုးတော်ကို ကာကွယ်နိုင်ဖို့ မိမိကို ဘုရား ကူညီပေးမယ်ဆိုတာ ဂိဒေါင် အပြည့်အဝ စိတ်ချသွားတယ်။ အဖွဲ့အစည်း လုပ်ငန်း ပိတ်ပင်ခံရတဲ့ ဒေသက အကြီးအကဲတွေ ဂိဒေါင်ကို အတုယူနေကြတယ်။ အဖမ်းခံရ၊ စစ်ဆေးမေးမြန်းခံရ၊ အကြမ်းဖက်ခံရနိုင်ပေမဲ့၊ အလုပ်ပြုတ်သွားနိုင်ပေမဲ့ အစည်းအဝေးမှာ၊ အမှုဆောင် လုပ်ငန်းမှာ သတ္တိရှိရှိ ဦးဆောင်နေကြတယ်။c ကြီးစွာသောဒုက္ခအတွင်းမှာလည်း စွန့်စားရရင်တောင် ရလာတဲ့ ညွှန်ကြားချက်တွေ နာခံနိုင်ဖို့ဆိုရင် အကြီးအကဲတွေ သတ္တိ လိုတယ်။ ဥပမာ၊ မိုးသီးလို ပြင်းထန်တဲ့ တရားစီရင်ချက်သတင်း ဘယ်လို ကြေညာရမယ်၊ မာဂေါဂပြည်က ဂေါဂမင်း တိုက်ခိုက်တဲ့အခါ လွတ်မြောက်ဖို့ ဘာလုပ်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး ညွှန်ကြားချက်တွေ ရလာနိုင်တယ်။—ယေဇ. ၃၈:၁၈။ ဗျာ. ၁၆:၂၁။
THUAKZAWHNA NEIH DING A HAKSAT CIANGIN
14. Thuakzawhna tawh kisai-in Gideon in koi bang ze-etna thuak a hiam?
၁၄ တရားသူကြီးအဖြစ် ဂိဒေါင် လုပ်ရမယ့် တာဝန်မှာ ကာယခွန်အား စိုက်ထုတ်ရမယ့် အပိုင်းတွေ ပါတယ်။ ညသန်းခေါင် တိုက်ပွဲကနေ မိဒျန်လူတွေ ထွက်ပြေးတော့ ယေဇရေလ ချိုင့်ဝှမ်းကနေ ဆူးပင်၊ ချုံပင်တွေ ပေါတဲ့ ဂျော်ဒန်မြစ်တစ်လျှောက် ဂိဒေါင် လိုက်တယ်။ (သူကြီး. ၇:၂၂) ဂျော်ဒန်မြစ် ရောက်တော့ ဂိဒေါင် ရပ်လိုက်သလား။ မရပ်ဘူး။ မောပန်းနေပေမဲ့ သူ့လူ ၃၀၀ နဲ့အတူ မြစ်ကူးပြီး ဆက်လိုက်တယ်။ နောက်ဆုံးမှာ မိဒျန်လူတွေကို မိသွားပြီး သုတ်သင်ပစ်လိုက်တယ်။—သူကြီး. ၈:၄-၁၂။
15. Khat veivei ciangin upate in thuakzawhna a neih ding uh bang hang haksa thei a hiam?
၁၅ အသင်းတော် တာဝန် တစ်ဖက်၊ မိသားစု တာဝန် တစ်ဖက်နဲ့ တစ်ခါတလေ အကြီးအကဲတွေ စိတ်ပန်း၊ လူပန်း ဖြစ်နေနိုင်တယ်။ အဲဒီလိုအခြေအနေမျိုးမှာ ဂိဒေါင်ကို အကြီးအကဲတွေ ဘယ်လို အတုယူနိုင်မလဲ။
အကူအညီ လိုအပ်သူများစွာကို မေတ္တာ ပြည့်ဝတဲ့ အကြီးအကဲတွေ အားပေး (စာပိုဒ် ၁၆-၁၇ ကို ကြည့်ပါ)
16-17. Gideon in thuakzawhna a neih nadingin bang in huh a hiam? Upate in bang pen muang thei uh a haim? (Isaiah 40:28-31) (Lim zong en in.)
၁၆ ယေဟောဝါ ခွန်အား ပေးမယ်ဆိုတာ စိတ်ချပါ။ ယေဟောဝါ ခွန်အား ပေးမယ်ဆိုတာ ဂိဒေါင် စိတ်ချတယ်။ တကယ်လည်း ဘုရား ခွန်အား ပေးတယ်။ (သူကြီး. ၆:၁၄၊ ၃၄) တစ်ခါတုန်းက ကုလားအုတ် စီးပြီး ထွက်ပြေးတဲ့ မိဒျန် ဘုရင်နှစ်ပါးကို ဂိဒေါင်နဲ့ သူ့လူတွေ ခြေကျင် လိုက်ကြတယ်။ (သူကြီး. ၈:၁၂၊ ၂၁) ဘုရားအကူအညီကြောင့် ရန်သူတွေကို မိပြီး တိုက်ပွဲနိုင်သွားတယ်။ အကြီးအကဲတွေလည်း ‘ဘယ်တော့မှ မမောတဲ့၊ မပင်ပန်းတဲ့’ အရှင် ယေဟောဝါကို အားကိုးမယ်ဆိုရင် လိုအပ်ချိန်မှာ ခွန်အား ရပါလိမ့်မယ်။—ဟေရှာယ ၄၀:၂၈-၃၁ ကို ဖတ်ပါ။
၁၇ ဆေးရုံ ဆက်သွယ်ရေး ကော်မတီဝင် ညီအစ်ကို မက်သရူးအကြောင်း စဉ်းစားကြည့်ပါ။ ခံနိုင်ရည် ရှိဖို့ မက်သရူးကို ဘာက ကူညီပေးသလဲ။ “ဖိလိပ္ပိ ၄:၁၃ မှာ ပြောထားတဲ့အတိုင်း ကျွန်တော့်ကို ယေဟောဝါ ခွန်အားပေးတယ်။ လက်တောင် မမြှောက်ချင်လောက်အောင် ပင်ပန်းတဲ့ အချိန်တွေ ရှိတယ်။ အဲဒီလိုအချိန်မျိုးမှာ ညီအစ်ကို/မတွေကို ထောက်မနိုင်ဖို့ လိုအပ်တဲ့ ကာယခွန်အား၊ စိတ်ခွန်အား ပေးပါလို့ ဘုရားဆီ ပြင်းပြင်းပြပြ ဆုတောင်းလိုက်တယ်။ ဆုတောင်းပြီးတာနဲ့ ယေဟောဝါရဲ့ စွမ်းအားတော်က ခွန်အားပေးလို့ ခံနိုင်ရည် ရှိလာတယ်” လို့ ပြောတယ်။ ဂိဒေါင်လိုပဲ အကြီးအကဲတွေဟာ အခက်အခဲတွေကြားကနေ သိုးတော်စုကို ကိုယ်ကျိုးမငဲ့ ကြိုးစားထိန်းကျောင်းနေကြတယ်။ ကြိုးစားပေမဲ့ မနိုင်တာတွေ ရှိတယ်ဆိုတာ အသိအမှတ်ပြုရမယ်။ နိုင်သလောက်ပဲ လုပ်သင့်တယ်။ ဒါပေမဲ့ ကူညီပေးဖို့ ဆုတောင်းတဲ့အခါ ယေဟောဝါ နားထောင်ပြီး ခံနိုင်ရည် ပေးမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။—ဆာ. ၁၁၆:၁။ ဖိ. ၂:၁၃။
18. Upate in Gideon a etteh theih dan uh gen in.
၁၈ ဂိဒေါင်ဆီကနေ အကြီးအကဲတွေ အများကြီး သင်ယူနိုင်တယ်။ တာဝန် ဘယ်လောက် လက်ခံမလဲ ဆုံးဖြတ်တဲ့အခါ၊ ပြစ်တင်ဝေဖန်ခံရတဲ့အခါ၊ ချီးမွမ်းခံရတဲ့အခါ နှိမ့်ချကျိုးနွံမှု ရှိရမယ်။ ဒီစနစ် အဆုံး နီးလာတာနဲ့အမျှ နာခံမှု၊ သတ္တိ ရှိရမယ်။ ဘာအခက်အခဲပဲ ကြုံရပါစေ ဘုရား ခွန်အားပေးမယ်ဆိုတာ စိတ်ချရမယ်။ အလုပ်ကြိုးစားတဲ့ သိုးထိန်းတွေကို ကျွန်တော်တို့ တကယ် “ချစ်ခင်လေးစားကြ” ပါတယ်။—ဖိ. ၂:၂၉။
LA 120 ခရစ်တော်ရဲ့ နူးညံ့မှုကို တုပကြ
a အစ္စရေးလူမျိုး သမိုင်းမှာ ခက်ခဲတဲ့ ကာလအတွင်း လူမျိုးတော်ကို ထိန်းကျောင်း၊ ကာကွယ်ဖို့ ဂိဒေါင်ကို ယေဟောဝါဘုရား တာဝန်ပေးတယ်။ အခက်အခဲ အများကြီး ရှိပေမဲ့ ဒီတာဝန်ကို အနှစ် ၄၀ လောက် ဂိဒေါင် သစ္စာရှိရှိ ထမ်းဆောင်တယ်။ ဒီနေ့အချိန်မှာ အကြီးအကဲတွေ အခက်အခဲ ကြုံတဲ့အခါ ဂိဒေါင်ရဲ့ စံနမူနာက ဘယ်လို ကူညီပေးနိုင်ကြောင်း လေ့လာကြည့်ကြစို့။
b ကျိုးနွံမှုနဲ့ နှိမ့်ချမှုဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတယ်။ ကျိုးနွံသူဟာ ကိုယ့်ကိုယ်ကိုယ် တော်သင့်ရုံပဲ ထင်တယ်။ ကိုယ်မတတ်နိုင်တာတွေ ရှိတယ်ဆိုတာ အသိအမှတ်ပြုတယ်။ နှိမ့်ချသူဟာ တခြားသူတွေကို လေးစားတယ်၊ ကိုယ့်ထက် သာတယ်လို့ သဘောထားတယ်။ (ဖိ. ၂:၃) များသောအားဖြင့်၊ ကျိုးနွံသူဟာ နှိမ့်ချသူ ဖြစ်လေ့ရှိတယ်။
c ၂၀၁၉၊ ဇူလိုင်လ ကင်းမျှော်စင် မှာ ပါတဲ့ “ပိတ်ပင်မှုအောက် ယေဟောဝါကို ဆက်ဝတ်ပြုပါ” ဆောင်းပါး၊ စာ. ၁၀-၁၁၊ ပိုဒ်. ၁၀-၁၃ ကို ကြည့်ပါ။