Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w26 March laim. 26-31
  • Hong Kimuhdah Hangin Lungdam Thei

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Hong Kimuhdah Hangin Lungdam Thei
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2026
  • Thuluneute
  • A Thu Kibang
  • BANG HANG HONG KIMUDAH A HIAM
  • HONG KIMUHDAH HANGIN BANG HANG LUNGDAM THEI I HIAM
  • Cihtakna Tawh A Tawp Donga Thuakzawh Nadinga Hong Huh Ding Laikhak Khat
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • ခံနိုင်ရည် ရှိဖို့ ယေဟောဝါ ကူညီပေးပုံ
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Kua’ Na Sem Ding Cih Tu Ni-in Teel Un
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Jehovah Pen A “Nungta” Pasian Ahihlam Phawk In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2026
w26 March laim. 26-31

JUNE 1-7, 2026

LA 111 တို့​ဝမ်းမြောက်​ရတဲ့​အကြောင်းများ

Hong Kimuhdah Hangin Lungdam Thei

“Mite in hong mudah ciangin thupha ngah na hi uh hi.”—LUKA 6:22.

အာရုံစိုက်​ရာ

ယေဟောဝါကို ကိုးကွယ်​လို့ လူ​မုန်း​ခံရ​ရင်တောင် ပျော်ရွှင်နိုင်ပါတယ်။

1. Mualtung thugenna a Jesuh thugente-in bang hang lamdang a hiam?

‘လူတွေရဲ့ အမုန်းခံရ​တဲ့​အခါတိုင်း ခင်ဗျားတို့ ပျော်ရွှင်​ချမ်းမြေ့​ရလိမ့်မယ်’ လို့ တောင်ပေါ်​ဒေသနာမှာ ယေရှု ပြောတယ်။ (လု. ၆:၂၂) လူ​မုန်း​ခံရလို့ ပျော်တဲ့​သူ​ဆိုတာ မရှိဘူး။ ဒါကြောင့် ယေရှု​စကား​တွေဟာ ထူးဆန်း​နေပုံပဲ။ ယေရှု ဘာကြောင့် အဲဒီလို​ပြောသလဲ။ ဒီနေ့ခေတ် ယေရှု​နောက်လိုက်​တွေဟာ လူမုန်း​ခံနေ​ကြ​ရလို့ ဒီမေးခွန်းကို စိတ်ဝင်စား​သင့်တယ်။ ကျွန်တော်တို့ ဘာကြောင့် အမုန်း​ခံရ​သလဲ၊ အမုန်း​ခံရ​ရင်တောင် ဘာကြောင့် ပျော်နိုင်​သလဲ​ဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေး​သွားပါမယ်။

BANG HANG HONG KIMUDAH A HIAM

2-3. Khristian mante hong ki bawlsiatna a hang khatin bang a hiam? Tua i theihna in bang hamphatna om a hiam? (Johan 16:2, 3)

၂ ယေဟောဝါ​ဘုရားကို ကိုးကွယ်​လို့ အမုန်း​ခံကြ​ရတယ်။ မိမိ​နောက်လိုက်​တွေကို လူတွေ နှိပ်စက်​ကြမယ်၊ တချို့ကို သတ်တောင် သတ်ဖြတ်​ကြမယ်လို့ ယေရှု ပြောပြီးနောက် “သူတို့က အဖ​ဘုရားကိုရော ကျွန်တော့်ကိုပါ မသိတဲ့​အတွက် အဲဒီလို​လုပ်ကြတာ” လို့ ဆက်ပြောတယ်။ (ယောဟန် ၁၆:၂၊ ၃ ကို ဖတ်ပါ။) ဘုရား​လူမျိုးကို လူတွေ မုန်းတီးအောင် ဘယ်သူ သွေးထိုး​လှုံ့ဆော်​နေသလဲ။ “ဒီလောက​စနစ်ရဲ့ ဘုရား” စာတန်ပဲ။ (၂ ကော. ၄:၃၊ ၄) စာတန်က ယေဟောဝါ​နဲ့ပတ်သက်တဲ့ အမှန်​တရားကို လူတွေ မသိအောင် ဖုံးကွယ်​ထားတယ်။ ယေဟောဝါကို သိကျွမ်း​ပြီး ချစ်မြတ်နိုး​သူတွေကို လူတွေ ဆန့်ကျင်​အောင် မြှောက်ထိုး​ပင့်ကော် လုပ်နေတယ်။ (ယော. ၈:၄၂-၄၄) ဒါကို သိထားတာ ဘာအကျိုး​ရှိသလဲ။ စာတန် လှည့်စားတာ ခံရလို့ လူတွေ ကျွန်တော်​တို့ကို မုန်းတီးတာ ဖြစ်မှန်း သိထားရင် သူတို့ကို မမုန်းမိ​တော့ဘူး။

၃ ဟောပြောခြင်း​လုပ်ငန်း ပိတ်ပင်​ထားတဲ့ နိုင်ငံမှာ​နေတဲ့ ညီအစ်ကို ပါဗယ်a အကြောင်း စဉ်းစား​ကြည့်ပါ။ ယေဟောဝါကို သစ္စာ​ရှိရှိ ဝတ်ပြု​ကိုးကွယ်​လို့ အဖမ်း​ခံရ၊ ရက်ရက်​စက်စက် ရိုက်နှက်​ခံရ၊ လနဲ့ချီ တိုက်ပိတ်​ခံခဲ့​ရတယ်။ “ထောင်ထဲမှာ အလုပ်​လုပ်နေသူ​အများစုဟာ ကျွန်တော်တို့ကို မုန်းလို့ နှိပ်စက်တာ​မဟုတ်​ပါဘူး။ တာဝန်​အရ လုပ်နေ​တာပါ။ ဒါကြောင့် ကျွန်တော်တို့ နှိပ်စက်​ခံရအောင် လုပ်တာက စာတန်နဲ့ နတ်ဆိုး​တွေပဲ​ဆိုတာ ပိုရှင်း​လာတယ်” လို့ ပါဗယ် ပြောတယ်။ ခရိုအေးရှား​နိုင်ငံက ညီအစ်ကို​တစ်ယောက်​လည်း မယုံကြည်သူ​မိဘတွေ ဆိုးဆိုး​ရွားရွား နှိပ်စက်တာ ခံရတယ်။ ဒါပေမဲ့ “စာတန်ကမှ ကျွန်တော့်ရဲ့ ရန်သူ​စစ်စစ်။ ကျွန်တော့်​မိဘတွေ မဟုတ်ဘူး” လို့ သူပြောတယ်။—ဧ. ၆:၁၂။

4. Jesuh le Stephen kiang pan bang sinthei i hiam? (Lim zong en in.)

၄ ဆန့်ကျင်သူတွေကို ကျွန်တော်တို့ မမုန်းကြ​ပါဘူး။ သူတို့​အတွက် ဆုတောင် တောင်းပေး​နိုင်တယ်။ (မ. ၅:၄၄) ဒီကိစ္စမှာ ယေရှုနဲ့ သတေဖန်​ဆီကနေ သင်ယူ​နိုင်တယ်။ မိမိကို ရောမ​စစ်သားတွေ သစ်တိုင်မှာ သံနဲ့ ရိုက်နေချိန် “အဖ၊ သူတို့ကို ခွင့်လွှတ်ပါ” ဆိုပြီး ယေရှု ဆုတောင်းတယ်။ (လု. ၂၃:၃၄) အထက်​အမိန့် လွန်ဆန်ခွင့် မရှိတဲ့ ရောမ​စစ်သား​တွေကို ခွင့်လွှတ်​ပေးဖို့ ယေဟောဝါဆီ ဆုတောင်း​ပေး​နေတာ။ ဘာသာရေး​ခေါင်းဆောင်​တွေရဲ့ သွေးထိုး​လှုံ့ဆော်မှု​ကြောင့် မိမိကို သတ်ပစ်ဖို့ အော်နေ​ကြတဲ့ လူအုပ်​အတွက် စဉ်းစားပြီး ဆုတောင်း​ပေးတာ​လည်း ဖြစ်နိုင်တယ်။ ဘာလုပ်လို့ လုပ်နေမှန်း သူတို့​ကိုယ်တိုင် မသိ​ကြဘူး​ဆိုတာ ယေရှု နားလည်တယ်။ အဲဒီလိုပဲ သတေဖန်​လည်း ကိုယ့်ကို ကျောက်ခဲနဲ့ ပေါက်သတ်​သူတွေကို ခွင့်လွှတ်​ပေးဖို့ ယေဟောဝါဆီ ဆုတောင်းတယ်။ (တ. ၇:၅၈-၆၀) ယေရှုနဲ့ သတေဖန်ရဲ့ ဆုတောင်းသံကို ယေဟောဝါ နားညောင်းခဲ့​သလား။ နားညောင်း​ခဲ့တယ်။ ယေရှုကို သတ်ဖို့ တောင်းဆို​ခဲ့သူ တော်တော်​များများ နောက်ပိုင်းမှာ ပြောင်းလဲ​လာပြီး ယေရှုကို ယုံကြည်​လာ​ကြတယ်၊ နှစ်ခြင်းခံ​ကြတယ်။ (တ. ၂:၃၆-၄၁) သတေဖန်ကို သတ်တဲ့​အမှုမှာ အလိုတူ​အလိုပါ ဖြစ်ခဲ့တဲ့ တာရှု​မြို့သား ရှောလုလည်း ခရစ်ယာန် ဖြစ်လာတယ်။ မသိ​နားမလည်ဘဲ လုပ်မိ​တာတွေ​အတွက် ရှောလု ယူကျုံးမရ​ဖြစ်ခဲ့တယ်။—၁ တိ. ၁:၁၃။

ညီအစ်ကိုတစ်ယောက် မျက်နှာမှာ ဒဏ်ရာတွေနဲ့ ညိုမည်းစွဲနေပေမဲ့ အနားက ထောင်စောင့်အတွက် ဆုတောင်းပေးနေ

မိမိကို ညှဉ်းပန်း​နှိပ်စက်သူတွေ​အတွက် ယေရှုနဲ့ သတေဖန် ဆုတောင်းပေး​သလို ကျွန်တော်တို့ကို နှိပ်စက်​သူ​တွေ​အတွက် ဆုတောင်းပေးနိုင် (စာပိုဒ် ၄ ကို ကြည့်ပါ)


5. César kiang pan bang sinthei i hiam?

၅ ဒီနေ့လည်း ဆန့်ကျင်သူ​တွေ​အတွက် ကျွန်တော်တို့ ဆုတောင်း​ပေးတာကို ယေဟောဝါ နားညောင်း​ပေး​နေတယ်။ ဗင်နီဇွဲလား​နိုင်ငံမှာ နေတဲ့ ညီအစ်ကို ဆေဇာ​အကြောင်း စဉ်းစား​ကြည့်ပါ။ ဆေဇာ သက်သေခံ ဖြစ်လာလို့ ဖခင်​ဖြစ်သူ အပြင်း​အထန် ဆန့်ကျင်တယ်။ “အမေက ဇနီးကောင်း၊ မိခင်ကောင်း ပီသတယ်။ နိုင်ငံတော်ကို အမြဲ ဦးစားထား​ပေမဲ့ အဖေ့ကို ဘယ်တော့မှ ပစ်မထားဘူး။ အဖေ့ကို လေးစားဖို့ ကျွန်တော်တို့​မောင်နှမ​တွေကို သင်ပေးတယ်။ ဘုရား မနှစ်သက်တာ လုပ်ခိုင်း​တာမျိုး မဟုတ်​သရွေ့ အဖေ့​စကား နားထောင်​ဖို့လည်း သင်ပေးတယ်” လို့ ဆေဇာ ပြောတယ်။ နှစ်တွေ​ကြာတော့ ဆေဇာရဲ့ ဖခင် သဘောထား​ပျော့ပျောင်း​လာတယ်။ “တစ်ရက်တော့ ယေဟောဝါဆီ ကျွန်တော် ဆုတောင်း​ပြီးနောက် ကျမ်းစာ​လေ့လာ​မလားလို့ အဖေ့ကို မေးလိုက်တယ်။ လေ့လာ​ကြတာ​ပေါ့လို့ အဖေ ပြန်ဖြေလို့ ကျွန်တော် ပြောမပြ​တတ်အောင် ဝမ်းသာ​သွားတယ်” ဆိုပြီး ဆေဇာ ပြောတယ်။ နောက်တော့ ဖခင်​ဖြစ်သူ နှစ်ခြင်း​ခံတယ်။ ဆန့်ကျင်​သူတိုင်း အဲဒီလို​ပြောင်းလဲ​လာမယ်လို့ တရားသေ မပြောနိုင်​ပေမဲ့ ကျွန်တော်တို့ရဲ့ အမူ​အကျင့်ကောင်း​တွေကြောင့် တချို့ သဘောထား​ပျော့ပျောင်း​လာကြတယ်။ အဲဒီလို​ပြောင်းလဲ​လာတဲ့​အတွက် သိပ်​ဝမ်းသာ​ရတယ်။ အဲဒီလို​လူတွေကို ကရုဏာ​ကြီးမားတဲ့ “မြေတစ်ပြင်လုံးရဲ့ တရားသူကြီး” ယေဟောဝါ ဘယ်လို ဆွဲဆောင်​မလဲ​ဆိုတာ ကျွန်တော်တို့ သိပ်​စိတ်ဝင်စား​ကြ​ပါတယ်။—က. ၁၈:၂၅။

6. Marka 13:13 ah a gen bangin mite’n hong muhduhna a dang khatin bang a hiam?

၆ ယေရှုကို ထောက်ခံလို့ အမုန်း​ခံကြရတယ်။ “ကျွန်တော့်​နာမည်ကြောင့် ခင်ဗျား​တို့ကို လူတွေ မုန်းကြ​လိမ့်မယ်” လို့ ယေရှု ပြောတယ်။ (မာကု ၁၃:၁၃ ကို ဖတ်ပါ။) “ကျွန်တော့်​နာမည်” ဆိုတာ ဘာကို ဆိုလို​သလဲ။ ဘုရား​နိုင်ငံတော်ရဲ့ ဘုရင်​အဖြစ် ယေရှုရဲ့ ဂုဏ်ပုဒ်နဲ့ အခွင့်​အာဏာကို ဆိုလိုတယ်။ ယေရှုဟာ ၁၉၁၄ ခုနှစ်​ကတည်းက ဘုရား​နိုင်ငံတော်ရဲ့ ဘုရင်​အဖြစ် အုပ်ချုပ်​နေပြီ။ ဘုရင်​အဖြစ် ယေဟောဝါ ရွေးချယ်​ထားတဲ့ ယေရှုကို မကိုးစားဘဲ လူသား​အုပ်စိုးရှင်​တွေကို ကိုးစား​သူ​တွေ​ကတော့ ကျွန်တော်​တို့ကို မုန်းကြတယ်။ ဒါပေမဲ့ မကြာခင် လူ့အစိုးရ​အားလုံးကို ယေရှု ဖယ်ရှားပါ​တော့မယ်။

7-8. Pasian sila pawlkhat bang hang kimudah a hiam? (Johan 15:18-20) (Lim zong en in.)

၇ စာတန့်လောက​နဲ့ မပတ်သက်လို့ အမုန်း​ခံကြ​ရတယ်။ “ဒီလောကနဲ့ ဘာမှ မပတ်သက်” လို့ မိမိ​နောက်လိုက်တွေ အမုန်း​ခံရမယ်​ဆိုပြီး ယေရှု ပြောတယ်။ (ယောဟန် ၁၅:၁၈-၂၀ ကို ဖတ်ပါ။) ဘုရား​တရားမဲ့​လောကရဲ့ သဘောထား၊ အမူ​အကျင့်၊ အပြော​အဆို​တွေကို ပထမ​ရာစု ခရစ်ယာန်​တွေ​လိုပဲ ကျွန်တော်တို့ ရှောင်ကြတယ်။ ဒါကြောင့် ညီအစ်ကို/မ​များစွာဟာ အလုပ်မှာ၊ ကျောင်းမှာ ကဲ့ရဲ့​လှောင်ပြောင်​ခံကြ​ရတယ်။ (၁ ပေ. ၄:၃၊ ၄) ဒါပေမဲ့ ဆန့်ကျင်သူ​တချို့ သဘောထား​ပြောင်းလဲပြီး ကျွန်တော်​တို့ကို လေးစား​လာကြတာ ဝမ်းသာ​စရာ​ပါပဲ။

၈ ဗဟို​အမေရိက​မှာ နေတဲ့ ညီအစ်ကို အက်နာစီယို​အကြောင်း စဉ်းစား​ကြည့်ပါ။ ကျမ်းစာ​စံနှုန်း​အတိုင်း နေထိုင်​လို့ ကျောင်းမှာ နှစ်​အတော်ကြာ လှောင်ပြောင်​သရော်​ခံရတယ်။ အဲဒီအထဲမှာ ကျောင်းဆရာ​တစ်ယောက်လည်း​ပါတယ်။ ဒါပေမဲ့ ဝိုင်းလှောင်ပြောင်​သရော်​ကြတာ​တောင် ဘာကြောင့် စာရိတ္တ​ကောင်းနေ​နိုင်တာလဲ​ဆိုပြီး အက်နာစီယို ကျောင်း​မပြီးခင်မှာ ဆရာက မေးတယ်။ ကျမ်းစာ​စံနှုန်း​တွေဟာ မိမိ​ဘဝ​အတွက် အကာ​အကွယ် ဖြစ်ကြောင်း အက်နာစီယို ရှင်းပြတယ်။ ပြီးတော့ အသင်းတော်​အစည်း​အဝေး လာတက်ဖို့ ဆရာကို ဖိတ်လိုက်တယ်။ ဆရာ အစည်း​အဝေး လာတက်လို့ အက်နာစီယို အံ့သြ​သွားတယ်။ ညီအစ်ကို/မတွေ ရင်းနှီး​ဖော်ရွေ​ကြ​တာကို ဆရာ နှစ်သက်​သွားပြီး အစည်း​အဝေးတွေ ဆက်​တက်တယ်။ ကျမ်းစာ​လေ့လာလို့ ဆရာ​ကိုယ်တိုင်လည်း ဆန့်ကျင်မှုတွေ ကြုံလာ​ရတယ်။ ဒါပေမဲ့ တဖြည်းဖြည်း တိုးတက်​လာပြီး နှစ်ခြင်းခံ​လိုက်တယ်။

ကျောင်းမှာ အက်နာစီယို ကြုံရတာကို ပြန်သရုပ်ဖော်ထား။ (၁) တခြားကျောင်းသားတွေရှေ့မှာ သူ့ကို ဆရာ လှောင်ပြောင်နေပေမဲ့ တည်တည်ငြိမ်ငြိမ် ထိုင်နေ။ (၂) နောက်တော့ အက်နာစီယို ပြောတာကို ဆရာ ဂရုတစိုက် နားထောင်နေ။

အသက်အရွယ် ဘယ်လိုပဲ​ရှိပါစေ ယုံကြည်ချက်​အကြောင်း သတ္တိရှိရှိ ခုခံ​ပြောဆိုနိုင် (စာပိုဒ် ၈ ကို ကြည့်ပါ)b


9-10. (a) Satan Leitung ah khristiante in midangte tawh bang hang kibang lo thei a hiam? (b) Sawltak Paul kiang pan bang sinthei i hiam?

၉ နိုင်ငံရေး​နဲ့ စစ်ရေး​မှာ ကျွန်တော်တို့ ကြား​နေလို့လည်း တခြား​သူတွေနဲ့​မတူ ကွဲထွက်​နေနိုင်တယ်။ (ယော. ၁၈:၃၆) ရောမ ၁၃:၁ မှာ အကြံ​ပေး​ထားတဲ့​အတိုင်း နိုင်ငံသား​ကောင်း​ဖြစ်ဖို့ ကျွန်တော်တို့ ကြိုးစား​ကြတယ်။ ဒါပေမဲ့ နိုင်ငံရေး​မှာ ကြားနေ​ကြတယ်။ မဲမပေး​ကြဘူး။ ရွေးကောက်ပွဲ ဝင်မပြိုင်​ကြဘူး။ ဘာကြောင့်လဲ။ ယေဟောဝါကို၊ ခရစ်တော်ရဲ့ နိုင်ငံတော်ကို သစ္စာခံ​ထား​ကြ​လို့​ပါပဲ။ ယေဟောဝါ​သက်သေ​များစွာဟာ ယုံကြည်ချက်​ကြောင့် ထောင်ချ​ခံကြ​ရတယ်။ ထောင်ချ​ခံရ​ပေမဲ့ သူတို့ ဆက်ဟောပြော​ကြတယ်။ ဒါက အိမ်​အကျယ်ချုပ် ချခံ​ရတဲ့၊ ထောင်ချ​ခံရတဲ့ တမန်တော် ပေါလုကို အတုယူရာ​ရောက်တယ်။ (တ. ၂၄:၂၇။ ၂၈:၁၆၊ ၃၀) ထောင်စောင့်တွေ၊ အရာရှိတွေ၊ ဘုရင်ခံ​တွေ၊ ဘုရင်တွေ၊ ရောမ ဧကရာဇ် နီရိုရဲ့ အရာရှိ​တွေ​အပါ​အဝင် နားထောင်သူ​တိုင်းကို ပေါလု သတင်းကောင်း ဆက်​ဟောပြောတယ်။—တ. ၉:၁၅။

၁၀ အဲဒီလိုပဲ ထောင်ကျ​နေတဲ့ ညီအစ်ကို/မ​တွေဟာ တရား​သူကြီးတွေ၊ အစိုးရ အာဏာ​ပိုင်တွေ၊ ထောင်စောင့်​တွေ​အပါ​အဝင် နားထောင်သူ​တိုင်းကို ဟောပြောတယ်။ နိုင်ငံရေး​မှာ ကြားနေလို့ ထောင်​ခြောက်နှစ်​ကျော် ကျသွားတဲ့ ညီအစ်ကို​တစ်ယောက်က ထောင်ကျ​တာကို ပြစ်ဒဏ်​လို့ သဘော​မထားဘဲ သိုးလို စိတ်ထား​ရှိသူ​တွေကို ရှာဖို့ ယေဟောဝါ ပေးတဲ့ တာဝန်လို့ သဘောထား​တယ်​ဆိုပြီး ပြောတယ်။ သိုးလို စိတ်ထား​ရှိသူ​တွေကို ရှာတွေ့ဖို့ ကျွန်တော်တို့ကို ဒီနည်းနဲ့ ယေဟောဝါ သုံးတယ်​ဆိုရင်လည်း ဝမ်းသာ​စရာ​ပါပဲ။ (ကော. ၄:၃) ယေဟောဝါကို ကိုးကွယ်လို့ အမုန်း​ခံရ​ရင်တောင် ပျော်ရွှင်​နေနိုင်တဲ့ တခြား​အကြောင်းရင်း​တွေ​ကိုလည်း သုံးသပ်​ကြည့်​ရအောင်။

HONG KIMUHDAH HANGIN BANG HANG LUNGDAM THEI I HIAM

11. Bawlsiatna hangin upna bangci kipsak semsem ding i hiam? Gentehna pia-in.

၁၁ ကျွန်တော်တို့ကို လောကက လူတွေ မုန်း​တာဟာ ကျမ်းစာ​ကြိုဟောချက် ပြည့်စုံတာ ဖြစ်တယ်။ ပထမဆုံး ကျမ်းစာ​ကြိုဟောချက်​မှာ ယေဟောဝါက မိမိကို ချစ်မြတ်နိုးပြီး ကိုးကွယ်​သူ​တွေကို စာတန်နဲ့ သူ့မျိုးနွယ်၊ တစ်နည်း​အားဖြင့် စာတန်ရဲ့​နောက်လိုက်တွေ မုန်းမယ်​လို့ ပြောတယ်။ (က. ၃:၁၅) အဲဒီ​ကြိုဟောချက် တကယ် ပြည့်စုံ​နေကြောင်း ယေရှု မကြာ​ခဏ ပြောတာကို ခရစ်ဝင်​ကျမ်း​လေးကျမ်း​စလုံးမှာ မှတ်တမ်း​တင်​ထားတယ်။ (မ. ၁၀:၂၂။ မာ. ၁၃:၉-၁၂။ လု. ၆:၂၂၊ ၂၃။ ယော. ၁၅:၂၀) တခြား​ကျမ်းရေးသူ​တွေလည်း အဲဒီလိုပဲ​ပြောကြတယ်။ (၂ တိ. ၃:၁၂။ ယာ. ၁:၂။ ၁ ပေ. ၄:၁၂-၁၄။ ယု. ၃၊ ၁၇-၁၉) ဒါကြောင့် နှိပ်စက်​ညှဉ်းပန်း​ခံရတဲ့​အခါ ကျွန်တော်တို့ မအံ့ဩ​ကြဘူး။ ကျမ်းစာ​ကြိုဟောချက် ပြည့်စုံ​နေတာပဲ​ဆိုပြီး ဝမ်းသာ​ကြတယ်။ ဒါက စစ်မှန်တဲ့ ဘုရားကို ကျွန်တော်တို့ ကိုးကွယ်​နေတယ်​ဆိုတာ စိတ်ချ​စေတယ်။ ဟောပြောခြင်း​လုပ်ငန်း ပိတ်ပင်​ထားတဲ့ နိုင်ငံက ညီအစ်မ​တစ်ယောက် ဒီလို​ပြောတယ်– “ယေဟောဝါဆီ ဆက်ကပ်​အပ်နှံ​လိုက်ပြီ​ဆိုရင် နှိပ်စက်​ညှဉ်းပန်းမှု​တွေ အနှေးနဲ့​အမြန်​ဆိုသလို ကြုံလာ​ရမယ်​ဆိုတာ သိထားတယ်။ ဒါကြောင့် တကယ်တမ်း နှိပ်စက်​ညှဉ်းပန်း​ခံရတဲ့​အခါ မအံ့ဩ​သလို ကြောက်လည်း မကြောက်ဘူး။” သူ့ကို ဆန့်ကျင်​သူတွေ​ထဲမှာ သူ့ခင်ပွန်းလည်း ပါတယ်။ ခင်ပွန်း​ဖြစ်သူက သူ့ကို နှိပ်စက်​တယ်။ ကျမ်းစာ​အုပ်နဲ့ ကျမ်းစာ​စာပေတွေ မီးရှို့​ပစ်တယ်။ ဒါပေမဲ့ ညီအစ်မ ကြောက်လန့်ပြီး နောက်ဆုတ်​သွားမယ့်​အစား ယုံကြည်ခြင်းတောင် ပိုခိုင်မာ​လာတယ်။ (ဟီ. ၁၀:၃၉) “နှိပ်စက်​ညှဉ်းပန်း​ခံရမယ်လို့ ကျမ်းစာမှာ ကြိုဟော​ထားတဲ့​အတွက် ကြုံရမယ်​ဆိုတာ မှန်းထား​ပြီးသား။ မှန်းထားတဲ့​အတိုင်း ကြုံလာ​ရတော့ ဒါ စစ်မှန်တဲ့ ဘာသာ​တရားပဲ​ဆိုတာ စိတ်ချ​သွားတယ်” လို့ ပြောတယ်။

12. Bawlsiatna a thuak hunin unaupa khat bang hang thuakzawhna nei a hiam?

၁၂ နှိပ်စက်ညှဉ်းပန်း​ခံရမယ်လို့ မှန်းထား​ပြီးသား ဖြစ်ပေမဲ့ တကယ်တမ်း နဖူးတွေ့​ဒူးတွေ့ ကြုံလာတဲ့​အခါ ခံရပ်ဖို့ ခက်နိုင်တယ်။ “စိတ်ဓာတ်ကျ​မိတဲ့​အချိန်တွေ၊ သောက​များပြီး ငိုချ​မိတဲ့​အချိန်တွေ ရှိတယ်” လို့ ညီအစ်ကို​တစ်ယောက် သူ့ရဲ့ ထောင်တွင်း​အတွေ့​အကြုံ ပြောပြတယ်။ ခံရပ်​နိုင်ဖို့ သူ့ကို ဘာက ကူညီပေး​သလဲ။ “ကျွန်တော် အမြဲ ဆုတောင်းတယ်။ မိုးလင်းတာနဲ့ ဆုတောင်းတယ်။ တစ်ရက်တာ​အတွင်း အခက်​အခဲ​တစ်ခုခု ပေါ်လာ​တာနဲ့ ဆုတောင်းတယ်။ တခြား​သူတွေ အနိုင်ကျင့်လို့ ဒေါသ​ထွက်လာတဲ့​အခါ သန့်စင်ခန်း​ထဲ ပြေးပြီး ဆုတောင်းတယ်” လို့ ပြောတယ်။ သမာဓိ​စောင့်ထိန်းတဲ့ ကျမ်းစာ​ခေတ်က စံနမူနာတွေ၊ ဒီနေ့ခေတ် စံနမူနာတွေ​အကြောင်းလည်း သူ တွေးတော​ဆင်ခြင်​တယ်။ ဒီလိုနဲ့ ညီအစ်ကို ခံနိုင်ရည် ရှိခဲ့တယ်။ နောက်လိုက်တွေကို ပေးမယ်လို့ ယေရှု ကတိ​ပေးခဲ့တဲ့ ငြိမ်သက်ခြင်း ခံစားခဲ့​ရတယ်။—ယော. ၁၄:၂၇။ ၁၆:၃၃။

13. Kimuhdahna i thuak zawh nading bangin hong huh ding a hiam?

၁၃ အမုန်း​တရား​ထက် ကျွန်တော်တို့ရဲ့ မေတ္တာ​တရား ပိုအားကြီး​တယ်။ ယေရှုဟာ နောက်ဆုံး​ထွက်သက်​အထိ အဖ​ဘုရားကို စိတ်နှလုံး​အကြွင်းမဲ့ ချစ်တယ်။ မိတ်ဆွေတွေ​ကိုလည်း ချစ်တယ်။ (ယော. ၁၃:၁။ ၁၅:၁၃) ကျွန်တော်တို့လည်း ယေဟောဝါနဲ့ ညီအစ်ကို/မ​တွေကို ချစ်မယ်​ဆိုရင် အမုန်းဒဏ် ခံနိုင်မယ်။ ဘာကြောင့်လဲ။ အဖြေ​ရဖို့ တမန်တော် ပေါလုရဲ့ စံနမူနာကို သုံးသပ်​ကြည့်​ရအောင်။

14. Paul in amah a kithat ding a theih hangin bang hang hangsen zo a hiam?

၁၄ ပေါလု အသတ်မခံရခင်မှာ “ဘုရား​သခင်က ငါတို့ကို ကြောက်တတ်တဲ့စိတ် ပေးထားတာ မဟုတ်ဘူး။ တန်ခိုး​ပါတဲ့စိတ်၊ မေတ္တာစိတ် ပေးသနား​ထားတာ” လို့ တိမောသေဆီ စာရေးတယ်။ (၂ တိ. ၁:၇) ဘာကို ဆိုလိုတာ ဖြစ်မလဲ။ ယေဟောဝါ​ဘုရားကို နှစ်နှစ်​ကာကာ ချစ်တဲ့​မေတ္တာက ပြင်းထန်တဲ့ စမ်းသပ်မှုတွေ ခံရပ်စေ​နိုင်တယ်လို့ ဆိုလို​တာပါ။ (၂ တိ. ၁:၈) ပေါလုလည်း ယေဟောဝါ​ဘုရားကို နှစ်နှစ်​ကာကာ ချစ်လို့ အသက်​အန္တရာယ် ရှိတာတောင် စစ်မှန်တဲ့ ဝတ်ပြုရေးကို စွန့်မသွားဘဲ သတ္တိရှိရှိ ခံရပ်နိုင်​ခဲ့တယ်။—တ. ၂၀:၂၂-၂၄။

15. Tu hunah unaute khatlekhat angsung khual lo itna koi bangin kilak uh a hiam? (Lim zong en in.)

၁၅ နှိပ်စက်ညှဉ်းပန်းမှု ကြုံရပေမဲ့ မယိမ်း​မယိုင် ခံရပ်​နေတဲ့ ညီအစ်ကို/မ​တွေကို ကျွန်တော်တို့ တကယ်ပဲ ချစ်မြတ်နိုး​ကြ​ပါတယ်။ ဒီနေ့​အချိန်မှာ ညီအစ်ကို/မ​တချို့ဟာ ကိုယ်တိုင် နှိပ်စက်​ခံရ​နိုင်မှန်း သိတာတောင် မေတ္တာ​ပြနေ​ကြတယ်။ ပေါလု​အတွက် အာကုလနဲ့ ပြစ်ကိလ အသက်​စွန့်ဖို့ အသင့်​ရှိခဲ့သလို​ပါပဲ။ (ရော. ၁၆:၃၊ ၄) ဥပမာ၊ ရုရှားမှာ အဖမ်း​ခံရတဲ့ ယုံကြည်​သူချင်း​တွေကို အားပေးဖို့ ညီအစ်ကို/မ​တော်တော်​များများ တရားရုံးကို လိုက်သွား​ကြတယ်။ အဖမ်း​ခံရတဲ့ ညီအစ်မ​တစ်ယောက် တရားရုံးမှာ ညီအစ်ကို/မ​အုပ်လိုက်​ကြီးကို တွေ့တဲ့​အခါ ဝမ်းသာမဆုံး​ဖြစ်ပြီး အံ့ဩ​မှင်တက်​သွားတယ်။ ညီအစ်မ အလိုအပ်ဆုံး​အချိန်မှာ ညီအစ်ကို/မ​တွေရဲ့ ကိုယ်ကျိုး​မငဲ့တဲ့ မေတ္တာကြောင့် အားရှိ​သွားရ​တယ်။ အမုန်း​တရားထက် ပိုအားကြီးတဲ့ မေတ္တာ​တရား ရှိနေတာ ကျွန်တော်တို့​အတွက် ကျေနပ်​စရာ​ပါပဲ။

ညီအစ်မတစ်ယောက်ကို ရဲအရာရှိ အမျိုးသမီးနှစ်ယောက် အချုပ်ကားဆီခေါ်လာချိန် ညီအစ်ကို/မတွေ လက်ခုပ်တီးအားပေးနေကြ။

ဟောပြောခြင်း​လုပ်ငန်းကို ပိတ်ပင်၊ ကန့်သတ်​ထား​ရင်တောင် ညီအစ်ကို/မတွေဟာ ကိုယ်ကျိုးမငဲ့​တဲ့ မေတ္တာကို တင်ပြကြ (စာပိုဒ် ၁၅ ကို ကြည့်ပါ)c


16. Jehovah i biakna hangin thuman lohna i thuak ciang lungdam thei hi ciin sawltak Peter in bang hang gen a hiam? (1 Peter 4:14)

၁၆ အမုန်းခံရ​ပေမဲ့ ခံနိုင်ရည်​တင်ပြ​တာက ယေဟောဝါရဲ့ နှစ်သက်မှု​ရစေတယ်။ (၁ ပေတရု ၄:၁၄ ကို ဖတ်ပါ။) ယေဟောဝါကို ကိုးကွယ်လို့ မတရား​ဆက်ဆံ​ခံရ​သူတွေ ပျော်ရွှင်​နိုင်တယ်လို့ တမန်တော် ပေတရု ပြောတယ်။ ဘာကြောင့်လဲ။ အဲဒီလို​မတရား​ဆက်ဆံ​ခံရ​တာဟာ ကျွန်တော်တို့​အပေါ် ‘ဘုရားသခင့် စွမ်းအားတော် သက်ရောက်​နေတဲ့’ သက်သေ​ပါပဲ။ ဘုရား​နှစ်သက်မှု​ရတာ၊ နှိပ်စက်​ညှဉ်းပန်းမှုကို ခံရပ်​နိုင်​တာက ဘယ်လို ခံစားရ​စေတယ်​ဆိုတာ ပေတရု ကောင်းကောင်း​သိတယ်။ အေဒီ ၃၃၊ ပင်တေ​ကုတ္တေပွဲ နောက်ပိုင်းမှာ ပေတရုနဲ့ တခြား​တမန်တော်​တွေကို သတင်းကောင်း ဟောပြောလို့​ဆိုပြီး ဗိမာန်တော်​အစောင့်​အကြပ်တွေ ဖမ်းသွား​ကြတယ်။ ဒါပေမဲ့ ကိုယ့်​ယုံကြည်ချက်​အကြောင်း ပေတရု ရဲရဲ​ရင့်ရင့် ထုချေ​ပြောဆိုတယ်။ (တ. ၅:၂၄-၂၉) ရိုက်နှက်​ခံရပြီး​တာတောင် ပေတရုနဲ့ တမန်တော်တွေ မဟောဘဲ မနေခဲ့​ကြဘူး။ “ယေရှုရဲ့​နာမည်ကြောင့် အရှက်ခွဲ​ခံရ​တာကို ဂုဏ်ယူ​စရာ​အဖြစ်” ယူမှတ်ပြီး သူတို့ ဝမ်းမြောက်​ခဲ့​ကြတယ်။ ကျွန်တော်တို့လည်း နှိပ်စက်​ညှဉ်းပန်းမှုကို ခံရပ်ရင်း ဝမ်းမြောက်​နိုင်​ပါတယ်။—တ. ၅:၄၀-၄၂။

17. Jesuh a sih ma zana a nungzuite kiangah bang gen a hiam?

၁၇ ယေရှု မသေဆုံးခင်​ညမှာ ‘ကျွန်တော့်ကို ချစ်တဲ့​သူကို အဖ​ဘုရားကလည်း ချစ်မှာပဲ။ ကျွန်တော်လည်း သူ့ကို ချစ်တယ်’ လို့ တပည့်တွေကို ပြောတယ်။ (ယော. ၁၄:၂၁) ယေဟောဝါကို ကိုးကွယ်​ကြလို့ အချစ်ခံ​ရမယ့် အချိန်ကို ကျွန်တော်တို့ စောင့်မျှော်​နေ​ပါတယ်။ (၂ သက်. ၁:၆-၈) အဲဒီ​အချိန် မရောက်​သေးခင်မှာ အမုန်း​ခံရ​ရင်တောင် ပျော်ရွှင်​နိုင်တဲ့ အကြောင်းရင်းတွေ ရှိတယ်​ဆိုတာ သတိရ​နေကြရအောင်။

NANGH BANGCI DAWNG DING?

  • Jesuh nungzuite bang hang kimudah a hiam?

  • Muhdahna sangin i itna koi bangin thahat zaw a hiam?

  • Hong kimuhdah hangin bang hang lungdam thei i hiam?

LA 149 အောင်ပွဲခံ သီချင်း

a အမည်လွှဲများ။

b ပုံအညွှန်း– ညီအစ်ကို အက်နာစီယို​က ဆရာ​ကို သက်သေခံ​နေတာကို ပြန်​သရုပ်ဖော်​ထား။

c ပုံအညွှန်း– ညီအစ်မတစ်ယောက် ယုံကြည်ခြင်းကြောင့် ပြစ်ဒဏ်ချမှတ်ခံရ​ပြီး ထောင်ထဲ​ခေါ်​သွားခံရချိန်မှာ ညီအစ်မကို ညီအစ်ကို/မတွေ အားပေး​ထောက်မနေ​ပုံ​ကို ပြန်​သရုပ်ဖော်​ထား။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ