Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w25 February laim. 14-19
  • Jehovah’ Maisakna—Koi Bangin Etteh Thei Ding I Hiam?

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Jehovah’ Maisakna—Koi Bangin Etteh Thei Ding I Hiam?
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Thuluneute
  • A Thu Kibang
  • BANGMAH A THUAK LO BANGIN OM KEI IN
  • HEHNA PAIKHIA IN
  • LUNGSIM NGAIHSUT DANTE KIKHEEL IN
  • MAISAKNA HANGA A KINGAH HAMPHATNATE NGAIHSUN IN
  • Jehovah In “Lungsim Kitamte Damsak”
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Tui Kiphum Khit Ciang I Tuah Theih Haksatnate A’Ding Kigingkhol In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2026
  • Unaute Tawh Kinaina In Hamphatna Om
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • သင့်ကို ယေဟောဝါ ခွင့်လွှတ်တယ်ဆိုတာ စိတ်ချပါ
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
w25 February laim. 14-19

Sin Ding Thu 8

LA 130 ခွင့်လွှတ်​တတ်​ကြ​ပါ

Jehovah’ Maisakna—Koi Bangin Etteh Thei Ding I Hiam?

“Topa in note’ mawhna hong maisak bangin note zong khatlekhat na mawhna uh na kimaisak ding uh hi.”—KOL. 3:13.

အာရုံစိုက်​ရာ

ကိုယ့်ကို ထိခိုက်​နစ်နာ​အောင် လုပ်ထား​သူကို ခွင့်လွှတ်​နိုင်ဖို့ ကူညီပေးမယ့် လက်တွေ့ကျ အချက်တွေကို ဒီဆောင်းပါးမှာ ဆွေးနွေး​သွားပါမယ်။

1-2. (a) A diakin bang hun ciang maisak ding haksa thei a hiam? (b) Unaunu Denise in koi bangin maisakna na lak a hiam?

ခွင့်လွှတ်ဖို့ သင့်အတွက် ခက်​သလား။ လူများစွာ​အတွက် ခက်တယ်။ အထူးသဖြင့် တစ်ယောက်ယောက်ရဲ့ အပြောအဆို၊ လုပ်ရပ်ကြောင့် အကြီးအကျယ် စိတ်ထိခိုက်​ရချိန်မှာ ဖြစ်တယ်။ ဒါပေမဲ့ စိတ်​မနာ​ဘဲ ခွင့်လွှတ်​နိုင်ပါတယ်။ ခွင့်လွှတ်ဖို့ ခက်တဲ့ အခြေအနေမျိုးမှာ ခွင့်လွှတ်​ပေး​နိုင်ခဲ့တဲ့ ညီအစ်မ ဒန်နိစ်a အကြောင်း စဉ်းစားကြည့်ပါ။ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်​အဆောက်အအုံသစ်ကို ၂၀၁၇ ခုနှစ်မှာ မိသားစုနဲ့​အတူ သွားလည်တယ်။ အိမ်အပြန်​လမ်းမှာ သူတို့​ကားကို ကားတစ်စီး​က အရှိန်​မထိန်းနိုင်​ဘဲ ဝင်​တိုက်တယ်။ ဒန်နိစ် သတိလစ်​သွားတယ်။ သတိရ​လာတော့ ယာဉ်တိုက်မှု​ကြောင့် သားသမီးတွေ အကြီးအကျယ် ဒဏ်ရာ​ရပြီး ခင်ပွန်း ဘရိုင်ယန် ဆုံးသွားတယ်​ဆိုတာ သိလိုက်ရတယ်။ “စိတ်ထဲ ဆို့နင့်​ပြီး ကယောက်ကယက် ဖြစ်သွား​တာ​ပဲ” လို့ အဲဒီအကြောင်းကို ပြန်တွေး​ရင်း ပြောတယ်။ ယာဉ်မောင်း သောက်စား​ထားလို့၊ မဆင်မခြင် မောင်းလို့ ယာဉ်တိုက်မှု ဖြစ်တာ မဟုတ်မှန်း နောက်ပိုင်း သိလိုက်ရတယ်။ ဒါနဲ့ စိတ်​ဖြေ​နိုင်ဖို့ ယေဟောဝါ​ဘုရားဆီ ဆုတောင်းခဲ့တယ်။

၂ ယာဉ်မောင်း အဖမ်းခံရပြီး လူသေ​စေ​မှု​နဲ့ တရားစွဲခံရတယ်။ ပြစ်မှု​ထင်ရှား​ရင် ထောင်ကျနိုင်​တယ်။ ဒါပေမဲ့ ဒန်နိစ်​ရဲ့ ထွက်ဆိုချက်ကို အခြေခံပြီး စီရင်ချက် ချမယ်​လို့ တရားရုံး​က အကြောင်းကြား​တယ်။ “ကျွန်မ​ဘဝရဲ့ အဆိုးဆုံး​အချိန်​အကြောင်း ပြန်ပြော​ရမှာ​ဆိုတော့ ချုပ်ထားတဲ့ ဒဏ်ရာ​ကို ဆွဲ​ဖွင့်ပြီး ဆား​သိပ်​လိုက်​သလိုပဲ” လို့ ဒန်နိစ် ပြောတယ်။ ကိုယ့်​မိသားစုကို အကြီးအကျယ် ထိခိုက်​နစ်နာ​အောင် လုပ်ခဲ့သူ​ရှေ့ သက်သေ​ထွက်ဆို​ဖို့ အပတ်​အနည်းငယ်​အကြာမှာ တရားရုံး​ကို သွားတယ်။ တရားရုံး ရောက်တော့ ဒန်နိစ် ဘာလုပ်သလဲ။ ယာဉ်မောင်း​ကို သက်ညှာ​ပေးဖို့ တရားသူကြီး​ကို တောင်းဆို​လိုက်တယ်။b သူ့​စကား​လည်း ဆုံး​ကော တရားသူကြီး ငိုပါလေရော။ “ကျွန်တော် တရားသူကြီး လုပ်သက် ၂၅ နှစ် ရှိပြီ။ တရားခံကို သက်ညှာ​ပေးဖို့ နစ်နာ​သူ မိသားစု​ဘက်​က တောင်းဆိုတာ၊ မေတ္တာ​စကား၊ ခွင့်လွှတ်​စကား ပြောတာ ကျွန်တော့်​တရားခွင်မှာ တစ်ခါမှ မကြား​ဖူးဘူး” လို့ ပြောတယ်။

3. Unaunu Denise in ba’hang maisak thei a hiam?

၃ ညီအစ်မ ဒန်နိစ် ဘာကြောင့် ခွင့်လွှတ်​နိုင်သလဲ။ ယေဟောဝါရဲ့ ခွင့်လွှတ်မှု​အကြောင်း တွေးတော​ဆင်ခြင်​လို့​ပါ။ (မိ. ၇:၁၈) ကျွန်တော်တို့လည်း ကိုယ့်ကို ယေဟောဝါ ခွင့်လွှတ်​ပေးတာ​တွေ​အတွက် ကျေးဇူးတင်​လေးမြတ်တယ်​ဆိုရင် တခြားသူတွေကို ခွင့်လွှတ်​ပေး​တတ်လာမယ်။

4. Jehovah in bang i sep ding deih a hiam? (Efesa 4:32)

၄ ယေဟောဝါက မိမိ​လိုပဲ မိမိ​ကျေးကျွန်တွေကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်​တတ်​စေချင်တယ်။ (ဧဖက် ၄:၃၂ ကို ဖတ်ပါ။) ကိုယ့်ကို ထိခိုက်​နစ်နာ​အောင် လုပ်​သူတွေကို ခွင့်လွှတ်ဖို့ အသင့်​ရှိစေချင်တယ်။ (ဆာ. ၈၆:၅။ လု. ၁၇:၄) ပို​ခွင့်လွှတ်​တတ်လာဖို့ ကူညီပေးမယ့် အချက်​သုံးချက်ကို ဒီဆောင်းပါးမှာ ဆွေးနွေး​သွားပါမယ်။

BANGMAH A THUAK LO BANGIN OM KEI IN

5. Paunak 12:18-a a gen mah bangin, khat peuhpeuh in i lungsim a na dingin hong hih hun ciang koi bangin om kha thei i hiam?

၅ တစ်ယောက်ယောက်ရဲ့ အပြောအဆို၊ လုပ်ရပ်ကြောင့် ကျွန်တော်တို့ အကြီးအကျယ် စိတ်ထိခိုက်​ရနိုင်တယ်။ အထူးသဖြင့် ကိုယ့်ကို ထိခိုက်​နစ်နာ​အောင် လုပ်သူဟာ ရင်းနှီးတဲ့ မိတ်ဆွေ၊ မိသားစုဝင် ဖြစ်နေတယ်​ဆိုရင်​ပေါ့။ (ဆာ. ၅၅:၁၂-၁၄) ဓားနဲ့ အထိုး​ခံရ​သလို နာကျင်​ခံစားရနိုင်တယ်။ (ပညာအလိမ္မာ ၁၂:၁၈ ကို ဖတ်ပါ။) ခံစားချက်ကို မျိုသိပ်​ပြီး ဘာမှ မဖြစ်သလို နေ​လိုက်​မလား။ အဲဒီလို​နေတာက ဒဏ်ရာ​ကို ဓား​တန်းလန်းနဲ့ ထား​သလိုပဲ။ ဘာမှ မခံစားရ​သလို နေလိုက်ရုံ​နဲ့ နာကျင်​နေတာ သက်သာ​သွားမှာ မဟုတ်ဘူး။

6. Khat peuhpeuh in i lungsim a na dingin hong hih hun ciang koi bangin thukkik kha thei i hiam?

၆ ကိုယ့်ကို တစ်ယောက်ယောက် ထိခိုက်​နစ်နာ​အောင် လုပ်တဲ့အခါ ဒေါသ ထောင်းခနဲ ထွက်​မိ​နိုင်တယ်။ ဒါကို ကျမ်းစာ အသိအမှတ်ပြုတယ်။ ဒါပေမဲ့ ဒေါသ သိုမထားဖို့ သတိပေးထားတယ်။ (ဆာ. ၄:၄။ ဧ. ၄:၂၆) ဘာကြောင့်လဲ။ လူတွေဟာ ခံစားရတဲ့​အတိုင်း ပြုမူ​လေ့ရှိ​လို့​ပဲ။ ဒေါသထွက်တာ အကျိုး​ဖြစ်​ခဲ​တယ်။ (ယာ. ၁:၂၀) ဒေါသ​ထွက်​မိ​တာ သဘာဝ ဆိုပေမဲ့ ဒေါသ သိုထား​မလား​ဆိုတာကိုတော့ ကိုယ်တိုင် ရွေးချယ်နိုင်တယ်။

ဒေါသ​ထွက်​မိ​တာ သဘာဝ ဆိုပေမဲ့ ဒေါသ​သိုထား​မလား​ဆိုတာကိုတော့ ကိုယ်တိုင် ရွေးချယ်​နိုင်

7. Khat peuhpeuh in i lungsim a na dingin hong hih hun ciang adang bang thute kingaihsun kha thei i hiam?

၇ ကိုယ့်ကို တစ်ယောက်ယောက် စိတ်ထိခိုက်အောင် လုပ်တဲ့အခါ တခြား​ခံစားချက်တွေ​လည်း ဝင်လာနိုင်တယ်။ “ငယ်ငယ်​တုန်းက ကျွန်မကို ထိန်းတဲ့ ကလေး​ထိန်း ရှိတယ်။ အမေ့ကို အဖေ ထားခဲ့ပြီး အဲဒီက​လေး​ထိန်း​နဲ့ ယူသွားတယ်။ အ​စွန့်ပစ်​ခံ​တစ်ယောက်လို ကျွန်မ ခံစားရတယ်။ သူတို့ သားသမီးတွေ ရလာတော့ ကျွန်မ အစားထိုး​ခံ​လိုက်ရ​သလိုပဲ။ အပယ်ခံ​ဆိုတဲ့ ခံစားချက်​နဲ့ ကြီးလာ​ရတယ်” လို့ ညီအစ်မ အန်း ပြောတယ်။ ခင်ပွန်း သစ္စာဖောက်​လို့ အိမ်ထောင်ပျက်​သွားတဲ့ ညီအစ်မ ဂျောဂျက်​ကော။ “ကျွန်မတို့​က ငယ်​သူငယ်ချင်းတွေ၊ ရှေ့ဆောင်​တွဲဖက်​တွေ။ တကယ် ခံစားရတယ်” လို့ ပြောတယ်။ ညီအစ်မ နာအိုမိ​လည်း ဒီလိုပြောတယ်– “ကျွန်မ စိတ်ထိခိုက်အောင် သူ လုပ်မယ်​လို့ တစ်ခါမှ မတွေးဖူးဘူး။ သူ ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယိုတွေ ကြည့်​နေတာကို ဖုံးကွယ်ထား​မှန်း ဝန်ခံ​လာချိန်​မှာ ကျွန်မ အ​လိမ်​ခံထားရ​သလို၊ သစ္စာဖောက်​ခံရ​သလို ခံစားရတယ်။”

8. (a) Midangte tungah i maisak ding a kisapna a hang pawlkhat in bang a hiam? (b) I maisak ciang bang hamphatna ngah i hiam? (“Khat Peuhpeuh Hanga I Lungsim A Nat Hun Ciang” kiu li bawm en in.)

၈ တခြားသူတွေရဲ့ အပြောအဆို​နဲ့ လုပ်ရပ်ကို ထိန်းချုပ်​လို့​မရပေမဲ့ ကိုယ့်​တုံ့ပြန်ပုံကိုတော့ ထိန်းချုပ်​လို့​ရတယ်။ ဘယ်လို တုံ့ပြန်​တာ အကောင်းဆုံးလဲ။ ခွင့်လွှတ်​တာ​ပါ။ ယေဟောဝါကို ချစ်လို့၊ ယေဟောဝါက ခွင့်လွှတ်​စေချင်​လို့ ကျွန်တော်တို့ ခွင့်လွှတ်​ကြတယ်။ ဒေါသထွက်ပြီး နာကြည်း​နေမယ်ဆိုရင် မိုက်မိုက်မဲမဲ ပြုမူ​မိ​နိုင်တယ်၊ ကျန်းမာရေး ထိခိုက်နိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ ခွင့်လွှတ်​ကြတယ်။ (ပညာ. ၁၄:၁၇၊ ၂၉၊ ၃၀) ညီအစ်မ ခရစ်စတင်း​အကြောင်း စဉ်းစားကြည့်ပါ။ “နာကြည်း​စိတ် များနေတော့ ကျွန်မ အရယ်​အပြုံး နည်းလာတယ်။ ကျန်းမာရေး​နဲ့ မညီ​တာ​တွေ စား​လာတယ်။ အိပ်ရေးမဝ​တော့​ဘူး။ စိတ်​ထိန်းဖို့ ပိုခက်လာတယ်။ စိတ်​မထိန်းနိုင်​တော့ အိမ်ထောင်ရေး​ကော တခြားသူတွေနဲ့ ဆက်ဆံရေးပါ အဆင်မပြေ​တော့​ဘူး” လို့ ပြောတယ်။

တစ်ယောက်ယောက်ကြောင့် စိတ်ဒဏ်ရာ ရ​သွားတဲ့အခါ

တစ်ယောက်ယောက်ကို ခွင့်လွှတ်တာဟာ သူ့​လုပ်ရပ်ကို လက်သင့်ခံ​တာ၊ ကိုယ့်အပေါ် လုပ်ချင်​တာ လုပ်ပါ​စေ​ဆိုပြီး ခေါင်းငုံ့ခံ​တာ မဟုတ်ဘူး။ နာကြည်းမနေဖို့၊ ဒေါသ​ထွက်​မနေဖို့ ဆုံး​ဖြတ်လိုက်​တာ ဖြစ်တယ်။ အဲဒီလို​ဆုံး​ဖြတ်လိုက်​တာက စိတ်ဒဏ်ရာ​ရဲ့ သားကောင်​ဘဝကနေ ရုန်းထွက်​လိုက်တာပဲ။ ကိုယ့်ကိုယ်ကိုယ် ကောင်းကျိုး​ပြု​တာ​ပဲ။ ဒဏ်ရာ သက်သာ​ပြီး ရှေ့ဆက်​စေနိုင်တယ်။ နာကြည်းမနေဖို့၊ ဒေါသ​ထွက်​မနေဖို့ ကိုယ်​ဆုံး​ဖြတ်လိုက်​ရင်တောင် ယေဟောဝါနဲ့ သူ စာရင်းရှင်း​ရဦးမယ်​ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ ဒါကြောင့် နာကြည်းမနေဖို့၊ ဒေါသ​ထွက်​မနေဖို့ ဆုံးဖြတ်တာဟာ “ထမ်းထားရတဲ့ ဝန်ကို ယေဟောဝါဆီ ပုံအပ်​လိုက်ပါ” ဆိုတဲ့ ဆာလံ​ကျမ်း​ရေးသူ​ရဲ့ အကြံဉာဏ်ကို လိုက်နာနိုင်​တဲ့ နည်း​တစ်နည်းပါပဲ။ (ဆာ. ၅၅:၂၂) ကိုယ့်ကို အကြီးအကျယ် ထိခိုက်​နစ်နာ​အောင် လုပ်ထား​သူကို ယေဟောဝါ တရားစီရင်မယ်ဆိုတာ စိတ်ချရင်း ကိစ္စရပ်တွေကို ယေဟောဝါ​လက်ထဲ ကျွန်တော်တို့ အပ်ထားကြတယ်။ ကျွန်တော်တို့ တရားစီရင်​တာ​ထက် အဆ​မတန် ပိုကောင်းအောင် ယေဟောဝါ စီရင်​ပေးနိုင်တယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းတာ​ထက် ပိုပြီး တရား​မျှတ​မယ့် ရလဒ်​မျိုး ယေဟောဝါ ရစေပါ​လိမ့်မယ်။

9. Ba’hang hehna i paihkhiat ding kisam a hiam?

၉ ကိုယ့်ကို ထိခိုက်​နစ်နာ​အောင် လုပ်တဲ့​သူ​ဘက်​က မတောင်းပန်​ရင်​ကော။ အထိအခိုက် နည်းအောင် ကိုယ့်ဘက်​က လုပ်နိုင်ပါတယ်။ ဘယ်လို လုပ်နိုင်သလဲ။ “ခင်ပွန်းဟောင်းကို နာကြည်းမနေဖို့၊ ခွင့်လွှတ်ဖို့ တော်တော် အချိန်ယူခဲ့ရတယ်။ ဒါပေမဲ့ ခွင့်လွှတ်​လိုက်တော့​မှ​ပဲ တကယ် စိတ်​အေးချမ်း​သွားတယ်” လို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဂျောဂျက် ပြောတယ်။ နာကြည်း​စိတ်ကို ဖျောက်ပစ်​လိုက်တာက လူတစ်ယောက်ကို စိတ်နာ​တာ​နဲ့​ပဲ တခြားသူတွေကို​ပါ လိုက်​မမဲ​မိ​ဖို့ ကူညီပေးတယ်။ ကိုယ့်ကိုယ်ကိုယ် ကောင်းကျိုးပြုရာ​ရောက်ပြီး ပျော်ပျော်ရွှင်ရွှင် ရှေ့ဆက်​စေနိုင်တယ်။ (ပညာ. ၁၁:၁၇) ဒါပေမဲ့ နာကြည်း​စိတ်ကို ဖျောက်ဖို့ ခက်​နေ​သေးတယ်​ဆိုရင်ကော။

HEHNA PAIKHIA IN

10. Lungsim liamna a dam nadingin ba’hang hun i piak ding kisam a hiam? (Lim zong en in.)

၁၀ စိတ်ဒဏ်ရာ​ကို ဘယ်လို ကုစား​နိုင်​မလဲ။ တစ်နည်းကတော့ စိတ်ဒဏ်ရာ သက်သာ​လာဖို့ အချိန်ပေး​ခြင်း​ပါ။ ကိုယ်ခန္ဓာ​မှာ ကြီးကြီးမားမား ထိခိုက်​ဒဏ်ရာ ရသွား​သူ​တစ်ယောက်ဟာ ဆေးကုသမှု ခံ​ယူပြီးနောက်​မှာ​တောင် သက်သာ​လာဖို့ အချိန်​လိုတယ်။ အဲဒီလိုပဲ တစ်ယောက်ယောက်ကို စိတ်ရင်းနဲ့ ခွင့်လွှတ်​နိုင်ဖို့​ဆိုရင် စိတ်ဒဏ်ရာ သက်သာ​ဖို့ အချိန်​လိုနိုင်တယ်။—ဒေ. ၃:၃။ ၁ ပေ. ၁:၂၂။

ရုပ်ပုံ– ထိခိုက်​ဒဏ်ရာ ရသွားတဲ့ ညီအစ်ကို​တစ်ယောက် အချိန်​ကြာလာတာနဲ့အမျှ သက်သာ​လာ။ ၁။ ထိခိုက်​ဒဏ်ရာ ရသွားတဲ့ ညီအစ်ကိုကို လူနာ​တင်​ယာဉ်​ပေါ် ဆေး​ဘက်​အကူ​တွေ တင်နေကြ။ ၂။ ပြန်လည်​သန်စွမ်းရေး​ကုသမှု ခံယူပြီး လမ်း​ပြန်လျှောက်​နိုင်အောင် ညီအစ်ကို ကြိုးစား။ ၃။ ယုံကြည်မှု​အပြည့်​နဲ့ လမ်း​ပြန်လျှောက်​နိုင်။

ကိုယ်ခန္ဓာ ထိခိုက်​ဒဏ်ရာ ရ​သွားချိန်​မှာ​လိုပဲ စိတ်ဒဏ်ရာ ရ​သွားချိန်​မှာ သေသေချာချာ ဂရုစိုက်ပေးဖို့၊ ဒဏ်ရာ သက်သာအောင် အချိန်ယူဖို့ လိုအပ် (စာပိုဒ် ၁၀ ကို ကြည့်ပါ)


11. Thungetna in midangte maisak dingin koi bangin hong huh ding a hiam?

၁၁ ခွင့်လွှတ်​ပေး​တတ်​ဖို့ ယေဟောဝါဆီ ဆုတောင်းပါ။c ဆုတောင်းခြင်းက ဘယ်လို အကူအညီ ဖြစ်စေတယ်ဆိုတာ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ အန်း ဒီလိုပြောတယ်– “ကျွန်မတို့​ဘက်ကလည်း ပြဿနာ ကိုင်တွယ်ပုံ မှားသွားတာ​တွေ ရှိတယ်။ အဲဒီအတွက် မိသားစုဝင်​တစ်ယောက်ချင်းစီ​ကို ခွင့်လွှတ်ပေးဖို့ ယေဟောဝါဆီ ဆုတောင်းတယ်။ ပြီးတဲ့နောက် အဖေနဲ့ မိထွေး​ကို ကျွန်မ ခွင့်လွှတ်ပါ​တယ်လို့ စာရေး​ပြောပြ​လိုက်တယ်။” အဲဒီလို​ခွင့်လွှတ်ဖို့ မလွယ်​ကြောင်း အန်း ဝန်ခံတယ်။ ဒါပေမဲ့ “ယေဟောဝါကို အတုယူပြီး ကျွန်မ ခွင့်လွှတ်​လိုက်လို့ ယေဟောဝါအကြောင်း အဖေနဲ့ မိထွေး သိချင်​လာမယ်​လို့ မျှော်လင့်​မိ​ပါတယ်” ဆိုပြီး ဆက်ပြောတယ်။

12. Ba’hang i thuaknate tungah hi loin, Jehovah tungah muangzaw ding i hiam? (Paunak 3:5, 6)

၁၂ ကိုယ့်​ခံစားချက်ကို မဟုတ်ဘဲ ယေဟောဝါကို ယုံပါ။ ကိုယ့်​ခံစားချက် အမြဲ မှန်မယ်လို့ မထင်ပါနဲ့။ (ပညာအလိမ္မာ ၃:၅၊ ၆ ကို ဖတ်ပါ။) ကျွန်တော်တို့အတွက် ဘာ​အကောင်းဆုံးလဲ​ဆိုတာ ယေဟောဝါ သိတယ်။ (ဟေရှာ. ၅၅:၈၊ ၉) ကျွန်တော်တို့ အကျိုး​ပျက်​မယ့်​အရာ လုပ်ဖို့ ဘယ်တော့မှ မတောင်းဆိုဘူး။ ဒါကြောင့် ခွင့်လွှတ်ပါ​လို့ တောင်းဆိုတဲ့အခါ ကျွန်တော်တို့အတွက် အကျိုးရှိ​လို့​ဆိုတာ စိတ်ချနိုင်တယ်။ (ဆာ. ၄၀:၄။ ဟေရှာ. ၄၈:၁၇၊ ၁၈) ကိုယ့်​ခံစားချက် မှန်တယ်လို့ ထင်​နေရင်တော့ ဘယ်တော့မှ ခွင့်လွှတ်​နိုင်​မှာ မဟုတ်ဘူး။ (ပညာ. ၁၄:၁၂။ ယေ. ၁၇:၉) အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ နာအိုမိ​က “ကျွန်မ​ခင်ပွန်း ညစ်ညမ်း​ရုပ်ပုံ၊ ဗီဒီယိုတွေ ကြည့်တာ​ကို ခွင့်မလွှတ်​တာ မှန်တယ်လို့ အစပိုင်းမှာ တွေးမိတယ်။ ကျွန်မကို နာကျင်အောင် ထပ်​လုပ်မှာ၊ သူ့​အပြစ်ကို ပေါ့ပေါ့​လေး တွေးမှာ ကြောက်တယ်။ ကျွန်မကို ယေဟောဝါ နားလည်မှာ​ပါ​လို့ ထင်မိတယ်။ ဒါပေမဲ့ ကိုယ့်​ခံစားချက်ကို ယေဟောဝါ နားလည်​ပေးတာနဲ့​ပဲ သဘောတူ​ရာ​ရောက်​မသွား​ဘူး။ ယေဟောဝါက ခံစားချက်ကို နားလည်​ပေမဲ့၊ နာကြည်း​စိတ်ကို ဖျောက်ဖို့ အချိန်​လိုတယ်ဆိုတာ အသိအမှတ်ပြုပေမဲ့ ခွင့်လွှတ်​စေချင်တယ်” လို့ ပြောတယ်။d

LUNGSIM NGAIHSUT DANTE KIKHEEL IN

13. Rom 12:18-21-a a gen bangin, bang hih ding kisam i hiam?

၁၃ ကိုယ့်ကို အကြီးအကျယ် ထိခိုက်​နစ်နာ​အောင် လုပ်တဲ့​သူကို ခွင့်လွှတ်တယ်ဆိုတာ ဖြစ်ခဲ့​တာ​တွေ စကား​ထဲ ထည့်​မပြော​တော့​တာကို​ပဲ မဆိုလိုဘူး။ ထိခိုက်​နစ်နာ​အောင် လုပ်တဲ့​သူဟာ ညီအစ်ကို/မ ဖြစ်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ပန်းတိုင်က သူနဲ့ ပြေလည်အောင် လုပ်ဖို့ ဖြစ်တယ်။ (မ. ၅:၂၃၊ ၂၄) ပြေလည်​နိုင်ဖို့ ဒေါသကို ကရုဏာနဲ့၊ နာကြည်း​စိတ်ကို ခွင့်လွှတ်မှုနဲ့ အစားထိုး​ရမယ်။ (ရောမ ၁၂:၁၈-၂၁ ကို ဖတ်ပါ။ ၁ ပေ. ၃:၉) အဲဒီလို​အစားထိုးဖို့ ဘာက ကူညီပေးနိုင်သလဲ။

14. Bang hih dingin hanciam kul i hiam? Ba’hang hiam?

၁၄ ယေဟောဝါက လူတွေရဲ့ ကောင်းကွက်​ကို ရှာတယ်။ ကျွန်တော်တို့လည်း ယေဟောဝါကို အတုယူ​သင့်တယ်။ ကိုယ့်ကို ထိခိုက်​နစ်နာ​အောင် လုပ်​သူရဲ့ ကောင်းကွက်​ကို ရှာ​သင့်တယ်။ (၂ ရာ. ၁၆:၉။ ဆာ. ၁၃၀:၃) ဆိုးကွက်​ဖြစ်ဖြစ်၊ ကောင်းကွက်​ဖြစ်ဖြစ် ရှာ​ရင်​တော့ တွေ့တာ​ပဲ။ ကောင်းကွက်​ကို ရှာမယ်ဆိုရင် ခွင့်လွှတ်ဖို့ ပိုလွယ်မယ်။ “ညီအစ်ကို​တစ်ယောက်ရဲ့ အမှားကို သူ့ဆီမှာ ရှိတဲ့ ကျွန်တော် နှစ်သက်တဲ့ ကောင်းကွက် အများကြီး​နဲ့ ယှဉ်လိုက်တဲ့အခါ ခွင့်လွှတ်​ရ လွယ်သွားတယ်” လို့ ညီအစ်ကို ဂျဲရတ် ပြောတယ်။

15. Hong maisak ing, cih i genkhiatna in bang hamphatna ngah thei a hiam?

၁၅ အရေးကြီးတာ နောက်တစ်ခု​က ခွင့်လွှတ်တယ်​လို့ ထုတ်ပြောတာ​ပါပဲ။ ဘာကြောင့်လဲ။ “‘ကို့ကို ခွင့်လွှတ်​ပြီလား’ လို့ ကျွန်မ​ခင်ပွန်း မေးတယ်။ ‘ခွင့်လွှတ်ပါ​တယ်’ ဆိုပြီး ပြော​မလို့ လုပ်ပေမဲ့ ပါးစပ်​ကနေ မထွက်​ဘူး။ အဲဒီတော့မှ သူ့ကို စိတ်ရင်းနဲ့ ခွင့်မလွှတ်​နိုင်​သေး​ပါ​လား​ဆိုတာ သိသွားတယ်။ ‘ခွင့်လွှတ်ပါ​တယ်’ လို့ အချိန်​တော်တော်​ကြာမှ ပြော​နိုင်​သွားတယ်။ အဲဒီလို​လည်း ပြောလိုက်​ရော သူ မျက်ရည်လည်​လာတယ်။ သူ​ရော ကျွန်မ​ပါ အံ့သြစရာ​ကောင်း​လောက်အောင် စိတ်သက်သာရာ​ရသွားကြတယ်။ ‘ခွင့်လွှတ်ပါ​တယ်’ ဆိုတဲ့ စကားလုံး လေးလုံးဟာ ဘယ်လောက် အစွမ်းထက်​မှန်း သိလိုက်ရတယ်။ အဲဒီအချိန်က​စပြီး သူ့ကို ယုံကြည်ဖို့ ပြန်​ကြိုးစားတယ်။ အရင်လို အရင်းနှီးဆုံး​သူ​တွေ ပြန်​ဖြစ်လာကြတယ်” လို့ အစောပိုင်းမှာ ဖော်ပြတဲ့ နာအိုမိ ပြောတယ်။

16. Maisakna tawh kisai bang teng thei khin i hiam?

၁၆ ကျွန်တော်တို့ကို ယေဟောဝါ ခွင့်လွှတ်​စေချင်တယ်။ (ကော. ၃:၁၃) ခက်​တော့ ခက်ပေမဲ့ ခွင့်လွှတ်​နိုင်ပါတယ်။ ဘယ်လို​နည်း​အားဖြင့်​လဲ။ ဘာမှ မခံစားရ​သလို မနေပါနဲ့။ နာကြည်း​စိတ်ကို ဖျောက်ပါ။ ခံစားချက်ကို ပြောင်းပစ်​ပါ။—“ခွင့်လွှတ်​နိုင်ဖို့ အချက်​သုံးချက်” လေးထောင့်ကွက်​ကို ကြည့်ပါ။

ခွင့်လွှတ်​နိုင်ဖို့ အချက်​သုံးချက်

စိတ်ဖိစီး​နေတဲ့ ညီအစ်မ ပြတင်းပေါက်​အပြင်​ကို ငေးကြည့်​နေ။

ဘာမှ မခံစားရ​သလို မနေပါနဲ့

  • ဘာမှ မခံစားရ​သလို နေလိုက်ရုံ​နဲ့ နာကျင်​နေတာ သက်သာ​သွားမှာ မဟုတ်ဘူး။

ရှေ့​ရုပ်ပုံ​မှာ ပါတဲ့ ညီအစ်မ လှိုက်လှိုက်လှဲလှဲ ရင်ဖွင့် ဆုတောင်းနေ။

နာကြည်း​စိတ်ကို ဖျောက်ပါ

  • စိတ်ဒဏ်ရာ​ကို ကုစား​ဖို့ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပါ။

  • နာကြည်းမနေဖို့ ယေဟောဝါဆီ အကူအညီ​တောင်းပါ။

  • ကိုယ့်​ခံစားချက်ကို မဟုတ်ဘဲ ယေဟောဝါကို ယုံပါ။

ညီအစ်မနဲ့ ခင်ပွန်း အခု ပျော်ပျော်ရွှင်ရွှင် ပြန်​ဖြစ်သွား။

ခံစားချက်ကို ပြောင်းပစ်​ပါ

  • သူ့ကို ယေဟောဝါ မြင်သလို မြင်ဖို့ ကြိုးစားပါ။

  • ခွင့်လွှတ်​ပေးနိုင်ဖို့ ယေဟောဝါဆီ အကူအညီ​တောင်းပါ။

  • ခွင့်လွှတ်ကြောင်း ထုတ်ပြောပါ။

MAISAKNA HANGA A KINGAH HAMPHATNATE NGAIHSUN IN

17. Ba’hang maisak ding kisam a hiam?

၁၇ တခြားသူတွေကို ကျွန်တော်တို့ ခွင့်လွှတ်​ရတဲ့ အကြောင်းရင်း​များစွာ ရှိတယ်။ အကြောင်းရင်း​တချို့ကို စဉ်းစားကြည့်ပါ။ ပထမ၊ ခွင့်လွှတ်တဲ့အခါ ကရုဏာရှင်​အဖ ယေဟောဝါကို အတုယူ​ရာ​ရောက်ပြီး ယေဟောဝါရဲ့ နှစ်သက်မှု ရတယ်။ (လု. ၆:၃၆) ဒုတိယ၊ ကိုယ့်ကို ယေဟောဝါ ခွင့်လွှတ်​ပေးတာ​တွေ​အတွက် ကျေးဇူးတင်​ရာ​ရောက်တယ်။ (မ. ၆:၁၂) တတိယ၊ ကျန်းမာရေး ကောင်း​လာတယ်၊ မိတ်ဆွေ​နှောင်ကြိုး ခိုင်မြဲလာတယ်။

18-19. Midangte tungah maisak leng bang hamphatna ngah ding i hiam?

၁၈ တခြားသူတွေကို ခွင့်လွှတ်တဲ့အခါ မျှော်လင့်​မထားတဲ့ ကောင်းချီးတွေ ရနိုင်တယ်။ ဥပမာ၊ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ညီအစ်မ ဒန်နိစ်​ရဲ့ တွေ့ကြုံမှုကို သတိပြုပါ။ အမှု​ရင်ဆိုင်​ပြီးရင် ယာဉ်မောင်း ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ တွေး​ထားတယ်​ဆိုတာ ဒန်နိစ် မသိဘူး။ ဒါပေမဲ့ ဒန်နိစ် ခွင့်​လွှတ်ပေးလိုက်တယ်။ ခွင့်လွှတ်​ပေးလို့ ယာဉ်မောင်း သိပ်ကျေးဇူးတင်ပြီး ယေဟောဝါ​သက်သေတွေ​နဲ့ ကျမ်းစာ စလေ့လာတော့​တယ်။

၁၉ ခွင့်လွှတ်​ရတာ အခက်ခဲဆုံး​အရာလို့ ကျွန်တော်တို့ ခံစားမိနိုင်တယ်။ ဒါပေမဲ့ အကျိုး​အရှိဆုံး​အရာ​လည်း ဖြစ်နိုင်ပါတယ်။ (မ. ၅:၇) ဒါကြောင့် ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို အတုယူဖို့ အတတ်နိုင်ဆုံး ကြိုးစား​ကြရအောင်။

HAT PEUHPEUH IN I LUNGSIM A NA DINGIN HONG SEP HUN CIANG . . .

  • bangmah a thuak lo bangin ba’hang om lo ding i hiam?

  • hehna i paihkhiat theih nadingin bang in hong huh ding a hiam?

  • i lungsim ngaihsut dante koi bangin kikheel thei a hiam?

LA 125 “သနားကြင်နာတတ်သူ​တွေ ပျော်ရွှင်​ချမ်းမြေ့”

a အမည်လွှဲများ။

b ဒီလိုအခြေအနေမျိုးမှာ ဘာလုပ်မယ်ဆိုတာ ခရစ်ယာန်​ယောက်တိုင်း ကိုယ့်​ဘာသာ ဆုံးဖြတ်ရမယ်။

c “ခွင့်လွှတ်​ကြ​ပါ၊” “ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ပါ၊” “ပြန်ခင်ကြစို့” စတဲ့ မူရင်းသီချင်း ဗီဒီယိုတွေကို jw.org မှာ ကြည့်ပါ။

d ညစ်ညမ်း​ရုပ်ပုံ၊ ဗီဒီယို ကြည့်တာ​ဟာ အပြစ်​ဖြစ်တယ်၊ စိတ်​ထိခိုက်စေနိုင်တယ်။ ဒါပေမဲ့ ကွာရှင်းဖို့ အပြစ်မဲ့ အိမ်ထောင်ဖက် ဆုံးဖြတ်နိုင်​တဲ့ ကျမ်းစာ​အကြောင်းရင်းတော့ မဟုတ်ဘူး။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ