Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w26 February laim. 20-25
  • Tui Kiphum Khit Ciang I Tuah Theih Haksatnate A’Ding Kigingkhol In

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Tui Kiphum Khit Ciang I Tuah Theih Haksatnate A’Ding Kigingkhol In
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2026
  • Thuluneute
  • A Thu Kibang
  • UNAUTE’N I LUNGSIM HONG SUKKHAK CIANG
  • I NUSIATTE NUNG PHAWKKIK HUN CIANG
  • MIDANGTE’N JEHOVAH A NUSIAT CIANG
  • Jehovah In “Lungsim Kitamte Damsak”
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • I Theih Loh Thute Om Ahih Lam Kinuaikoihna Lungsim Tawh Sang In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Jehovah Pen A “Nungta” Pasian Ahihlam Phawk In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Unaute Tawh Kinaina In Hamphatna Om
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2026
w26 February laim. 20-25

APRIL 27–MAY 3, 2026

LA 99 မြောက်မြားလှတဲ့ ညီအစ်ကိုများ

Tui Kiphum Khit Ciang I Tuah Theih Haksatnate A’Ding Kigingkhol In

“Nangma lampi zui-in ka pai a.”—LA. 17:5.

အာရုံစိုက်​ရာ

နှစ်ခြင်းခံပြီးနောက် ကြုံလာ​ရ​နိုင်တဲ့ အခက်​အခဲ​တွေ​အတွက် ဘယ်လို​ကြိုတင်​ပြင်ဆင်​ထားနိုင်​သလဲ။

1-2. Tui kiphum khit ciang i tuah theih haksatnate a’ding bangci kigingkhol ding i hiam? Gentehna pia-in.

စာတန့်လောက​မှာ အခက်​အခဲတွေ ကြုံရမယ်​ဆိုတာ ကျွန်တော်တို့ မျှော်လင့်​ထား​ကြတယ်။ “အပြစ်​ကျူးလွန်​စေတဲ့ အရာ​တွေ​ကတော့ ရှိကို​ရှိလာ​မှာပဲ” လို့ နောက်လိုက်​တွေကို ယေရှု သတိ​ပေးတယ်။ (မ. ၁၈:၇) ဒါကြောင့် ယုံကြည်ခြင်း အားနည်း​သွားစေ​နိုင်တဲ့ အခက်​အခဲ၊ ပြဿနာ​တွေ ကြုံလာ​ရ​နိုင်​တယ်။ ဥပမာ၊ ညီအစ်ကို/မ​တွေနဲ့ အဆင်​မပြေ​တာ​မျိုးပါ။ ဒါပေမဲ့ ကြုံလာ​ရနိုင်တဲ့ အခက်​အခဲ​တွေ​အတွက် ကြိုတင်​ပြင်ဆင်​ထား​နိုင်​ပါတယ်။

၂ ဒီလို စဉ်းစား​ကြည့်ပါ။ ယေဟောဝါရဲ့​ကျေးကျွန်​တွေဟာ သဘာဝ​ဘေး​အန္တရာယ်​အတွက် ကြိုတင်​ပြင်ဆင်​ထားဖို့ အမြဲ​လိုလို သတိပေး​ခံရ​တယ်။ ဘယ်လို ပြင်ဆင်​ကြ​သလဲ။ ဦးဆုံး၊ ကိုယ့်ဒေသမှာ ဘယ်လို သဘာဝ​ဘေးတွေ ဖြစ်နိုင်​တယ်​ဆိုတာ သိအောင်​လုပ်​ကြတယ်။ လက်ရှိ​နေတဲ့​ဒေသ​ကို ပြောင်းလာတာ မကြာသေး​တဲ့သူ​တွေ​အတွက်​ဆိုရင် ပိုလိုအပ်​တယ်။ ဖြစ်နိုင်ချေ​ရှိတဲ့ သဘာဝ​ဘေးတွေ​အကြောင်း သိပြီ​ဆိုရင် ပြင်ဆင်​စရာ​ရှိတာ ပြင်ဆင်​ထား​နိုင်တယ်။ (ပညာ. ၂၁:၅) အလားတူ​ပါပဲ၊ နှစ်ခြင်း​ခံ​ပြီးနောက် ကြုံလာ​ရ​နိုင်တဲ့ အခက်​အခဲ​တွေကို သိထားမယ်​ဆိုရင် ကြိုတင်​ပြင်ဆင်​ထား​နိုင်တယ်။ ဒီလို​လုပ်ထား​မယ်​ဆိုရင် ပြဿနာ​နဲ့ ပက်ပင်း​တိုး​တဲ့​အခါ ကောင်းကောင်း​ဖြေရှင်း​နိုင်မယ်။ ဘုရားနဲ့​ကိုယ့်ရဲ့​ဆက်ဆံရေး​လည်း မထိခိုက်​တော့​ဘူး။ (ဆာ. ၁၇:၅) ဒါကြောင့် နှစ်ခြင်း​ခံ​ပြီးနောက် ကြုံလာ​ရနိုင်တဲ့ အခက်​အခဲ​သုံးခု၊ ဖြေရှင်းဖို့ ကြိုတင်​ပြင်ဆင်​ထား​နိုင်​ပုံ​အကြောင်း ဆွေးနွေး​ကြ​ရအောင်။a

UNAUTE’N I LUNGSIM HONG SUKKHAK CIANG

3. Pawlpi sungah bang kituakkha thei a hiam?

၃ အစည်းအဝေး ပထမ​ဦးဆုံး လာတက်​တုန်းက အချိန်ကို မှတ်မိ​သေးလား။ ဘုရား​လူမျိုး​အလယ်မှာ တွေ့ရတဲ့ မေတ္တာ​ကြောင့် စိတ်ထိမိ​ခဲ့​ရတယ် မဟုတ်လား။ အမှန်​တရားကို ရှာတွေ့ပြီ​လို့လည်း ခံစား​ခဲ့ရ​မှာပဲ။ (ယော. ၁၃:၃၅။ ကော. ၃:၁၂) ညီအစ်မ ဘလန်ကာb အဲဒီလို ခံစား​ခဲ့ရ​တယ်။ ဒါပေမဲ့ သူ​နှစ်ခြင်း​ခံ​ပြီးနောက် မထင်​ထားတာ ကြုံရ​တယ်။ “ညီအစ်မ​တစ်ယောက်​ကြောင့် ကျွန်မ တော်တော် စိတ်ထိခိုက်​ရတယ်။ တခြား​သူတွေ​အကြောင်း​လည်း သူ အတင်း​ပြောတတ်​တယ်။ ယေဟောဝါကို ကိုးကွယ်​တဲ့​သူတွေ​ဟာ ငြိမ်သက်​အေးချမ်းပြီး မေတ္တာ​ထား​တတ်​သူတွေ​လို့ သိထားတာ။ ဒီလို​လုပ်တတ်​မယ်လို့ ထင်​မထားဘူး” ဆိုပြီး ဘလန်ကာ ပြောတယ်။ ခရစ်ယာန်​အရည်​အသွေးတွေ တင်ပြ​နိုင်ဖို့ ညီအစ်ကို/မတွေ ကြိုးစား​နေ​ကြတာ မှန်ပေမဲ့ သူတို့​အားလုံး မစုံလင်​ကြဘူး။ (ဧ. ၄:၂၃၊ ၂၄။ ၁ ယော. ၁:၈) ဒါကြောင့် သင် စိတ်ထိခိုက်​အောင် ပြောမိ၊ လုပ်မိ​နိုင်တယ်။ (ယာ. ၃:၈) တချို့​သူတွေ အဲဒီလို​အဖြစ်မျိုး ကြုံရပြီး ယေဟောဝါကို ဝတ်မပြု​ကြတော့​တာ ဝမ်းနည်း​စရာပါပဲ။

4. Unaute’n i lungsim hong sukkhak ciang thuakzawh nading bangci kigingkhol thei ding i hiam? (Efesa 4:32)

၄ ညီအစ်ကို/မ​တစ်ယောက်​ကြောင့် စိတ်ထိခိုက်​ရတာကို ရင်ဆိုင်​နိုင်ဖို့ ဘယ်လို​ပြင်ဆင်​ထား​နိုင်သလဲ။ ဧဖက် ၄:၃၂ (ဖတ်ပါ) မှာ​ပါတဲ့ အကြံ​ပြုချက်​ကို လိုက်နာပါ။ သနား​ကြင်နာ​တတ်​ပြီး ကရုဏာ​ထားမယ်​ဆိုရင် တခြား​သူတွေနဲ့ မပြေလည်​တာမျိုးကို ရှောင်နိုင်​ပါ​လိမ့်မယ်။ တခြား​သူတွေရဲ့ အမှားကို ကြည်ကြည်​ဖြူဖြူ ခွင့်လွှတ်​တတ်​အောင်လည်း ကြိုးစားပါ။ ကိုယ့်​အမှား​တွေကို ခွင့်လွှတ်​ပေးဖို့ ဘုရားဆီ အကြိမ်ကြိမ် တောင်းဆို​ရ​သလို ယေဟောဝါ​လည်း အကြိမ်ကြိမ် ခွင့်လွှတ်​ပေးတယ်​ဆိုတာ သတိရပါ။ (မ. ၆:၁၂) ယေဟောဝါ ဘယ်လောက်​တောင် လိုလို​လားလား ခွင့်လွှတ်​ပေးတယ်​ဆိုတာ စဉ်းစား​ရင် တခြား​သူ​တွေရဲ့​အမှားကို ခွင့်လွှတ်​ပေးနိုင်​ပါလိမ့်မယ်။

5. Mikhat peuhpeuhin i lungsim hong sukkhak ciang bang Lai Siangtho thubulte zui thei ding i hiam? (Paunak 19:11) (Lim te zong en in.)

၅ ပညာအလိမ္မာ ၁၉:၁၁ ကို ဖတ်ပါ။ ထိုးထွင်းဉာဏ်cရှိသူ​ဟာ ဒေါသ​ချုပ်တည်း​တယ်​လို့ ကျမ်းစာမှာ ဖတ်ရတယ်။ ဒါကြောင့် တစ်ယောက်​ယောက်​ကြောင့် စိတ်ထိခိုက်​ရတဲ့​အခါ ထိုးထွင်းဉာဏ်​ရှိပါ။ နှစ်ခြင်း​ခံတာ နှစ်​အနည်းငယ်​ကြာပြီ​ဖြစ်တဲ့ ရီမာ အဲဒီ​ကျမ်းစာမူ​ကနေ အထောက်​အကူ​ရခဲ့တယ်။ “ညီအစ်ကို/မ တစ်ယောက်​ယောက် စိတ်ထိခိုက်​အောင် ပြောဆို​ပြုမူ​လာတဲ့​အခါ ပညာအလိမ္မာ ၁၉:၁၁ ကို အရင်ဆုံး သတိ​ရ​လိုက်တယ်။ သူတို့ရဲ့ နောက်ခံ၊ သူတို့ ကြုံနေ​ရတာ​တွေ​အကြောင်း တွေးလိုက်​တယ်။ ဘာကြောင့် အခုလို လုပ်တာ​ဖြစ်မလဲ စဉ်းစား​လိုက်တယ်။ အမှုဆောင်​လုပ်ငန်းမှာ သူတို့နဲ့​အတူ ပါဝင်တယ်။ ဒါနဲ့ သူတို့​အကြောင်း ပိုသိ​လာတယ်” လို့ ရီမာ ပြောတယ်။ ဒါကြောင့် ညီအစ်ကို/မတွေ​အကြောင်း အခု​ကတည်းက သိအောင်​လုပ်ထားတာ အကျိုး​ရှိတယ်​ဆိုတဲ့ အထောက်​အထား​ပါပဲ။ သူတို့​အကြောင်း​ပိုနားလည်လေ ထိခိုက်​နစ်နာ​အောင်​လုပ်​လာတဲ့​အခါ ပို​ခွင့်လွှတ်​နိုင်​လေ​ဖြစ်မယ်။

ရုပ်ပုံများ– ၁။ ညီအစ်ကိုနှစ်ယောက် အစည်းအဝေးခန်းမ အပြင်ဘက်မှာ ခန်းမပြုပြင်ထိန်းသိမ်းရေး အလုပ်တွေ လုပ်နေရင်း ညီအစ်ကိုတစ်ယောက်ရဲ့ စကားပြောဆိုပုံကြောင့် နောက်ညီအစ်ကို​တစ်ယောက် စိတ်ထိခိုက်သွား။ ၂။ နောက်ပိုင်း စိတ်ထိခိုက်သွားတဲ့​ညီအစ်ကိုက စိတ်ထိခိုက်အောင်လုပ်တဲ့ ညီအစ်ကိုနဲ့အတူ အမှုဆောင် အတူထွက်နေကြ။

အသင်းတော်က ညီအစ်ကို/မ တစ်ယောက်ယောက်နဲ့ နားလည်မှု​လွဲနေရင် သူနဲ့အတူ အမှုဆောင်မှာ ပါဝင်ဖို့ ကြိုးစားကြည့်ပါ (စာပိုဒ် ၅ ကို​ကြည့်ပါ)


6. Unaute tawh kizopna hoih nei dingin bangin hong huh ding a hiam?

၆ ညီအစ်ကို/မ​တွေနဲ့ ဆက်ဆံရေး​ကောင်း​ရှိဖို့ ဘာက ကူညီ​ပေးနိုင်​သလဲ။ သူတို့နဲ့ ပိုရင်းနှီး​လာတဲ့​အခါ သူတို့ရဲ့ ကောင်းကွက်​တွေကို အာရုံ​စိုက်ပါ။ (ပညာ​အလိမ္မာ ၁၀:၁၂ နဲ့ နှိုင်းယှဉ်ပါ။ ရော. ၁၂:၁၀။ ဖိ. ၂:၂၊ ၃) အဲဒီလို​လုပ်​တာက နှစ်ခြင်း​ခံ​ခါစ ညီအစ်ကို​မာ့ခ်​အတွက် အကူ​အညီ​ဖြစ်​ခဲ့တယ်။ သူ့​အသင်းတော်​မှာ​ရှိတဲ့ ညီအစ်ကို/မ​တွေနဲ့ ပေါင်းသင်း​တဲ့​အခါ သူတို့ရဲ့ အားနည်း​ချက်​တွေကို ပို​သတိထား​မိ​လာတယ်။ သူတို့ရဲ့​အားနည်း​ချက်​တွေကို မြင်ပြီး စိတ်ဓာတ်​မကျ​သွားဖို့ မာ့ခ်​ကို ဘာက ကူညီ​ပေးခဲ့​သလဲ။ “ညီအစ်ကို/မ​တွေရဲ့ အားနည်းချက်​လေး​တွေက လောက​မှာ​ရှိသူ​တွေရဲ့ ဆိုးညစ်​တဲ့​လုပ်ရပ်​တွေနဲ့ ယှဉ်ရင် ဘာမှ မပြောပ​လောက်​ပါဘူး။ ဒါနဲ့ အသင်းတော်​မှာ​ရှိသူ​တွေရဲ့ အားနည်းချက်​လေး​တွေကို အာရုံ​မစိုက်​သင့်ဘူး​ဆိုတာ သဘော​ပေါက်​လာတယ်။ ဒီလိုနဲ့ သူတို့ရဲ့ ကောင်းကွက်​တွေကို အာရုံ​စိုက်​နိုင်​သွားတယ်” လို့ မာ့ခ် ပြောတယ်။ သင်လည်း ညီအစ်ကို/မ​တွေရဲ့ ကောင်းကွက်​ကို အာရုံ​စိုက်ပါ။ ဒါဆိုရင် သူတို့နဲ့ ခင်မင်မှု​နှောင်ကြိုး ခိုင်မြဲနေမယ်။

I NUSIATTE NUNG PHAWKKIK HUN CIANG

7. I nusiatte bang hang nung phawkkik khathei i hiam?

၇ အမှန်တရား​အကြောင်း သိခါစက စာတန့်​လောက​နဲ့ မပတ်သက်​တော့ဖို့ ဆုံးဖြတ်​နိုင်​ခဲ့လို့ ပျော်ခဲ့​ရတယ်​မဟုတ်လား။ ‘ပြန်​ပတ်သက်​ချင်​တဲ့သူ မရှိ​နိုင်ဘူး’ လို့ တွေးမိ​နိုင်တယ်။ ဒါပေမဲ့ ဘဝ​အခက်​အခဲတွေ ကြုံလာ​ရတဲ့​အခါ စွန့်လွှတ်​ခဲ့​တာ​တွေကို ပြန်​သတိရ၊ ပြန်တမ်းတ​လာ​နိုင်တယ်။ (တောလည်ရာ ၁၁:၄-၆ နဲ့ နှိုင်းယှဉ်ပါ။) ဥပမာ၊ တချို့က လူလေးစား​ခံရပြီး ဝင်ငွေ​ကောင်း​ပေမဲ့ အချိန်​အများကြီး​ပေးရတဲ့​အတွက် အဲဒီ​အလုပ်ကို စွန့်ခဲ့​တယ်။ တချို့​ကျတော့ ကျမ်းစာ​လေ့လာ​တာကို မနှစ်သက်တဲ့ မိတ်ဆွေ​ရင်းချာ​တွေနဲ့ အဆက်​အသွယ်​ဖြတ်​ခဲ့တယ်။ ကိုယ်​ကြိုက်ပေမဲ့ ဘုရား​မနှစ်သက်​မှန်း​သိလာလို့ စွန့်လွှတ်​ခဲ့တဲ့ အကျင့်​တွေလည်း ရှိနိုင်​တယ်။ စွန့်လွှတ်​ခဲ့ပြီးသား​အရာ​တွေကို ပြန်လုပ်မိ​လို့ ယေဟောဝါနဲ့ ဝေးကွာ​ရတယ်​ဆိုရင် ဘယ်လောက် ဝမ်းနည်း​ဖို့​ကောင်းလိုက်​မလဲ။ အခက်​အခဲတွေ ကြုံလာ​ရတဲ့​အခါ စွန့်လွှတ်​ခဲ့တဲ့​အရာ​တွေကို ပြန်မလုပ်​မိအောင် လက်ရှိ​အချိန်မှာ ဘာလုပ်ထား​နိုင်သလဲ။

8. Abraham le Sarah kiangpan bang sinthei i hiam?

၈ စွန့်လွှတ်​ခဲ့တာ​တွေကို ပြန်တမ်းတမိ​စေနိုင်တဲ့ အခြေ​အနေမျိုး ကြုံခဲ့​ရတဲ့ သစ္စာ​ရှိသူ​တွေ​အကြောင်း ကျမ်းစာ​မှာ​ပါတယ်။ ဥပမာ၊ အာဗြဟံ​နဲ့ စာရာ​ဟာ ယေဟောဝါရဲ့​စကားကို နာခံပြီး ခိုင်ခံ့တဲ့​မြို့ရိုး​တွေ​ရှိတဲ့ ဥရ​မြို့ကို စွန့်လွှတ်​ခဲ့တယ်။ ပြီးတော့ တဲထိုး​ပြီး နေထိုင်​တယ်။ (ဟီ. ၁၁:၈၊ ၉) ဥရ​မြို့မှာ နေခဲ့​ရတဲ့ ဇိမ်ကျ​တဲ့​ဘဝကို ပြန်​တွေးမိ​တဲ့​အခါ​တွေ ရှိနိုင်တယ်။ အဲဒီလိုပဲ တစ်ချိန်လုံး​တွေးနေတယ်၊ “ထွက်လာ​ခဲ့​တဲ့​နေရာကို သူတို့ တမ်းတ​နေတယ်​ဆိုရင်” ပြန်သွားဖို့ သွေးဆောင်​ခံရ​နိုင်တယ်။ ဒါပေမဲ့ အာဗြဟံ​နဲ့ စာရာ အဲဒီလို ပြန်မတမ်းတ​ခဲ့ဘူး။ အနာဂတ်မှာ ယေဟောဝါ​ပေးမယ့် ကောင်းမြတ်​တဲ့​အရာ​တွေကို အာရုံစိုက်​ခဲ့တယ်။—ဟီ. ၁၁:၁၅၊ ၁၆။

9. Jehovah na asep nadingin a nusiatte Paul in koi bangin ngaihsun a hiam? (Filippi 3:7, 8, 13)

၉ တမန်တော်​ပေါလု​လည်း ယေဟောဝါ​အမှု​ဆောင်ဖို့ ဘဝမှာ အပြောင်း​အလဲတွေ လုပ်ခဲ့​ရတယ်။ အလွန်​လေးစား​ခံရတဲ့ ပညတ်​ကျမ်း​ဆရာ ဂါမလျေလ​ထံမှာ ခရစ်ယာန်​ဖြစ်မလာခင် ပညာ​သင်ယူ​ခဲ့တယ်။ (တ. ၂၂:၃) ပေါလုဟာ ထင်ပေါ်​ကျော်ကြား​တဲ့ ဂျူးဘာသာရေး​ခေါင်းဆောင်​ဖြစ်လာ​နိုင်ခြေ ရှိတယ်။ (ဂလ. ၁:၁၃၊ ၁၄) ဒါပေမဲ့ ခရစ်တော်​အကြောင်း သိလာ​ပြီးနောက် အရာ​အားလုံး​ကို သူ​စွန့်လွှတ်​ခဲ့တယ်။ ခရစ်ယာန်​ဖြစ်ပြီး​နောက်ပိုင်း အစစ အရာရာ အဆင်​ပြေ​ခဲ့​သလား။ မပြေခဲ့​ပါဘူး။ အရိုက်​ခံရ၊ ထောင်ချ​ခံရ၊ ကိုယ့်​လူမျိုး​တွေ မုန်းတီး​တာ​ခံရ​တယ်။ (၂ ကော. ၁၁:၂၃-၂၆) လက်ရှိ​ကြုံနေ​ရတဲ့ အခက်​အခဲ​တွေ​ကိုပဲ အာရုံ​စိုက်ပြီး အရင်က​ရခဲ့တဲ့ အခွင့်​အရေး​တွေကို ပြန်တွေး​နေမယ်​ဆိုရင် ခရစ်တော်နောက်​လိုက်တာ မှားပြီ​လို့ ကောက်ချက်​ချမိ​နိုင်တယ်။ ဒါပေမဲ့ ခရစ်တော်နောက်​လိုက်ဖြစ်​ရတာ ဘယ်လောက်​ထူးမြတ်​တယ်​ဆိုတာကို သူစဉ်းစား​တယ်။ ပြီးတော့ အနာဂတ်​မှာ​ရမယ့် အံ့ဖွယ်​ကောင်းချီး​တွေကို အာရုံ​စိုက်တယ်။ ဒါကြောင့် စွန့်လွှတ်​ခဲ့​ရကျိုး​နပ်တယ်​ဆိုတာ သိမြင်​လာတယ်။—ဖိလိပ္ပိ ၃:၇၊ ၈၊ ၁၃ ကို ဖတ်ပါ။

10. Hun la-a bang i ngaihsut ding kisam a hiam? (Marka 10:29, 30) (Lim zong en in.)

၁၀ ဘာ​သင်ခန်းစာ​ရသလဲ။ ခရစ်ယာန်​တစ်ယောက်​ဖြစ်လာဖို့ သင်စွန့်လွှတ်​ခဲ့ရ​တာတွေ​အကြောင်း တွေးမိ​တဲ့​အခါ ဘာကြောင့်​စွန့်လွှတ်​ခဲ့တယ်​ဆိုတာ​ကိုလည်း ပြန်​စဉ်းစားပါ။ (ဒေ. ၇:၁၀) စွန့်လွှတ်​ခဲ့​တာနဲ့ အမှန်​တရား​ထဲမှာ ရှိနေလို့ လက်ရှိ​ရနေတဲ့ ကောင်းချီး​တွေကို ယှဉ်ကြည့်ပါ။ လက်ရှိမှာ စကြဝဠာ အချုပ်​အခြာ​အာဏာ​ပိုင်ရှင် ယေဟောဝါနဲ့ ခင်မင်​ရင်းနှီး​ခွင့်​ရတယ်။ (ပညာ. ၃:၃၂) ယေဟောဝါရဲ့ ကမ္ဘာချီ​မိသားစုဝင် ဖြစ်ခွင့်​ရတယ်။ (မာကု ၁၀:၂၉၊ ၃၀ ကို ဖတ်ပါ။) သိပ်ကောင်းတဲ့​အနာဂတ် မျှော်လင့်ချက် ရှိလာတယ်။ (ဟေရှာ. ၆၅:၂၁-၂၃) ယေဟောဝါကို ဝတ်ပြု​ကိုးကွယ်လို့​ရနေတဲ့ ကောင်းချီး​တွေကို အချိန်ယူ​စဉ်းစားမယ်​ဆိုရင် စွန့်လွှတ်​ခဲ့ရ​တာတွေ​အကြောင်း ပြန်တမ်းတ​မိတော့မှာ မဟုတ်ဘူး။

စွန့်လွှတ်ခဲ့ရာကို ပြန်တမ်းတနေမယ့်အစား ယေဟောဝါ အပ်နှင်းထားတဲ့ အမှုဆောင်​လုပ်ငန်းကနေ ပျော်ရွှင်မှုရှာပါ (စာပိုဒ် ၁၀ ကို​ကြည့်ပါ)e


11. Unaunu Rosemary’ kiangpan bang sinthei i hiam?

၁၁ အသက် ၅၀ ဝန်းကျင်​မှာ နှစ်ခြင်း​ခံတဲ့ ညီအစ်မ ရို့စ်မေရီ​အကြောင်း စဉ်းစား​ကြည့်ပါ။ “ကျွန်မ​အတွက်တော့ ခရစ္စမတ်​ဆိုတာ မိသားစု စုံစုံ​ညီညီ​နဲ့ ပျော်စရာ​ကောင်းတဲ့​ပွဲလေး​ဖြစ်လို့ နှစ်တိုင်း​လိုလို သတိရ​တယ်။ ချစ်ရတဲ့​သူတွေကို လက်ဆောင်လေး​တွေ​ပေးရတာ ကျွန်မ သိပ်ပျော်တယ်။ ခရစ္စမတ်​သစ်ပင်​နား ကလေးတွေ​လာပြီး သူတို့​ရတဲ့ လက်ဆောင်​တွေ​ဖွင့်ကြည့်​ရင်း ပျော်နေ​ကြ​တာကို မြင်ရင် ကျွန်မ သိပ်​ကြည်နူး​တယ်” လို့ ရို့စ်မေရီ ပြောတယ်။ အတိတ်မှာ​ထားခဲ့​တာ​တွေကို ပြန်​မတမ်းတမိဖို့ သူ​ဘာလုပ်ခဲ့​သလဲ။ “ခရစ္စမတ်​ပွဲကို ဘာနဲ့​အစားထိုး​ရ​မလဲ ကျွန်မ ရှာတွေ့​သွားတယ်။ နှစ်တိုင်း​လိုလို ခရစ္စမတ်​နေ့​မဟုတ်တဲ့ တစ်ရက်ရက်​မှာ မိသားစု​ဝင်​အားလုံး ကျွန်မဆီ​လာဖို့ ဖိတ်ခေါ်​တယ်။ သူတို့ကို လက်ဆောင်​တွေ ပေးတယ်။ သူတို့ကို ဘယ်လောက်​ချစ်ကြောင်း​လည်း ပြော​ဖြစ်တယ်” လို့ ဆက်ပြော​တယ်။ ညီအစ်မ ရို့စ်မေရီ​မှာ အခက်အခဲ နောက်တစ်ခု ရှိသေးတယ်။ “အမှန်​တရား​အကြောင်း လေ့လာလို့ ကျွန်မကို ရင်းနှီးတဲ့​မိတ်ဆွေတွေ အဆက်​အသွယ် ဖြတ်သွားတယ်။ တစ်ခါ​တလေ သူတို့ကို သတိရပြီး သိပ်​အထီးကျန်​တာပဲ” လို့ ပြောတယ်။d ဒီတော့ ရို့စ်မေရီ ဘာလုပ်​သလဲ။ အသင်းတော်က ညီအစ်မ​တွေနဲ့ တစ်လှည့်စီ​တွဲပြီး အမှုဆောင်မှာ ပါဝင်တယ်။ “ဒီလိုနဲ့ ကျွန်မ ချစ်ပြီး တန်ဖိုးထား​ရတဲ့ မိတ်ဆွေ​သစ်တွေ အများကြီး ရလာတယ်” လို့ ပြောတယ်။ ဘာ​သင်ခန်းစာ​ရ​သလဲ။ အမှန်​တရား​မရခင်က သင့်ကို ပျော်ရွှင်​စေတဲ့​အရာ တစ်ခုခုကို တမ်းတမိ​နိုင်တယ်။ ဒါပေမဲ့ သင့်ကို​ပျော်စေတဲ့ ပိုကောင်းတဲ့​အရာ​တွေနဲ့ အစားထိုး​နိုင်​ပါတယ်။ (ဖိ. ၄:၈၊ ၉) စွန့်လွှတ်​ရတာ​ထက် ပိုများတဲ့​ကောင်းချီး​တွေကို ယေဟောဝါ အမြဲ​ပေးတယ်။

MIDANGTE’N JEHOVAH A NUSIAT CIANG

12. Koi bang thuak haksa dinmunte pawlpi sungah ki thuakkha thei a hiam?

၁၂ သင် သက်သေခံ​တစ်ယောက် ဖြစ်လာ​ချိန်မှာ ဆိုးညစ်တဲ့​လောကနဲ့ မပတ်သက်​တော့ဘဲ အမှန်​တရား​အတိုင်း သွန်သင်​ပေးတဲ့ အဖွဲ့​အစည်း​အဝင် ဖြစ်ခွင့်​ရလို့ သိပ်ဝမ်းသာ​ခဲ့​မှာပဲ။ (ဟေရှာ. ၆၅:၁၄) ဒါပေမဲ့ အသင်းတော်မှာ ကြီးလေးတဲ့​အပြစ် ကျူးလွန်သူ​ရှိတယ်၊ နောင်တ​မရလို့ အသင်းတော်​ကနေ ဖယ်ရှား​ခံလိုက်​ရတယ်​ဆိုတာမျိုး သိလာ​ရနိုင်တယ်။ (၁ ကော. ၅:၁၃) ညီအစ်မ ဆာမာ​အကြောင်း စဉ်းစား​ကြည့်ပါ။ “ကျွန်မ​နှစ်ခြင်း​ခံပြီး သိပ်​မကြာခင်​မှာ အကြီး​အကဲ​တစ်ယောက် ကြီးလေးတဲ့​အပြစ် ကျူးလွန်ပြီး အသင်းတော်​ကနေ ဖယ်ရှား​ခံလိုက်​ရတယ်။ ကျွန်မ တော်တော်​တုန်လှုပ်​သွားတယ်။ အကြီး​အကဲ​တစ်ယောက် ကြီးလေးတဲ့​အပြစ် လုပ်လိမ့်မယ်​လို့ ကျွန်မ မထင်ထား​ဘူး” လို့ ညီအစ်မ ဆာမာ​ပြောတယ်။ ညီအစ်ကို/မတွေ ယေဟောဝါကို​ချစ်တယ်၊ သစ္စာ​စောင့်သိ​တယ်​ဆိုတာ ကျွန်တော်တို့ ယုံကြည်​စိတ်ချ​ကြတယ်။ (၁ ကော. ၁၃:၄၊ ၇) ဒါပေမဲ့ အရှိ​အတိုင်း​လည်း လက်ခံဖို့ လိုတယ်။ နှစ်တိုင်း၊ အသင်းတော်​ကနေ ဖယ်ရှားခံ​ရ​သူ​တချို့ ရှိတယ်။ အထူး​သဖြင့် ကိုယ်နဲ့​ရင်းနှီးသူ​တစ်ယောက်၊ ကိုယ်လေးစား​ရတဲ့သူ​တစ်ယောက် အသင်းတော်​ကနေ ဖယ်ရှား​ခံရတဲ့​အခါ ခံစားရ​ခက်နိုင်တယ်။

13. I it i ngaih khatin Jehovah a nusiat ciang i upna a thanem loh nading koi bangin kidal thei ding i hiam?

၁၃ ချစ်ရသူ​တစ်ယောက် ယေဟောဝါကို စွန့်ခွာ​သွားတဲ့​အခါ ကိုယ့်​ယုံကြည်ခြင်း အားနည်း​သွားတာမျိုး မဖြစ်အောင် ဘယ်လို​ကာကွယ်​နိုင်​သလဲ။ ဘုရားနဲ့ ရင်းနှီးအောင် ဆက်ကြိုးစား​နေပါ။ (ယာ. ၄:၈) တခြား​သူ​တွေရဲ့​ယုံကြည်ခြင်း​အပေါ် အခြေ​ပြုပြီး ယေဟောဝါကို ကိုးကွယ်​တာမျိုး မဖြစ်ပါ​စေနဲ့။ မိသားစုလိုက်၊ အသင်းတော်လိုက် ယေဟောဝါကို ဝတ်ပြု​ကိုးကွယ်တဲ့​အချိန်တွေ​ရှိတာ မှန်ပေမဲ့ ကိုယ်တိုင်​ကိုယ်ကျ ကျမ်းစာဖတ်၊ ဆုတောင်းဖို့​လည်း လိုတယ်။—ဆာ. ၁:၂။ ၆၂:၈။

14. Sawltak Peter’ kiangpan bang sinthei i hiam? (Johan 6:66-68)

၁၄ တမန်တော်​ပေတရု​ဆီ​ကနေ ကျွန်တော်တို့ သင်ယူ​နိုင်​ပါတယ်။ တစ်ခါ​တုန်းက ယေရှု​ပြောလိုက်တဲ့​စကားကို နားမလည်​လို့ ယေရှုနောက် ဆက်မလိုက်​ကြ​တော့တဲ့ တပည့်တွေ ရှိတယ်။ ပေတရု​ကတော့ နားမလည်​ပေမဲ့ ဆက်​သစ္စာ​ရှိ​ခဲ့တယ်။ (ယောဟန် ၆:၆၆-၆၈ ကို ဖတ်ပါ။) တခြား​သူတွေ ယေရှုနောက် ဆက်မလိုက်​တာကို အာရုံ​မစိုက်ဘဲ ယေရှု​သွန်သင်​ပေးတဲ့ အမှန်​တရား​တွေကို ပိုအာရုံ​စိုက်​ခဲ့တယ်။ ဒါကြောင့် ပေတရု ဆက်သစ္စာရှိ​နိုင်​ခဲ့တာ။ အလားတူ​ပါပဲ၊ တခြား​သူ​တွေရဲ့ လုပ်ရပ်က ဘုရား​အဖွဲ့​အစည်း​ကတစ်ဆင့် ကျွန်တော်တို့ သင်ယူ​ထားတဲ့ ကျမ်းစာ​အမှန်​တရားရဲ့​တန်ဖိုးကို မလျော့ကျ​သွား​စေ​ပါဘူး။ သင်ယူ​သိရှိ​ထားပြီ​ဖြစ်တဲ့ အမှန်​တရားကို တန်ဖိုး​ထားပြီး ယေဟောဝါ​အပေါ် ဆက်သစ္စာ​ရှိ​နေပါ။ အစော​ပိုင်းမှာ ဖော်ပြ​ခဲ့တဲ့ ဆာမာ အခုလို​ပြောတယ်– “လူတစ်ယောက် အမှား​လုပ်​လိုက်​တာက အသင်းတော်​တစ်ခုလုံး အမှား​လုပ်တာ မဟုတ်​သလို အဖွဲ့​အစည်းရဲ့ သွန်သင်​ချက်တွေ မှားနေ​တာလည်း မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် အမြဲ​သတိ​ပေးတယ်။ ယေဟောဝါရဲ့ အရည်​အသွေးတွေ မှေးမှိန်​သွားတာ​လည်း မဟုတ်ပါဘူး။”

15. Unaunu Emily’ kiangpan bang sinthei i hiam?

၁၅ ညီအစ်မ​အယ်မလီ​အကြောင်း စဉ်းစား​ကြည့်ပါ။ သူနှစ်ခြင်း​ခံပြီး တစ်ပတ်​အကြာမှာ အမေ​ဖြစ်သူက သူတို့​မိသားစုကို ထားခဲ့တယ်၊ ပြီးတော့ အသင်းတော်​ကနေ​လည်း ဖယ်ရှား​ခံလိုက်​ရတယ်။ “ဒီလိုမျိုး​ဖြစ်လာ​မယ်​လို့ တစ်ခါမှ မတွေး​ဖူးဘူး။ ကျွန်မ​အတွက်​တော့ ကမ္ဘာ​ပျက်​သွား​သလို​ပါပဲ။ အမေ့ကို သိပ်​သတိရ​တယ်” လို့ အယ်မလီ​ပြောတယ်။ သူ ဘယ်လို ခံရပ်​နိုင်ခဲ့​တာ​လဲ။ “တကယ်တော့ ကျွန်မကို ချစ်ပြီး ဂရုစိုက်​ပေးတဲ့ အဖေ​ရှိနေသေး​တာပဲ။ အသင်းတော်​မှာ​ရှိတဲ့ ညီအစ်ကို/မ​တွေ​ကလည်း ကျွန်မကို မိသားစု​အရင်း​လို စောင့်ရှောက်​ကြတယ်။ သူတို့​မှာ​လည်း ဒုက္ခ​ကိုယ်စီ ရှိနေ​ကြတာ။ ဒါကြောင့် တစ်ယောက်နဲ့​တစ်ယောက် အပြန်​အလှန် ချစ်ခင်​ရင်းနှီး​နေဖို့၊ ဖေးမ​ကူညီဖို့ သိပ်အရေးကြီး​တယ်” လို့ အယ်မလီ ဆက်ပြောတယ်။ (၁ ပေ. ၅:၉) တစ်ယောက်နဲ့​တစ်ယောက် ရင်းနှီး​ဖို့ အခက်​အခဲ ကြုံတဲ့​အထိ စောင့်စရာ မလို​ပါဘူး။ မကြုံခင်​ကတည်းက ရင်းနှီးအောင် လုပ်ထားပါ။ ဒါဆိုရင် အခက်​အခဲ ကြုံလာတဲ့​အခါ ညီအစ်ကို/မ​တွေရဲ့ အကူ​အညီနဲ့ နှစ်သိမ့်မှု ရပါလိမ့်မယ်။

16. Bang i phawk ding kisam a hiam? (Lim zong en in.)

၁၆ ယေဟောဝါက ချစ်ရသူ​တွေကို ဆုံးမတတ်​တယ်​ဆိုတာ သတိ​ရပါ။ (ဟီ. ၁၂:၆) အသင်းတော်​ကနေ ဖယ်ရှားခံ​ရသူ​အားလုံး နောင်တ​ရပြီး ပြန်လှည့်​လာစေ​ချင်တယ်။ (၂ ပေ. ၃:၉) ဒါကြောင့် သင်​ချစ်ရသူ​တစ်ဦး အသင်းတော်​ကနေ ဖယ်ရှား​ခံရတယ်​ဆိုရင် အသင်းတော်ဆီ ပြန်လှည့်​လာ​နိုင်ဖို့ အကြီး​အကဲတွေ အတတ်​နိုင်ဆုံး ကူညီ​ကြ​မယ်​ဆိုတာ စိတ်ချပါ။—၂ တိ. ၂:၂၄၊ ၂၅။

အသင်းတော်ကနေ ဖယ်ရှားခံရတဲ့ အမျိုးသားတစ်ယောက်ဆီ အကြီးအကဲနှစ်ယောက် လည်ပတ်နေကြ။ အကြီးအကဲတစ်ယောက်က ဖွင့်ထားတဲ့ကျမ်းစာကို လက်မှာကိုင်ထားပြီး နောက်အကြီးအကဲက “ယေဟောဝါဘုရားဆီ ပြန်လာပါ” စာစောင်ထဲက သင်ခန်းစာတစ်ခုကို ပြနေ။

ကိုယ်နဲ့ရင်းနှီးသူ​တစ်ယောက် အသင်းတော်ကနေ ဖယ်ရှားခံရရင် သူ ယေဟောဝါဆီ ပြန်လာဖို့ အကြီးအကဲတွေ ကူညီပေးကြမယ်​ဆိုတာ ယုံကြည်စိတ်ချပါ (စာပိုဒ် ၁၆ ကို​ကြည့်ပါ)f


17. Bang lungmuang thei i hiam?

၁၇ နှစ်ခြင်းခံပြီး​နောက်​ပိုင်း သင်ကြုံရ​နိုင်တဲ့ အခက်​အခဲ​တချို့​အကြောင်း ကျွန်တော်တို့ ဆွေးနွေး​ခဲ့​ကြပြီ။ ဒါပေမဲ့ ကြိုတင်​ပြင်ဆင်​ထားမယ်​ဆိုရင် အခက်​အခဲတွေ ရှိနေ​ရင်တောင် ယေဟောဝါ​အပေါ် ဆက်​သစ္စာရှိ​နိုင်​ပါတယ်။ သစ္စာ​ရှိ​နိုင်ဖို့ ယေဟောဝါ​လည်း ကူညီ​ပေးမယ်​ဆိုတာ သတိ​ရပါ။ အရင်​ကလည်း ကူညီ​ပေး​ခဲ့​သလို ထာဝရ​ကူညီ​ပေး​သွားမှာ။ (၁ ပေ. ၅:၁၀) အခက်​အခဲတွေ ရင်ဆိုင်​ကျော်လွှား​နိုင်ဖို့ လိုအပ်တဲ့ ခံနိုင်ရည်၊ ခွန်အားကို ကျိန်းသေ​ပေးပါ​လိမ့်မယ်။ ယေဟောဝါရဲ့ အကူ​အညီကို ခံယူရင်း အခက်​အခဲ​ကြား​ကနေ ယေဟောဝါကို ဆက်သစ္စာရှိ​နိုင်​ကြ​ပါစေ။—ဆာ. ၁၁၉:၁၆၅။ ရော. ၈:၃၈၊ ၃၉။

NANGH BANGCI DAWNG DING?

  • Unaute’n i lungsim hong sukkhak ciang Jehovah tung citak suakthei dingin bangci kigingkhol thei ding i hiam?

  • I nusiatte nung phawkkik hung ciang Jehovah tung citak suakthei dingin bangci kigingkhol thei ding i hiam?

  • Mikhat pawlpi sung pan a kilakkhiat ciang Jehovah tung citak suakthei dingin bangci kigingkhol thei ding i hiam

LA 154 အစဉ်တည်တဲ့ မေတ္တာ

a ဒီဆောင်းပါးက နှစ်ခြင်းခံပြီးခါစ သက်သေခံတွေ​အတွက် ရည်ရွယ်တာ​ဖြစ်ပေမဲ့ ကျွန်တော်တို့​အားလုံးကို အကျိုး​ပြုနိုင်ပါတယ်။

b အမည်လွှဲများ။

c ထိုးထွင်းဉာဏ်​ရှိသူဟာ တခြားသူရဲ့ အပြော၊ လုပ်ရပ်ကြောင့် ချက်ချင်း စိတ်ဆိုးမှာ​မဟုတ်ဘူး။ သူ ဘာကြောင့် ဒီလို ပြောဆို၊ ပြုမူ​သလဲ​ဆိုတာ အရင်ဆုံး စဉ်းစားမယ်။ ဒီလိုနဲ့ စိတ်တည်တည်ငြိမ်ငြိမ်​ရှိပြီး ခွင့်လွှတ်​ပေးနိုင်မယ်။

d ကျမ်းစာသင်သားတွေနဲ့ နှစ်ခြင်းခံပြီးခါစ ညီအစ်ကို/မတွေကို ကျမ်းစာ​သင်ပေးသူ​သာမက အသင်းတော်​တစ်ခုလုံးက လှိုက်လှိုက်လှဲလှဲ ကူညီ​ပေးသင့်ပါတယ်။ ၂၀၂၁၊ မတ် ကင်းမျှော်စင် မှာပါတဲ့ “ကျမ်းစာသင်သား နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် အသင်းတော်မှာ ရှိသူတိုင်း ကူညီပေးနိုင်ပုံ” ဆောင်းပါး၊ စာပိုဒ် ၁၅ နဲ့ ၁၆ ကို ကြည့်ပါ။

e ပုံအညွှန်း– ညီအစ်မတစ်ယောက် အမှုဆောင်သွားနေရင်း အားကစား​အသင်း တစ်သင်း လေ့ကျင့်နေတာကိုတွေ့။ အရင်တုန်းက သူကိုယ်တိုင် ကစားခဲ့ပုံကို ပြန်သတိရသွား။ နောက်တော့ အားကစား​အသင်းက အမျိုးသမီးတစ်ယောက်ကို သူ သက်သေခံနေ။ အရင်က သူ့ရဲ့ကစားဖော်​တစ်ယောက်ဖြစ်နိုင်။

f ပုံအညွှန်း– အသင်းတော်ကနေ ဖယ်ရှားခံရတဲ့ အမျိုးသားတစ်ယောက်ဆီကို အကြီးအကဲ​နှစ်ယောက် လည်ပတ်ပြီး ယေဟောဝါ​ဘုရားဆီ ပြန်လာဖို့ အားပေးနေကြ။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ