SIN DING THU 32
LA 44 နိမ့်ကျသူရဲ့ ဆုတောင်းစကား
Jehovah In Mi Khempeuh A Kisikkik Ding Uh Deih
’Note khat beek in siatna na thuakkhak ding uh deih loin na vekpi-un na kisik ding uh [Jehovah in] deih hi.’—2 PET. 3:9.
အာရုံစိုက်ရာ
နောင်တရတယ်ဆိုတာ ဘာလဲ။ လူအားလုံး နောင်တရဖို့ ဘာကြောင့် လိုအပ်သလဲ။ နောင်တရဖို့ ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။
1. Kisikkik cih in bang a hiam?
အပြစ်လုပ်မိတဲ့အခါ နောင်တရဖို့ သိပ်အရေးကြီးတယ်။ နောင်တရတယ်ဆိုတာ လုပ်မိတဲ့အပြစ်အတွက် စိတ်မကောင်းဖြစ်တာ၊ အပြစ်ဆက်မလုပ်တော့တာ၊ အပြစ်ထပ်မလုပ်ဖို့ ဆုံးဖြတ်တာ ဖြစ်တယ်လို့ ကျမ်းစာ ဆိုတယ်။—“နောင်တရခြင်း” ခက်ဆစ်ကို ကြည့်ပါ။
2. Kisikkikna thu mi khempeuh in a theih ding uh bang hang kisam a hiam? (Nehemiah 8:9-11)
၂ နောင်တအကြောင်း လူအားလုံး သိထားဖို့ လိုတယ်။ ဘာကြောင့်လဲ။ အာဒံနဲ့ ဧဝရဲ့ သားစဉ်မြေးဆက်တွေ ဖြစ်လို့ အပြစ်နဲ့ သေခြင်းကို အမွေရထားကြတယ်။ ဒါ့အပြင် နေ့တိုင်း အပြစ်လုပ်မိကြတယ်။ (ရော. ၃:၂၃။ ၅:၁၂) အပြစ်နဲ့ ကင်းလွတ်သူဆိုတာ မရှိဘူး။ တမန်တော် ပေါလုလို ယုံကြည်ခြင်း ခိုင်မာသူတောင် အပြစ်မလုပ်မိဖို့ မနည်းတွန်းလှန်ခဲ့ရတယ်။ (ရော. ၇:၂၁-၂၄) အပြစ်သား ဖြစ်နေလို့ဆိုပြီး ကျွန်တော်တို့ တစ်ချိန်လုံး ဝမ်းနည်းနေသင့်သလား။ ဝမ်းမနည်းသင့်ပါဘူး။ ယေဟောဝါဘုရားဟာ ကရုဏာ ကြီးမားတယ်။ ကျွန်တော်တို့ကို ဝမ်းမြောက်စေချင်တယ်။ နေဟမိခေတ်က ဂျူးတွေအကြောင်း စဉ်းစားကြည့်ပါ။ (နေဟမိ ၈:၉-၁၁ ကို ဖတ်ပါ။) လုပ်မိတဲ့အပြစ်တွေအတွက် သူတို့ ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေတာမျိုး ယေဟောဝါ မဖြစ်စေချင်ဘူး။ မိမိကို ဝမ်းမြောက်ဝမ်းသာ ကိုးကွယ်စေချင်တယ်။ လူတွေ နောင်တရရင် ဝမ်းမြောက်ရမယ်ဆိုတာ ယေဟောဝါ သိတယ်။ ဒါကြောင့် နောင်တအကြောင်း သင်ပေးတာ။ နောင်တရတဲ့အခါ ကရုဏာရှင်အဖ ခွင့်လွှတ်မယ်ဆိုတာ စိတ်ချနိုင်ပါတယ်။
3. Hih thulu-ah bang thu kikum ding i hiam?
၃ နောင်တအကြောင်း ဆက်လေ့လာကြရအောင်။ ဒီဆောင်းပါးမှာ အချက်သုံးချက် ဆွေးနွေးသွားပါမယ်။ (၁) နောင်တနဲ့ပတ်သက်ပြီး အစ္စရေးတွေကို ယေဟောဝါ ဘာသင်ပေးသလဲ။ (၂) လူတွေ နောင်တရဖို့ ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။ (၃) နောင်တနဲ့ပတ်သက်ပြီး နောက်လိုက်တွေကို ယေရှု ဘာသင်ပေးသလဲ။
KISIKKIKNA TAWH KISAI-IN JEHOVAH IN ISRAELTE BANG HILH A HIAM?
4. Kisikkikna tawh kisai-in Jehovah in Israelte bang theisak nuam a hiam?
၄ အစ္စရေးတွေကို လူမျိုးတစ်မျိုးအဖြစ် ယေဟောဝါ ဖွဲ့စည်းလိုက်ချိန်မှာ ပညတ်ချက်တွေ ပေးတယ်။ ပညတ်ချက်တွေ နာခံပါ့မယ်လို့ အစ္စရေးတွေ ကတိပေးကြတယ်။ နာခံရင် ကာကွယ်ပေးမယ်၊ ကောင်းချီးပေးမယ်လို့ ယေဟောဝါလည်း ကတိပေးတယ်။ “ဒီပညတ်ချက်တွေဟာ . . . ခက်ခဲလွန်းတဲ့အရာ၊ လက်လှမ်းမမီနိုင်တဲ့အရာ မဟုတ်ဘူး” လို့ ယေဟောဝါ ပြောတယ်။ (တရား. ၃၀:၁၁၊ ၁၆) ဒါပေမဲ့ အစ္စရေးတွေ မနာခံဘူး၊ တခြားဘုရားတွေကို ကိုးကွယ်မယ်ဆိုရင် ယေဟောဝါ ကောင်းချီးပေးတော့မှာ မဟုတ်ဘူး။ သူတို့ ဒုက္ခရောက်ကြရမှာ ဖြစ်တယ်။ ဒါပေမဲ့ ဘုရားမျက်နှာသာ ပြန်ရအောင် သူတို့ လုပ်နိုင်တယ်။ “ယေဟောဝါဘုရားဆီ ပြန်လှည့်လာပြီး ဘုရားရဲ့ စကားကို . . . နားထောင်” နိုင်တယ်။ (တရား. ၃၀:၁-၃၊ ၁၇-၂၀) တစ်နည်းအားဖြင့် နောင်တယူနိုင်တယ်။ နောင်တယူမယ်ဆိုရင် သူတို့ကို ယေဟောဝါ ရင်းနှီးခွင့်ပြန်ပေးမယ်၊ ကောင်းချီးပြန်ပေးမယ်။
5. Jehovah in Israelte tungah lungkia lo ahihlam koici theithei i hiam? (2 Kumpi 17:13, 14)
၅ အစ္စရေးတွေဟာ ယေဟောဝါကို အကြိမ်ကြိမ် ပုန်ကန်ကြတယ်။ ရုပ်တုကိုးကွယ်ကြတယ်။ ရွံရှာဖွယ်အကျင့်တွေ ကျင့်ကြတယ်။ ဒါကြောင့် သူတို့ ဒုက္ခရောက်ကြရတယ်။ သူတို့ လမ်းလွဲသွားပေမဲ့ ယေဟောဝါ မပစ်ပယ်လိုက်ဘူး။ နောင်တရဖို့၊ မိမိဆီ ပြန်လှည့်လာဖို့ ပရောဖက်တွေ ထပ်တလဲလဲ စေလွှတ်ပြီး သူတို့ကို မပြတ် တိုက်တွန်းတယ်။—၂ ဘုရင်များ ၁၇:၁၃၊ ၁၄ ကို ဖတ်ပါ။
6. Kisikkik ding a thupitlam ama mi te’n a theih nadingun Jehovah in kamsangte tung tawnin koi bangin hilh a hiam? (Lim zong en in.)
၆ မိမိလူမျိုးဆီ ပရောဖက်တွေ အကြိမ်ကြိမ် စေလွှတ်ပြီး ယေဟောဝါ သတိပေးတယ်၊ တည့်မတ်ပေးတယ်။ ဥပမာ၊ “ဖောက်ပြန်တဲ့ အစ္စရေး၊ ပြန်လာပါ။ . . . ငါဟာ သစ္စာစောင့်သိသူ ဖြစ်လို့ မင်းကို အထင်သေး၊ စိတ်ဆိုးမှာ မဟုတ်ဘူး။ . . . ငါ အမြဲ အငြိုးထားမှာ မဟုတ်ဘူး။ မင်းရဲ့ ဘုရား ယေဟောဝါကို ပုန်ကန်ခဲ့တဲ့အတွက် မင်းအပြစ်ကို ဝန်ခံပါ” လို့ ယေရမိကတစ်ဆင့် ပြောတယ်။ (ယေ. ၃:၁၂၊ ၁၃) “ငါ့ဆီကို စိတ်ရောကိုယ်ပါ ပြန်လာကြ” လို့ ယောလကတစ်ဆင့် ပြောတယ်။ (ယောလ ၂:၁၂၊ ၁၃) “စင်ကြယ်အောင် လုပ်ကြ။ ယုတ်မာတဲ့ လုပ်ရပ်တွေကို ငါ့ရှေ့ကနေ ဖယ်ရှားကြ။ မကောင်းမှုတွေ မကျူးလွန်ကြနဲ့တော့” လို့ ဟေရှာယကို ပြောခိုင်းတယ်။ (ဟေရှာ. ၁:၁၆-၁၉) “လူဆိုး သေတာကို ငါ ဝမ်းသာပါ့မလား။ သူ့ရဲ့ မကောင်းတဲ့လမ်းစဉ်ကို စွန့်ပြီး အသက်ဆက်ရှင်တာကိုပဲ ငါနှစ်သက်တာပါ။ . . . ငါက ဘယ်သူ့ကိုမှ မသေစေချင်ဘူး။ ဒါကြောင့် ပြန်လှည့်လာပြီး အသက်ဆက်ရှင်ကြပါ” လို့ ယေဇကျေလကို ပြောခိုင်းတယ်။ (ယေဇ. ၁၈:၂၃၊ ၃၂) နောင်တရမှ ထာဝစဉ် အသက်ရှင်နိုင်မှာ ဖြစ်လို့ လူတွေ နောင်တရတဲ့အခါ ယေဟောဝါ သိပ်ဝမ်းသာတယ်။ ဒါကြောင့် နောင်တရတဲ့အချိန်ထိ စောင့်မနေဘဲ အစပြု ကူညီတယ်။ ယေဟောဝါ ကူညီပေးတဲ့ နည်းတချို့ကို ဆက်ကြည့်ရအောင်။
လမ်းလွဲနေတဲ့ မိမိလူမျိုး နောင်တရဖို့ ပရောဖက်တွေ အကြိမ်ကြိမ် စေလွှတ်ပြီး ယေဟောဝါ ကူညီပေး (စာပိုဒ် ၆-၇ ကို ကြည့်ပါ)
7. Kamsang Hosea le a zi Gomer-te thu tawh gentehin Jehovah in ama mite bang hilh a hiam?
၇ ပရောဖက် ဟောရှေနဲ့ ဇနီး ဂေါမာတို့ရဲ့ ဖြစ်ရပ်ကို သုံးပြီး မိမိလူမျိုးကို ယေဟောဝါ ဘာသင်ပေးသလဲ။ ဂေါမာ အိမ်ထောင်ရေး ဖောက်ပြန်ပြီးနောက် ဟောရှေကို ထားခဲ့ပြီး တခြားယောက်ျားနောက် ကောက်ကောက်ပါအောင် လိုက်သွားတယ်။ ဂေါမာ အဖတ်ဆယ်လို့ မရတော့ဘူးလား။ “တခြားယောက်ျားနဲ့ ချစ်ကြိုက်ပြီး ဖောက်ပြန်နေတဲ့ မိန်းမကို မင်း ပြန်ချစ်လိုက်ပါ။ တခြားဘုရားတွေဆီ လှည့်သွား . . . တဲ့ အစ္စရေးတွေကို ငါယေဟောဝါ ချစ်သလို သူ့ကို ချစ်ပါ” ဆိုပြီး ယေဟောဝါ ပြောတယ်။ (ဟော. ၃:၁) ဂေါမာ ကြီးလေးတဲ့အပြစ် လုပ်နေတုန်းပဲဆိုတာ သတိပြုပါ။ လူတွေရဲ့ စိတ်နှလုံးကို ယေဟောဝါ သိတယ်ဆိုတာလည်း သတိရပါ။ (ပညာ. ၁၆:၂) ဒါကြောင့် ဂေါမာကို ခွင့်လွှတ်ဖို့၊ သူနဲ့ ပြန်ပေါင်းသင်းဖို့ ဟောရှေကို ယေဟောဝါ ပြောတယ်။a လမ်းလွဲနေတဲ့ မိမိလူမျိုးနဲ့ပတ်သက်လာရင် ယေဟောဝါကိုယ်တိုင်လည်း အဲဒီလိုပါပဲ။ သူတို့ ဆိုးဆိုးရွားရွား အပြစ်တွေ လုပ်နေပေမဲ့ ယေဟောဝါ ချစ်နေဆဲပဲ။ နောင်တရဖို့၊ ဘဝလမ်းစဉ်ပြောင်းလဲဖို့ ပရောဖက်တွေ စေလွှတ်ပြီး ကူညီပေးနေဆဲပဲ။ ယေဟောဝါဟာ လူတွေရဲ့ “စိတ်နှလုံးကို စစ်ဆေး” တယ်၊ လူတစ်ယောက် ကြီးလေးတဲ့အပြစ် လုပ်နေတုန်းဆိုရင်တောင် သူ နောင်တရဖို့ ကူညီပေးမယ်ဆိုတာ ပရောဖက် ဟောရှေနဲ့ ဂေါမာတို့ရဲ့ ဖြစ်ရပ်ကနေ သိနိုင်တယ်။ (ပညာ. ၁၇:၃) ယေဟောဝါ ဘယ်လို ကူညီပေးသလဲ ကြည့်ရအောင်။
MIHINGTE A KISIKKIK NADINGUN JEHOVAH IN KOI BANGIN HUH A HIAM?
8. Kain a kisikkik nadingin Jehovah in koi bangin huh a hiam? (Piancilna 4:3-7) (Lim zong en in.)
၈ ကာအိနဟာ အာဒံနဲ့ ဧဝရဲ့ သားဦး ဖြစ်တယ်။ မိဘဆီကနေ အပြစ် အမွေရထားတယ်။ အပြစ် အမွေရထားတဲ့အပြင် “သူ့အကျင့်က ဆိုးညစ်” တယ်လို့ ကျမ်းစာ ဆိုတယ်။ (၁ ယော. ၃:၁၂) ဒါကြောင့်လည်း “ကာအိနနဲ့ သူ ပူဇော်တဲ့ အလှူကို” ယေဟောဝါ မနှစ်သက်တာ ဖြစ်မယ်။ ကာအိနဟာ အကျင့်မပြောင်းလဲတဲ့အပြင် “အရမ်းဒေါသထွက်ပြီး မျက်နှာပျက်သွားတယ်။” ယေဟောဝါ ဘာလုပ်သလဲ။ ကာအိနကို စကားပြောတယ်။ (ကမ္ဘာဦး ၄:၃-၇ ကို ဖတ်ပါ။) ကြင်ကြင်နာနာ ကျိုးကြောင်းဆင်ခြင်ပြတယ်။ ကောင်းတာ လုပ်ရင် မျက်နှာသာပြန်ရမယ်၊ ဒေါသထွက်နေရင်တော့ အပြစ်လုပ်မိနိုင်တယ်ဆိုပြီး သတိပေးတယ်။ ဒါပေမဲ့ သတိပေးတာကို ကာအိန နားမထောင်ဘူး။ နောင်တရဖို့ ယေဟောဝါ ကူညီပေးတာကို လက်မခံဘူး။ ကာအိန အဲဒီလိုတုံ့ပြန်တဲ့အတွက် နောက်နောင် လူတွေ နောင်တရဖို့ ကူညီမပေးတော့ဘူးလို့ ယေဟောဝါ ဆုံးဖြတ်လိုက်သလား။ မဆုံးဖြတ်ပါဘူး။
ကောင်းတာ လုပ်ရင် မျက်နှာသာပြန်ရမယ်၊ ဒေါသထွက်နေရင်တော့ အပြစ်လုပ်မိနိုင်တယ်ဆိုပြီး ကာအိနကို ယေဟောဝါ ကြင်ကြင်နာနာ ကျိုးကြောင်းဆင်ခြင်ပြ (စာပိုဒ် ၈ ကို ကြည့်ပါ)
9. David a kisikkik nadingin Jehovah in koici huh a hiam?
၉ ဘုရင်ဒါဝိဒ်ကို ယေဟောဝါ သိပ်ချစ်တယ်။ “ငါနဲ့ စိတ်သဘောထားချင်း ကိုက်ညီသူ” လို့တောင် ခေါ်တယ်။ (တ. ၁၃:၂၂) ဒါပေမဲ့ အိမ်ထောင်ရေး ဖောက်ပြန်တာ၊ လူသတ်တာလိုမျိုး အပြစ်ကြီးတွေ ဒါဝိဒ် လုပ်ခဲ့တယ်။ မောရှေပညတ်အရဆိုရင် သေဒဏ်ခံထိုက်တယ်။ (ဝတ်. ၂၀:၁၀။ တော. ၃၅:၃၁) ဒါပေမဲ့ နောင်တရလာအောင် ကူညီပေးဖို့ ပရောဖက် နာသန်ကို ယေဟောဝါ စေလွှတ်တယ်။b တကယ်ဆိုရင် အဲဒီအချိန်မှာ ဒါဝိဒ် နောင်တရတဲ့ အရိပ်အယောင် မပြသေးဘူး။ နာသန် သုံးတဲ့ ပုံဥပမာကြောင့် ဒါဝိဒ် စိတ်ထိမိပြီး နောင်တရလာတယ်။ (၂ ရှ. ၁၂:၁-၁၄) နောင်တရတယ်ဆိုတာ သူ ရေးတဲ့ ဆာလံ ၅၁ ကို ကြည့်ရင် သိနိုင်တယ်။ (ဆာ. ၅၁၊ ထိပ်စီးစာသား) အဲဒီဆာလံသီချင်းကြောင့် နှစ်သိမ့်မှု ရပြီး နောင်တယူသူများစွာ ရှိတယ်။ ဒါဝိဒ် နောင်တရဖို့ ယေဟောဝါ မေတ္တာပါပါ ကူညီပေးတာ ဝမ်းသာစရာပါပဲ။
10. Jehovah’ lungduaina le mawhmaisakna thu na ngaihsut ciangin na lungsim bangci om a hiam?
၁၀ ယေဟောဝါက အပြစ်မှန်သမျှကို မုန်းတယ်။ (ဆာ. ၅:၄၊ ၅) အပြစ်သားတွေ ဖြစ်နေတဲ့ ကျွန်တော်တို့ကိုတော့ ချစ်တယ်။ ဒါကြောင့် အပြစ်ကို တွန်းလှန်နိုင်ဖို့ သိပ်ကူညီပေးချင်တယ်။ ကြီးလေးတဲ့အပြစ် လုပ်ထားသူတွေကိုတောင် နောင်တရဖို့၊ မိမိနဲ့ ရင်းနှီးလာဖို့ အမြဲ ကူညီပေးကြောင်း သိရတာ နှစ်သိမ့်မှု ဖြစ်စရာပါပဲ။ ယေဟောဝါရဲ့ စိတ်ရှည်မှု၊ ခွင့်လွှတ်မှုအကြောင်း စဉ်းစားလိုက်တဲ့အခါ အပြစ်မလုပ်မိဖို့၊ အပြစ်လုပ်မိရင်လည်း မြန်မြန်ဆန်ဆန် နောင်တယူဖို့ ကျွန်တော်တို့ လှုံ့ဆော်ခံကြရတယ်။ နောင်တနဲ့ပတ်သက်ပြီး နောက်လိုက်တွေကို ယေရှု ဘာသင်ပေးကြောင်း ဆက်လေ့လာကြရအောင်။
KISIKKIKNA TAWH KISAI-IN JESUH IN A NUNGZUITE BANG HILH A HIAM?
11-12. Vantunga om Pa in mawhna maisak nuam ahihlam Jesuh in koi bangin hong hilh a hiam? (Lim zong en in.)
၁၁ နောင်တအကြောင်း သင်ပေးဖို့ အေဒီ ပထမရာစုမှာ ဘယ်သူတွေကို ယေဟောဝါ သုံးသလဲ။ နှစ်ခြင်းပေးသူ ယောဟန်ကို သုံးတယ်။ (မ. ၃:၁၊ ၂) ယေရှုလည်း မေရှိယ ဖြစ်လာပြီး အမှုဆောင်လုပ်ငန်း စတင်ချိန်မှာ နောင်တရဖို့ လူတွေကို ဟောပြောတယ်။—မ. ၄:၁၇။
၁၂ ယေဟောဝါဟာ ခွင့်လွှတ်ချင်စိတ် ပြင်းပြတဲ့ ဖခင် ဖြစ်ကြောင်း မြေကြီးပေါ် အမှုဆောင်စဉ်တစ်လျှောက် လူတွေကို ယေရှု သင်ပေးတယ်။ တစ်နည်းကတော့ သားမိုက်ပုံဥပမာ သုံးပြီး သင်ပေးတာပါ။ ပုံဥပမာမှာ သားဖြစ်သူဟာ အိမ်ကနေ ထွက်သွားပြီး အပျော်အပါး လိုက်စားတယ်။ ပိုင်ဆိုင်သမျှ သုံးဖြုန်းပစ်တယ်။ နောက်တော့ “အသိတရား ရလာ” ပြီး အိမ်ပြန်လာတယ်။ ဖခင် ဘာလုပ်သလဲ။ “သားကို အဝေးကနေ လှမ်းမြင်တဲ့အခါ သနားစိတ် ယိုဖိတ်လာတော့ ပြေးဖက်ပြီး နမ်းတယ်။” ကိုယ့်ကို ဖခင် ခွင့်လွှတ်မယ်လို့ ထင်မထားတဲ့အတွက် အလုပ်သမားအနေနဲ့ နေခွင့်ပေးပါလို့ သားဖြစ်သူ တောင်းဆိုတယ်။ ဒါပေမဲ့ ဖခင် ခွင့်လွှတ်ပေးဖို့ အသင့်ပဲ။ “ငါ့သား” လို့ ခေါ်ပြီး သားအဖြစ် ပြန်လက်ခံတယ်။ ဒီသားဟာ “ပျောက်သွားပြီးမှ ပြန်တွေ့တာ” လို့ ပြောတယ်။ (လု. ၁၅:၁၁-၃၂) နောင်တရတဲ့ အပြစ်သားများစွာကို အဖယေဟောဝါ ခွင့်လွှတ်ပေးတာကို ယေရှု မြေကြီးပေါ် မလာခင် ကောင်းကင်မှာ အကြိမ်ကြိမ် တွေ့ခဲ့မှာပဲ။ ဒါကြောင့် အဖယေဟောဝါ ကရုဏာရှိတယ်ဆိုတာ သားမိုက်ပုံဥပမာ သုံးပြီး ထိထိမိမိ သင်ပေးလိုက်တာ။
ယေရှုရဲ့ ပုံဥပမာမှာ ပါတဲ့ သားမိုက် အိမ်ပြန်လာတဲ့အခါ ဖခင် ပြေးဖက်ပြီး ကြိုဆို (စာပိုဒ် ၁၁-၁၂ ကို ကြည့်ပါ)
13-14. Kisikkikna tawh kisai-in sawltak Peter in bang na sin a hiam? Bang thu midangte hilh sawn a hiam? (Lim zong en in.)
၁၃ နောင်တအကြောင်း၊ ခွင့်လွှတ်ခြင်းအကြောင်း ယေရှုဆီကနေ တမန်တော် ပေတရု သင်ယူခဲ့ရတယ်။ ပေတရု ခဏခဏ အပြစ်လုပ်တယ်။ ပေတရု အပြစ်လုပ်တိုင်း ယေရှု ခွင့်လွှတ်ပေးတယ်။ ဥပမာ၊ ယေရှုကို မသိဘူးလို့ သုံးကြိမ် ငြင်းပြီးနောက် ပေတရု ယူကျုံးမရ ဖြစ်ခဲ့တယ်။ (မ. ၂၆:၃၄၊ ၃၅၊ ၆၉-၇၅) ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် ပေတရု တစ်ယောက်တည်း ရှိနေချိန် သွားတွေ့တယ်။ (လု. ၂၄:၃၃၊ ၃၄။ ၁ ကော. ၁၅:၃-၅) နောင်တရနေပြီ ဖြစ်တဲ့ ပေတရုကို ခွင့်လွှတ်ပေးပြီး ခွင့်လွှတ်ကြောင်း ပြောခဲ့မှာပဲ။
၁၄ နောင်တအကြောင်း၊ ခွင့်လွှတ်ခြင်းအကြောင်း ပေတရု ကိုယ်တွေ့သိထားလို့ တခြားသူတွေကို ပြန်သင်ပေးနိုင်ခဲ့တယ်။ ‘မေရှိယကို ခင်ဗျားတို့ သတ်ပစ်ကြတယ်’ ဆိုပြီး မယုံကြည်သူ ဂျူးတွေကို ပင်တေကုတ္တေပွဲအပြီး တစ်ချိန်ချိန်မှာ ပေတရု ပြောတယ်။ ဒါပေမဲ့ “ခင်ဗျားတို့ရဲ့ အပြစ်တွေကို ပယ်ဖျက်စေချင်တယ်ဆိုရင် နောင်တရကြပါ။ ဘုရားသခင်ဆီ ပြန်လှည့်လာကြပါ။ ဒါဆိုရင် ယေဟောဝါဘုရားဆီက လန်းဆန်းစေတဲ့အချိန်ကာလ ရောက်လာမယ်” ဆိုပြီး အားပေးတယ်။ (တ. ၃:၁၄၊ ၁၅၊ ၁၇၊ ၁၉) နောင်တရတယ်ဆိုတာ မှားယွင်းတဲ့ လမ်းစဉ်ကနေ ပြန်လှည့်လာပြီး ယေဟောဝါ နှစ်သက်တဲ့ လမ်းစဉ်မှာ စလျှောက်လှမ်းတာကို ဆိုလိုကြောင်း ပေတရုရဲ့ စကားတွေက ဖော်ပြတယ်။ အပြစ်တွေကို ယေဟောဝါ အကုန်အစင် ပယ်ဖျက်ပေးမယ်ဆိုတာလည်း ပေတရုရဲ့ စကားတွေက စိတ်ချစေတယ်။ ဒါ့အပြင် “ဘုရားသခင် စိတ်ရှည်ရတဲ့ အကြောင်းရင်းက ဘယ်သူ့ကိုမှ မပျက်စီးစေချင်လို့၊ လူအားလုံးကို နောင်တရစေချင်လို့ပါ” ဆိုပြီး နောက်နှစ်များစွာအကြာမှာ ပေတရု ပြောတယ်။ (၂ ပေ. ၃:၉) ကြီးလေးတဲ့အပြစ် လုပ်မိရင်တောင် ယေဟောဝါ အကြွင်းမဲ့ ခွင့်လွှတ်ပေးကြောင်း သိရတာ နှစ်သိမ့်မှု ဖြစ်စရာပါပဲ။
နောင်တရနေတဲ့ တမန်တော်ကို ယေရှု မေတ္တာပါပါ ခွင့်လွှတ်ပေးပြီး ခွင့်လွှတ်ကြောင်း ပြော (စာပိုဒ် ၁၃-၁၄ ကို ကြည့်ပါ)
15-16. (a) Mawhmaisakna tawh kisai-in sawltak Pual in koi bangin na sin a hiam? (1 Timoti 1:12-15) (b) A zom thulu-ah bang thu kikum ding i hiam?
၁၅ တာရှုမြို့သား ရှောလုလောက် နောင်တရဖို့၊ ခွင့်လွှတ်ခံရဖို့ လိုအပ်တဲ့သူ သိပ်ရှိမှာ မဟုတ်ဘူး။ ရှောလုဟာ ခရစ်တော်ရဲ့ နောက်လိုက်တွေကို ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းခဲ့တယ်။ (တ. ၇:၅၈–၈:၃) ဒီလိုလူတစ်ယောက် နောင်တရပြီး ပြောင်းလဲလာဖို့ မဖြစ်နိုင်ဘူးလို့ ခရစ်ယာန်အများစု ထင်ခဲ့ကြမှာပဲ။ ဒါပေမဲ့ ရှောလု နောင်တရပြီး ပြောင်းလဲလာနိုင်တယ်ဆိုတာ ယေရှု သိတယ်။ ရှောလုရဲ့ ကောင်းကွက်တွေကို ယေရှုကော ယေဟောဝါပါ မြင်တယ်။ ရှောလုဟာ “ငါရွေးချယ်ထားသူ” လို့ ယေရှု ပြောတယ်။ (တ. ၉:၁၅) ရှောလု နောင်တရလာစေဖို့ အံ့ဖွယ်အမှုကိုတောင် သုံးခဲ့တယ်။ (တ. ၉:၁-၉၊ ၁၇-၂၀) တကယ်ပဲ ရှောလုဟာ ခရစ်ယာန် ဖြစ်လာတယ်။ နောက်ပိုင်းမှာ တမန်တော် ပေါလုလို့ သိလာကြတယ်။ မိမိအပေါ် ယေဟောဝါနဲ့ ယေရှု မေတ္တာ၊ ကရုဏာပြတာကို ကျေးဇူးတင်ကြောင်း ပေါလု ခဏခဏ ပြောတယ်။ (၁ တိမောသေ ၁:၁၂-၁၅ ကို ဖတ်ပါ။) “ခင်ဗျားကို နောင်တရစေချင်လို့ ဘုရားသခင် ကရုဏာပြနေတာ” ဆိုပြီး ညီအစ်ကို/မတွေကို ပြောတယ်။—ရော. ၂:၄။
၁၆ ကောရိန္သုအသင်းတော်မှာ ကျော်မကောင်းကြားမကောင်း ကိစ္စတစ်ခု ရှိနေတယ်ဆိုတာ ပေါလု ကြားတော့ ဘာလုပ်သလဲ။ ဒီကိစ္စကို ပေါလု ကိုင်တွယ်ပုံကနေ ယေဟောဝါရဲ့ မေတ္တာပါ ဆုံးမမှု၊ ကရုဏာနဲ့ပတ်သက်ပြီး များစွာသိရတယ်။ ဒီအကြောင်း နောက်ဆောင်းပါးမှာ အကျယ်တဝင့် လေ့လာသွားပါမယ်။
LA 33 သင့်ရဲ့ဝန်ကို ယေဟောဝါဆီ ပုံအပ်ပါ
a ဒီလိုကိစ္စမျိုးဟာ ဖြစ်တောင့်ဖြစ်ခဲပါပဲ။ ဒီနေ့ခေတ်မှာတော့ ဖောက်ပြန်တဲ့ အိမ်ထောင်ဖက်နဲ့ ဆက်ပေါင်းသင်းဖို့ အပြစ်မဲ့ အိမ်ထောင်ဖက်ကို ယေဟောဝါ တောင်းဆိုမထားပါဘူး။ အပြစ်မဲ့ အိမ်ထောင်ဖက် ဆန္ဒရှိမယ်ဆိုရင် ကွာရှင်းနိုင်ကြောင်း သားတော်ကတစ်ဆင့် ယေဟောဝါ ရှင်းပြတယ်။—မ. ၅:၃၂။ ၁၉:၉။
b ၂၀၁၂၊ နိုဝင်ဘာ ၁၅ ကင်းမျှော်စင် စာ. ၂၁-၂၃ မှာ ပါတဲ့ “ယေဟောဝါရဲ့ တလိုတလား ခွင့်လွှတ်မှုကနေ သင်အကျိုးခံစားရ” ဆောင်းပါး၊ ပိုဒ်. ၃-၁၀ ကို ကြည့်ပါ။