Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w24 August laim. 2-6
  • Mawhnei Mite Honkhia Dingin Jehovah’ Sepsak Dan

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Mawhnei Mite Honkhia Dingin Jehovah’ Sepsak Dan
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Thuluneute
  • A Thu Kibang
  • JEHOVAH IN MAWHNEI MITE BANG LAMETNA PIA A HIAM?
  • AI SIANGTHO HUN LAI-A MI TE’N PASIAN’ MAIPHA A NGAH NADINGUN BANG SEM UH A HIAM?
  • JESUH IN MAWHNEI MITE A HOTKHIAT NADINGIN BANG NA SEM A HIAM?
  • Tatkhiatna Bang Hang Kisam
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2026
  • Tatkhiatna In Hong Theihsak Thute
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Jehovah’ Maisakna Tungah Bang Hangin Lungdam Ding I Hiam?
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Jehovah’ Itna Hanga I Ngah Thuphate
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
w24 August laim. 2-6

SIN DING THU 31

LA 12 ကြီးမြတ်သော​ဘုရား ယေဟောဝါ

Mawhnei Mite Honkhia Dingin Jehovah’ Sepsak Dan

“Pasian in leitung mite hong it mahmah ahih manin . . . a Tapa neihsun a hong piak dongin a hong itna a hong lak hi.”—JOHN 3:16.

အာရုံစိုက်​ရာ

ကျွန်တော်တို့ အပြစ်​တွန်းလှန်နိုင်ဖို့ ယေဟောဝါ ဘယ်လို ကူညီပေးသလဲ၊ အပြစ်​လက်ကနေ လွတ်ပြီး ထာဝစဉ် အသက်ရှင်​နိုင်အောင် ဘယ်လို စီစဉ်ပေးသလဲ​ဆိုတာ ဆွေးနွေး​သွားပါမယ်။

1-2. (a) Mawhna cih in bang a hiam? Mawhna pan koici suakta thei i hiam? ( Kammal hilhcianna en in.) (b) Hih thulu le a zom thulute-ah bang thu kikum ding i hiam? (Hih laibu sunga ”‏Lai Simte Ading Laikhak”‏ cih zong en in.)

သင့်ကို ယေဟောဝါ​ဘုရား ဘယ်လောက် ချစ်သလဲ။ အပြစ်နဲ့ သေခြင်းကနေ သင့်ကို ကယ်တင်ဖို့ ယေဟောဝါ လုပ်ပေးခဲ့တာ​ကို လေ့လာရင် အဖြေ သိနိုင်တယ်။ အပြစ်a ဟာ ရန်သူကြီး ဖြစ်တယ်။ လူအားလုံး နေ့တိုင်း အပြစ်​လုပ်မိကြတယ်။ အပြစ်သားတွေ ဖြစ်လို့ သေ​ကြရတယ်။ (ရော. ၅:၁၂) အပြစ်​လက်ကနေ လွတ်မြောက်အောင် သင့်​အစွမ်းအစနဲ့ သင် မလုပ်နိုင်ဘူး။ ဒါပေမဲ့ ဝမ်းသာစရာ​သတင်း ရှိပါတယ်။ အပြစ်​လက်ကနေ လွတ်မြောက်အောင် ယေဟောဝါ သေချာပေါက် လုပ်ပေးမယ်။

၂ လူတွေ အပြစ်​တွန်းလှန်နိုင်ဖို့ ယေဟောဝါ ကူညီပေးနေတာ နှစ်ပေါင်း ၆,၀၀၀ လောက် ရှိပြီ။ ဘာကြောင့် ကူညီပေးသလဲ။ လူတွေကို ချစ်လို့​ပါ။ လူတွေကို ဖန်ဆင်း​ကတည်းက ချစ်တာ။ ချစ်​လွန်းလို့​လည်း အပြစ်​တွန်းလှန်နိုင်ဖို့ အကူအညီ အများကြီး ပြင်ဆင်ပေးထားတယ်။ အပြစ်က ပေးတဲ့ အခဟာ သေခြင်း​ဆိုတာ ယေဟောဝါ သိတယ်။ ဒါပေမဲ့ လူတွေကို မ​သေ​စေချင်​ဘူး။ ထာဝစဉ် အသက်ရှင်စေ​ချင်တယ်။ (ရော. ၆:၂၃) သင့်ကိုလည်း ထာဝစဉ် အသက်ရှင်စေ​ချင်တယ်။ (၁) အပြစ်သားတွေကို ယေဟောဝါ ဘာမျှော်လင့်ချက် ပေးသလဲ။ (၂) ကျမ်းစာ​ခေတ်က လူတွေ ဘုရား​မျက်နှာသာ ရဖို့ ဘာလုပ်ခဲ့​ရသလဲ။ (၃) အပြစ်သားတွေကို ကယ်တင်ဖို့ ယေရှု ဘာလုပ်ခဲ့သလဲ။ ဒီ​မေးခွန်း​သုံးခုကို ဒီဆောင်းပါးမှာ ဆွေးနွေး​သွားပါမယ်။

JEHOVAH IN MAWHNEI MITE BANG LAMETNA PIA A HIAM?

3. Koi bang danin Adam le Eve mawhnei mi hong suak uh a hiam?

၃ ပထမ လူသား​မောင်နှံ​ကို ယေဟောဝါ ဖန်ဆင်း​ချိန်​မှာ သူတို့ကို သိပ်​ပျော်​စေချင်​ခဲ့​တာ။ ဒါကြောင့် လှပတဲ့ စံအိမ်၊ အိမ်ထောင်ရေး ဆု​လက်ဆောင်၊ စိတ်လှုပ်ရှားစရာ​ကောင်းတဲ့ တာဝန် ပေးခဲ့တယ်။ အဲဒီ​တာဝန်ကတော့ သူတို့ရဲ့ သားစဉ်မြေးဆက်​တွေ​နဲ့ ကမ္ဘာမြေကို ပြည့်စေဖို့၊ ကမ္ဘာ​တစ်ခုလုံး ဧဒင်ဥယျာဉ်​လို လှပ​လာစေဖို့ပါ။ တားမြစ်​ထားတာ​ဆို​လို့ တစ်ခုပဲ ရှိတယ်။ တားမြစ်ချက်​ကို ချိုးဖောက်​ရင် သေရမယ်​လို့ သတိပေးတယ်။ ဘာဆက်ဖြစ်သလဲ ကျွန်တော်တို့ သိကြပါတယ်။ တားမြစ်ချက်​ကို အာဒံနဲ့ ဧဝ ချိုးဖောက်ဖို့ ကောင်းကင်တမန်​ဆိုး​တစ်ပါး သွေးဆောင်တယ်။ သူတို့ကို ဒီလောက်​ချစ်တဲ့ ကောင်းကင်ဘုံစံ​ဖခင်ကို မယုံကြဘူး။ ဘုရားကို​ကော သူတို့ကိုပါ မချစ်တဲ့ ကောင်းကင်တမန်​ဆိုး​ရဲ့ သွေးဆောင်မှုနောက် ပါ​သွားပြီး အပြစ်​လုပ်ကြတယ်။ ရလဒ်အနေနဲ့ ယေဟောဝါ ပြောတဲ့​အတိုင်း ဖြစ်လာတယ်။ တစ်ဘဝလုံး သူတို့ ပင်ပန်း​ဆင်းရဲ​ရတယ်။ အို​ရ၊ သေ​ရတယ်။ အပြစ်ရဲ့ ဆိုးကျိုးတွေ​ပါပဲ။—က. ၁:၂၈၊ ၂၉။ ၂:၈၊ ၉၊ ၁၆-၁၈။ ၃:၁-၆၊ ၁၇-၁၉၊ ၂၄။ ၅:၅။

4. Bang hangin Jehovah in mawhna mudah a hiam? (Rom 8:20,21)

၄ ဝမ်းနည်းစရာ ဒီ​မှတ်တမ်းကို ကျွန်တော်တို့​အကျိုးအတွက် ကျမ်းစာမှာ ယေဟောဝါ မှတ်တမ်းတင်​စေ​တယ်။ အပြစ်ကို ယေဟောဝါ ဘာကြောင့် သိပ်​မုန်း​သလဲ​ဆိုတာ ဒီ​မှတ်တမ်းက နားလည်စေတယ်။ အပြစ်က လူတွေကို ယေဟောဝါနဲ့ ဝေးကွာ​သွားစေတယ်။ သေခြင်းကို ပေါ်ပေါက်​စေ​တယ်။ (ဟေရှာ. ၅၉:၂) ဒါကြောင့်​လည်း စာတန်က အပြစ်ကို လက်နက်​တစ်ခုလို အကြိုက်တွေ့​နေတာ။ လူတွေ အပြစ်​လုပ်မိအောင် ဒီနေ့​အချိန်အထိ သွေးဆောင်​နေတာ။ အာဒံနဲ့ ဧဝ​ကို သွေးဆောင်​နိုင်​တာ​ဟာ ယေဟောဝါရဲ့ ရည်ရွယ်ချက်ကို ဖျက်ဆီး​လိုက်​နိုင်​တာ​ပဲ​လို့ စာတန် ထင်ခဲ့ပုံရ​တယ်။ ဒါပေမဲ့ စာတန် သဘောမပေါက်​လိုက်တာက ယေဟောဝါ မေတ္တာ​ကြီးမား​တယ်​ဆိုတာပဲ။ အာဒံနဲ့ ဧဝ​ရဲ့ သားစဉ်မြေးဆက်​တွေ​အတွက် မိမိရဲ့ ရည်ရွယ်ချက်ကို ယေဟောဝါ ပြောင်းလဲ​မ​ပစ်​ဘူး။ လူတွေကို သိပ်​ချစ်​လွန်းလို့ ချက်ချင်း မျှော်လင့်ချက် ပေးတယ်။ (ရောမ ၈:၂၀၊ ၂၁ ကို ဖတ်ပါ။) အာဒံနဲ့ ဧဝ​ရဲ့ သားစဉ်မြေးဆက်​တွေ​ထဲ​မှာ မိမိကို ချစ်​မယ့်​သူ​တွေ၊ အပြစ်​တွန်းလှန်​ဖို့ မိမိ​အကူအညီ ယူ​မယ့်​သူ​တွေ ရှိတယ်ဆိုတာ ယေဟောဝါ သိတယ်။ လူတွေရဲ့ ဖခင်လည်း ဖြစ်၊ ဖန်ဆင်းရှင်​လည်း ဖြစ်လို့ လူတွေ အပြစ်က​နေ လွတ်ဖို့၊ မိမိနဲ့ ရင်းနှီး​လာဖို့ လမ်းဖွင့်ပေးတယ်။ ဘယ်လို လမ်းဖွင့်​ပေးသလဲ။

5. Bang hunin mihingte ading lametna hong om a hiam? Hilhcian in. (Piancilna 3:15)

၅ ကမ္ဘာဦး ၃:၁၅ ကို ဖတ်ပါ။ စာတန်ကို ယေဟောဝါ စီရင်ချက် ချ​လိုက်​ချိန်​မှာ လူတွေ​အတွက် မျှော်လင့်ချက်​ရောင်ခြည် သန်း​လာတယ်။ “မျိုးနွယ်” ပေါ်ထွန်း​လာမယ်​ဆိုတဲ့ မျှော်လင့်ချက်​ပါ။ အဲဒီ​မျိုးနွယ်​က လူတွေကို ကယ်တင်မယ်၊ စာတန့်​ခေါင်းကို ကြိတ်မယ်၊ ဧဒင်မှာ စာတန် ပေါ်ပေါက်​စေ​ခဲ့​တဲ့ ပြဿနာတွေကို ချေဖျက်​မယ်။ (၁ ယော. ၃:၈) ဒါပေမဲ့ အရင်ဆုံး၊ မျိုးနွယ်ရဲ့ ဖနောင့်ကို စာတန် ပေါက်မယ်။ တစ်နည်းအားဖြင့် မျိုးနွယ် အသတ်ခံရမယ်။ ယေဟောဝါ​အတွက်တော့ အကြီးအကျယ် စိတ်ထိခိုက်စရာ​ပါပဲ။ စိတ်ထိခိုက်​ရပေမဲ့ မျိုးနွယ်ကို အသေခံ​စေ​ခဲ့တယ်။ လူတွေကို အပြစ်နဲ့ သေခြင်းကနေ ကယ်တင်​နိုင်ဖို့​ပါ။

AI SIANGTHO HUN LAI-A MI TE’N PASIAN’ MAIPHA A NGAH NADINGUN BANG SEM UH A HIAM?

6. Abel, Noah le adang a citak mi te’n Jehovah tawh a kinaih nadingun bang na sem uh a hiam?

၆ အပြစ်သားတွေ မိမိနဲ့ ရင်းနှီး​လာနိုင်​ပုံ​ကို ရာစုနှစ်တွေ​တစ်လျှောက် ယေဟောဝါ ပိုပြီး ရှင်းလင်း​လာ​စေ​တယ်။ ဧဒင်မှာ ပုန်ကန်မှု ဖြစ်ပြီးနောက် ယေဟောဝါကို ဦးဆုံး ယုံကြည်ခြင်း တင်ပြ​သူကတော့ အာဒံနဲ့ ဧဝ​ရဲ့ ဒုတိယမြောက်​သား အာဗေလ​ပါ။ သိုးထိန်း အာဗေလဟာ ယေဟောဝါကို ချစ်လို့၊ ဘုရား​မျက်နှာသာ ရချင်လို့၊ ဘုရားနဲ့ ရင်းနှီး​ချင်လို့ ပူဇော်သက္ကာ ဆက်သ​တယ်။ သိုးအုပ်​ထဲက သားဦး​တချို့ကို သတ်ပြီး ပူဇော်တယ်။ ယေဟောဝါ ဘယ်လို သဘောထား​သလဲ။ “အာဗေလ​နဲ့ သူ ပူဇော်​တဲ့ အလှူ​ကို နှစ်သက်” တယ်။ (က. ၄:၄) နောက်ပိုင်းမှာ​လည်း မိမိကို ချစ်ပြီး ယုံကြည်​သက်ဝင်​တဲ့ နောဧ​တို့​လို သစ္စာရှိသူတွေရဲ့ ပူဇော်သက္ကာတွေ​ကို ယေဟောဝါ နှစ်သက်​လက်ခံတယ်။ (က. ၈:၂၀၊ ၂၁) ဒီလို​ပူဇော်သက္ကာတွေ​ကို လက်ခံတာဟာ အပြစ်သားတွေ မိမိ​မျက်နှာသာ ရနိုင်​ကြောင်း၊ မိမိနဲ့ ရင်းနှီး​နိုင်​ကြောင်း ပြ​လိုက်တာပါပဲ။b

7. Abraham in lungdam taka a tapa Isaac a piakkhiat ngamna pan bang theikhia i hiam?

၇ ခက်ခဲတဲ့ ကိစ္စ​တစ်ခု လုပ်ဖို့ ခိုင်ခံ့တဲ့ ယုံကြည်ခြင်း ရှိသူ အာဗြဟံ​ကို ယေဟောဝါ တောင်းဆိုတယ်။ သား​အိဇက်​ကို ပူဇော်​ဖို့​ပါ။ ဒါဟာ အာဗြဟံ​အတွက် စိတ်​အ​ထိခိုက်​ရ​ဆုံး တောင်းဆိုချက် ဖြစ်ခဲ့​မှာ​ပဲ။ ဘာပဲဖြစ်ဖြစ် တောင်းဆိုတဲ့​အတိုင်း လုပ်ဖို့ အာဗြဟံ အဆင်သင့်​ရှိခဲ့တယ်။ ဒါပေမဲ့ သားဖြစ်သူကို သတ်​ခါနီးဆဲဆဲ​မှာ ယေဟောဝါ တား​လိုက်တယ်။ ဒီမှတ်တမ်းကနေ ဘာသိရသလဲ။ အနာဂတ်မှာ ယေဟောဝါ လုပ်မယ့်​အရာကို သိရတယ်။ လူတွေကို ချစ်​လွန်းလို့ မိမိ​အချစ်ဆုံးသားကို ပူဇော်သက္ကာ​အဖြစ် ယေဟောဝါ လိုလိုလားလား ပေးမယ်။—က. ၂၂:၁-၁၈။

8. Thukham ngetna-a ganhing biakpiaknate in bang pen lakkhia a hiam? (Siampi Laibu 4:27-29; 17:11)

၈ ရာစုနှစ်များ​စွာ ကြာပြီးနောက် အစ္စရေးလူမျိုးကို ယေဟောဝါ ပညတ်​ပေး​ချိန်​မှာ အပြစ်ဖြေဖို့ တိရစ္ဆာန်​ပူဇော်သက္ကာ ဆက်သခြင်း​အကြောင်း ပါတယ်။ (ဝတ်ပြုရာ ၄:၂၇-၂၉။ ၁၇:၁၁ ကို ဖတ်ပါ။) လူတွေရဲ့ အပြစ်ကို အကုန်အစင် ဖယ်ရှား​ပေးမယ့် ပိုကောင်းတဲ့ ပူဇော်သက္ကာကို ယေဟောဝါ ပြင်ဆင်​ပေးမယ်​ဆိုတာ တိရစ္ဆာန်​ပူဇော်သက္ကာတွေ​က ဖော်ပြနေတယ်။ ပိုကောင်းတဲ့ ပူဇော်သက္ကာ ဖြစ်တဲ့ ကတိထားရာ​မျိုးနွယ်ဟာ ဒုက္ခ​ခံရမယ်၊ ပူဇော်ရာ သိုး​တစ်ကောင်​လို အသတ်ခံရမယ်လို့ ပရောဖက်တွေ ကြိုဟော​ထားကြတယ်။ (ဟေရှာ. ၅၃:၁-၁၂) သင် အပါအဝင် လူအားလုံးကို အပြစ်နဲ့ သေခြင်းကနေ ကယ်တင်ဖို့ ပိုကောင်းတဲ့ ပူဇော်သက္ကာ​အဖြစ် ဘယ်သူ့ကို ယေဟောဝါ ပေးသလဲ။ မိမိရဲ့ အချစ်ဆုံးသားကို ပေးတာ။ ဘယ်လောက် ကျေးဇူးတင်​စ​ရာ​ကောင်းလိုက်သလဲ။

JESUH IN MAWHNEI MITE A HOTKHIAT NADINGIN BANG NA SEM A HIAM?

9. Tuiphumpa Johan in Jesuh tawh kisai-in bang gen a hiam? (Hebru 9:22; 10:1-4, 12)

၉ အေဒီ ၂၉ မှာ နာဇရက်​မြို့သား ယေရှုကို နှစ်ခြင်းပေးသူ ယောဟန် တွေ့တော့ “ကြည့်ပါ၊ ဒီ​လောကရဲ့ အပြစ်ကို ဖယ်ရှား​ပေးမယ့် ဘုရားသခင်ရဲ့ သိုးသငယ်ဟာ သူပဲ” လို့ ပြောတယ်။ (ယော. ၁:၂၉) ယေရှုဟာ ကတိထားရာ​မျိုးနွယ် ဖြစ်ကြောင်း၊ မိမိ​အသက်ကို ပူဇော်သက္ကာ​အဖြစ် ဆက်သ​မယ့်​သူ ဖြစ်ကြောင်း ယောဟန်ရဲ့ စကားတွေက သိစေတယ်။ အပြစ်ကို အပြီးသတ် အနိုင်ယူ​မယ့် မျိုးနွယ် ပေါ်​လာပါပြီ။ မျှော်လင့်ချက်​အလင်းရောင် ထင်ရှား​ပီပြင်​လာပါပြီ။—ဟီဘရူး ၉:၂၂။ ၁၀:၁-၄၊ ၁၂ ကို ဖတ်ပါ။

10. ’Mawhneite a sam dinga,’ hong pai ahihlam Jesuh in koi bangin lakkhia a hiam?

၁၀ လူ့ပြဿနာ​တွေ​ရဲ့ ရင်းမြစ်​ဟာ အပြစ်ဆိုတာ ယေရှု သိတယ်။ ဒါကြောင့် အပြစ်​များတယ်လို့ ခံစားရသူတွေ​ကို ယေရှု အထူးတလည် အာရုံစိုက်ပြီး ကူညီပေးတယ်။ မိမိနောက်​လိုက် ဖြစ်လာဖို့ ဖိတ်ခေါ်တယ်။ “ကျန်းမာသူတွေအတွက် သမားတော် မလိုဘူး။ ဖျားနာသူတွေအတွက်ပဲ လိုတာ” လို့ ဥပမာ​ပေးပြီး ရှင်းပြတယ်။ “ကျွန်တော် လာတာက ဖြောင့်မတ်သူတွေကို ခေါ်ဖို့ မဟုတ်ဘူး။ အပြစ်သားတွေကို ခေါ်ဖို့​ပဲ” လို့ ဆက်ပြောတယ်။ (မ. ၉:၁၂၊ ၁၃) ယေရှု အပြောနဲ့ အလုပ် ညီတယ်။ အပြစ်​များ​သူ​အဖြစ် သိထားကြ​တဲ့ အမျိုးသမီးတစ်ယောက် ယေရှုရဲ့​ခြေရင်းနား​မှာ တရှုံ့ရှုံ့ ငို​နေတယ်။ အဲဒီ​အမျိုးသမီးကို ယေရှု ကြင်ကြင်နာနာ စကားပြောတယ်။ အပြစ်​ခွင့်​လွှတ်ပေးလိုက်တယ်။ (လု. ၇:၃၇-၅၀) ရေတွင်းမှာ တွေ့တဲ့ ရှမာရိ​အမျိုးသမီးဟာ အိမ်ထောင်ဖက် မဟုတ်​သူနဲ့ အတူ​နေမှန်း ယေရှု သိပေမဲ့ အရေးကြီး​အမှန်တရားကို သင်ပေးတယ်။ (ယော. ၄:၇၊ ၁၇-၁၉၊ ၂၅၊ ၂၆) သေခြင်းဟာ အပြစ်ရဲ့ အဆိုးဆုံး ရလဒ် ဖြစ်တယ်။ ဒါပေမဲ့ သေခြင်းကိုတောင် အနိုင်ယူ​နိုင်​တဲ့ တန်ခိုး ယေရှုကို ယေဟောဝါ ပေးတယ်။ သေခြင်းကို ယေရှု ဘယ်လို အနိုင်ယူ​ခဲ့​သလဲ။ ယောကျ်ား၊ မိန်းမ၊ ကလေးတွေကို အသက်ပြန်ရှင်​စေ​ခြင်း​အားဖြင့်​ပါ။—မ. ၁၁:၅။

11. Mawhna tampi a nei te’n bang hangin Jesuh maingap uh a hiam?

၁၁ အပြစ်​တရား​မှာ ကျင်လည်​နေ​သူ​တွေ ယေရှုနား လာဖို့ မဝံ့မရဲ မဖြစ်ကြဘူး။ ယေရှုကို ရှိန်မနေကြဘူး။ (လု. ၁၅:၁၊ ၂) ဘာကြောင့်လဲ။ သူတို့ကို ယေရှု သနားစာနာတယ်။ ကြင်ကြင်နာနာ ဆက်ဆံ​တယ်။ သူတို့ ယုံကြည်ခြင်း ရှိတာကို ချီးမွမ်းတယ်။ (လု. ၁၉:၁-၁၀) အပြစ်သားတွေ ဘဝ​လမ်းစဉ် ပြောင်းလဲ​ချင်လာ​အောင်၊ မိမိနောက်​လိုက် ဖြစ်ချင်​လာအောင် ကူညီပေးတယ်။ (လု. ၅:၂၇၊ ၂၈) ယေရှုကို မြင်တာဟာ ကရုဏာ ကြီးမားတဲ့ ယေဟောဝါကို မြင်နေရ​သလို​ပါပဲ။ (ယော. ၁၄:၉) လူတွေကို ကရုဏာရှင်​အဖ ချစ်တယ်၊ အပြစ်​တွန်းလှန်နိုင်ဖို့ ကူညီပေးချင်တယ်ဆိုတာ ယေရှုရဲ့ အပြောအဆို၊ အပြုအမူတွေက​နေ သိနိုင်ပါတယ်။

12. Jesuh in a nunzuite kiangah ama sih ding thu tawh kisai-in bang genkhol a hiam?

၁၂ မိမိ ဘာတွေ ကြုံရမယ်ဆိုတာ ယေရှု သိတယ်။ သစ္စာဖောက်​ခံရမယ်၊ သစ်တိုင်ပေါ် တင်ပြီး အသတ်ခံရမယ် ဆိုတဲ့​အကြောင်း တပည့်တွေကို တစ်ကြိမ်​ထက်မက ပြောပြ​ထားတယ်။ (မ. ၁၇:၂၂။ ၂၀:၁၈၊ ၁၉) နှစ်ခြင်းပေးသူ ယောဟန် ပြောခဲ့သလို၊ ပရောဖက်တွေ ကြိုဟော​ခဲ့​သလို မိမိရဲ့ သေခြင်းက ဒီ​လောကရဲ့ အပြစ်ကို ဖယ်ရှား​ပေးမယ်​ဆိုတာ ယေရှု သိတယ်။ မိမိ ရှင်ပြန်ထမြောက်ပြီးနောက် “လူအမျိုးမျိုးကို . . . ဆွဲဆောင်​မယ်” လို့လည်း တပည့်တွေကို ပြောပြ​ထားတယ်။ (ယော. ၁၂:၃၂) ယေရှုကို သခင်​အဖြစ် လက်ခံမယ်၊ ယေရှု​ခြေရာ​အတိုင်း လိုက်မယ်​ဆိုရင် အပြစ်သားတွေ ယေဟောဝါရဲ့ မျက်နှာသာ ရကြမယ်။ နောက်ဆုံးမှာ “အပြစ်ရဲ့​လက်ကနေ လွတ်မြောက်” ကြ​မယ်။ (ရော. ၆:၁၄၊ ၁၈၊ ၂၂။ ယော. ၈:၃၂) မိမိရဲ့ သေခြင်း​ကြောင့် ရလာမယ့် ဒီ​အကျိုးကျေးဇူးတွေကို ယေရှု သိလို့ အသေခံဖို့ လိုလိုလားလား ရှိခဲ့တာ။—ယော. ၁၀:၁၇၊ ၁၈။

13. Jesuh in sihna koi bangin na thuak a hiam? Jesuh’ sihna in Jehovah thu bang hong theisak a hiam? (Lim zong en in.)

၁၃ ယေရှုကို မိတ်ဆွေရင်း​တစ်ယောက် သစ္စာဖောက်​တယ်။ ရန်သူတွေ ဖမ်းဆီး​တယ်။ စော်ကား​တယ်။ မဟုတ်မမှန် စွပ်စွဲတယ်။ သေဒဏ်​ခံထိုက်တယ်လို့ စီရင်ချက်ချ​ပြီး နှိပ်စက်​ကြတယ်။ နောက်ဆုံးမှာ စစ်သည်​တွေ​က သစ်တိုင်တင်​ပြီး သတ်​လိုက်ကြတယ်။ ဒီအခက်အခဲတွေကို ယေရှု သစ္စာရှိရှိ ခံ​ရပ်နေချိန်​မှာ ယေရှု​ထက် ပိုပြီး နာကျင်​ရသူ​တစ်ယောက် ရှိတယ်။ ယေဟောဝါ​ဘုရား​ပါ။ ယေဟောဝါဟာ သားတော်ကို သိပ်ချစ်တယ်။ သားတော် ဝေဒနာ မခံစားရအောင် လုပ်ပေးနိုင်​တဲ့ အစွမ်းတန်ခိုး ရှိတယ်။ ဒါပေမဲ့ သားတော် ဝေဒနာ ခံစားပြီး သေဆုံးဖို့ ဘာကြောင့် ခွင့်ပြု​သလဲ။ ကျွန်တော်တို့ကို ချစ်လို့​ပါ။ “ဘုရားသခင်က လူ့​လောကကို အလွန်​ချစ်တယ်။ ဒါကြောင့် မိမိရဲ့ သားကို ယုံကြည်သက်ဝင်သူတိုင်း ဖျက်ဆီးမခံရဘဲ ထာဝရ​အသက် ရနိုင်ဖို့ အဲဒီ​တစ်ဦးတည်းသော သားကိုတောင် ပေးအပ်​ခဲ့တယ်” လို့ ယေရှု ပြောတယ်။—ယော. ၃:၁၆။

ရုပ်ပုံ– ၁။ စစ်သည်​တွေ ဆူးခက်​သရဖူ လုပ်ပြီး ယေရှုကို ဆောင်း​ပေး​ထား။ ၂။ လက်ကို တိုင်​မှာ ချည်​ထားပြီး ကျာပွတ်နဲ့ ရိုက်နှက်​နေ။ ၃။ လူ​မြင်ကွင်း​မှာ သစ်တိုင် ထမ်း​သွား​ခိုင်း။ ၄။ ရာဇဝတ်သား​နှစ်ယောက်​အလယ်မှာ ယေရှု သစ်တိုင်တင်​ခံရ။ လူတွေ ပုတ်ခတ်​ပြောဆို​နေ။

လူတွေကို အပြစ်နဲ့ သေခြင်းကနေ ကယ်တင်​နိုင်အောင် သားတော် သေဆုံးဖို့ ခွင့်ပြု​လိုက်​ရချိန်မှာ ယေဟောဝါ ရင်ကွဲမတတ် ခံစားခဲ့​ရ (စာပိုဒ် ၁၃ ကို ကြည့်ပါ)


14. Jesuh kipiakkhiatna in bang pen hilh a hiam?

၁၄ ယေရှုရဲ့ ပူဇော်သက္ကာ​ဟာ အာဒံနဲ့ ဧဝ​ရဲ့ သားစဉ်မြေးဆက်​တွေ​ကို ယေဟောဝါ ဘယ်လောက် ချစ်တယ်​ဆိုတဲ့ အကြီးမားဆုံး သက်သေပါပဲ။ သင့်ကို ယေဟောဝါ သိပ်ချစ်တယ်ဆိုတာ​ကိုလည်း အခိုင်အမာ သက်သေထူတယ်။ စိတ်​ကြေကွဲ​ခံပြီး​တော့ သင့်ကို အပြစ်နဲ့ သေခြင်းကနေ ကယ်တင်​ထားတာ။ (၁ ယော. ၄:၉၊ ၁၀) အပြစ်ကို တွန်းလှန်​ပြီး အနိုင်ယူဖို့ ကျွန်တော်တို့​တစ်ယောက်ချင်းစီ​ကို ကူညီပေးချင်​တာ ထင်ရှားပါတယ်။

15. Tatkhiatna letsong pan hamphatna ngah nadingin bang sep ding kisam a hiam?

၁၅ တစ်ဦးတည်းသော သားတော်ရဲ့ ရွေးဖိုး​ပူဇော်သက္ကာ​ဟာ ဘုရားဆီ​က လက်ဆောင်ပါ​ပဲ။ ဒီ​လက်ဆောင်​ကြောင့်​သာ ကျွန်တော်တို့ အပြစ်တွေ ခွင့်လွှတ်ခံရ​နိုင်​တာ။ ဒါပေမဲ့ ခွင့်လွှတ်ခံရဖို့ ဘာလုပ်ရမလဲ။ “နောင်တရကြပါ။ ကောင်းကင်​နိုင်ငံ နီးနေပြီ” လို့ နှစ်ခြင်းပေးသူ ယောဟန်​ကော ယေရှုခရစ်ပါ ပြောတယ်။ (မ. ၃:၁၊ ၂။ ၄:၁၇) ဒါကြောင့် အပြစ်ကို တွန်းလှန်​ပြီး အဖ​ဘုရားနဲ့ ရင်းနှီး​ဖို့​ဆိုရင် နောင်တရဖို့ အရေးကြီးတယ်။ နောင်တရတယ်ဆိုတာ ဘာလဲ။ နောင်တရတာ​က အပြစ်သား ဖြစ်​နေစဉ်​မှာ​တောင် ယေဟောဝါရဲ့ မျက်နှာသာ ရဖို့ ဘယ်လို ကူညီပေးသလဲ။ နောက်ဆောင်းပါးမှာ ဆွေးနွေး​သွားပါမယ်။

NANGH BANGCI DAWNG DING?

  • Mawhnei mite adingin Jehovah in bang lametna pia a hiam?

  • Thukham ngetna-a ganhing biakpiaknate in bang pen lakkhia a hiam?

  • Mawhnei mite a hotkhiat nadingin Jesuh in bang na sem a hiam?

LA 18 Tatkhiatna Hangin Lungdam Ung

a စကားလုံး ရှင်းလင်းချက်။ ကျမ်းစာမှာ “အပြစ်” လို့ ပြောတဲ့အခါ (၁) လုပ်ပါ​လို့ ဘုရား ပြော​ထားတာ​တွေ​ကို မလုပ်တဲ့​အပြစ်၊ မလုပ်ပါနဲ့​လို့ တားမြစ်​ထားတာ​တွေ​ကို လုပ်တဲ့​အပြစ်ကို ဆိုလိုတယ်။ (၂) အာဒံဆီက အမွေ​ရထားတဲ့ အပြစ်ကို ဆိုလိုတယ်။ အဲဒီ​အမွေ​ရထားတဲ့ အပြစ်ကြောင့် ကျွန်တော်တို့​အားလုံး သေရတာ။

b အပြစ်နဲ့ သေခြင်းကနေ ထာဝစဉ် လွတ်မြောက်​စေ​မယ့် ပူဇော်သက္ကာကို ယေရှုခရစ် ပေးမယ်​ဆိုတာ ယေဟောဝါ သိထားလို့ ခရစ်ယာန်ခေတ် မတိုင်ခင်​က သစ္စာရှိသူတွေ ဆက်သ​တဲ့ ပူဇော်သက္ကာတွေ​ကို လက်ခံခဲ့​တာ ဖြစ်တယ်။—ရော. ၃:၂၅။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ