SIN DING THU 51
Hong Lungkiasak Ngei Lo Ding Lametna
“Lametna in eite hong lungkiasak ngei lo hi.”—ROM. 5:5.
LA 142 မျှော်လင့်ချက်ကို ကိုင်စွဲထားခြင်း
အကြိုသုံးသပ်ချက်a
1. Abraham in kamciam hong tangtun ding bang hangin lamen tawntung a hiam?
မိတ်ဆွေ အာဗြဟံရဲ့ မျိုးနွယ်ကြောင့် ကမ္ဘာပေါ်မှာ ရှိတဲ့ လူမျိုးအားလုံး ကောင်းချီး ရမယ်လို့ ယေဟောဝါဘုရား ကတိပေးတယ်။ (က. ၁၅:၅။ ၂၂:၁၈) ဘုရားကို ယုံလို့ ကတိ ပြည့်စုံလာမယ်ဆိုတာ အာဗြဟံ စိတ်ချတယ်။ အာဗြဟံ အသက် ၁၀၀၊ စာရာ အသက် ၉၀ ရှိတဲ့အချိန်ထိ သား မမွေးသေးဘူး။ (က. ၂၁:၁-၇) ဒါပေမဲ့ “ကတိတော်ကို [အာဗြဟံ] ယုံကြည်ပြီး လူမျိုးများစွာရဲ့ ဖခင် ဖြစ်လာဖို့ မျှော်လင့်ခဲ့တယ်။” (ရော. ၄:၁၈) မျှော်လင့်တဲ့အတိုင်း ဖြစ်လာတယ်။ အချိန်အတော်ကြာ မျှော်လင့်ခဲ့ရတဲ့ သားအိဇက် မွေးလာတယ်။ ယေဟောဝါ ကတိ ပြည့်စုံစေမယ်ဆိုတာ အာဗြဟံ ဘာကြောင့် စိတ်ချသလဲ။
2. Abraham in Jehovah’ kamciam hong tangtung ding ahihlam bang hangin muang a hiam?
၂ ယေဟောဝါအကြောင်း ကောင်းကောင်း သိလို့ “ကတိပေးထားတဲ့အတိုင်း” ဖြစ်လာမယ်ဆိုတာ အာဗြဟံ “အကြွင်းမဲ့ ယုံကြည်စိတ်ချ” တာ။ (ရော. ၄:၂၁) အာဗြဟံ ယုံကြည်ခြင်း ရှိလို့ ယေဟောဝါ နှစ်သက်တယ်။ ဖြောင့်မတ်သူလို့ သတ်မှတ်တယ်။ (ယာ. ၂:၂၃) ရောမ ၄:၁၈ မှာ ဖော်ပြတဲ့အတိုင်း အာဗြဟံရဲ့ ယုံကြည်ခြင်းနဲ့ မျှော်လင့်ချက် ဆက်စပ်နေတယ်။ မျှော်လင့်ချက်နဲ့ပတ်သက်ပြီး ရောမ အခန်းကြီး ၅ မှာ တမန်တော် ပေါလု ဘာပြောသလဲ ကြည့်ရအောင်။
3. Paul in lametna thu bang hilhcian a hiam?
၃ “မျှော်လင့်ချက်ကြောင့် စိတ်ပျက်ရမှာ မဟုတ်ဘူး” ဆိုတာ ဘာကြောင့် စိတ်ချနိုင်ကြောင်း ပေါလု ရှင်းပြတယ်။ (ရော. ၅:၅) မျှော်လင့်ချက် ဘယ်လို ပိုခိုင်မာလာနိုင်ကြောင်းလည်း ရှင်းပြတယ်။ ရောမ ၅:၁-၅ ကို ဆွေးနွေးတဲ့အခါ နှစ်တွေတစ်လျှောက် သင့်မျှော်လင့်ချက် ဘယ်လို ခိုင်မာလာသလဲ၊ အခုထက် ပိုခိုင်မာအောင် ဘယ်လို လုပ်နိုင်သလဲ စဉ်းစားကြည့်ပါ။ အရင်ဆုံး၊ ပေါလု ပြောတဲ့ စိတ်ပျက်ရမှာ မဟုတ်တဲ့ မျှော်လင့်ချက်အကြောင်း ဆွေးနွေးကြမယ်။
A HOIH MAHMAH LAMETNA
4. Rom 5:1, 2 ah bang thu na gen a hiam?
၄ ရောမ ၅:၁၊ ၂ ကို ဖတ်ပါ။ ဒီစကားတွေကို ရောမ အသင်းတော်ဆီ ပေါလု ရေးတာ။ အဲဒီက ညီအစ်ကို/မတွေဟာ ယေဟောဝါ၊ ယေရှုအကြောင်း သိလာကြတယ်။ ယုံလာကြတယ်။ ခရစ်ယာန် ဖြစ်လာကြတယ်။ “ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရ” တယ်။ သန့်ရှင်းသော စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရတယ်။ တောက်ပတဲ့၊ စိတ်ချလို့ ရတဲ့ မျှော်လင့်ချက် ရှိလာကြတယ်။
5. Sathau nilhte in bang lametna nei uh a hiam?
၅ ခေါ်တော်မူခြင်းနဲ့ဆိုင်တဲ့ မျှော်လင့်ချက်အကြောင်း ဧဖက် အသင်းတော်က ဘိသိက်ခံ ခရစ်ယာန်တွေဆီ နောက်ပိုင်းမှာ ပေါလု စာရေးတယ်။ အဲဒီမျှော်လင့်ချက်မှာ ‘သန့်ရှင်းသူတွေ ရမယ့် အမွေ’ ပါတယ်။ (ဧ. ၁:၁၈) ဘယ်မှာ အမွေ ရမယ်ဆိုတာ ကောလောသဲ အသင်းတော်ဆီ ရေးတဲ့ စာကနေ သိရတယ်။ “ကောင်းကင်ဆုကျေးဇူး” လို့ ခေါ်ထားတယ်။ (ကော. ၁:၄၊ ၅) ဒါကြောင့် ဘိသိက်ခံ ခရစ်ယာန်တွေရဲ့ မျှော်လင့်ချက်ဟာ ခရစ်တော်နဲ့အတူ နန်းထိုင်မယ့် ကောင်းကင်ကို ထမြောက်ဖို့၊ ထာဝရ အသက် ရဖို့ပါပဲ။—၁ သက်. ၄:၁၃-၁၇။ ဗျာ. ၂၀:၆။
မျှော်လင့်တဲ့အတိုင်း တကယ် ဖြစ်လာမယ်ဆိုတာ ဘိသိက်ခံ ခရစ်ယာန်တွေ စိတ်ချကြောင်း ညီအစ်ကို ဖရက်ဒရစ် ဖရန့် ယုံကြည်စိတ်ချမှု အပြည့်နဲ့ ပြော (စာပိုဒ် ၆ ကို ကြည့်ပါ)
6. Lametna tawh kisai-in sathau nilh unaupa khat in bang gen a hiam?
၆ မျှော်လင့်ချက်ကို ဘိသိက်ခံ ခရစ်ယာန်တွေ တန်ဖိုးထားကြတယ်။ “ကျွန်ုပ်တို့၏ မျှော်လင့်ချက်သည် သေချာသောအရာတစ်ခု ဖြစ်၍ ကျွန်ုပ်တို့ စိတ်ကူးနိုင်သည်ထက် ကျော်လွန်၍ သိုးစုငယ်မှ ၁၄၄,၀၀၀ အဝင် တစ်ယောက်မကျန်အပေါ် အပြည့်အဝ ပြည့်စုံလိမ့်မည်” လို့ ဘိသိက်ခံ ညီအစ်ကို ဖရက်ဒရစ် ဖရန့် ပြောတယ်။ နှစ်ပေါင်းများစွာ သစ္စာရှိရှိ ဘုရားအမှု ဆောင်ပြီးနောက် ၁၉၉၁ ခုနှစ်မှာ ဒီလိုပြောတယ်– “ထိုမျှော်လင့်ချက်ကို တန်ဖိုးထားခြင်း မပျောက်ဆုံးခဲ့ပါ။ . . . ကျွန်ုပ်တို့ ပို၍ စောင့်ဆိုင်းရလေလေ ယင်းကို ပို၍ လေးမြတ်လေလေ ဖြစ်သည်။ နှစ်ပေါင်းတစ်သန်းပင် စောင့်ဆိုင်းရပါစေ စောင့်ဆိုင်းရကျိုးနပ်သည်။ ကျွန်ုပ်သည် ကျွန်ုပ်တို့၏ မျှော်လင့်ချက်ကို ယခင်ကထက် ပို၍ တန်ဖိုးထား[သည်]။”
7-8. Jehovah a bia mi a tamzaw in bang lametna nei uh a hiam? (Rom 8:20, 21)
၇ ဒီနေ့ခေတ် ဘုရားကျေးကျွန် အများစုမှာတော့ မျှော်လင့်ချက် နောက်တစ်မျိုး ရှိတယ်။ အာဗြဟံ မျှော်လင့် သလို ဘုရားနိုင်ငံတော် အုပ်ချုပ်မှုအောက် မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ဖို့ပါ။ (ဟီ. ၁၁:၈-၁၀၊ ၁၃) ဒီတောက်ပတဲ့ မျှော်လင့်ချက်အကြောင်း ပေါလု ဖော်ပြတယ်။ (ရောမ ၈:၂၀၊ ၂၁ ကို ဖတ်ပါ။) အနာဂတ် ကျမ်းစာကတိအကြောင်း ဦးဆုံး သိလိုက်ရချိန်မှာ ဘာကို အမျှော်လင့်မိဆုံးလဲ။ အပြစ်သား မဟုတ်တော့ဘဲ စုံလင်သူ ဖြစ်လာမှာကိုလား။ သေသွားတဲ့ ချစ်ရသူတွေ ပရဒိသု ကမ္ဘာမြေမှာ အသက်ပြန်ရှင်လာမှာကိုလား။ ဘုရားပေး “မျှော်လင့်ချက်” ကြောင့် ကျွန်တော်တို့ စောင့်စားစရာတွေမှ အများကြီးပဲ။
၈ ကောင်းကင်မှာဖြစ်ဖြစ်၊ မြေကြီးမှာဖြစ်ဖြစ် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်နိုင်တာ ဝမ်းမြောက်စရာပါပဲ။ ဝမ်းမြောက်စရာ ဒီမျှော်လင့်ချက် ခိုင်မာသည်ထက် ခိုင်မာလာနိုင်တယ်။ ဘယ်လို ခိုင်မာလာနိုင်သလဲ ပေါလု ဆက်ရှင်းပြတာကို သုံးသပ်ကြရအောင်။ မျှော်လင့်ချက် ခိုင်မာသည်ထက် ခိုင်မာလာမယ်၊ စိတ်ပျက်ရမှာ မဟုတ်ဘူးဆိုတာ ပေါလုရဲ့ စကားတွေက စိတ်ချစေတယ်။
LAMETNA HONG KIP SEMSEM
ဆင်းရဲဒုက္ခ တစ်မျိုးမဟုတ် တစ်မျိုး ကြုံနိုင်ကြောင်း ခရစ်ယာန်ယောက်တိုင်း ကြိုတွက်ထားကြ (စာပိုဒ် ၉-၁၀ ကို ကြည့်ပါ)
9-10. Paul’ tuahkhak mah bangin Khristian te’n zong bang lamen thei uh a hiam? (Rom 5:3) (Lim zong en in.)
၉ ရောမ ၅:၃ ကို ဖတ်ပါ။ မျှော်လင့်ချက် ပိုခိုင်မာစေတဲ့အရာထဲမှာ ဆင်းရဲဒုက္ခ ပါတယ်။ ဒီလိုပြောလို့ ကြောင်သွားနိုင်ပေမဲ့ ဆင်းရဲဒုက္ခ ကြုံရမှာကို ခရစ်တော် နောက်လိုက်အားလုံး မျှော်လင့်ထားနိုင်တယ်။ ပေါလုအကြောင်း စဉ်းစားကြည့်ပါ။ “ဆင်းရဲဒုက္ခ ကြုံရမယ့်အကြောင်း ခင်ဗျားတို့နဲ့အတူ ရှိတုန်းက ကျွန်တော်တို့ ကြိုတင် ပြောခဲ့တယ်။ အခု အဲဒီအတိုင်း ဖြစ်ပျက်လာတာ ခင်ဗျားတို့ အသိပဲ” လို့ သက်သာလောနိတ် အသင်းတော်ကို ပြောတယ်။ (၁ သက်. ၃:၄) ဒါ့အပြင် “ကျွန်တော်တို့ ကြုံခဲ့ရတဲ့ ဆင်းရဲဒုက္ခအကြောင်း ခင်ဗျားတို့ကို မသိဘဲ မနေစေချင်ဘူး။ . . . အသက်ရှင်ဖို့ မျှော်လင့်ချက်တောင် မရှိသလောက်ပဲ” လို့ ကောရိန္သု အသင်းတော်ကို ပြောတယ်။—၂ ကော. ၁:၈။ ၁၁:၂၃-၂၇။
၁၀ ဒီနေ့ခေတ် ခရစ်ယာန်တွေလည်း ဆင်းရဲဒုက္ခ တစ်မျိုးမဟုတ် တစ်မျိုး ကြုံရမှာကို မျှော်လင့်ထားနိုင်တယ်။ (၂ တိ. ၃:၁၂) ယေရှုကို ယုံလို့၊ ယေရှုနောက် လိုက်လို့ သင် ဒုက္ခတွေ ကြုံရသလား။ မိတ်ဆွေ၊ ဆွေမျိုးတွေ မေးငေါ့တာ၊ ရန်လုပ်တာ ခံရသလား။ အရာရာမှာ ရိုးရိုးသားသား ကျင့်ကြံပြုမူလို့ အလုပ်မှာ အခက်တွေ့သလား။ (ဟီ. ၁၃:၁၈) မျှော်လင့်ချက်အကြောင်း တခြားသူတွေကို ပြောပြလို့ အစိုးရရဲ့ ဆန့်ကျင်မှု ကြုံရသလား။ ဘာဒုက္ခပဲ ကြုံကြုံ ရွှင်လန်းနေသင့်တယ်လို့ ပေါလု ပြောတယ်။ ဘာကြောင့်လဲ။
11. Haksatna bangbang i tuak zongin thuakzawhna neih nadingin bang hangin khensat kholh ding kisam a hiam?
၁၁ ဒုက္ခ ကြုံချိန်မှာ အမြတ်ရတာ ရှိလို့ ရွှင်လန်းနိုင်တယ်။ “ဆင်းရဲဒုက္ခဟာ ခံနိုင်ရည်ကို ဖြစ်ပေါ်စေတယ်” လို့ ရောမ ၅:၃ မှာ ဆိုတယ်။ ခရစ်ယာန်ယောက်တိုင်း ဒုက္ခ ကြုံရမှာ ဖြစ်လို့ ဘာဒုက္ခပဲ ကြုံကြုံ ခံနိုင်ရည် ရှိဖို့ ဆုံးဖြတ်ထားရမယ်။ ခံနိုင်ရည် ရှိမှ မျှော်လင့်နေတဲ့ ဆုကျေးဇူး ရမှာ။ ယေရှုဥပမာထဲက ကျောက်ခံမြေပေါ် ကျတဲ့ မျိုးစေ့လို ကျွန်တော်တို့ မဖြစ်ချင်ကြဘူး။ ကျောက်ခံမြေပေါ် ကျတဲ့ မျိုးစေ့နဲ့ တူသူတွေဟာ တရားစကားကို ဝမ်းသာအားရ ချက်ချင်း လက်ခံပေမဲ့ “ဒုက္ခရောက်တဲ့အခါ၊ ညှဉ်းဆဲခံရတဲ့အခါ” ကျရှုံးသွားတတ်ကြတယ်။ (မ. ၁၃:၅၊ ၆၊ ၂၀၊ ၂၁) ဒုက္ခဆိုတာ ကြုံရလို့ ပျော်တဲ့အထဲ မပါဘူး။ ဒါပေမဲ့ ခံနိုင်ရည် ရှိရင် အကျိုး ရှိတယ်။ ဘာအကျိုးလဲ။
12. Thuakzawhna in bang hamphatnate hong ngahsak a hiam?
၁၂ ခံနိုင်ရည် ရှိခြင်းရဲ့ အကျိုးကို ယာကုပ် ဒီလိုဖော်ပြတယ်– “ခံနိုင်ရည်ကို အလုပ်ပြီးမြောက်အောင် လုပ်ဆောင်ခွင့် ပေးလိုက်ပါ။ ဒါဆိုရင် ခင်ဗျားတို့ဟာ လေ့ကျင့်မှု အပြည့်အဝ ရပြီး အရာရာမှာ လိုလေသေးမရှိ၊ အပြစ်ပြောစရာမရှိ ဖြစ်လာလိမ့်မယ်။” (ယာ. ၁:၂-၄) ခံနိုင်ရည်မှာ ပြီးမြောက်အောင် လုပ်ရမယ့် အလုပ် ရှိတဲ့ ပုံစံမျိုးနဲ့ ပြောထားတယ်။ ဒါဆိုရင် ခံနိုင်ရည်က ဘာတွေ ပြီးမြောက်စေသလဲ။ ပိုစိတ်ရှည်စေတယ်။ ယုံကြည်ခြင်း တိုးစေတယ်။ ဘုရားကို ပိုအားကိုးတတ်စေတယ်။ နောက်ထပ် အကျိုး ရှိသေးတယ်။
13-14. Thuakzawhna nei leng bang kingah a hiam? Lametna tawh koi bangin kizom a hiam? (Rom 5:4)
၁၃ ရောမ ၅:၄ ကို ဖတ်ပါ။ ခံနိုင်ရည်က ဘုရားရဲ့ “နှစ်သက်မှုကို ရစေတယ်” လို့ ပေါလု ပြောတယ်။ သင် ဒုက္ခရောက်တာကို ယေဟောဝါ နှစ်သက်တယ်လို့ ပြောတာ မဟုတ်ဘူး။ သင် သစ္စာရှိရှိ ခံရပ်တာကို နှစ်သက်တာ။ ခံနိုင်ရည် ရှိရင် ယေဟောဝါရဲ့ နှစ်သက်မှု၊ မျက်နှာသာ ရမှန်း သိရတာ အားရှိစရာပဲ။—ဆာ. ၅:၁၂။
၁၄ စမ်းသပ်မှု ကြုံရချိန်မှာ အာဗြဟံ သစ္စာရှိရှိ ခံရပ်လို့ ဘုရား နှစ်သက်တယ်။ မိတ်ဆွေ၊ ဖြောင့်မတ်သူလို့ သတ်မှတ်တယ်။ (က. ၁၅:၆။ ရော. ၄:၁၃၊ ၂၂) ကျွန်တော်တို့လည်း ဘုရားနှစ်သက်မှု ရနိုင်တယ်။ အမှုတော်မှာ ဘယ်လောက် ပါဝင်နေတယ်၊ ဘယ်နေရာကနေ ပါဝင်နေတယ်ဆိုတာအပေါ် မမူတည်ဘူး။ သစ္စာရှိရှိ ခံရပ်နေတာအပေါ်ပဲ မူတည်တယ်။ ဘယ်အသက်အရွယ်၊ အခြေအနေ၊ စွမ်းရည်ပဲ ရှိပါစေ ကျွန်တော်တို့အားလုံး ခံရပ်နိုင်တယ်။ လောလောဆယ် အခက်အခဲတစ်ခုခု သင် ကြုံနေရသလား။ ကြုံနေရပေမဲ့ ဘုရားကို ဆက်သစ္စာရှိနေသလား။ ဒါဆိုရင် ဘုရားနှစ်သက်မှု ရနေတယ်ဆိုတဲ့ အသိနဲ့ အားယူလိုက်ပါ။ ဘုရားနှစ်သက်မှု ရနေတယ်လို့ သိထားတာ တကယ် အကျိုးရှိတယ်။ ကိုယ် မျှော်လင့်တဲ့အတိုင်း ဘုရား ဖြစ်လာစေမယ်ဆိုတာ ပိုစိတ်ချစေတယ်။
A KIPZAW LAMETNA
15. Rom 5:4, 5 ah Paul in bang gen a hiam? Mi pawlkhat bang hangin lungbuai khathei ding a hiam?
၁၅ သစ္စာရှိရှိ ခံရပ်တာက ယေဟောဝါရဲ့ နှစ်သက်မှု ရစေတယ်လို့ ပေါလု ပြောပြီးနောက် “ဘုရားသခင်ရဲ့ နှစ်သက်မှုကို ရတာကလည်း မျှော်လင့်ချက် ရှိစေတယ်။ အဲဒီမျှော်လင့်ချက်ကြောင့် စိတ်ပျက်ရမှာ မဟုတ်ဘူး” လို့ ဆက်ပြောတယ်။ (ရော. ၅:၄၊ ၅) တချို့ ခေါင်းရှုပ်သွားနိုင်တယ်။ ဘာကြောင့်လဲ။ ရောမ အသင်းတော်က ခရစ်ယာန်တွေမှာ “ဘုရားသခင်ရဲ့ ဘုန်းတော်ကို ရမယ်ဆိုတဲ့ မျှော်လင့်ချက်” ရှိကြောင်း ရောမ ၅:၂ မှာ ပြောပြီးသားပဲ။ ဒါဆိုရင် မျှော်လင့်ချက်အကြောင်း ဘာကြောင့် ထပ်ပြောသလဲ။
အမှန်တရား စသိချိန်ကထက် အခု မျှော်လင့်ချက် တစ်စတစ်စ ပိုခိုင်မာနေပြီ (စာပိုဒ် ၁၆-၁၇ ကို ကြည့်ပါ)
16. Lametna koi bangin hong kip semsem a hiam? (Lim zong en in.)
၁၆ ပေါလု ပြောချင်တာကို သဘောပေါက်ဖို့ မျှော်လင့်ချက်ဟာ ခိုင်မာသည်ထက် ခိုင်မာလာနိုင်တဲ့အရာဆိုတာ သတိရပါ။ ကျမ်းစာမှာ ပါတဲ့ တောက်ပတဲ့ မျှော်လင့်ချက်အကြောင်း ဦးဆုံး သိလိုက်ရချိန်ကို မှတ်မိသလား။ ပရဒိသု ကမ္ဘာမြေမှာ ထာဝစဉ် အသက်ရှင်ဖို့ဆိုတာ စိတ်ကူးဆန္ဒသက်သက်လို့ ထင်ခဲ့မှာပဲ။ ဒါပေမဲ့ ယေဟောဝါအကြောင်း၊ ကျမ်းစာကတိတွေအကြောင်း ပိုသိလာတာနဲ့အမျှ မျှော်လင့်ချက် တစ်စတစ်စ ခိုင်မာလာတယ်။
17. Ki-ap a, tui na kiphumkhit ciangin na lametna koi bangin hong kipsuak a hiam?
၁၇ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံပြီးနောက်မှာလည်း ယေဟောဝါအကြောင်း ပိုသိလာလို့ အရင်ကထက် ပိုချစ်လာတယ်။ မျှော်လင့်ချက် ပိုခိုင်မာလာတယ်။ (ဟီ. ၅:၁၃–၆:၁) ရောမ ၅:၂-၄ မှာ ဖော်ပြတာတွေ ကိုယ်တွေ့ ခံစားရတယ်။ ဆင်းရဲဒုက္ခ အမျိုးမျိုး ကြုံရတယ်။ ခံရပ်တယ်။ ဘုရားနှစ်သက်မှု ရတယ်။ ဘုရား နှစ်သက်တယ်ဆိုတာ သိတော့ ကတိပေးထားတာတွေ ရမယ်ဆိုတာ ပိုလို့တောင် စိတ်ချနေပြီ။ နဂိုထက် မျှော်လင့်ချက် ခိုင်မာနေပြီ။ ကိုယ် တကယ် ရမယ့် မျှော်လင့်ချက်လို့ ခံစားရတယ်။ ဘဝကဏ္ဍတိုင်းအပေါ် သက်ရောက်မှု ရှိလာတယ်။ မိသားစုဝင်တွေကို ဆက်ဆံပုံ၊ ဆုံးဖြတ်ချက် ချပုံ၊ အချိန် အသုံးပြုပုံ ပြောင်းလာတယ်။
18. Jehovah in bang kamciam a hiam?
၁၈ ဘုရားနှစ်သက်မှု ရပြီးနောက် ရှိလာတဲ့ မျှော်လင့်ချက်နဲ့ပတ်သက်ပြီး တမန်တော် ပေါလု ထပ်ပြောသေးတယ်။ မျှော်လင့်တဲ့အတိုင်း တကယ် ဖြစ်လာမယ်တဲ့။ ဘာကြောင့်လဲ။ “အဲဒီမျှော်လင့်ချက်ကြောင့် စိတ်ပျက်ရမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဘုရားသခင်က ကျွန်တော်တို့ကို ပေးထားတဲ့ သန့်ရှင်းသော စွမ်းအားတော်အားဖြင့် ကျွန်တော်တို့ကို ချစ်မြတ်နိုးကြောင်း ဖော်ပြခဲ့လို့ပဲ” ဆိုပြီး ဘုရားရဲ့ အာမခံချက်ကို ပေါလု ဖော်ပြတယ်။ (ရော. ၅:၅) သင် မျှော်လင့်တဲ့အတိုင်း တကယ် ဖြစ်လာမယ်ဆိုတာ စိတ်ချနိုင်တဲ့ အကြောင်းရင်းပါပဲ။
19. Na lametna tawh kisai-in bang muang thei na hiam?
၁၉ အာဗြဟံကို ယေဟောဝါ ဘာကတိပေးတယ်၊ ဘာကြောင့် နှစ်သက်တယ်၊ မိတ်ဆွေလို့ သတ်မှတ်တယ်ဆိုတာ စဉ်းစားကြည့်ပါ။ အာဗြဟံ မျှော်လင့်တဲ့အတိုင်း ဖြစ်လာတယ်။ “စိတ်ရှည်ရှည် စောင့်ဆိုင်းပြီးတဲ့နောက် အဲဒီကတိအတိုင်း ခံစားခဲ့ရတယ်” လို့ ကျမ်းစာ ဆိုတယ်။ (ဟီ. ၆:၁၅။ ၁၁:၉၊ ၁၈။ ရော. ၄:၂၀-၂၂) အာဗြဟံ စိတ်မပျက်ခဲ့ရဘူး။ ကျွန်တော်တို့လည်း သစ္စာရှိမယ်ဆိုရင် မျှော်လင့်တဲ့အတိုင်း ဖြစ်လာမယ်ဆိုတာ စိတ်ချနိုင်တယ်။ မျှော်လင့်ချက်ကြောင့် စိတ်ပျက်ရမှာ မဟုတ်ဘူး။ ဝမ်းမြောက်ရမှာ။ (ရော. ၁၂:၁၂) ပေါလု ပြောသလိုပဲ “မျှော်လင့်ချက် ပေးတဲ့အရှင် ဘုရားသခင်က မိမိကို ယုံကြည်အားထားတဲ့ ခင်ဗျားတို့ကို ရွှင်လန်းခြင်း၊ ငြိမ်သက်ခြင်းတွေ ကြွယ်ဝစွာ ပေးသနားပါစေ။ အဲဒီအခါ ခင်ဗျားတို့ရဲ့ မျှော်လင့်ချက်ဟာ သန့်ရှင်းသော စွမ်းအားတော်ရဲ့ တန်ခိုးကြောင့် ပိုပြီး ရှင်သန်နေမယ်။”—ရော. ၁၅:၁၃။
LA 139 မြင်ယောင်ကြည့်ပါ၊ ကမ္ဘာသစ်မှာ
a အနာဂတ် မျှော်လင့်ချက်က ဘာလဲ၊ မျှော်လင့်တဲ့အတိုင်း ဖြစ်လာမယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ ဒီဆောင်းပါးမှာ ဆွေးနွေးကြမယ်။ အမှန်တရား စသိချိန်က မျှော်လင့်ချက်နဲ့ အခု မျှော်လင့်ချက် ဘာကွာသလဲ သိဖို့ ရောမ အခန်းကြီး ၅ ကို သုံးသပ်ကြည့်ရအောင်။