SIN DING THU 50
Upna Pen Sepna Tawh Lakkhia Leng Midikin Hong Kisang
‘I pupi Abraham a upna hangin a gamtat mah bangin na gamta un.’—ROM. 4:12.
LA 119 ယုံကြည်ခြင်း ရှိရမယ်
အကြိုသုံးသပ်ချက်a
1. Abraham’ upna thu i sin ciangin bang dotna ngaihsun khathei i hiam?
အာဗြဟံအကြောင်း လူတော်တော်များများ ကြားဖူးနားဝ ရှိပေမဲ့ ကောင်းကောင်း မသိကြဘူး။ ညီအစ်ကို/မတို့ကတော့ အများကြီး သိကြတယ်။ ဥပမာ၊ “ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရသူတွေရဲ့ ဖခင်” ဆိုတာ သိကြတယ်။ (ရော. ၄:၁၁) ‘ငါကော အာဗြဟံရဲ့ ခြေရာ နင်းပြီး ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိနိုင်သလား’ လို့ စဉ်းစားမိမှာပဲ။ ရှိနိုင်ပါတယ်။
2. Abraham ii etteh ding lim i sin ding bang hangin thupi a hiam? (James 2:22, 23)
၂ အာဗြဟံလို ယုံကြည်ခြင်း ရှိလာနိုင်တဲ့ တစ်နည်းကတော့ အာဗြဟံရဲ့ စံနမူနာကို လေ့လာခြင်းပါ။ အာဗြဟံဟာ ဘုရား မိန့်မှာတဲ့အတိုင်း အိမ်နဲ့ ဝေးရာ ဒေသ ပြောင်းတယ်။ ဆယ်စုနှစ်ချီ တဲထိုးပြီး နေတယ်။ ချစ်သား အိဇက်ကို ပူဇော်ဖို့တောင် အသင့်ရှိခဲ့တယ်။ ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိကြောင်း ပြတဲ့ လုပ်ရပ်တွေပါပဲ။ ယုံကြည်ခြင်းကို လုပ်ရပ်နဲ့ ပြလို့ ဘုရားနှစ်သက်မှု ရတယ်။ မိတ်ဆွေလို့ အခေါ်ခံရတယ်။ (ယာကုပ် ၂:၂၂၊ ၂၃ ကို ဖတ်ပါ။) သင် အပါအဝင် ကျွန်တော်တို့အားလုံးကို အဲဒီကောင်းချီးတွေ ယေဟောဝါ ရစေချင်တယ်။ ဒါကြောင့် အာဗြဟံရဲ့ စံနမူနာအကြောင်း ရေးသားဖော်ပြဖို့ ကျမ်းရေးသူ ပေါလုနဲ့ ယာကုပ်ကို စွမ်းအားတော်နဲ့ လမ်းညွှန်တာ။ အခု၊ ရောမ အခန်းကြီး ၄ နဲ့ ယာကုပ် အခန်းကြီး ၂ မှာ အာဗြဟံအကြောင်း ဖော်ပြထားတာ ကြည့်ရအောင်။ အာဗြဟံအကြောင်း ထူးခြားတဲ့ ဖော်ပြချက်ကို ပေါလုကော ယာကုပ်ပါ ကိုးကားထားတယ်။
3. Paul le James in bang Lai Siangtho mun siksan uh a hiam?
၃ “[အာဗြဟံ] က ယေဟောဝါကို ယုံကြည်တယ်။ ဒါကြောင့် ဘုရားသခင်က သူ့ကို ဖြောင့်မတ်သူလို့ သတ်မှတ်တယ်” ဆိုတဲ့ ကမ္ဘာဦး ၁၅:၆ ကို ပေါလုကော ယာကုပ်ပါ ကိုးကားတယ်။ ဖြောင့်မတ်သူလို့ သတ်မှတ်တယ်ဆိုတာ ဘုရား နှစ်သက်လက်ခံတာ၊ အပြစ်ပြောစရာ မရှိသူလို့ သတ်မှတ်တာ။ မစုံလင်တဲ့ အပြစ်သားတစ်ယောက်ကို အပြစ်ပြောစရာ မရှိသူလို့ ဘုရား သတ်မှတ်တယ်ဆိုတာ အံ့ဩစရာပဲ။ သင်လည်း အဲဒီလို သတ်မှတ်ခံချင်မှာပဲ။ သတ်မှတ်ခံရနိုင်ပါတယ်။ ဘယ်လိုလုပ်ပြီးတော့လဲ။ အာဗြဟံကို ဖြောင့်မတ်သူလို့ ယေဟောဝါ ဘာကြောင့် သတ်မှတ်သလဲ လေ့လာကြရအောင်။
MIDIK A HONG KISAN NADINGIN UPNA NEIH LOH PHAMAWH
4. Bang hangin mihingte dik lo uh a hiam?
၄ ရောမ အသင်းတော်ဆီ ရေးတဲ့ စာမှာ ပေါလု ဖော်ပြသလို လူအားလုံး အပြစ်ရှိသူတွေ ဖြစ်တယ်။ (ရော. ၃:၂၃) ဒါဆိုရင် ကျွန်တော်တို့ကို ဖြောင့်မတ်သူ၊ အပြစ်ပြောစရာ မရှိသူလို့ ယေဟောဝါ ဘာကြောင့် သတ်မှတ်သလဲ။ နှစ်သက်လက်ခံသလဲ။ အာဗြဟံရဲ့ စံနမူနာကို သုံးပြီး ပေါလု ဖြေထားတယ်။
5. Jehovah in bang hangin Abraham midikin sang a hiam? (Rom 4:2-4)
၅ ခါနန်ပြည်မှာ အာဗြဟံ ရှိနေတုန်း ဖြောင့်မတ်သူလို့ ယေဟောဝါ သတ်မှတ်တယ်။ ဘာကြောင့်လဲ။ မောရှေပညတ် အာဗြဟံ စောင့်ထိန်းလို့လား။ မဟုတ်ဘူး။ (ရော. ၄:၁၃) အာဗြဟံကို ဖြောင့်မတ်သူလို့ ဘုရား သတ်မှတ်ပြီးနောက် အနှစ် ၄၀၀ ကျော်မှ အစ္စရေးတွေကို မောရှေပညတ် ပေးတာ။ ဒါဆိုရင် ဘာကြည့်ပြီး အာဗြဟံကို ဖြောင့်မတ်သူလို့ သတ်မှတ်သလဲ။ အာဗြဟံရဲ့ ယုံကြည်ခြင်းကို ကြည့်ပြီး မဟာကရုဏာကြောင့် သတ်မှတ်တာ။—ရောမ ၄:၂-၄ ကို ဖတ်ပါ။
6. Mawh nei mi khat pen midika a san theih nadingin Jehovah in bang sem a hiam?
၆ ဘုရားကို ယုံကြည်သူဟာ “ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူလို့ သတ်မှတ်ခံရတယ်” လို့ ပေါလု ပြောတယ်။ (ရော. ၄:၅) အဲဒီနောက် ဒီလိုဆက်ပြောတယ်– “လူတစ်ယောက်က ပညတ်ကို အပြည့်အဝ မစောင့်ထိန်းနိုင်ပေမဲ့ ဘုရားသခင်က သူ့ကို ဖြောင့်မတ်သူလို့ သတ်မှတ်တယ်။ သူလိုလူရဲ့ ပျော်ရွှင်မှုနဲ့ပတ်သက်ပြီး ဒါဝိဒ်ကလည်း၊ ‘ကျူးလွန်ခဲ့တဲ့ တရားမဲ့ လုပ်ရပ်တွေ ခွင့်လွှတ်ခံရသူ၊ အပြစ်တွေ ဖုံးအုပ်ခံရသူတွေဟာ ပျော်ရွှင်ချမ်းမြေ့တယ်။ အပြစ်ရှိတယ်လို့ ယေဟောဝါ လုံးဝ မယူမှတ်တဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်’ လို့ ပြောခဲ့တယ်။” (ရော. ၄:၆-၈။ ဆာ. ၃၂:၁၊ ၂) ဘုရားက မိမိကို ယုံကြည်သူတွေရဲ့ အပြစ်ကို ခွင့်လွှတ်ပေးတယ်။ ဖုံးအုပ်ပေးတယ်။ အပြစ်ရှိတယ်လို့ လုံးဝ မယူမှတ်တော့ဘူး။ ယုံကြည်ခြင်းကို ကြည့်ပြီး ဖြောင့်မတ်သူ၊ အပြစ်ပြောစရာ မရှိသူလို့ သတ်မှတ်တယ်။
7. Tanglai-a Pasian a bia a citak mite bang hangin midik kici thei a hiam?
၇ အာဗြဟံ၊ ဒါဝိဒ်နဲ့ တခြားသစ္စာရှိ ကျေးကျွန်တွေ ဖြောင့်မတ်သူလို့ သတ်မှတ်ခံရပေမဲ့ မစုံလင်သူ၊ အပြစ်သားတွေ ဖြစ်နေဆဲပဲ။ ဒါပေမဲ့ သူတို့ရဲ့ ယုံကြည်ခြင်းကို ကြည့်ပြီး အပြစ်ပြောစရာ မရှိသူတွေလို့ ဘုရား သတ်မှတ်တယ်။ အထူးသဖြင့်၊ ဘုရားကို မယုံကြည်သူတွေနဲ့ ယှဉ်လိုက်တဲ့အခါ အပြစ်ပြောစရာ မရှိတာ ပိုထင်ရှားတယ်။ (ဧ. ၂:၁၂) ဘုရားမိတ်ဆွေ ဖြစ်ဖို့ ယုံကြည်ခြင်း အဓိက ကျတယ်လို့ ပေါလု ပြောတယ်။ ယုံကြည်ခြင်း ရှိလို့ အာဗြဟံနဲ့ ဒါဝိဒ် ဘုရားမိတ်ဆွေ ဖြစ်ခွင့် ရတယ်။ ကျွန်တော်တို့လည်း ယုံကြည်ခြင်း ရှိရင် ဘုရားမိတ်ဆွေ ဖြစ်နိုင်တယ်။
UPNA LE SEPNA KIZOM
8-9. Paul le James ii thugenna bulphuhin mi pawlkhat in koi bangin ngaihsut khial uh a hiam? Bang hang hiam?
၈ ယုံကြည်ခြင်းနဲ့ လုပ်ရပ်ရဲ့ အရေးကြီးမှုနဲ့ပတ်သက်ပြီး ဘာသာရေး ခေါင်းဆောင်တွေ ငြင်းခုံကြတာ ရာစုနှစ်ချီပြီ။ ကယ်တင်ခြင်း ရဖို့ သခင် ယေရှုခရစ်ကို ယုံဖို့ပဲ လိုတယ်လို့ ဓမ္မဆရာတချို့ သွန်သင်ကြတယ်။ “ယေရှုကို ယုံရင် ကယ်တင်ခြင်း ရပြီ” လို့ ပြောတာ ကြားဖူးကြမှာပါ။ “ပညတ်ကို အပြည့်အဝ မစောင့်ထိန်းနိုင်ပေမဲ့ ဘုရားသခင်က . . . ဖြောင့်မတ်သူလို့ သတ်မှတ်တယ်” ဆိုတဲ့ ပေါလုစကားကို ကိုးကားကြတာ။ (ရော. ၄:၆) ဓမ္မဆရာတချို့ကျတော့ ကယ်တင်ခြင်း ရချင်ရင် သန့်ရှင်းမြင့်မြတ်တယ်လို့ ချာ့ချ် သတ်မှတ်တဲ့ နေရာတွေ သွားရမယ်၊ ချာ့ချ် ညွှန်ကြားတဲ့ ကောင်းမှုတွေ လုပ်ရမယ်လို့ ပြောကြတယ်။ “လူတစ်ယောက်က မိမိယုံကြည်ခြင်းကြောင့်သာ မဟုတ်ဘဲ လုပ်ရပ်ကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတယ်” ဆိုတဲ့ ယာကုပ် ၂:၂၄ ကို ကိုးကားကြတာ။
၉ ဘာကြောင့် ဒီလိုမျိုး အမြင် ကွဲကြသလဲ။ ပေါလုနဲ့ ယာကုပ်တောင် အမြင် ကွဲနေတာကိုးလို့ ကျမ်းပညာရှင်တချို့ ကောက်ချက် ချကြတယ်။ ‘ပေါလု အပြောအရ ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရဖို့ ယုံကြည်ခြင်းပဲ လိုတယ်၊ လုပ်ရပ် မလိုဘူး။ ယာကုပ် အပြောအရ ဘုရားနှစ်သက်မှု ရဖို့ လုပ်ရပ် လိုတယ်’ လို့ ဓမ္မဆရာတွေ ပြောကြတယ်။ “ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရဖို့ ယုံကြည်ခြင်းပဲ လိုတယ်လို့ ပေါလု ဘာကြောင့် ပြောတယ်ဆိုတာ ယာကုပ် သဘောမပေါက်ဘူး။ သဘောမတူဘူး” လို့ ဘာသာတရားဆိုင်ရာ ပါမောက္ခတစ်ယောက် ဆိုတယ်။ ဒါပေမဲ့ ပေါလုနဲ့ ယာကုပ်နှစ်ယောက်စလုံး ယေဟောဝါ စွမ်းအားတော် လမ်းညွှန်တဲ့အတိုင်း ရေးခဲ့ကြောင်း သတိရပါ။ (၂ တိ. ၃:၁၆) သူတို့နှစ်ယောက် အမြင် မကွဲပါဘူးဆိုတာ ရှင်းရှင်းလင်းလင်း နားလည်နိုင်မယ့် နည်း ရှိတယ်။ အဲဒီနည်းကတော့ အထက်အောက် စကားတွေ လေ့လာခြင်းပါ။
မောရှေပညတ် စောင့်ထိန်းခြင်း မဟုတ်ဘဲ ယုံကြည်ခြင်း အရေးကြီးကြောင်း ရောမမြို့က ဂျူးခရစ်ယာန်တွေကို ပေါလု အလေးပေး ပြော (စာပိုဒ် ၁၀ ကို ကြည့်ပါ)b
10. Paul in a thupi penin bang thu gen a hiam? (Rom 3:21, 28) (Lim zong en in.)
၁၀ ရောမ အခန်းကြီး ၃ နဲ့ ၄ မှာ ဘာအကြောင်း ပေါလု ပြောသလဲ။ ဆိုင်းနိုင်းတောင်မှာ ပေးတဲ့ မောရှေ ‘ပညတ် စောင့်ထိန်း’ ခြင်းအကြောင်း အဓိက ပြောနေတာ။ (ရောမ ၃:၂၁၊ ၂၈ ကို ဖတ်ပါ။) မောရှေပညတ် စောင့်ထိန်းစရာ မလိုတော့ဘူးဆိုတာ ပေါလုခေတ်က ဂျူးခရစ်ယာန်တချို့ လက်ခံရ ခက်နေကြပုံပဲ။ ဒါကြောင့် အာဗြဟံရဲ့ စံနမူနာကို သုံးပြီး ပေါလု ရှင်းပြတာ။ ဖြောင့်မတ်သူလို့ သတ်မှတ်ခံရတာ ‘ပညတ် စောင့်ထိန်း’ လို့ မဟုတ်ဘူး။ ယုံကြည်ခြင်း ရှိလို့ ဖြစ်တယ်။ ဘုရားနဲ့ ခရစ်တော်ကို ယုံကြည်ရင် နှစ်သက်လက်ခံမှု ရနိုင်မှန်း သိရတာ အားရှိစရာပဲ။
ယုံကြည်ခြင်းကို “လုပ်ရပ်” နဲ့ ပြဖို့၊ ဥပမာ၊ မျက်နှာမလိုက်တမ်း ကောင်းမှု ပြုဖို့ ခရစ်ယာန်တွေကို ယာကုပ် တိုက်တွန်း (စာပိုဒ် ၁၁-၁၂ ကို ကြည့်ပါ)c
11. James ii gen sepnate in bang a hiam?
၁၁ ယာကုပ် အခန်းကြီး ၂ မှာတော့ မောရှေပညတ်အရ လုပ်ရမယ့် လုပ်ရပ်တွေအကြောင်း ပြောနေတာ မဟုတ်ဘူး။ ခရစ်ယာန်တစ်ယောက်ရဲ့ နေ့စဉ်ဘဝမှာ လုပ်ရမယ့် လုပ်ရပ်တွေအကြောင်း ပြောနေတာ။ ဘုရားကို တကယ် ယုံမယုံ အဲဒီလုပ်ရပ်တွေက ဖော်ပြတယ်။ လုပ်ရပ်နှစ်ခု ကြည့်ရအောင်။
12. Upna le sepna a kizoplam James in koi bangin hilhcian a hiam? (Lim zong en in.)
၁၂ ပထမ၊ တခြားသူတွေကို မျက်နှာမလိုက်တမ်း ခရစ်ယာန်တွေ ဆက်ဆံရမယ်လို့ ယာကုပ် ပြောတယ်။ ကြွယ်ဝသူကို မျက်နှာသာ ပေးပြီး ဆင်းရဲသူကို နှိမ်တဲ့ လူတစ်ယောက်နဲ့ ဥပမာ ပေးတယ်။ ယုံကြည်ခြင်း ရှိတယ်လို့ အဲဒီလူ ပြောပေမဲ့ ယုံကြည်ခြင်း မရှိဘူးဆိုတာ လုပ်ရပ်တွေက ပြနေတယ်။ (ယာ. ၂:၁-၅၊ ၉) ဒုတိယ၊ ‘ဝတ်စရာ၊ စားစရာ မရှိတဲ့ ညီအစ်ကို၊ ညီအစ်မ’ ကို မြင်ပေမဲ့ လက်တွေ့ မကူညီသူနဲ့ ဥပမာ ပေးတယ်။ ယုံကြည်ခြင်း ရှိတယ်လို့ အဲဒီလူ ပြောရင်တောင် အကျိုးမရှိဘူး။ ယာကုပ် ပြောသလိုပဲ “လုပ်ရပ် မပါတဲ့ ယုံကြည်ခြင်းဟာ အသေပဲ။”—ယာ. ၂:၁၄-၁၇။
13. Upna pen sepna tawh lah ding a kisaplam James in a etteh huai kua thu tawh hilhcian a hiam? (James 2:25, 26)
၁၃ ယုံကြည်ခြင်းကို လုပ်ရပ်နဲ့ ပြတဲ့ ရာခပ်အကြောင်း ယာကုပ် ဖော်ပြတယ်။ (ယာကုပ် ၂:၂၅၊ ၂၆ ကို ဖတ်ပါ။) ယေဟောဝါဘုရားအကြောင်း ရာခပ် ကြားထားတယ်။ အစ္စရေးတွေကို ဘုရား ထောက်မပေးတယ်ဆိုတာ ယုံတယ်။ (ယောရှု ၂:၉-၁၁) အသက်ဘေး ကြုံတဲ့ အစ္စရေး သူလျှိုနှစ်ယောက်ကို ကာကွယ်ပေးခြင်းအားဖြင့် ယုံကြည်ခြင်းကို လုပ်ရပ်နဲ့ ပြတယ်။ ဒါကြောင့် မစုံလင်ပေမဲ့၊ မောရှေပညတ် စောင့်ထိန်းသူ မဟုတ်ပေမဲ့ အာဗြဟံလိုပဲ ဖြောင့်မတ်သူလို့ သတ်မှတ်ခံရတယ်။ ယုံကြည်ခြင်းကို လုပ်ရပ်နဲ့ ပြဖို့ အရေးကြီးတယ်ဆိုတာ ရာခပ်ဆီကနေ သိရတယ်။
14. Paul le James a muhdan uh kibang ahihlam bang hangin gen thei i hiam?
၁၄ တကယ်တော့ ယုံကြည်ခြင်းနဲ့ လုပ်ရပ်အကြောင်း ကျမ်းရေးသူ ပေါလုနဲ့ ယာကုပ် မတူညီတဲ့ ရှုထောင့်တွေကနေ ရှင်းပြနေကြတာ။ မောရှေပညတ် စောင့်ထိန်းရုံနဲ့ ဘုရားနှစ်သက်မှု မရနိုင်ဘူးလို့ ဂျူးခရစ်ယာန်တွေကို ပေါလု ပြောတယ်။ ယာကုပ်ကျတော့ တခြားသူတွေကို ကောင်းမှု ပြုခြင်းအားဖြင့် ခရစ်ယာန်အားလုံး ယုံကြည်ခြင်းကို လုပ်ရပ်နဲ့ ပြရမယ်ဆိုတာ အလေးပေး ဖော်ပြတယ်။
ယေဟောဝါ နှစ်သက်တာတွေ လုပ်ဖို့ သင့်ယုံကြည်ခြင်းက လှုံ့ဆော်ပေးသလား (စာပိုဒ် ၁၅ ကို ကြည့်ပါ)
15. Upna pen sepna tawh lahkhiat theih dan lampi pawlkhat in bang a hiam? (Lim zong en in.)
၁၅ ဖြောင့်မတ်သူလို့ သတ်မှတ်ခံချင်ရင် အာဗြဟံ လုပ်သမျှ တစ်ထပ်တည်း လိုက်လုပ်ရမယ်လို့ ယေဟောဝါ မပြောဘူး။ ယုံကြည်ခြင်းကို လုပ်ရပ်နဲ့ ပြနိုင်တဲ့ နည်း အများကြီး ရှိတယ်။ အသင်းတော်မှာ လူသစ်တွေကို ကြိုဆိုလက်ခံနိုင်တယ်။ အကူအညီ လိုနေတဲ့ ညီအစ်ကို/မတွေကို ကူညီနိုင်တယ်။ မိသားစုကို ကြည့်ရှုစောင့်ရှောက်နိုင်တယ်။ (ရော. ၁၅:၇။ ၁ တိ. ၅:၄၊ ၈။ ၁ ယော. ၃:၁၈) ယုံကြည်ခြင်းကို လုပ်ရပ်နဲ့ ပြနိုင်တဲ့ အရေးကြီးဆုံး နည်းကတော့ တခြားသူတွေကို သတင်းကောင်း ထက်ထက်သန်သန် ပြောပြခြင်းပါ။ (၁ တိ. ၄:၁၆) ဘုရားကတိတွေ ပြည့်စုံလာမယ်၊ ဘုရားလမ်းစဉ် အကောင်းဆုံး ဖြစ်တယ်ဆိုတာ ယုံကြည်ကြောင်း ကျွန်တော်တို့အားလုံး လုပ်ရပ်နဲ့ ပြနိုင်တယ်။ ဒါဆိုရင် ဖြောင့်မတ်သူလို့ ဘုရား သတ်မှတ်မယ်၊ မိတ်ဆွေလို့ ခေါ်မယ်ဆိုတာ စိတ်ချနိုင်တယ်။
UPNA NEIH NADINGIN LAMETNA NEIH LOH PHAMAWH
16. Abraham in bang pen umin, bang pen lamen a hiam?
၁၆ အာဗြဟံဆီကနေ သင်ယူနိုင်တဲ့ နောက်ထပ် အရေးကြီး သင်ခန်းစာကို ရောမ အခန်းကြီး ၄ မှာ ဖော်ပြထားတယ်။ မျှော်လင့်ချက် အရေးကြီးတယ်ဆိုတာပါ။ အာဗြဟံကြောင့် “လူမျိုးများစွာ” ကောင်းချီး ခံစားရမယ်လို့ ယေဟောဝါ ကတိပေးတယ်။ ကတိ ပြည့်စုံလာဖို့ အာဗြဟံ ဘယ်လောက် မျှော်နေလိုက်မလဲ။ (က. ၁၂:၃။ ၁၅:၅။ ၁၇:၄။ ရော. ၄:၁၇) အာဗြဟံ အသက် ၁၀၀၊ စာရာ အသက် ၉၀ ရှိတဲ့အချိန်ထိ သား မရသေးဘူး။ လူ့ရှုထောင့်ကနေ ကြည့်ရင် မရနိုင်တော့ပုံပဲ။ အာဗြဟံအတွက် တကယ့် စမ်းသပ်မှုပဲ။ ဒါပေမဲ့ “ကတိတော်ကို သူ ယုံကြည်ပြီး လူမျိုးများစွာရဲ့ ဖခင် ဖြစ်လာဖို့ မျှော်လင့်ခဲ့တယ်။” (ရော. ၄:၁၈၊ ၁၉) မျှော်လင့်တဲ့အတိုင်း ဖြစ်လာတယ်။ အချိန်အတော်ကြာ မျှော်လင့်ခဲ့ရတဲ့ သားအိဇက် မွေးလာတယ်။—ရော. ၄:၂၀-၂၂။
17. Midik le Pasian’ lawm ci-in hong kisang thei ahihlam koici theih i hiam?
၁၇ “‘ဖြောင့်မတ်သူအဖြစ် သူ သတ်မှတ်ခံခဲ့ရတယ်’ ဆိုတဲ့ ကျမ်းစကားဟာ အာဗြဟံအတွက်ပဲ ရေးထားတာ မဟုတ်ဘူး။ ဖြောင့်မတ်သူတွေအဖြစ် သတ်မှတ်ခံရမယ့် ကျွန်တော်တို့အတွက်လည်း ရေးထားတာ ဖြစ်တယ်။ သခင်ယေရှုကို သေရာကနေ အသက်ပြန်ရှင်စေတဲ့ အရှင်ကို ကျွန်တော်တို့ ယုံကြည်တာကိုး” လို့ ပေါလု ပြောတယ်။ (ရော. ၄:၂၃၊ ၂၄) ဒါကြောင့် အာဗြဟံလိုပဲ ကျွန်တော်တို့ ဘုရားနှစ်သက်မှု ရနိုင်တယ်။ ဖြောင့်မတ်သူ၊ မိတ်ဆွေလို့ သတ်မှတ်ခံရနိုင်တယ်။ အာဗြဟံလို ယုံကြည်ခြင်းကို လုပ်ရပ်နဲ့ ပြဖို့၊ မျှော်လင့်ချက် ရှိဖို့တော့ လိုတယ်။ မျှော်လင့်ချက်အကြောင်း ရောမ အခန်းကြီး ၅ မှာ ပေါလု ဆက်ပြောထားတယ်။ ဒီအကြောင်း နောက်ဆောင်းပါးမှာ လေ့လာကြမယ်။
LA 28 ယေဟောဝါနဲ့ မိတ်ဆွေ ဖြစ်ခြင်း
a ဘုရား နှစ်သက်တာ၊ ဖြောင့်မတ်သူလို့ သတ်မှတ်တာ ကျွန်တော်တို့ ခံချင်ကြတယ်။ ဘာလုပ်ရမလဲ။ ယုံကြည်ခြင်းကော လုပ်ရပ်ပါ ဘာကြောင့် လိုသလဲ။ ပေါလုနဲ့ ယာကုပ်ရဲ့ စကားတွေကို အခြေခံပြီး ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။
b ပုံအညွှန်း– အပြာရောင်ချည်ထိုးထားတဲ့ သင်တိုင်း ဝတ်တာ၊ ပသခါပွဲ လုပ်တာ၊ ထုံးတမ်းစဉ်လာအရ ဆေးကြောတာလိုမျိုး ‘ပညတ် စောင့်ထိန်း’ တာကို မဟုတ်ဘဲ ယုံကြည်ခြင်းကို အာရုံစိုက်ဖို့ ဂျူးခရစ်ယာန်တွေကို ပေါလု တိုက်တွန်း။
c ပုံအညွှန်း– ဆင်းရဲသူတွေကို ကူညီတာလိုမျိုး ကောင်းမှုတွေ ပြုခြင်းအားဖြင့် ယုံကြည်ခြင်းကို လုပ်ရပ်နဲ့ ပြဖို့ ယာကုပ် အားပေး။